Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,761–2,780 of 3,186 words

    က

    ကြုံကြုံကြဲကြဲ

    [t͡ɕòʊɴt͡ɕòʊɴt͡ɕɛt͡ɕɛ]
    ၁၊ အသားအရီကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ၂၊ အကြော၊ အရိုး ပြိုင်းပြိုင်းသမျှ ဖြစ်ရေ
    ၁၊ အသားအရေကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ၂၊ အကြော၊ အရိုး ပြိုင်းပြိုင်းသမျှ ဖြစ်သော
    thin
    နာမဝိသေသန

    ကြုံကြဲ

    [t͡ɕòʊɴt͡ɕɛ]
    ၁၊ အသားအရီကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ၂၊ အကြော၊ အရိုး ပြိုင်းပြိုင်းသမျှ ဖြစ်ရေ
    ၁၊ အသားအရေကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော။ ၂၊ အကြော၊ အရိုး ပြိုင်းပြိုင်းသမျှ ဖြစ်သော
    thin
    နာမဝိသေသန

    ကြုတ်

    [t͡ɕoʊʔ]
    တခုတရီ ထိရှ၍ ကိုယ်ခန္ဒာ အရီပြားထက်မာ ပွန်းပဲ့သွားခြင်း
    တစ်စုံတစ်ခု ထိရှ၍ ကိုယ်ခန္ဒာ အရေပြားပေါ်တွင် ပွန်းပဲ့သွားခြင်း
    abrasion
    ကြိယာ

    ကြုတ်၂

    [t͡ɕoʊʔ၂]
    တခုတရီ ထိရှ၍ ကိုယ်ခန္ဒာ အရီပြားထက်မာ အတန်းလိုက် ပွန်းပဲ့သွားခြင်း
    တစ်စုံတစ်ခု ထိရှ၍ ကိုယ်ခန္ဒာ အရေပြားပေါ်တွင် အတန်းလိုက် ပွန်းပဲ့သွားခြင်း
    casket
    နာမ်

    ကြုတ်၃

    [t͡ɕoʊʔ၃]
    ၁၊ ရွှီ၊ ငွီ၊ စိန်၊ ကျောက်ရတနာ စရေ ဝန်များ ထည့်ထားဖို့ရာ အပေါင်ပါရေ ရွှီ၊ ငွီ အစဟိစွာအနိန်နန့် ပြုလုပ်ထားရေ ခွက်တမျိုး။ ၂၊ မာန်ပါ မာန်ပါရေ
    ၁၊ ရွှေ၊ ငွေ၊ စိန်၊ ကျောက်ရတနာ စသည့် ပစ္စည်းများ ထည့်ထားဖို့ရာ အဖုံးပါသည့် ရွှေ၊ ငွေ စသည်ဖြင့် ပြုလုပ်ထားသော ခွက်တစ်မျိုး။ ၂၊ စိတ်ဆိုး မာန်ပါသော
    cardboard
    နာမ်

    ကြုတ်ကျောက်

    [t͡ɕoʊʔt͡ɕɔ́ɛʔ]
    ၁၊ လိုင်ခြောင်းမားမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်ရေ။ ဂုတ်ကျောက်ရေ။ ၂၊ လူ၏ အသက်ထွက်ခါနီးမာ လိုင်ခြောင်းထဲမာ အသံမြည်သည်
    ၁၊ လည်ချောင်းတွင်းမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်သည်။ ကြို့ထိုးသည်။ ၂၊ လူ၏ အသက်ထွက်ခါနီးတွင် လည်ချောင်းထဲ၌ အသံမြည်သည်
    hiccough
    ကြိယာ

    ကြုတ်တံ

    [t͡ɕoʊʔtံ]
    ၁၊ အရွီအတွက် မှတ်ရာမာ သုံးသော တုတ်ချောင်းငယ်။ ၂၊ အရွီအတွက်
    ၁၊ အရေအတွက် မှတ်ရာတွင် သုံးသော တုတ်ချောင်းငယ်။ ၂၊ အရေအတွက်
    number
    နာမ်

    ကြုတ်တက်

    [t͡ɕoʊʔtɛʔ]
    ၁၊ လိုင်ခြောင်းမားမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်ရေ။ ဂုတ်ကျောက်ရေ။ ၂၊ လူ၏ အသက်ထွက်ခါနီးမာ လိုင်ခြောင်းထဲမာ အသံမြည်ရေ။။ ၃၊ ဂုတ်ကျောက်သည်
    ၁၊ လည်ချောင်းတွင်းမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်သည်။ ကြို့ထိုးသည်။ ၂၊ လူ၏ အသက်ထွက်ခါနီးတွင် လည်ချောင်းထဲ၌ အသံမြည်သည်။။ ၃၊ ကြို့ထိုးသည်
    hiccough
    ကြိယာ

    ကြုတ်တံချိုး

    [t͡ɕoʊʔtံɕó]
    ကြုတ်တံ တုတ်ချောင်းတံဖြင့် ရွီတွက်ခြင်း။ တရက်ကေလေ့၊ လာပါနိုးနိုး၊ ကြုတ်တံချိုးလို့၊ ကြေ့ဦးချက်မျက်နှာ၊ မောင်မဟိကေ၊ လမ်းဝမာ (နတ်သိုက်)
    ကြုတ်တံ တုတ်ချောင်းတံဖြင့် ရေတွက်ခြင်း။ တရက်သော်လည်း၊ လာပါနိုးနိုး၊ ကြုတ်တံချိုးလို့၊ ကြည့်ဦးမျက်နှာ၊ မောင်မဟိကေ၊ လမ်းဝမှာ (နတ်သိုက်)
    none
    နာမ်

    ကြုတ်ထိုး

    [t͡ɕoʊʔtʰó]
    ၁၊ လိုင်ခြောင်းမားမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်ရေ။ ဂုတ်ကျောက်ရေ။ ၂၊ လူ၏ အသက်ထွက်ခါနီးမာ လိုင်ခြောင်းထဲမာ အသံမြည်ရေ။။ ၃၊ ဂုတ်ကျောက်ရေ။ ၄၊ သစ်ရွက်နှစ်ရွက် ပူးကပ်နီအောင် ဝါးခြမ်းဖြင့် လန့်ဆန့်ထိုးသည်
    ၁၊ လည်ချောင်းတွင်းမှ လေပြတ်တောင်းသံ။ ပြတ်တောင်းတက်သည်။ ကြို့ထိုးသည်။ ၂၊ လူ၏ အသက်ထွက်ခါနီးတွင် လည်ချောင်းထဲ၌ အသံမြည်သည်။။ ၃၊ ကြို့ထိုးသည်။ ၄၊ သစ်ရွက်နှစ်ရွက် ပူးကပ်နေအောင် ဝါးခြမ်းဖြင့် ကန့်လန့်ထိုးသည်
    hiccough
    ကြိယာ

    ကြုံနာ

    [t͡ɕòʊɴnà]
    အသားအရီကြုံလှီ၍ ပိန်ကပ်နိန်ရေ
    အသားအရေကြုံလှီ၍ ပိန်ကပ်နေသော
    thin
    နာမဝိသေသန

    ကြုံနာကျ

    [t͡ɕòʊɴnàt͡ɕ]
    အသားနန့်အရိုး ထိလုမျှ အလွန်ကပ်စီးသော အနာရောဂါ
    အသားနှင့်အရိုး ထိလုမျှ အလွန်ကပ်စေးသော အနာရောဂါ
    thin
    နာမ်

    ကြုံနိကြုံကျာ

    [t͡ɕòʊɴnìt͡ɕòʊɴt͡ɕà]
    အသားအရီကြုံလှီ၍ အင်အားနည်း တက်ကြွ လှုပ်ယှားမှုကို မပြုနှိုင်ရေ။ ပိန်ကပ်နိန်ရေ
    အသားအရေကြုံလှီ၍ အင်အားနည်း တက်ကြွ လှုပ်ရှားမှုကို မပြုနိုင်သော။ ပိန်ကပ်နေသော
    thin
    နာမဝိသေသန

    ကြုံနိကြုံနာ

    [t͡ɕòʊɴnìt͡ɕòʊɴnà]
    အသားအရီကြုံလှီ၍ ပိန်ကပ်နိန်ရေ
    အသားအရေကြုံလှီ၍ ပိန်ကပ်နေသော
    thin
    နာမဝိသေသန

    ကြုံနီဟင်း

    [t͡ɕòʊɴníhɪ́ɴ]
    မိုးခါသား လယ်ပြင်မာ ပေါက်တတ်လိဟိရေ အရွက်ခါး သတ်သတ်၊ အဖြူရောင်၊ ခရမ်းရောင်၊ အပွင့်ငယ်များ ပွင့်ရေ မြေတွားဟင်းပြုတ် အပင်ငယ်တမျိုး။ ပြုန်းကတီပင် လို့လေ့ ခေါ်ရေ
    မိုးရာသီ လယ်ကွင်းတွင် ပေါက်တတ်လေ့ရှိသော အရွက်ခါး သက်သက်၊ အဖြူရောင်၊ ခရမ်းရောင်၊ အပွင့်ငယ်များ ပွင့်သည့် မြေတွားတိုစရာ အပင်ငယ်တစ်မျိုး။ ပြုန်းကတီပင် ဟုလည်း ခေါ်သည်
    plant
    နာမ်

    ကြုံရှီ

    [t͡ɕòʊɴʃí]
    ကိုယ်ခန္ဓာ ကြီးသင့်သလောက် မကြီး၊ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးသော
    ကိုယ်ခန္ဓာ ကြီးသင့်သလောက် မကြီး၊ ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးသော
    thin
    နာမဝိသေသန

    ကြုံလွှာ

    [t͡ɕòʊɴlW̯à]
    အသားအရီ ကြုံလှီ၍ အင်အားနည်းပါးဗျာယ် တက်ကြွလှုပ်ရှားခြင်း မပြုရေ
    အသားအရေ ကြုံလှီ၍ အင်အားနည်းပါးလျက် တက်ကြွလှုပ်ရှားခြင်း မပြုသော
    thin
    နာမဝိသေသန

    ကြူ

    [t͡ɕù]
    ၁၊ ဂြိုးငှက်မြည်တွန်ရေ။ ဝနက်ခြုံ၊ စူးခြုံအောက်က၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ ၂၊ လွမ်းတတမ်းတရေ။ ခြုံးတခုသည်၊ လွမ်းမှုကြူပြန်လှာက (ဗမာချီ)
    ၁၊ ချိုးငှက်မြည်တွန်သည်။ ဝနက်ခြုံ၊ ဆူးခြုံအောက်က၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ ၂၊ လွမ်းဆွတ်တမ်းတသည်။ ခြုံးတစ်ခုသည်၊ လွမ်းမှုကြူပြန်လှာက (ဗမာချီ)
    crow
    ကြိယာ

    ကြူး

    [t͡ɕùး]
    ၁၊ အတိုင်းအဆထက်များစွာ ကျော်လွန်ရေ။ ခါတိုင်းထက် ကျော်လွန်ပြီးကေ ပြုမူရေ။ နှမဖြာ၊ လှညက်ပြာမာ၊ မွေ့လျော်ပုံထူး၊ စက်တော်ခေါ်လေ၊ ပျော်တော်ကျုးကေ၊ အိပ်ကတ်ူးပါဘိ (ဓမ္မသာ)။ ၂၊ လွန်ကျွံစွာပြုမူရေ။ အလွန်အကဲ လိုက်စားရေ။ သီရေက်ကြူး၊ ကာမကြူး (ရခိုင်ကာ)
    ၁၊ အတိုင်းအဆထက်များစွာ ကျော်လွန်သည်။ ခါတိုင်းထက် ကျော်လွန်၍ ပြုမူသည်။ နှမဖြာ၊ လှညက်ပြာမှာ၊ မွေ့လျော်ပုံထူး၊ စက်တော်ခေါ်လေ၊ ပျော်တော်ကျုးကေ၊ အိပ်ကြူးပါဘိ (ဓမ္မသာ)။ ၂၊ လွန်ကျွံစွာပြုမူသည်။ အလွန်အကဲ လိုက်စားသည်။ သေသောက်ကြူး၊ ကာမကြူး (ရခိုင်ကာ)
    be excessive highly eat
    ကြိယာ

    ကြူ၂

    [t͡ɕù၂]
    ကောင်းရေ အနံ့သင်းထုံသော။ မွှီးကြိုင်သော။ မွှီးနံ့ကျူကျူ၊ သင်းကြူရနံ့၊ ပျံ့နှံ့ကြိုင်အီး (ပန်း)
    ကောင်းသော အနံ့သင်းထုံသော။ မွှေးကြိုင်သော။ မွှေးနံ့ကျူကျူ၊ သင်းကြူရနံ့၊ ပျံ့နှံ့ကြိုင်အီး (ပန်း)
    sweet
    နာမဝိသေသန