Dictionary Entries
Showing 2,781–2,800 of 3,186 words
က
ကြူး၂
[t͡ɕùး၂]
Arakanese:
အစာကို အလွန်အကျွံ စားလိဟိရေ။ မကန်သန်ဖက်စားရေ။ အစားအစာကို မက်မောရေ။ အသားစားကတ်ူး၊ ဘီးလူးမတ်မာ (ရာမ)။ စားကတ်ူးနက် ကိုယ်မတက် (စကားပုံ)
Burmese:
အစာကို အလွန်အမင်း စားလေ့ရှိသည်။ အလွန်အကျွံစားသည်။ အစားအစာကို မက်မောသည်။ အသားစားကြူး၊ ဘီးလူးမင်းမှာ (ရာမ)။ စားကြူးနက် ကိုယ်မတက် (စကားပုံ)
English:
highly eat
Grammar Note:
ကြိယာ
ကြူကြူ
[t͡ɕùt͡ɕù]
Arakanese:
ပြင်းထန်စွာ မြည်ဟည်း ထစ်ကြိုးလျှက်။ ကျယ်လောင် ပြင်းထန်သော အသံ ဖြစ်ပေါ်လျှက်။ နဘံအထက်၊ ကြူကြူညံအောင်၊ ဆူလျှံပွက်မျှ၊ လက်လက်လင်းလင်း၊ တဝင်းဝင်းကေ (ပဋါ)
Burmese:
ပြင်းထန်စွာ မြည်ဟည်း ထစ်ကြိုးလျှက်။ ကျယ်လောင် ပြင်းထန်သော အသံ ဖြစ်ပေါ်လျှက်။ နဘံအထက်၊ ကြူကြူညံအောင်၊ ဆူလျှံပွက်မျှ၊ လက်လက်လင်းလင်း၊ တဝင်းဝင်းကေ (ပဋါ)
English:
loud voice
Grammar Note:
ကြိယာဝိသေသန
ကြူကြူ၂
[t͡ɕùt͡ɕù၂]
Arakanese:
လွမ်းတတမ်းတရေ။ တသမြည်တမ်းရေ။ ကြောင့်ကြစိုးရိမ်ရေ။ တကြူကြူ လွမ်းရှုတမ်း၊ မောင်ကြောင့်ပူဆာ၊ မခံသာကေ၊ ကြီးစွာဝဋ်ဒုက္ခကြောင့် (မေတ္တာ)
Burmese:
လွမ်းဆွတ်တမ်းတသည်။ တသမြည်တမ်းသည်။ ကြောင့်ကြစိုးရိမ်သည်။ တကြူကြူ လွမ်းရှုတမ်း၊ မောင်ကြောင့်ပူဆာ၊ မခံသာကေ၊ ကြီးစွာဝဋ်ဒုက္ခကြောင့် (မေတ္တာ)
English:
miss
Grammar Note:
ကြိယာ
ကြူကြူ၃
[t͡ɕùt͡ɕù၃]
Arakanese:
၁၊ ဂြိုးငှက်မြည်တွန်ရေ။ ဝနက်ခြုံ၊ စူးခြုံအောက်က၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ ၂၊ လွမ်းတတမ်းတရေ။ ခြုံးတခုသည်၊ လွမ်းမှုကြူပြန်လှာက (ဗမာချီ)။ တကြူကြူ၊ ခြိုးကြူလတ်တေ၊ မောင်ရို့နီကေ၊ ဌာနီရပ်ကို၊ လွမ်းလတ်တေလေ (လွမ်းခြင်း)
Burmese:
၁၊ ချိုးငှက်မြည်တွန်သည်။ ဝနက်ခြုံ၊ ဆူးခြုံအောက်က၊ အိမ်ခြိုးမကြူ၊ တောခြိုးကြူယောင် (ဇမ်း)။ ၂၊ လွမ်းဆွတ်တမ်းတသည်။ ခြုံးတစ်ခုသည်၊ လွမ်းမှုကြူပြန်လှာက (ဗမာချီ)။ တကြူကြူ၊ ခြိုးကြူလတ်တေ၊ မောင်တို့နီကေ၊ ဌာနီရပ်ကို၊ လွမ်းလတ်တေလေ (လွမ်းခြင်း)
English:
miss
Grammar Note:
ကြိယာ
ကြူကြူငို
[t͡ɕùt͡ɕùŋÒ]
Arakanese:
ဖြေမဆည်းနှိုင်ယောင် ဟိုက်ကြီးတငင်ငိုရေ
Burmese:
ဖြေမဆည်းနိုင်အောင် ရှိုက်ကြီးတငင်ငိုသည်
English:
cry
Grammar Note:
ကြိယာ
ကြေး
[t͡ɕé]
Arakanese:
ရောင်းဝယ်မှုမာ အသုံးပြုရေ ငွီအသာပြာ။ ဥစ္စာကြီးငွီ၊ စုံစီပွားလို့၊ မပြတ်ကောင်းမှု၊ ကုသိုလ်တော် (သံချပ်)
Burmese:
ရောင်းဝယ်မှုတွင် အသုံးပြုသော ငွေအသာပြာ။ ဥစ္စာကြေးငွီ၊ စုံစီပွားလို့၊ မပြတ်ကောင်းမှု၊ ကုသိုလ်တော် (သံချပ်)
English:
bronze
Grammar Note:
နာမ်
ကြေးငွီ
[t͡ɕéŋwí]
Arakanese:
ရောင်းဝယ်မှုမာ အသုံးပြုရေ ငွီအသာပြာ။ ဥစ္စာကြီးငွီ၊ စုံစီပွားလို့၊ မပြတ်ကောင်းမှု၊ ကုသိုလ်တော် (သံချပ်)
Burmese:
ရောင်းဝယ်မှုတွင် အသုံးပြုသော ငွေအသာပြာ။ ဥစ္စာကြေးငွီ၊ စုံစီပွားလို့၊ မပြတ်ကောင်းမှု၊ ကုသိုလ်တော် (သံချပ်)
English:
bronze money
Grammar Note:
နာမ်
ကြေးစား
[t͡ɕésá]
Arakanese:
ကြီးငွီအခယူပနာ အလုပ်လုပ်ဆောင်သူ
Burmese:
ကြေးငွေအခယူ၍ အလုပ်လုပ်ဆောင်သူ
English:
bounty hunter
Grammar Note:
နာမ်
ကြေးစားမ
[t͡ɕésám]
Arakanese:
အခကြီးငွီယူပနာ မကောင်းရေအမှု ပြည့်တန်ဆာမ အလုပ်ကို လုပ်ဆောင်သော မမာ့
Burmese:
အခကြေးငွေယူ၍ မကောင်းသောအမှု ပြည့်တန်ဆာမ အလုပ်ကို လုပ်ဆောင်သော မိန်းမ
English:
pimp
Grammar Note:
နာမ်
ကြေဆပ်
[t͡ɕèsʰaʔ]
Arakanese:
၁၊ ဒါဒေါင်အငမ်း ဆပ်ပြီးရေ။ ၂၊ အမှုအခင်း ပြီးပြေသည်
Burmese:
၁၊ အကြွေးအငမ်း ဆပ်ပြီးသည်။ ၂၊ အမှုအခင်း ပြီးပြေသည်
English:
peace
Grammar Note:
ကြိယာ
ကြေနက်
[t͡ɕènɛʔ]
Arakanese:
ကိုယ့်အလိုတော်ကျဖြစ်ပနာ နှစ်သက်အားရရေ
Burmese:
မိမိအလိုတော်ကျဖြစ်၍ နှစ်သက်အားရသည်
English:
satisfy
Grammar Note:
ကြိယာ
ကြေနပ်
[t͡ɕènaʔ]
Arakanese:
ကိုယ့်အလိုတော်ကျဖြစ်ပနာ နှစ်သက်အားရရေ
Burmese:
မိမိအလိုတော်ကျဖြစ်၍ နှစ်သက်အားရသည်
English:
satisfy
Grammar Note:
ကြိယာ
ကြေပွန်
[t͡ɕèpʊ̀ɴ]
Arakanese:
တတ်ကျွမ်းရေ။ နားလည်ရေ။ ပီးအပ်ရေ့တာဝန်ကို ပြီးစီးအောင် လုပ်ကိုင်ဆောင်ရွက်သည်
Burmese:
တတ်ကျွမ်းသည်။ နားလည်သည်။ ပေးအပ်သည့်တာဝန်ကို ပြီးစီးအောင် လုပ်ကိုင်ဆောင်ရွက်သည်
English:
perform
Grammar Note:
ကြိယာ
ကြေမှုန်း
[t͡ɕèm̥óʊɴ]
Arakanese:
ရန်သူကို ပျက်စီးပြုန်းတီးအောင် လုပ်ရေ
Burmese:
ရန်သူကို ပျက်စီးပြုန်းတီးအောင် လုပ်သည်
English:
attack
Grammar Note:
ကြိယာ
ကြေလည်
[t͡ɕèlɛ̀]
Arakanese:
အမှုအာ့လုံးး ကျေပျောက် ထွင်ရေ။ ပျောက်ပြယ် ပြီးပြတ်သည်
Burmese:
အမှုခပ်သိမ်း ကျေပျောက် ရှင်းလင်းသည်။ ပျောက်ပြယ် ပြီးပြတ်သည်
English:
peace
Grammar Note:
ကြိယာ
ကြေအီး
[t͡ɕèʔï]
Arakanese:
ဒေါသရန်စစ် အပြစ်အဆာမဟိ ငြိမ်းအီးလားရေ။ ပြေငြိမ်းလားရေ
Burmese:
ဒေါသရန်စစ် အပြစ်အဆာမရှိ ငြိမ်းအေးသွားသည်။ ပြေငြိမ်းသွားသည်
English:
peace
Grammar Note:
ကြိယာ
ကြော
[t͡ɕɔ́]
Arakanese:
သက်ဟိသတ္တဝါရို့၏ နောက်ကုန်း။ ရင်ပတ်၏နောက်ဘက်။ ချစ်အားပိုပြီးကေ သောက်မျိုးမတက်၊ တူမင်းပျို၏ ကြောကိုပွတ်လို့ (ကော်)။ ဝါးကြော၊ ကြိမ်ကြော။ ပီစာရို့မာ ကာ၊ ကီ၊ ကူ။ ကဲ၊ ကော်၊ ကား အစဟိစွာ့ပါရေ ပေချပ်လွှာ၊ ရှည်လျားကျယ်ပြန့်သော မျက်နှာပြင်
Burmese:
သက်ရှိသတ္တဝါတို့၏ ကျောကုန်း။ ရင်ပတ်၏နောက်ဘက်။ ချစ်အားပို၍ သောက်မျိုးမတက်၊ တူမင်းပျို၏ ကြောကိုပွတ်လို့ (ကော်)။ ဝါးကြော၊ ကြိမ်ကြော။ ပေစာတို့တွင် ကာ၊ ကီ၊ ကူ။ ကဲ၊ ကော်၊ ကား စသည့်ပါသော ပေချပ်လွှာ၊ ရှည်လျားကျယ်ပြန့်သော မျက်နှာပြင်
English:
surface
Grammar Note:
ကြိယာ
ကြော့
[t͡ɕɔ̰]
Arakanese:
လှပတင့်ရေသော။ ကြွရွရွလှပရေ။ ယိုင်ကျေးသိမ်မွေ့ နူးညံ့ ပြေပြစ်ရေ အမူရာဟိရေ
Burmese:
လှပတင့်တယ်သော။ ကြွရွရွလှပသော။ ယဉ်ကျေးသိမ်မွေ့ နူးညံ့ ပြေပြစ်သည့် အမူရာရှိသော
English:
beautiful
Grammar Note:
နာမဝိသေသန
ကြော၂
[t͡ɕɔ́၂]
Arakanese:
မေါက်မာရေ။ မာန ခက်ထန်ထောင်လွှားရေ။ မင်းကကောင်း ခြီဖျားထောက်လို့ ကြောရေကာ (အရပ်)
Burmese:
မေါက်မာသည်။ မာန ခက်ထန်ထောင်လွှားသည်။ မင်းကောင်းကောင်း ခြီဖျားထောက်လို့ ကြောရေကာ (အရပ်)
English:
arrogate
Grammar Note:
ကြိယာ
ကြောကုန်း
[t͡ɕɔ́kóʊɴ]
Arakanese:
သက်ဟိသတ္တဝါရို့၏ နောက်ကုန်း။ ရင်ပတ်၏နောက်ဘက်။ ချစ်အားပိုပြီးကေသောက်မျိုးမတက်၊ တူမင်းပျို၏ ကြောကိုပွတ်လို့ (ကော်)။ ဝါးကြော၊ ကြိမ်ကြော။ ပီစာရို့မာ ကာ၊ ကီ၊ ကူ။ ကဲ၊ ကော်၊ ကား အစဟိစွာ့ပါရေ ပေချပ်လွှာ၊ ရှည်လျားကျယ်ပြန့်သော မျက်နှာပြင်
Burmese:
သက်ရှိသတ္တဝါတို့၏ ကျောကုန်း။ ရင်ပတ်၏နောက်ဘက်။ ချစ်အားပို၍သောက်မျိုးမတက်၊ တူမင်းပျို၏ ကြောကိုပွတ်လို့ (ကော်)။ ဝါးကြော၊ ကြိမ်ကြော။ ပေစာတို့တွင် ကာ၊ ကီ၊ ကူ။ ကဲ၊ ကော်၊ ကား စသည့်ပါသော ပေချပ်လွှာ၊ ရှည်လျားကျယ်ပြန့်သော မျက်နှာပြင်
English:
surface
Grammar Note:
နာမ်