Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,801–2,820 of 3,186 words

    က

    ကြောက်

    [t͡ɕɔ́ɛʔ]
    လန့််ထိတ်ရေ။ ရွံထိတ်ရေ။ ဖီးရန် တခုတရီကို တွေ့ပနာ စိတ်နှလုံး တုန်လှုပ် လားရေ။ မီးစမ်းချင်လည်း၊ ဖခင်ကိုကြောက် (မျိုးက်)
    လန့််ထိတ်သည်။ ရွံထိတ်သည်။ ဘေးရန် တစ်စုံတစ်ခုကို တွေ့၍ စိတ်နှလုံး တုန်လှုပ် သွားသည်။ မေးစမ်းချင်လည်း၊ ဖခင်ကိုကြောက် (မျောက်)
    afraid
    ကြိယာ

    ကြောက်ကိကြောက်ကွန်

    [t͡ɕɔ́ɛʔkìt͡ɕɔ́ɛʔkʊ̀ɴ]
    ကြောက်အကွန်ဆောင်လျှက်။ ကြောက်ပိုင်ယှောင်
    ကြောက်ဟန်ဆောင်လျှက်။ ကြောက်သလိုလို
    masquerade
    ကြိယာဝိသေသန

    ကြောက်ကောင်းခမန်း

    [t͡ɕɔ́ɛʔkáʊɴkʰmáɴ]
    ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တမျှ
    ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တမျှ
    monstrous
    ကြိယာဝိသေသန

    ကြောက်ကောင်းထမန်း

    [t͡ɕɔ́ɛʔkáʊɴtʰmáɴ]
    ကြောက်လန့်ဖွယ်တမျှ။ ထိတ်လန့်ဖွယ်တမျှ။ ကြောက်ခမန်းလီလီ။ အားအင်လည်းသန်၊ ငါးဆယ်ကုန်ကေ၊ ဆန်ပုတ်လောင်းာက်နန့်၊ ကြောက်ကောင်းထမန်း (ရာမ)
    ကြောက်လန့်ဖွယ်တမျှ။ ထိတ်လန့်ဖွယ်တမျှ။ ကြောက်ခမန်းလီလီ။ အားအင်လည်းသန်၊ ငါးဆယ်ကုန်ကေ၊ ဆန်ပုတ်လှောက်နှင့်၊ ကြောက်ကောင်းထမန်း (ရာမ)
    monstrous
    ကြိယာဝိသေသန

    ကြောက်ကောင်းဘနန်း

    [t͡ɕɔ́ɛʔkáʊɴbʱnáɴ]
    ကြောက်ခမန်လိလိ၊ ကြောက်ကောင်းဖွယ်တမျှ။ မညှာစွာကေ၊ စကားပေါင်းမာ၊ ကြောက်ကောင်းဘနန်း (လွမ်းမပြေ)
    ကြောက်ခမန်လိလိ၊ ကြောက်ကောင်းဖွယ်တစ်မျှ။ မညှာတာကေ၊ စကားပေါင်းမှာ၊ ကြောက်ကောင်းဘနန်း (လွမ်းမပြေ)
    monstrous
    ကြိယာဝိသေသန

    ကြောက်ကြိမ်းကျ

    [t͡ɕɔ́ɛʔt͡ɕéɪɴt͡ɕ]
    အလွန် ထိတ်လန့် စိုးရိမ်ရေ။ ကြောက်အား ပိုသည်
    အလွန် ထိတ်လန့် စိုးရိမ်သည်။ ကြောက်အား ပိုသည်
    catch one’s breath
    ကြိယာ

    ကြောက်ကြီးကျ

    [t͡ɕɔ́ɛʔt͡ɕït͡ɕ]
    အလွန် ထိတ်လန့် စိုးရိမ်ရေ။ ကြောက်အားပိုရေ။ စွမ်းဂုဏ်အင်ကို၊ နင်ရို့ဝရီး၊ ဘီးလူးကြီးလျှင်၊ ကြောက်ကြီးကျလို့ (ရာမ)
    အလွန် ထိတ်လန့် စိုးရိမ်သည်။ ကြောက်အားပိုသည်။ စွမ်းဂုဏ်အင်ကို၊ နင်တို့ဦးရီး၊ ဘီးလူးကြီးလျှင်၊ ကြောက်ကြီးကျလို့ (ရာမ)
    catch one’s breath
    ကြိယာ

    ကြောက်ကြီးဘရနန်း

    [t͡ɕɔ́ɛʔt͡ɕïbʱɹnáɴ]
    လန့်ထိတ်တွေဝေ၍ ကာယိန္ဒြေကို ထိန်းသိမ်းနိုင်ဖြစ်လျှက်။ အလွန် ကြောက်အားပိုသောအနိန်နန့်
    လန့်ထိတ်တွေဝေ၍ ကာယိန္ဒြေကို ထိန်းသိမ်းနိုင်ဖြစ်လျှက်။ အလွန် ကြောက်အားပိုသော အားဖြင့်
    catch one’s breath
    ကြိယာဝိသေသန

    ကြောက်ကြီးသန်ဖက်

    [t͡ɕɔ́ɛʔt͡ɕïθàɴpʰɛʔ]
    နကြောစိမ့်အား ပိုသည်ဖြစ်ပနာ။ အလွန် ထိတ်လန့် စိုးရိမ်သောအနိန်နန့်
    အလွန်ကြောက်အား ပိုသည်ဖြစ်၍။ အလွန် ထိတ်လန့် စိုးရိမ်သော အားဖြင့်
    catch one’s breath
    ကြိယာဝိသေသန

    ကြောက်ကြောက်လန့်လန့်

    [t͡ɕɔ́ɛʔt͡ɕɔ́ɛʔla̰ɴla̰ɴ]
    မရဲသနန့် နောက်ကို ရွေ့ကာ၊ ရွေ့ကာ။ ၂၊ ရွီ့ထိတ်သည် ဖြစ်ပနာ
    မရဲသဖြင့် နောက်သို့ ရွေ့ကာ၊ ရွေ့ကာ။ ၂၊ ရွီ့ထိတ်သည် ဖြစ်၍
    afraid
    ကြိယာဝိသေသန

    ကြောက်ကွန်

    [t͡ɕɔ́ɛʔkʊ̀ɴ]
    ကြောက်အကွန်ဆောင်လျှက်။ ကြောက်ပိုင်ယှောင်
    ကြောက်ဟန်ဆောင်လျှက်။ ကြောက်သလိုလို
    masquerade
    ကြိယာဝိသေသန

    ကြောက်ခတ်

    [t͡ɕɔ́ɛʔkʰaʔ]
    ကျွဲ၊ နွားအစဟိစွာ ကြောက်ရွံ့လျှက်နန့် ပြန်ပနာ ရန်ပြုသည်
    ကျွဲ၊ နွားစသည် ကြောက်ရွံ့လျှက်နှင့် ပြန်၍ ရန်ပြုသည်
    strike out in desperation
    ကြိယာ

    ကြောက်ချီးပါ

    [t͡ɕɔ́ɛʔɕïpà]
    ၁၊ ကြောက်အားကြီးပြီးကေ ချီးလားရေ။ ၂၊ အလွန် ကြောက်ထိတ်လန့်၍ တုန်လှုပ်သည်
    ၁၊ ကြောက်အားကြီး၍ မစင်သွားသည်။ ၂၊ အလွန် ကြောက်ထိတ်လန့်၍ တုန်လှုပ်သည်
    catch one’s breath
    ကြိယာ

    ကြောက်ချီးယို

    [t͡ɕɔ́ɛʔɕïjÒ]
    ကြောက်ထိတ်လန့်၍ ချီးယိုရေ။ အလွန် ကြောက်လန့် တုန်လှုပ်သည်
    ကြောက်ထိတ်လန့်၍ မစင်ယိုသည်။ အလွန် ကြောက်လန့် တုန်လှုပ်သည်
    catch one’s breath
    ကြိယာ

    ကြောက်ခွတ်

    [t͡ɕɔ́ɛʔkʰwaʔ]
    ကြောက်ရွံ့လျှက်နှင့် အလွယ်သာဆုံး ဓါးဖြင့် ခုခံသည်
    ကြောက်ရွံ့လျှက်နှင့် အလွယ်သာဆုံး ဓါးဖြင့် ခုခံသည်
    response to scare
    ကြိယာ

    ကြောက်စိုး

    [t͡ɕɔ́ɛʔsó]
    ၁၊ တုန်လှုပ် ချောက်ချားရေ။ လန့်ထိတ်ရေ။ ၂၊ မရဲမဝံ့ဟိရေ။ တွန့်ဆုတ်သည်
    ၁၊ တုန်လှုပ် ချောက်ချားသည်။ လန့်ထိတ်သည်။ ၂၊ မရဲမဝံ့ရှိသည်။ တွန့်ဆုတ်သည်
    afraid
    ကြိယာ

    ကြောက်တစ်ဝက်လန့််တစ်ဝက်

    [t͡ɕɔ́ɛʔtɪʔwɛʔlàɴ့်tɪʔwɛʔ]
    ၁၊ မရဲမဝံ့သနန့် နောက်ကို ရွေ့ကာ၊ ရွေ့ကာ။ ၂၊ ထိတ်လန့်သောအနိန်နန့်
    ၁၊ မရဲမဝံ့သဖြင့် နောက်သို့ ရွေ့ကာ၊ ရွေ့ကာ။ ၂၊ ထိတ်လန့်သော အားဖြင့်
    back step for scare
    ကြိယာဝိသေသန

    ကြောက်ဖွယ်ခမန်း

    [t͡ɕɔ́ɛʔpʰwɛ̀kʰmáɴ]
    ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တမျှ။ ရို့အပူသို့၊ တူအမျှကေ၊ ပူရစီဟု၊ ကြောက်ဖွယ်ခမန်း၊ ဧပိုင်ဆိုပျာ၊ ငိုမြည်တမ်းရေ (ရာမ)
    ကြောက်ခမန်းလီလီ။ ထိတ်လန့်ဖွယ်တမျှ။ တို့အပူသို့၊ တူအမျှကေ၊ ပူရစေဟု၊ ကြောက်ဖွယ်ခမန်း၊ ဤသို့ဆိုပျာ၊ ငိုမြည်တမ်းရေ (ရာမ)
    monstrous
    ကြိယာဝိသေသန

    ကြောက်မက်ဖွယ်

    [t͡ɕɔ́ɛʔmɛʔpʰwɛ̀]
    အလွန် ထိတ်လန့်သော အနိန်နန့်။ ရီမာနီကေ၊ ရီငါးလိပ်ရို့၊ ကြောက်မက်ဖွယ်ကောင်း (ဝိဇယ)
    အလွန် ထိတ်လန့်သော အားဖြင့်။ ရီမှာနီကေ၊ ရီငါးလိပ်တို့၊ ကြောက်မက်ဖွယ်ကောင်း (ဝိဇယ)
    catch one’s breath
    ကြိယာဝိသေသန

    ကြောက်မူထလန်းကား

    [t͡ɕɔ́ɛʔmùtʰláɴká]
    ကြောက်အားကြီးပြီး မျက်နှာ၊ မျက်ခွက် ပျက်ကာ တုန်ရှဲရှဲဖြစ်လျှက်
    ကြောက်အားကြီးပြီး မျက်နှာ၊ မျက်ခွက် ပျက်ကာ တုန်ရှဲရှဲဖြစ်လျှက်
    green about the gills
    ကြိယာဝိသေသန