Dictionary Entries
Showing 2,841–2,860 of 3,186 words
က
ကြောင့်ကြ
[t͡ɕɔ́ɪ̰ɴt͡ɕ]
Arakanese:
ပူပင်သောက ဖြစ်တေ။ စိုးရိမ်မကင်းဖြစ်တေ။ ကြောင့်ကတ်ဖို့၊ စိုးရိမ်မဖြစ်လီကေ့ (ဓမ္မ)
Burmese:
ပူပင်သောက ဖြစ်သည်။ စိုးရိမ်မကင်းဖြစ်သည်။ ကြောင့်ကြမှာ၊ စိုးရိမ်မဖြစ်လီကေ့ (ဓမ္မ)
English:
worry
Grammar Note:
ကြိယာ
ကြောင့်ကြကင်း
[t͡ɕɔ́ɪ̰ɴt͡ɕkɪ́ɴ]
Arakanese:
ကြောင့်ကြမှု၊ စိုးရိမ်မှု၊ ပူပင်မှု ကင်းသည်
Burmese:
ကြောင့်ကြမှု၊ စိုးရိမ်မှု၊ ပူပင်မှု ကင်းသည်
English:
insouciant
Grammar Note:
ကြိယာ
ကြောင့်ကြစိုက်
[t͡ɕɔ́ɪ̰ɴt͡ɕsaɪʔ]
Arakanese:
အရီးတယူ လုပ်ရေ။ ဂရုထူရေ။ လုံ့လကြီးစွာဖြင့် အားထုတ်သည်
Burmese:
အရေးတယူ လုပ်သည်။ ဂရုစိုက်သည်။ လုံ့လကြီးစွာဖြင့် အားထုတ်သည်
English:
care
Grammar Note:
ကြိယာ
ကြောင့်ကြမဟိ
[t͡ɕɔ́ɪ̰ɴt͡ɕmhì]
Arakanese:
အပူအပင် အစိုးအရိမ်မဟိဘဲ
Burmese:
အပူအပင် အစိုးအရိမ်မရှိပဲ
English:
insouciant
Grammar Note:
ကြိယာဝိသေသန
ကြောင်ကြောင်
[t͡ɕàʊɴt͡ɕàʊɴ]
Arakanese:
နီဝါရောင် အဆင်းဟိရေ
Burmese:
နီဝါရောင် အဆင်းရှိသော
English:
stripe
Grammar Note:
နာမဝိသေသန
ကြောင်းကြောင်း
[t͡ɕáʊɴt͡ɕáʊɴ]
Arakanese:
၁၊ အဝီးကပင် ထင်းထင်းကြီး။ ကွက်ကွက်ထင်ထင်။ ၂၊ ဖြောင့်ဖြောင့်မတ်မတ် မြင်ရရေ
Burmese:
၁၊ အဝေးကပင် ထင်ထင်ရှားရှား။ ကွက်ကွက်ထင်ထင်။ ၂၊ ဖြောင့်ဖြောင့်မတ်မတ် မြင်ရသည်
English:
transparent
Grammar Note:
ကြိယာဝိသေသန
ကြောင်ကြောင်၂
[t͡ɕàʊɴt͡ɕàʊɴ၂]
Arakanese:
၁၊ မရေမရာ။ ယနာနာ။ ၂၊ စိန်မူမှန်မှု မဟိဘဲ။ ကြောင်တိကြောင်တောင်။ ၃၊ မနီတတ် မထိုင်တတ်။ ဗြုန်းခနဲ ရှက်ရွံ့သွားလျှက်
Burmese:
၁၊ မရေမရာ။ ယောင်ချာချာ။ ၂၊ စိန်မူမှန်မှု မရှိပဲ။ ပေါတောတော။ ၃၊ မနေတတ် မထိုင်တတ်။ ရုတ်တရက် ရှက်ရွံ့သွားလျှက်
English:
anybody’s guess
Grammar Note:
ကြိယာဝိသေသန
ကြောင်းကြောင်း၂
[t͡ɕáʊɴt͡ɕáʊɴ၂]
Arakanese:
အဝီးကပင် ထင်းထင်းကြီး ပေါ်ပေါ်လွင်လွင် မြင်ရရေ
Burmese:
အဝေးကပင် ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင် မြင်ရသည်
English:
transparent
Grammar Note:
ကြိယာ
ကြောင်ချာ
[t͡ɕàʊɴɕà]
Arakanese:
ငွီရကတ်ောင်း အထောက်အခံ ပြုရေ စာရွက်။ ငွီရကတ်ောင်ပြေစာ
Burmese:
ငွေရကြောင်း အထောက်အခံ ပြုသည့် စာရွက်။ ငွေရကြောင်ပြေစာ
English:
invoice
Grammar Note:
နာမ်
ကြောင်ချောင်
[t͡ɕàʊɴɕàʊɴ]
Arakanese:
လောင်း၏ ဦးပိုင်းနန့်ပဲ့ပိုင်းမာ ဟိရေအခန်း။ ဦးချောင်၊ ပဲ့ချောင်၊ ဦးကွင်၊ ပဲ့ကွင် လို့လေ့ခေါ်ရေ
Burmese:
လှေ၏ ဦးပိုင်းနှင့်ပဲ့ပိုင်းတွင် ရှိသောအခန်း။ ဦးချောင်၊ ပဲ့ချောင်၊ ဦးကွင်၊ ပဲ့ကွင် ဟုလည်းခေါ်သည်
English:
aft
Grammar Note:
နာမ်
ကြောင်းစ
[t͡ɕáʊɴs]
Arakanese:
၁၊ ကိုယ်ရို့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း အစမှအဆုံး။ အကျိုးအကြောင်း အစိအစုံ။ သုံးယောက်ဆိုကေ၊ ထိုငဆရို့၊ ကြောင်းစမကိန်၊ မိခင်ပါးကာ၊ ပြန်လေသောခါ၊ လျှောက်ကြားရေလေ (ကော်)။ ၂၊ နည်းလမ်း
Burmese:
၁၊ မိမိတို့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်း အစမှအဆုံး။ အကျိုးအကြောင်း အစေ့အစုံ။ သုံးယောက်ဆိုကေ၊ ထိုငဆတို့၊ ကြောင်းစမကိန်၊ မိခင်ထံမှာ၊ ပြန်လေသောခါ၊ လျှောက်ကြားရေလေ (ကော်)။ ၂၊ နည်းလမ်း
English:
overall
Grammar Note:
ကြိယာ
ကြောင်းစ၂
[t͡ɕáʊɴs၂]
Arakanese:
အဆက်အသွယ် ပြုသည်
Burmese:
အဆက်အသွယ် ပြုသည်
English:
connect
Grammar Note:
ကြိယာ
ကြောင်းစသွယ်
[t͡ɕáʊɴsθwɛ̀]
Arakanese:
အဆက်အသွယ် ပြုရေ။ အဆက်အစပ် ပြုရေ။ မီးမြန်းသည်
Burmese:
အဆက်အသွယ် ပြုသည်။ အဆက်အစပ် ပြုသည်။ မေးမြန်းသည်
English:
ask
Grammar Note:
ကြိယာ
ကြောင်စာထုတ်
[t͡ɕàʊɴsàtʰoʊʔ]
Arakanese:
ဥပစါ အပိုသတ်သတ် ထုတ်ယူရေ
Burmese:
ဥပစါ အပိုသက်သက် ထုတ်ယူသည်
English:
tack on
Grammar Note:
ကြိယာ
ကြောင်းဇင်းခါ
[t͡ɕáʊɴzɪ́ɴkʰà]
Arakanese:
တခုတရီသော နီရာသို့ ဦးတည် ဖေါက်လုပ်ထားရေ လူများလားလာရာ မြီပြင် ခရီးလမ်း။ လားလာရန် ရည်ရွယ်ထားရေ လမ်းကြောင်း။ ကြောင်းဇင်းခါကို၊ လားခရရေ (ပိုးဝါ)
Burmese:
တစ်စုံတစ်ခုသော နေရာသို့ ဦးတည် ဖေါက်လုပ်ထားသော လူများသွားလာရာ မြေပြင် ခရီးလမ်း။ သွားလာရန် ရည်ရွယ်ထားသည့် လမ်းကြောင်း။ ကြောင်းဇင်းခါကို၊ လားခရရေ (ပိုးဝါ)
English:
path
Grammar Note:
နာမ်
ကြောင်ဇဝါ
[t͡ɕàʊɴzwà]
Arakanese:
ဖျော့တော့သော အဝါရောင်ဟိရေ ဘာဟုန်ဘက် တမျိုး
Burmese:
ဖျော့တော့သော အဝါရောင်ရှိသော တောကြောင် တစ်မျိုး
English:
cat
Grammar Note:
နာမ်
ကြောင်းဇာတိ
[t͡ɕáʊɴzàtì]
Arakanese:
ဖြစ်ပျက်မှု အခြင်းအရာ။ အဖြစ်အပျက်။ အကျိုးအကြောင်း။ သားကောင်းရတနာ၊ နန်းလောင်းလျာရို့၊ ကြောင်းဇာတိကို၊ မသိရဟူ (ရာမ)
Burmese:
ဖြစ်ပျက်မှု အခြင်းအရာ။ အဖြစ်အပျက်။ အကျိုးအကြောင်း။ သားကောင်းရတနာ၊ နန်းလောင်းလျာတို့၊ ကြောင်းဇာတိကို၊ မသိရဟူ (ရာမ)
English:
event
Grammar Note:
နာမ်
ကြောင်တက်တောင်
[t͡ɕàʊɴtɛʔtàʊɴ]
Arakanese:
မေ့မေ့မျိုး့မျိုး့။ ယောင်အအ။ အထာနပ်လိမ္မာမှုမဟိဘဲ ထုံထိုင်းနုံချာလျှက်
Burmese:
မေ့မေ့မျော့မျော့။ ယောင်အအ။ ပါးနပ်လိမ္မာမှုမရှိပဲ ထုံထိုင်းနုံချာလျှက်
English:
stupid
Grammar Note:
ကြိယာဝိသေသန
ကြောင်တိကြောင်တောင်
[t͡ɕàʊɴtìt͡ɕàʊɴtàʊɴ]
Arakanese:
အကာအကွယ် အတားအဆီးလုံးဝ မဟိရေ ဝန်းကျင်။ ဟာလာဟင်းလင်း
Burmese:
အကာအကွယ် အတားအဆီးလုံးဝ ကင်းမဲ့သော ဝန်းကျင်။ ဟာလာဟင်းလင်း
English:
void
Grammar Note:
နာမ်
ကြောင်တိကြောင်တောင်၂
[t͡ɕàʊɴtìt͡ɕàʊɴtàʊɴ၂]
Arakanese:
၁၊ ကြောက်ပိုင်၊ လန့််ပိုင်၊ ဟိုကြည့်ရွိကြည့်။ အထိတ်ထိတ် အလန့််လန်။ အံ့အားသက်လျှက်။ ၂၊ ယောင်ဝါးဝါး။ ယနာနာ။ ၃၊ မှန်ကန်မှုမဟိဘဲ။ ပေါ့တောတော
Burmese:
၁၊ ကြောက်သလို၊ လန့််သလို၊ ဟိုကြည့်သည်ကြည့်။ အထိတ်ထိတ် အလန့််လန်။ အံ့အားသက်လျှက်။ ၂၊ ယောင်ဝါးဝါး။ ယောင်ချာချာ။ ၃၊ မှန်ကန်မှုမရှိပဲ။ ပေါ့တောတော
English:
nose around
Grammar Note:
ကြိယာဝိသေသန