Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,861–2,880 of 3,186 words

    က

    ကြောင်တီကြောင်တေး

    [t͡ɕàʊɴtít͡ɕàʊɴté]
    ၁၊ ဟိရေနီရာမာ ဟိပြီးကေ လပ်ရေနီရာမာ လပ်လျှက်။၂၊ အကွယ်အကာ အတားအဆီး လုံးဝ ကင်းမဲ့လျှက်
    ၁၊ ရှိသည့်နေရာတွင် ရှိ၍ လပ်သည့်နေရာတွင် လပ်လျှက်။၂၊ အကွယ်အကာ အတားအဆီး လုံးဝ ကင်းမဲ့လျှက်
    gap
    ကြိယာဝိသေသန

    ကြောင်တောင်

    [t͡ɕàʊɴtàʊɴ]
    ၁၊ မျက်မှောက်ထင်ထင်။ ကွယ်ကာခြင်းမဟိဘဲ။ အရီးမထားရှု မဆိန်ရွီတွက်နန့်။ သူ့လင်ချစ်မောင်၊ ညီဘုန်းခေါင်ငို၊ ကြောင်တောင်ထားလို့၊ သူ့မယာကို၊ ချစ်အားပိုပြီးကေ၊ လပျိုလှည့်ထွေ (ပန်းဝှက်)
    ၁၊ မျက်မှောက်ထင်ထင်။ ကွယ်ကာခြင်းမရှိပဲ။ အရေးမထားရှု မဆိန်သောအားဖြင့်။ သူ့လင်ချစ်မောင်၊ ညီဘုန်းခေါင်ငို၊ ကြောင်တောင်ထားလို့၊ သူ့မယာကို၊ ချစ်အားပို၍၊ လူပျိုလှည့်ထွေ (ပန်းဝှက်)
    seen
    ကြိယာဝိသေသန

    ကြောင်တောင်း

    [t͡ɕàʊɴtáʊɴ]
    ကြောင်တောင်း။ ကြောင်ဖို
    ကြောင်ထီး။ ကြောင်ဖို
    tomcat
    နာမ်

    ကြောင်တောင်၂

    [t͡ɕàʊɴtàʊɴ၂]
    ၁၊ သူ့မျက်စိအောက် မြင်ကွင်း။ မြင်နှိုင်ရေ ဝန်းကျင်။ ၂၊ မျက်မှောက် မျက်မြင်တွိရရေ အချိန်ပိုင်း။ နီခင်းကြောင်တောင်၊ လူမယှောင်ပဲ (ပန်း)။ နီခင်းကြောင်တောင်၊ မျက်မှောက်ကြောင်တောင် အစဟိစွာဖြစ်သင့်လည်း သုံးကတ်သည်
    ၁၊ သူ့မျက်စိအောက် မြင်ကွင်း။ မြင်နိုင်သော ဝန်းကျင်။ ၂၊ မျက်မှောက် မျက်မြင်တွေ့ရသော အချိန်ပိုင်း။ နီခင်းကြောင်တောင်၊ လူမယှောင်ပဲ (ပန်း)။ နီခင်းကြောင်တောင်၊ မျက်မှောက်ကြောင်တောင် စသည်ဖြစ်သင့်လည်း သုံးကြသည်
    seen
    နာမ်

    ကြောင်တောင်ကန်း

    [t͡ɕàʊɴtàʊɴkáɴ]
    မောဟ ဖုံးလွှမ်းမှုကြောင့် ဆင်ခြင်ဉာဏ် ကင်းမဲ့ရေ။ ကောင်းမှန်း ဆိုးမှန်းမသိ ဖြစ်တေ။ မောဟမိုက်လေ၊ ကြောင်တောင်ကန်းရို့ (ကော်)
    မောဟ ဖုံးလွှမ်းမှုကြောင့် ဆင်ခြင်ဉာဏ် ကင်းမဲ့သည်။ ကောင်းမှန်း ဆိုးမှန်းမသိ ဖြစ်သည်။ မောဟမှောင်လေ၊ ကြောင်တောင်ကန်းတို့ (ကော်)
    dumbo
    ကြိယာ

    ကြောင်တောင်ကန်း၂

    [t͡ɕàʊɴtàʊɴkáɴ၂]
    မျက်စိ အအသွက်၊ အအကြင် ပုံဟန်မပျက် ကြည့်မမြင်ရပဲ ဖြစ်သူ
    မျက်စိ အအသွက်၊ အအကြင် ပုံဟန်မပျက် ကြည့်မမြင်ရပဲ ဖြစ်သူ
    kind of blindness
    နာမ်

    ကြောင်တောင်ကန်း၃

    [t͡ɕàʊɴtàʊɴkáɴ၃]
    မျက်စိ အအသွက်၊ အအကြင် ပုံဟန်မပျက် ကြည့်မမြင်ရဖြစ်တေ
    မျက်စိ အအသွက်၊ အအကြင် ပုံဟန်မပျက် ကြည့်မမြင်ရဖြစ်သည်
    kind of blindness
    ကြိယာ

    ကြောင်တောင်တောင်

    [t͡ɕàʊɴtàʊɴtàʊɴ]
    ၁၊ ကြောင်ပိုင်လန့်ပိုင်။ ဟိုကြည့်ရွိကြည့်။ အထိတ်ထိတ် အလန့်လန့်။ ၂၊ ယနာနာ၊ ယောင်ဝါးဝါး။ ၃၊ မှန်ကန်မှု မဟိဘဲ။ ကြောင်တိကြောင်တောင်။ ၄၊ ကိုယ်၏ စောင့်ယှောင်မှု ဣန္ဒြေကို မထိန်းနိုင် မသိမ်းဖြစ်ဗျာယ်
    ၁၊ ကြောင်သလိုလန့်သလို။ ဟိုကြည့်သည်ကြည့်။ အထိတ်ထိတ် အလန့်လန့်။ ၂၊ ယောင်ချာချာ၊ ယောင်ဝါးဝါး။ ၃၊ မှန်ကန်မှု မရှိပဲ။ ပေါတောတော။ ၄၊ ကိုယ်၏ စောင့်ရှောင်မှု ဣန္ဒြေကို မထိန်းနိုင် မသိမ်းဖြစ်လျက်
    vaguely
    ကြိယာဝိသေသန

    ကြောင်းတော်

    [t͡ɕáʊɴtɔ̀]
    ကျယ်ပြန့်သော၊ ပဓနဖြစ်ရေ လမ်းမကြီး။ အချက်အချာ ဖြစ်ရေ ခရီးလမ်းကြောင်း။ ကြောင်းတော်ခရီး၊ လမ်းမကြီးဝယ်၊ ချီလီလားကျင်း၊ မှိုင်းမှိုင်းမြင်သော် (ရခိုင်ကာ)။ ကြောင်းတော်ခရီး၊ လမ်းမကြီး၌၊ ပင်ထီးပြိုင်ညောင်၊ မြစ်တထောင်နန့် (လောကသာရ)
    ကျယ်ပြန့်သော၊ ပဓနဖြစ်သော လမ်းမကြီး။ အချက်အချာ ဖြစ်သော ခရီးလမ်းကြောင်း။ ကြောင်းတော်ခရီး၊ လမ်းမကြီးဝယ်၊ ချီလေသွားကျင်း၊ မှိုင်းမှိုင်းမြင်သော် (ရခိုင်ကာ)။ ကြောင်းတော်ခရီး၊ လမ်းမကြီး၌၊ ပင်ထီးပြိုင်ညောင်၊ မြစ်တစ်ထောင်နှင့် (လောကသာရ)
    main road
    နာမ်

    ကြောင်နက်

    [t͡ɕàʊɴnɛʔ]
    အမွီး အနက်ရောင်ဟိရေ ကြောင်တမျိုး
    အမွေး အနက်ရောင်ရှိသော ကြောင်တစ်မျိုး
    persian cat
    နာမ်

    ကြောင်နခေါင်း

    [t͡ɕàʊɴnkʰèàɪ́ɴ]
    အိမ်၏ အဆောက်အဦ တမျိုး
    အိမ်၏ အဆောက်အဦ တစ်မျိုး
    building
    နာမ်

    ကြောင်နံသာ

    [t͡ɕàʊɴnံθà]
    ပြင်းပြစူးရှ၍ အနံဆိုးဝါးသော ကြောင်တမျိုး
    ပြင်းပြစူးရှ၍ အနံဆိုးဝါးသော ကြောင်တစ်မျိုး
    cat
    နာမ်

    ကြောင်နံ့သာ

    [t͡ɕàʊɴnံ့θà]
    မွှီးသော အနံ့ထွက်သော ဘာဟုန်ဘက် တမျိုး
    မွှေးသော အနံ့ထွက်သော တောကြောင် တစ်မျိုး
    cat
    နာမ်

    ကြောင်နံ့သာ၂

    [t͡ɕàʊɴnံ့θà၂]
    ဥပစါ လားလီရာရာမာ အမှုအခင်း ဖြစ်တတ်သူ။ သတင်းဆိုး ထွက်သော သူ။ လားရာတိုင်းမာ၊ ကြောင်နံ့သာ (စကားပုံ)
    ဥပစါ သွားလေရာရာတွင် အမှုအခင်း ဖြစ်တတ်သူ။ သတင်းဆိုး ထွက်သော သူ။ လားရာတိုင်းမှာ၊ ကြောင်နံ့သာ (စကားပုံ)
    notorious
    နာမ်

    ကြောင်ပန်းတန်

    [t͡ɕàʊɴpáɴtàɴ]
    အရွက်ဝိုင်း၍ အနံ့ပြင်းသည့် ဆီးဖက်ဝင်ရေ ခြုံပင်တမျိုး
    အရွက်ဝိုင်း၍ အနံ့ပြင်းသည့် ဆေးဖက်ဝင်သော ချုံပင်တစ်မျိုး
    bush
    နာမ်

    ကြောင်ပန်းပင်

    [t͡ɕàʊɴpáɴpɪ̀ɴ]
    မြွီကိုက်ခံရရေ် ကြောင်ရို့ အရွက်ကို စားလိဟိရေဆိုရေ အပင်တမျိုး
    မြွေကိုက်ခံရသော် ကြောင်တို့ အရွက်ကို စားလေ့ရှိသည်ဆိုသော အပင်တစ်မျိုး
    plant
    နာမ်

    ကြောင်းပီး

    [t͡ɕáʊɴpï]
    လားလာရန် လမ်းပြုပျင် ပီးရေ
    သွားလာရန် လမ်းပြုပြင် ပေးသည်
    reform
    ကြိယာ

    ကြောင်ဖို

    [t͡ɕàʊɴpʰÒ]
    ကြောင်ဘို ၁၊ ကြောင်တောင်း။ ၂၊ ရခိုင်ဘုရင်မင်းလက်ထက်က မြောက်ဦးမြို့ ကယ်ပါးတော်မာ ပုန်ကန်သောင်းကျန်းခရေ သူပုန်း ဂေါင်းဆောင်တဦး၏ အမည် ပါးတော် ကြောင်ဖို၊ ကျိန်းတုံးည်ု၊ ကြပ်စင်ပြိုမှ၊ ကြောင်ပြီးရ (ဘောင်)
    ကြောင်ဘို ၁၊ ကြောင်ထီး။ ၂၊ ရခိုင်ဘုရင်မင်းလက်ထက်က မြောက်ဦးမြို့ ကယ်ပါးတော်တွင် ပုန်ကန်သောင်းကျန်းခဲ့သော သူပုန်း ခေါင်းဆောင်တစ်ဦး၏ အမည် ပါးတော် ကြောင်ဖို၊ ကျိန်းတုံးည်ု၊ ကြပ်စင်ပြိုမှ၊ ကြောင်ပြီးရ (ဘောင်)
    name of rebel at Arakan King
    နာမ်

    ကြောင်ဖါး

    [t͡ɕàʊɴpʰàး]
    သာမညကြောင်ထက် ကြီးရေ ကြောင်တောင်း
    သာမညကြောင်ထက် ကြီးသော ကြောင်ထီး
    tomcat
    နာမ်

    ကြောင်ဖါးကြီး

    [t͡ɕàʊɴpʰàးt͡ɕï]
    သန်မာကြီးထွားသော ကြောင်တောင်း
    သန်မာကြီးထွားသော ကြောင်ထီး
    tomcat
    နာမ်