Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,901–2,920 of 3,186 words

    က

    ကြောင်သူတော်

    [t͡ɕàʊɴθùtɔ̀]
    သူတော်ကောင်း ယောင်ဆောင်သော သူ
    သူတော်ကောင်း ယောင်ဆောင်သော သူ
    dissembler
    နာမ်

    ကြောင်းအင်

    [t͡ɕáʊɴʔɪ̀ɴ]
    ဖြစ်ပျက်မှု အခြင်းအရာ။ အဖြစ်အပျက်။ အဖြစ်သနစ်
    ဖြစ်ပျက်မှု အခြင်းအရာ။ အဖြစ်အပျက်။ အဖြစ်သနစ်
    event
    နာမ်

    ကြောင်အံဖတ်

    [t͡ɕàʊɴʔံpʰaʔ]
    အလျား ခရှရှည် အမည်းနန့် အဝါရောသော မည်းဝါရောင် အဆင်းဟိရေ ကြောင်တမျိုး
    အလျား ခပ်ရှည်ရှည် အမည်းနှင့် အဝါရောသော မည်းဝါရောင် အဆင်းရှိသော ကြောင်တစ်မျိုး
    cat
    နာမ်

    ကြော့စ

    [t͡ɕɔ̰s]
    ကြော့ လှပတင့်ရေသော
    ကြွကြွရွရွ လှပတင့်တယ်သော
    beautiful
    နာမဝိသေသန

    ကြောစီး

    [t͡ɕɔ́sï]
    ၁၊ မြစ်၊ ပင်လယ်ရို့၏ အလယ်ပိုင်း။ ၂၊ အလယ်ရေရိုး
    ၁၊ မြစ်၊ ပင်လယ်တို့၏ အလယ်ပိုင်း။ ၂၊ အလယ်ရေရိုး
    root river
    နာမ်

    ကြောဆစ်

    [t͡ɕɔ́sʰɪʔ]
    အဆစ်ဆစ် ဖြစ်နီသော ကျောက်ကုန်းရိုး
    အဆစ်ဆစ် ဖြစ်နေသော ကျောက်ကုန်းရိုး
    spine
    နာမ်

    ကြောတည့်

    [t͡ɕɔ́tɛ̰]
    သရက်ရွက်၊ ပိန္နရွက် အစဟိရေ သစ်ရွက်ရို့မာ အလယ်ကြောရိုးကို ဗဟိုထားပနာ တဖက်တချက်ဟိ အကြောချင်း တိမ်းစောင်းခြင်း မဟိဘဲ တည့်နိန်ရေ၏အဖြစ်
    သရက်ရွက်၊ ပိန္နရွက် စသော သစ်ရွက်တို့တွင် အလယ်ကျောရိုးကို ဗဟိုထား၍ တစ်ဖက်တစ်ချက်ရှိ အကြောချင်း တိမ်းစောင်းခြင်း မရှိပဲ တည့်နေသည်၏အဖြစ်
    none
    နာမ်

    ကြောတည့်၂

    [t͡ɕɔ́tɛ̰၂]
    ဥပစါတဦးနန့် တဦး သဖောထားချင်း ကိုက်ညီရေ။ တိုက်ဆိုင်သည်
    ဥပစါတစ်ဦးနှင့် တစ်ဦး သဘောထားချင်း ကိုက်ညီသည်။ တိုက်ဆိုင်သည်
    same
    နာမ်

    ကြော့တမ်း

    [t͡ɕɔ̰táɴ]
    ကြမ်းကြုတ်ရေ။ ခက်ထန်ရေ။ ဆိုးညစ်သည်
    ကြမ်းကြုတ်သည်။ ခက်ထန်သည်။ ဆိုးသွမ်းသည်
    rough
    ကြိယာ

    ကြောထောက်နောက်ခံ

    [t͡ɕɔ́tʰɔ́ɛʔnɔ́ɛʔkʰံ]
    ၁၊ ကူညီမစဖို့သူ။ အားကိုးလောက်သူ။ ၂၊ အလိုဟိက တစုတရုံးတည်း လိုက်ပါဖို့ ဆွီမျိုးသားချင်းများ
    ၁၊ ကူညီမစမည့်သူ။ အားကိုးလောက်သူ။ ၂၊ အလိုရှိက တစ်စုတစ်ရုံးတည်း လိုက်ပါရန် ဆွေမျိုးသားချင်းများ
    helper
    နာမ်

    ကြောထောင်

    [t͡ɕɔ́tʰàʊɴ]
    လူ၏ အဆင့်အတန်းမှီရေ။ လူရာဝင်ရေ။ မာနထောင်သည်
    လူ၏ အဆင့်အတန်းမှီသည်။ လူရာဝင်သည်။ မာနထောင်သည်
    arrogate
    ကြိယာ

    ကြောပီး

    [t͡ɕɔ́pï]
    ၁၊ ကျောခိုင်းရေ။ ကျေားပီးရေ။၂၊ ဥပစါ လျစ်လျူ ပြုရေ။ ဂရုမစိုက်ပဲ ထားရေ
    ၁၊ ကျောခိုင်းသည်။ ကျေားပေးသည်။၂၊ ဥပစါ လျစ်လျူ ပြုသည်။ ဂရုမစိုက်ပဲ ထားသည်
    careless
    ကြိယာ

    ကြောပူရင်ပူနာ

    [t͡ɕɔ́pùɹɪ̀ɴpùnà]
    ကိုယ်လက် စိကေချေပူသော သူငယ်နာ တမျိုး
    ကိုယ်လက် အနည်းငယ်ပူသော သူငယ်နာ တစ်မျိုး
    none
    နာမ်

    ကြောပြင်

    [t͡ɕɔ́pɹɪ̀ɴ]
    နောက်ကုန်း တခုလုံး၏ အပြင်
    ကျောကုန်း တစ်ခုလုံး၏ အပြင်
    back
    နာမ်

    ကြောပြာ

    [t͡ɕɔ́pɹà]
    ဥပစါ ဖွဲရာကျသူ
    ဥပစါ ဆင်းရဲမွဲတေသူ
    penny man
    နာမ်

    ကြောဖြတ်

    [t͡ɕɔ́pʰɹaʔ]
    ကြောရိုးအတိုင်း အလျားမဟုတ်ဘဲနန့် ကျောပြင်၏ဖီလာ။ ဖီးစေါင်း
    ကျောရိုးအတိုင်း အလျားမဟုတ်တော့ပဲ ကျောပြင်၏ဖီလာ။ ဘေးစေါင်း
    cant
    နာမ်

    ကြောရိုး

    [t͡ɕɔ́ɹó]
    ၁၊ နောက်ကုန်းရိုး။ နောက်ကုန်း၏ အလယ်ရိုး။ ၂၊ နိုင်ငံရီး အမာခံ။ ကြံ့ကြံ့ခံနိုင်သူ
    ၁၊ ကျောကုန်းရိုး။ ကျောကုန်း၏ အလယ်ရိုး။ ၂၊ နိုင်ငံရေး အမာခံ။ ကြံ့ကြံ့ခံနိုင်သူ
    forbear man
    နာမ်

    ကြောရီစုတ်

    [t͡ɕɔ́ɹísoʊʔ]
    ဥပစာ ချွတ်ခြုံကျရေ။ တခုလေ့သင့် မဟိလောက်ယောင် မွဲသည်
    ဥပစာ ချွတ်ခြုံကျသည်။ ဘာမှ မရှိလောက်အောင် မွဲသည်
    penny
    နာမ်

    ကြောရှည်

    [t͡ɕɔ́ʃɛ̀]
    ပိန်ကပ်၍ အရပ်အမင်ာင်း ရှည်သောသူ
    ပိန်ကပ်၍ အရပ်အမောင်း ရှည်သောသူ
    thin
    နာမ်

    ကြောလယ်

    [t͡ɕɔ́lɛ̀]
    ၁၊ မြစ်၊ ပင်လယ်ပြင်၏ဝန်းကျင်။ ၂၊ မြစ်၊ ပင်လယ်၏အလယ်ပိုင်း။ ရေရိုး။ ရေမြစ်လယ်ကြော၊ ဂုခါလေ၊ နင်လျှင်မျိုးလို့ (ပန်း)
    ၁၊ မြစ်၊ ပင်လယ်ပြင်၏ဝန်းကျင်။ ၂၊ မြစ်၊ ပင်လယ်၏အလယ်ပိုင်း။ ရေရိုး။ ရေမြစ်လယ်ကြော၊ ယခုတွင်လေ၊ နင်လျှင်မျောလို့ (ပန်း)
    root river
    နာမ်