Dictionary Entries
Showing 2,921–2,940 of 3,186 words
က
ကြောလယ်ကောင်
[t͡ɕɔ́lɛ̀kàʊɴ]
Arakanese:
၁၊ မြစ်၊ ပင်လယ်ပြင်၏ဝန်းကျင်။ ၂၊ မြစ်၊ ပင်လယ်၏အလယ်ပိုင်း။ ရေရိုး။ ရေမြစ်လယ်ကြော၊ ဂုခါလေ၊ နင်လျှင်မျိုးလို့ (ပန်း)
Burmese:
၁၊ မြစ်၊ ပင်လယ်ပြင်၏ဝန်းကျင်။ ၂၊ မြစ်၊ ပင်လယ်၏အလယ်ပိုင်း။ ရေရိုး။ ရေမြစ်လယ်ကြော၊ ယခုတွင်လေ၊ နင်လျှင်မျောလို့ (ပန်း)
English:
root river
Grammar Note:
နာမ်
ကြောသား
[t͡ɕɔ́θá]
Arakanese:
နောက်ကုန်း အလယ်ရိုး။ ကြောရိုး တလျှောက်
Burmese:
ကျောကုန်း အလယ်ရိုး။ ကျောရိုး တစ်လျှောက်
English:
spine
Grammar Note:
နာမ်
ကြောသားရင်သား
[t͡ɕɔ́θáɹɪ̀ɴθá]
Arakanese:
တယောက်ကား သာစေ၊ တယောက်ကား နာစေဟု ခွဲခွဲခြားခြား အုပ်ချုပ်ခြင်း မဟုတ်တောပဲ၊ ညီတူညီမျှ အုပ်ချုပ်ရေ။ တရားစောင့်သော မင်းရို့စွာကား ကြောသားရင်သား မခွဲခြားပဲ ဝမ်းမားသားကဲသို့ အုပ်ချုပ်တော်မှုသည် (ဒိဌာ)
Burmese:
တစ်ယောက်ကား သာစေ၊ တစ်ယောက်ကား နာစေဟု ခွဲခွဲခြားခြား အုပ်ချုပ်ခြင်း မဟုတ်တောပဲ၊ ညီတူညီမျှ အုပ်ချုပ်သည်။ တရားစောင့်သော မင်းတို့သည်ကား ကြောသားရင်သား မခွဲခြားပဲ ဝမ်းတွင်းသားကဲသို့ အုပ်ချုပ်တော်မှုသည် (ဒိဌာ)
English:
govern
Grammar Note:
ကြိယာ
ကြော်
[t͡ɕɔ̀]
Arakanese:
၁၊ လူအတိအား ကြားသိစီရေ။ ဟစ်အော် ပြောဆိုရေ။ မောင်းကြီးခတ်သော်၊ သောသောကြော်လျှက် (ရခိုင်ကာ)။ ၂၊ အများ ကြားသိစီရန် အသံကျကျယ်လောင်လောင် ဟစ်အော်ရေ
Burmese:
၁၊ လူအများအား ကြားသိစေသည်။ ဟစ်အော် ပြောဆိုသည်။ မောင်းကြီးခတ်သော်၊ သောသောကြော်လျှက် (ရခိုင်ကာ)။ ၂၊ အများ ကြားသိစေရန် အသံကျယ်လောင်စွာ ဟစ်အော်သည်
English:
shout
Grammar Note:
ကြိယာ
ကြော်၂
[t͡ɕɔ̀၂]
Arakanese:
ကျကျယ်လောင်လောင် ဟစ်အော်သော အသံ
Burmese:
ကျယ်လောင်စွာ ဟစ်အော်သော အသံ
English:
High-pitch
Grammar Note:
နာမ်
ကြော်၃
[t͡ɕɔ̀၃]
Arakanese:
ပျော်ရွှင်မှုဖြင့် စုဝေး ဟစ်အော်ကတ်တေ။ ကျီရောင်ဘာရောင် ဟစ်အော်ကတ်တေ
Burmese:
ပျော်ရွှင်မှုဖြင့် စုဝေး ဟစ်အော်ကြသည်။ ဆူညံစွာ ဟစ်အော်ကြသည်
English:
belly laugh
Grammar Note:
ကြိယာ
ကြော်၄
[t͡ɕɔ̀၄]
Arakanese:
လူများ မခံချိမခံသာ ဖြစ်စီရန် ပြောင်လောင်းာ် သရော်ကြီစပ်လိုရေ အနိန်နန့် ဟစ်အော်ကတ်တေ
Burmese:
သူတစ်ပါး မခံချိမခံသာ ဖြစ်စေရန် ပြောင်လှော် သရော်ကျီစယ်လိုသည့် အနေဖြင့် ဟစ်အော်ကြသည်
English:
cheap gibe
Grammar Note:
ကြိယာ
ကြော်ငြာ
[t͡ɕɔ̀ɲà]
Arakanese:
အများသိစီရန် ဟစ်အော်ရေ။ ရာဇာဆရာ၊ ကြော်ငြာဟိန်းဟိန်း (ကင်းမဟော်)
Burmese:
အများသိစေရန် ဟစ်အော်သည်။ ရာဇာဆရာ၊ ကြော်ငြာဟိန်းဟိန်း (ကင်းမဟော်)
English:
shout
Grammar Note:
ကြိယာ
ကြော်ငြာစာ
[t͡ɕɔ̀ɲàsà]
Arakanese:
အများသိစီဖို့အတွက် ရီးသားရရေ စာရွက်စာတမ်း
Burmese:
အများသိစေရန်အတွက် ရေးသားရသော စာရွက်စာတမ်း
English:
bumf
Grammar Note:
နာမ်
ကြော်ဟစ်
[t͡ɕɔ̀hɪʔ]
Arakanese:
ဆူဆူညံညံ အသံကျကျယ်လောင်လောင် ကျွီးလျှက်
Burmese:
ဆူဆူညံညံ အသံကျယ်လောင်စွာ အော်ဟစ်လျှက်
English:
loudly shout
Grammar Note:
ကြိယာ
ကြဲ
[t͡ɕɛ]
Arakanese:
တခုနှင့်တခု အရာကွာလှမ်းရေ။ အရာကျပ်ရေ။ လားဖို့ပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်(ပဒုမ္မ)။ မချိလားကတ်ဲ၊ ရယ်ယောင်ထင် (ပုံ)
Burmese:
တစ်ခုနှင့်တစ်ခု အရာကွာလှမ်းသည်။ အရာကျပ်သည်။ သွားမှာပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်(ပဒုမ္မ)။ မချိသွားကြဲ၊ ရယ်ယောင်ထင် (ပုံ)
English:
away
Grammar Note:
ကြိယာ
ကြဲ၂
[t͡ɕɛ၂]
Arakanese:
တခုနှင့်တခု အရာကွာလှမ်းသော။ အရာကျယ်သော
Burmese:
တစ်ခုနှင့်တစ်ခု အရာကွာလှမ်းသော။ အရာကျယ်သော
English:
away
Grammar Note:
နာမဝိသေသန
ကြဲ၃
[t͡ɕɛ၃]
Arakanese:
အဝှမ်းဖြန့်ပစ်ရေ။ ထိုနောက် မုယော၊ နှမ်း၊ ပြောင်း၊ ပဲ၊ စပါးတိကို ကြဲရရေ (တောင်)။ သုခန္ဓာကို၊ မြန်စွာခဏ၊ သုဿန်ပြင်မာ၊ ငင်ချဆွဲပျာ၊ ကြဲလုပ်စွဟု (ဒွေး)
Burmese:
အနှံ့အပြားဖြန့်ပစ်သည်။ ထိုနောက် မုယော၊ နှမ်း၊ ပြောင်း၊ ပဲ၊ စပါးများကို ကြဲရသည် (တောင်)။ သုခန္ဓာကို၊ မြန်စွာခဏ၊ သုဿန်ပြင်မှာ၊ ငင်ချဆွဲပျာ၊ ကြဲလုပ်စွဟု (ဒွေး)
English:
scatter
Grammar Note:
ကြိယာ
ကြဲ၄
[t͡ɕɛ၄]
Arakanese:
ခြည်လုံးတလုံးနှင့် တလုံး မစီစပ် ပါးလွှာသော အဝတ်အထည်
Burmese:
ချည်လုံးတစ်လုံးနှင့် တစ်လုံး မစေ့စပ် ပါးလွှာသော အဝတ်အထည်
English:
chiffon
Grammar Note:
နာမ်
ကြဲကြဲ
[t͡ɕɛt͡ɕɛ]
Arakanese:
၁၊ နေ သည်းထန်စွာ ပူရေ။ နီပူကြဲကြဲ။ ၂၊ နံရိုး ပြိုင်းပြိုင်း ပေါ်လျှက်။ နံရိုးကြဲကြဲ
Burmese:
၁၊ နေ သည်းထန်စွာ ပူသည်။ နီပူကြဲကြဲ။ ၂၊ နံရိုး ပြိုင်းပြိုင်း ပေါ်လျှက်။ နံရိုးကြဲကြဲ
English:
sunburn
Grammar Note:
ကြိယာဝိသေသန
ကြဲကြဲ၂
[t͡ɕɛt͡ɕɛ၂]
Arakanese:
တခုနှင့်တခု အရာကွာလှမ်းရေ။ အရာကျပ်ရေ။ လားဖို့ပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်(ပဒုမ္မ)။ မချိလားကတ်ဲ၊ ရယ်ယောင်ထင် (ပုံ)။ အသားမဲမည်း၊ လားကတ်ဲကြဲသည်၊ ဂေါင်းလည်း စုတ်ချွန်းသာတည်း (ဗမာချီ)
Burmese:
တစ်ခုနှင့်တစ်ခု အရာကွာလှမ်းသည်။ အရာကျပ်သည်။ သွားမှာပုလဲ၊ ဖြူဖွေးဖွေးကေ၊ မကြဲမသိပ်(ပဒုမ္မ)။ မချိသွားကြဲ၊ ရယ်ယောင်ထင် (ပုံ)။ အသားမည်းမည်း၊ သွားကြဲကြဲသည်၊ ဂေါင်းလည်း စုတ်ချွန်းသာတည်း (ဗမာချီ)
English:
gap
Grammar Note:
ကြိယာ
ကြဲကြဲခေါက်ခေါက်
[t͡ɕɛt͡ɕɛkʰaʊʔkʰaʊʔ]
Arakanese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တခုနှင့်တခု အကြား မစိသော အရာ။ အိမ်အမိုး ကြဲကြဲခေါက်ခေါက်
Burmese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တစ်ခုနှင့်တစ်ခု အကြား မစေ့သော အရာ။ အိမ်အမိုး ကြဲကြဲခေါက်ခေါက်
English:
gap
Grammar Note:
နာမ်
ကြဲကြဲခေါင်ခေါင်
[t͡ɕɛt͡ɕɛkʰèàɪ̀ɴkʰèàɪ̀ɴ]
Arakanese:
အကွယ်အကာ အဆီးအတားမဟိရေ ဝန်ကျင်။ ကြဲကြဲခေါင်ခေါင်၊ လူမြင်သျှင်မြင်မကောင်း (ရိုးရာ)
Burmese:
အကွယ်အကာ အဆီးအတားမရှိသော ဝန်ကျင်။ ကြဲကြဲခေါင်ခေါင်၊ လူမြင်သျှင်မြင်မကောင်း (ရိုးရာ)
English:
space
Grammar Note:
နာမ်
ကြဲကြဲတက်တက်
[t͡ɕɛt͡ɕɛtɛʔtɛʔ]
Arakanese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တခုနှင့်တခု အကြား မစိသောအရာ။ အိမ်အမိုး ကြဲကြဲခေါက်ခေါက်။ လူသူမစည်းကားသော နီရာ။ ပွဲလမ်းသဘင်။ ပါးလွှားသော အဝတ်အထည်
Burmese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တစ်ခုနှင့်တစ်ခု အကြား မစေ့သောအရာ။ အိမ်အမိုး ကြဲကြဲခေါက်ခေါက်။ လူသူမစည်းကားသော နေရာ။ ပွဲလမ်းသဘင်။ ပါးလွှားသော အဝတ်အထည်
English:
gap
Grammar Note:
နာမ်
ကြဲကြဲတောက်တောက်
[t͡ɕɛt͡ɕɛtɔ́ɛʔtɔ́ɛʔ]
Arakanese:
၁၊ အရည်မပျစ်ပဲ ကြဲကြဲတောက်တောက်။ ၂၊ နိန်ရီးထန်စွာ ပူရေ။ နီပူကြဲကြဲ တောက်တောက် (ရိုးရာ)
Burmese:
၁၊ အရည်မပျစ်ပဲ ကြဲကြဲတောက်တောက်။ ၂၊ နေသည်းထန်စွာ ပူသည်။ နီပူကြဲကြဲ တောက်တောက် (ရိုးရာ)
English:
consomme
Grammar Note:
ကြိယာဝိသေသန