Dictionary Entries
Showing 2,941–2,960 of 3,186 words
က
ကြဲခင်းလယ်
[t͡ɕɛkʰɪ́ɴlɛ̀]
Arakanese:
ပျိုးထောင်၍ ပျိုးစိုက် စိုက်ပျိုးသည်မဟုတ်ဘဲ မျိုးစိစပါးအတိုင်း ကြဲဖြန်း၍ စိုက်ပျိုးသော လယ်ခင်း
Burmese:
ပျိုးထောင်၍ ကောက်စိုက် စိုက်ပျိုးသည်မဟုတ်ပဲ မျိုးစေ့စပါးအတိုင်း ကြဲဖြန်း၍ စိုက်ပျိုးသော လယ်ခင်း
English:
field
Grammar Note:
နာမ်
ကြဲစီကြဲစဲ
[t͡ɕɛsít͡ɕɛsɛ]
Arakanese:
နီထွက်ခါနီး အာရုဏ်တက်ရောင် ဖြူလာစအခါမှ အာကာအဟိဖက်၌ မြင်ရတွိရတတ်ရေ ကြယ်။ ဗဒူးဂြိုလ်။ ရောင်ဖြူလာလို့၊ လင်းခါလည်းနီး၊ ကြယ်ကြီးထွက်ပြန် (သာချမ်းဦးဘ)
Burmese:
နေထွက်ခါနီး အရုဏ်တက်ရောင် ဖြူလာစအခါတွင် ကောင်းကင်အရှေ့ဘက်၌ မြင်ရတွေ့ရတတ်သော ကြယ်။ ဗုဒ္ဓဟူးဂြိုလ်။ ရောင်ဖြူလာလို့၊ လင်းခါလည်းနီး၊ ကြယ်ကြီးထွက်ပြန် (သာချမ်းဦးဘ)
English:
star
Grammar Note:
နာမဝိသေသန
ကြဲစီကြဲစဲ၂
[t͡ɕɛsít͡ɕɛsɛ၂]
Arakanese:
၁၊ ပြောမနာ ဆိုမရှက်၊ အပြောရခက်သော သူ။ ၂၊ ဣန္ဒြေကင်းသော သူ
Burmese:
၁၊ ပြောမနာ ဆိုမရှက်၊ အပြောရခက်သော သူ။ ၂၊ ဣန္ဒြေမဲ့သော သူ
English:
undignified man
Grammar Note:
နာမ်
ကြဲစဲ
[t͡ɕɛsɛ]
Arakanese:
၁၊ မျက်နှာပိုးမသေ၊ ဣန္ဒြေကင်းသော။ ၂၊ ပျက်ချော်သော အမူအရာ အသွင်အပြင် ပေါ်သော
Burmese:
၁၊ မျက်နှာပိုးမသေ၊ ဣန္ဒြေမဲ့သော။ ၂၊ ပျက်ချော်သော အမူအရာ အသွင်အပြင် ပေါ်သော
English:
undignified
Grammar Note:
နာမဝိသေသန
ကြဲစဲပျက်
[t͡ɕɛsɛprɛʔ]
Arakanese:
၁၊ ပျက်ချော်ချော် နောက်တောက်တောက်။ ၂၊ ဣန္ဒြေမဟိဘဲ။ ၃၊ တည်ကြည်လီးနက်ခြင်း ကင်းလျှက်။ ၄၊ ယီးတီးယားတား ပမာမခန့်
Burmese:
၁၊ ပျက်ချော်ချော် နောက်တောက်တောက်။ ၂၊ ဣန္ဒြေကင်းမဲ့စွာ။ ၃၊ တည်ကြည်လေးနက်ခြင်း ကင်းလျှက်။ ၄၊ မလေးမစား ပမာမခန့်
English:
fun
Grammar Note:
ကြိယာဝိသေသန
ကြဲတီကြဲတဲ
[t͡ɕɛtít͡ɕɛtɛ]
Arakanese:
၁၊ ပြောမနာဆိုမရှက်၊ အပြောရခက်သောသူ။ ၂၊ ဣန္ဒြေကင်းသောသူ
Burmese:
၁၊ ပြောမနာဆိုမရှက်၊ အပြောရခက်သောသူ။ ၂၊ ဣန္ဒြေမဲ့သောသူ
English:
undignified man
Grammar Note:
နာမ်
ကြဲတီကြဲတဲ၂
[t͡ɕɛtít͡ɕɛtɛ၂]
Arakanese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တခုနှင့်တခုအကြား မစိ အကြား ကျယ်သော အရာ
Burmese:
၁၊ လူသူ မစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တစ်ခုနှင့်တစ်ခုအကြား မစေ့ အကြား ကျယ်သော အရာ
English:
gap
Grammar Note:
နာမ်
ကြဲတဲ
[t͡ɕɛtɛ]
Arakanese:
၁၊ မောင်းကာ မလုံမခြုံသော။ ၂၊ ပါးလွှာသော အဝတ်အထည်
Burmese:
၁၊ အမိုးအကာ မလုံမခြုံသော။ ၂၊ ပါးလွှာသော အဝတ်အထည်
English:
chiffon
Grammar Note:
နာမဝိသေသန
ကြဲတဲကြက်တက်
[t͡ɕɛtɛt͡ɕɛʔtɛʔ]
Arakanese:
အပေါင်အဖိ အကွယ်အဝှက် မဟိဘဲ။ ထင်ထင်မြင်မြင်
Burmese:
အဖုံးအဖိ အကွယ်အဝှက် မရှိပဲ။ ထင်ထင်မြင်မြင်
English:
transparent
Grammar Note:
ကြိယာဝိသေသန
ကြဲတဲကြက်တက်၂
[t͡ɕɛtɛt͡ɕɛʔtɛʔ၂]
Arakanese:
မျက်စိအောက်မာ အထင်အရှား။ လက်ငင်းကာလ မြင်တွိရဖို့့ အချိန်ပိုင်း
Burmese:
မျက်စိအောက်တွင် အထင်အရှား။ လက်ငင်းကာလ မြင်တွေ့ရမည့် အချိန်ပိုင်း
English:
present
Grammar Note:
နာမ်
ကြဲတဲကြင်တင်
[t͡ɕɛtɛt͡ɕɪ̀ɴtɪ̀ɴ]
Arakanese:
လက်ဟိကာလ မြင်တွိရဖို့့ အချိန်ပိုင်း။ ကိုယ်တိုင်မြင်တွိရဖို့့ အခြင်းအရာ။ လူမျိုးပွဲကို ကြဲတဲကြင်တင်၊ ယဂုပင်လေ၊ မြင်ရပါဖို့ (နရဒ)
Burmese:
မျက်မှောက်ကာလ မြင်တွေ့ရမည့် အချိန်ပိုင်း။ ကိုယ်တိုင်မြင်တွေ့ရမည့် အခြင်းအရာ။ လူမျိုးပွဲကို ကြဲတဲကြင်တင်၊ ယခုပင်လေ၊ မြင်ရပါမည် (နရဒ)
English:
present
Grammar Note:
နာမ်
ကြဲတဲကြောင်တောင်
[t͡ɕɛtɛt͡ɕàʊɴtàʊɴ]
Arakanese:
၁၊ အပေါင်အကွယ်အဝှက်မဟိဘဲ။ ထင်ထင်မြင်မြင်။ ၂၊ မျက်စိအောက် မြင်ကွင်း။ မြင်နှိုင်ရေ ဝန်းကျင်။ ကြဲတဲကြောင်တောင် လူဟိက ထွတ်တေ (ရိုးရာ)
Burmese:
၁၊ အဖုံးအကွယ်အဝှက်မရှိပဲ။ ထင်ထင်မြင်မြင်။ ၂၊ မျက်စိအောက် မြင်ကွင်း။ မြင်နိုင်သော ဝန်းကျင်။ ကြဲတဲကြောင်တောင် လူရှိက နှိုက်တေ (ရိုးရာ)
English:
seeing
Grammar Note:
နာမ်
ကြဲတဲကြောင်တောင်၂
[t͡ɕɛtɛt͡ɕàʊɴtàʊɴ၂]
Arakanese:
၁၊ လူသူမစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တခုနှင့်တခုအကြား မစိ အကြားကျယ်သော အရာ။ ၃၊ မောင်းကာ မလုံခြုံရေအရာ
Burmese:
၁၊ လူသူမစည်ကားသော ပွဲလမ်းသဘင်။ ၂၊ တစ်ခုနှင့်တစ်ခုအကြား မစေ့ အကြားကျယ်သော အရာ။ ၃၊ အမိုးအကာ မလုံခြုံသောအရာ
English:
gap
Grammar Note:
ကြိယာ
ကြဲပြင်
[t͡ɕɛpɹɪ̀ɴ]
Arakanese:
ပျိုးထောင်၍ စိုက်ပျိုးရန် ပြုလုပ်ထားရေ လယ်ခင်းမဟုတ်ဘဲ စပါးမျိုးစိအတိုင်း ကြဲဖြန်းပက်၍ စိုက်ပျိုးရန် ပြုလုပ်ထားရေ လယ်ခင်း။ လယ်ပြင်
Burmese:
ပျိုးထောင်၍ စိုက်ပျိုးရန် ပြုလုပ်ထားသော လယ်ခင်းမဟုတ်ပဲ စပါးမျိုးစေ့အတိုင်း ကြဲဖြန်းပက်၍ စိုက်ပျိုးရန် ပြုလုပ်ထားသော လယ်ခင်း။ လယ်ကွင်း
English:
field
Grammar Note:
နာမ်
ကြွ
[t͡ɕw]
Arakanese:
၁၊ တနီရာမှ တနီရာသို့ ရွေ့၍ လှမ်းလားရေ။ သားဖွားကျင်ကေ၊ မီးစင်ခန်းသို့၊ မြန်းကြွရေလေ (နာရဒ)။ ၂၊ မြင့်မြတ်သော ပုဂ္ဂိုလ် တနီရာသို့ ရွိ့ပြောင်းလားရေ။ မိုးစွတ်မိုးယို၊ မနီလိုကေ၊ ပုဂ္ဂိုလ်သုတ်ခြည်ထပနာ၊ တိုင်းတပါးကြွလှားမေ (မေတ္တာတု)။ ၃၊ တက်ရေ။ ထရေ။
Burmese:
၁၊ တစ်နေရာမှ တစ်နေရာသို့ ရွေ့၍ လှမ်းသွားသည်။ သားဖွားကျင်ကေ၊ မီးစင်ခန်းသို့၊ မြန်းကြွရေလေ (နာရဒ)။ ၂၊ မြင့်မြတ်သော ပုဂ္ဂိုလ် တစ်နေရာသို့ ရွေ့ပြောင်းသွားသည်။ မိုးစွတ်မိုးယို၊ မနေလိုကေ၊ ပုဂ္ဂိုလ်သုတ်ချည်ထ၍၊ တိုင်းတပါးကြွသွားမည် (မေတ္တာတု)။ ၃၊ တက်သည်။ ထသည်။
English:
aromatic
Grammar Note:
ကြိယာ
ကြွ၂
[t͡ɕw၂]
Arakanese:
ကြော့ လှပ တင့်ရေသော။ ယိုင်ကျေးဖွယ်ရာသော။ ကောင်းမွန်သော။ ထည်ဝါ ခန်းညားသော။ ငွီတောင်သူလေ၊ နတ်ဖြူလှမာ၊ ဝတ်ကြတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ပါတချက် (ဒွေး)
Burmese:
ကြွကြွရွရွ လှပ တင့်တယ်သော။ ယဉ်ကျေးဖွယ်ရာသော။ ကောင်းမွန်သော။ ထည်ဝါ ခန်းညားသော။ ငွေတောင်သူလေ၊ နတ်ဖြူလှမှာ၊ ဝတ်ကြတန်ဆာ၊ ဒွါဒရာကို၊ ကြည့်ပါတချက် (ဒွေး)
English:
orotund
Grammar Note:
နာမဝိသေသန
ကြွက်
[t͡ɕwɛʔ]
Arakanese:
ဝန် ဝန်ဆန်စစွာကို ကိုက်ဖြတ် ဖျက်စီးတတ်ရေ သတ္တဝါ
Burmese:
ပစ္စည်း ဝန်ဆန်စသည်ကို ကိုက်ဖြတ် ဖျက်စီးတတ်သော သတ္တဝါ
English:
mouse
Grammar Note:
နာမ်
ကြွက်ကျစ်စာမုန့်
[t͡ɕwɛʔt͡ɕɪʔsàmo̰ʊ̰ɴ]
Arakanese:
ကြွက်ကျစ်စာနန့် တူသော မုန့်တမျိုး
Burmese:
ကြွက်ကျစ်စာနှင့် တူသော မုန့်တစ်မျိုး
English:
a snack
Grammar Note:
နာမ်
ကြွက်ကျဟာ
[t͡ɕwɛʔt͡ɕhà]
Arakanese:
အရွက်ချွန်း၍ (ဆီးဘက်ဝင်ရေ) ခြုံအပင် တမျိုး။ ကြိတ်မှန်
Burmese:
အရွက်ချွန်း၍ (ဆေးဘက်ဝင်သည့်) ချုံအပင် တစ်မျိုး။ ကြိတ်မှန်
English:
common medical plant Eclipta alba
Grammar Note:
နာမ်
ကြွက်ချီးတုံးပင်
[t͡ɕwɛʔɕïtóʊɴpɪ̀ɴ]
Arakanese:
သဗြီသီးအရောင် အသီးသီးရေ ကြွက်ချီးတုံးနန့် တူသော အပင်တမျိုး
Burmese:
သပြေသီးအရောင် အသီးသီးသည့် ကြွက်ချေးတုံးနှင့် တူသော အပင်တစ်မျိုး
English:
a plant
Grammar Note:
နာမ်