Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,961–2,980 of 3,186 words

    က

    ကြွက်စုတ်

    [t͡ɕwɛʔsoʊʔ]
    နှုတ်သီးချွန်၍ (စုတ်စုတ်မြည်သော) ကိုယ်မှ အနံနံသော ကြွက်တမျိုး
    နှုတ်သီးချွန်၍ (စုတ်စုတ်မြည်သော) ကိုယ်မှ အနံနံသော ကြွက်တစ်မျိုး
    shrew
    နာမ်

    ကြွက်တက်

    [t͡ɕwɛʔtɛʔ]
    ခြေသလုံး၊ ပေါင်ခသလုံးများ မခံသာယောင် တောင့်တင်း၍ အထက်ကို ကြွတက်ရေ
    ခြေသလုံး၊ ပေါင်ကြွက်သားများ မခံသာအောင် တောင့်တင်း၍ အထက်သို့ ကြွတက်သည်
    muscle
    ကြိယာ

    ကြွက်ထောင့်

    [t͡ɕwɛʔtʰɔ́ɪ̰ɴ]
    န-ပြွတ်ဒေါင့်
    န-ပြွတ်ထောင့်
    none
    နာမ်

    ကြွက်နားရွက်ပန်း

    [t͡ɕwɛʔnáɹwɛʔpáɴ]
    သစ်ခွပန်းတမျိုး
    သစ်ခွပန်းတစ်မျိုး
    orchid
    နာမ်

    ကြွက်နို့

    [t͡ɕwɛʔno̰]
    ကိုယ်အရီပြားမာ ပေါက်တတ်ရေ အသမာ ဖုငယ်အချေ
    ကိုယ်အရေပြားတွင် ပေါက်တတ်သော အသားမာ ဖုငယ်ကလေး
    wart
    နာမ်

    ကြွက်မတုံး

    [t͡ɕwɛʔmtóʊɴ]
    အုန်းသီးညှာတံရင်းမာ ကပ်၍ ပေါက်တတ်ရေ အတံ၊၊ ကြွက်မြီး
    အုန်းသီးညှာတံရင်းတွင် ကပ်၍ ပေါက်တတ်သော အတံ၊၊ ကြွက်မြီး
    spicate growth occurring near the stem of a coconut
    နာမ်

    ကြွက်လယောက်

    [t͡ɕwɛʔljɔ́ɛʔ]
    အိမ်အစဟိစွာမာ ထရံကပ်ရန် အလျားလိုက် ရိုက်ထားရေ တန်း
    အိမ်စသည်တွင် ထရံကပ်ရန် အလျားလိုက် ရိုက်ထားသော တန်း
    rail on the wall inside a house
    နာမ်

    ကြွက်သား

    [t͡ɕwɛʔθá]
    လက်မောင်း၊ ခြေသလုံး အစဟိစွာရို့မာ အကြောများ စုစည်းဟိနိန်ရေ အရာ
    လက်မောင်း၊ ခြေသလုံး စသည်တို့၌ အကြောများ စုစည်းရှိနေသော အရာ
    muscle
    နာမ်

    ကြွကြွ

    [t͡ɕwt͡ɕw]
    ၁၊ အမြမြန်ဆဆန်။ ကကောင်းလျင်စွါ။ ကြွကြွမမြန်ဆဆန်၊ ဗြီးခကျင်သည်၊ ရွင့်စင်မြီမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ ယဉ်ယိုင်ကျေးကျေး။ သိမ်မွေ့နူးညံ့စွာ။ ဖြည်းညှင်းသာယာစွာ။ လှမ်းခြီကြွကြွ၊ ဟန်ချီချဗျာယ် (ကော်)။ ၃၊ မားမားမတ်မတ်။ တည်တံ့စွာ။ ၄၊ ငွါးငွါးစွင့်စွင့် ကဲမြင
    ၁၊ အဆောတလျင်။ လျင်မြန်စွါ။ ကြွကြွဆောလျင်၊ ပြေးခဲ့ကျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ ၂၊ ယဉ်ယဉ်ကျေးကျေး။ သိမ်မွေ့နူးညံ့စွာ။ ဖြည်းညှင်းသာယာစွာ။ လှမ်းခြီကြွကြွ၊ ဟန်ချီချလျက် (ကော်)။ ၃၊ မားမားမတ်မတ်။ တည်တံ့စွာ။ ၄၊ ငွါးငွါးစွင့်စွင့် ကဲမြင
    high
    ကြိယာဝိသေသန

    ကြွကြွ၂

    [t͡ɕwt͡ɕw၂]
    ရင်ဆာဗျာယ်။ အမျက်ထွက်ဗျာယ်။ မာန်ပါမာန်ပါရွီတွက်နန့်၊ အားပါးမနာ၊ စစ်ကပ်လှာဟု၊ မာန်ပါကြွကြွ၊ စိတ်တက်ထပနာ (ရခိုင်ကာ)
    ဒေါသဖြစ်လျက်။ အမျက်ထွက်လျက်။ မာန်ပါစိတ်ဆိုးသောအားဖြင့်၊ အားပါးမနာ၊ စစ်ကပ်လှာဟု၊ မာန်ပါကြွကြွ၊ စိတ်တက်ထ၍ (ရခိုင်ကာ)
    wrathful
    ကြိယာဝိသေသန

    ကြွကြွမွမွ

    [t͡ɕwt͡ɕwmwmw]
    လျောက်ပတ် တင့်ရေသော။ ကောင်းမြတ်သော။ အသရေဟိရေ။ ထည်ဝါ ခန့်ညားသော။ အဝတ်ကောင်း၊ အခြီရေနန့်၊ ကြွကြွမွမွ
    လျောက်ပတ် တင့်တယ်သော။ ကောင်းမြတ်သော။ အသရေရှိသော။ ထည်ဝါ ခန့်ညားသော။ အဝတ်ကောင်း၊ အစားကောင်းနန့်၊ ကြွကြွမွမွ
    orotund
    နာမဝိသေသန

    ကြွကြွရွရွ

    [t͡ɕwt͡ɕwɹwɹw]
    လျောက်ပတ် တင့်ရေသော။ ကောင်းမြတ်သော။ အသရေဟိရေ။ ထည်ဝါ ခန့်ညားသော။ အဝတ်ကောင်း၊ အခြီရေနန့်၊ ကြွကြွမွမွ
    လျောက်ပတ် တင့်တယ်သော။ ကောင်းမြတ်သော။ အသရေရှိသော။ ထည်ဝါ ခန့်ညားသော။ အဝတ်ကောင်း၊ အစားကောင်းနန့်၊ ကြွကြွမွမွ
    orotund
    နာမဝိသေသန

    ကြွကြွလွ့လွ့

    [t͡ɕwt͡ɕwlw့lw့]
    ထည်ဝါ ခန့်ညားသော။ သစ်လွင် ဆန်းပြားသော
    ထည်ဝါ ခန့်ညားသော။ သစ်လွင် ဆန်းပြားသော
    orotund
    နာမဝိသေသန

    ကြွချီ

    [t͡ɕwɕí]
    ကြီးမြတ်သော ပုဂ္ဂိုလ် လားလာရေ။ တောနိန်ရဟန်း၊ လျှော်သင်္ကန်ဖြင့်၊ လှမ်းလားကတ်ွချီ (ကင်းမဟော်)
    ကြီးမြတ်သော ပုဂ္ဂိုလ် သွားလာသည်။ တောနေရဟန်း၊ လျှော်သင်္ကန်ဖြင့်၊ လှမ်းသွားကြွချီ (ကင်းမဟော်)
    (holy or respectable persons) come or go
    ကြိယာ

    ကြွင်း

    [t͡ɕwɪ́ɴ]
    ကျန်သည်
    ကျန်သည်
    remain
    ကြိယာ

    ကြွင်းကျန်

    [t͡ɕwɪ́ɴt͡ɕàɴ]
    ပါမလား။ ကုန်မလား။ လိုနိန်ရေ
    ပါမသွား။ ကုန်မသွား။ လိုနေသည်
    necessary
    ကြိယာ

    ကြွင်းမဲ့

    [t͡ɕwɪ́ɴmé]
    အကြင်းမဲ့အားဖြင့်၊ အားလုံးစုံ
    အကြင်းမဲ့အားဖြင့်၊ အားလုံးစုံ
    overall
    ကြိယာဝိသေသန

    ကြွတ်

    [t͡ɕwaʔ]
    ကုန်းမာနိန်ရေ မျိုး့မျိုး။ ကျွတ်ကောင်။ ဆွေခုနှစ်ဆက်မာ ငါးဆက်မြောက်သော အဆက်။ (သား၊ မြီး၊ မြစ်၊ တီ၊ ကြွတ် အစဟိရေ မျိုးနွယ်)
    ကုန်းတွင်နေသော မျော့မျိုး။ ကျွတ်ကောင်။ ဆွေခုနှစ်ဆက်တွင် ငါးဆက်မြောက်သော အဆက်။ (သား၊ မြီး၊ မြစ်၊ တီ၊ ကြွတ် စသော မျိုးနွယ်)
    descender
    နာမ်

    ကြွတ်၂

    [t͡ɕwaʔ၂]
    ကြွတ်ခနဲ ကျိုးလားသည်
    ကြွတ်ခနဲ ကျိုးသွားသည်
    break
    ကြိယာ

    ကြွတ်ကြီကြွတ်ကြွတ်

    [t͡ɕwaʔt͡ɕít͡ɕwaʔt͡ɕwaʔ]
    တရားရေရွတ် တရုရု စကားတိသောအနိန်နန့်
    တရားရေရွတ် တတွတ်တွတ် စကားများသော အားဖြင့်
    rattle
    ကြိယာဝိသေသန