Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 2,981–3,000 of 3,186 words

    က

    ကြွတ်ကြွတ်

    [t͡ɕwaʔt͡ɕwaʔ]
    ကြွတ်ကြွတ် မြည်သောအသံ
    ကြွတ်ကြွတ် မြည်သောအသံ
    crunch
    နာမ်

    ကြွတ်ကြွတ်ကျိုး

    [t͡ɕwaʔt͡ɕwaʔt͡ɕó]
    လုံးဝ လုံးလုံး ကျိုးလားသည်
    လုံးဝ လုံးလုံး ကျိုးသွားသည်
    completely break
    ကြိယာ

    ကြွတ်ကြွတ်ကြွီ

    [t͡ɕwaʔt͡ɕwaʔt͡ɕwí]
    မုန့်မုန့်ညက်ညက် ကြီမွပျက်စီးသောအနိန်နန့်
    မုန့်မုန့်ညက်ညက် ကြေမွ ပျက်စီးသော အားဖြင့်
    damage
    ကြိယာဝိသေသန

    ကြွတ်ကြွတ်ချိုး

    [t͡ɕwaʔt͡ɕwaʔɕó]
    ကြီမွပျက်စီးအောင် ချိုးပစ်သည်
    ကြေမွ ပျက်စီးအောင် ချိုးပစ်သည်
    mess up
    ကြိယာ

    ကြွတ်ကြွတ်ဆတ်ဆတ်

    [t͡ɕwaʔt͡ɕwaʔsʰaʔsʰaʔ]
    မပျော့ပျောင်းပဲ ပျိုင်းတွဲ တောင့်တင်းဗျာယ်၊ ကျိုးပဲ့ ကြေကြွီအောင် ကြွပ်ရွီတွက်နန့်၊ စိတ်တိုလွယ်သောအနိန်နန့်
    မပျော့ပျောင်းပဲ ပျဉ်းတွဲ တောင့်တင်းလျက်၊ ကျိုးပဲ့ ကြေကြွေအောင် ကြွပ်သောအားဖြင့်၊ စိတ်တိုလွယ်သော အားဖြင့်
    fragile
    ကြိယာဝိသေသန

    ကြွတ်ကြွတ်မြည်

    [t͡ɕwaʔt͡ɕwaʔmɹɛ]
    ကြွတ်ကြွတ်ဟု မြည်သော အသံ
    ကြွတ်ကြွတ်ဟု မြည်သော အသံ
    crunch
    နာမ်

    ကြွတ်ကြွတ်မွား

    [t͡ɕwaʔt͡ɕwaʔmWà]
    ကျွတ်ကျွတ် မွားမျိုသည်
    ကျွတ်ကျွတ် ဝါမျိုသည်
    crunch
    ကြိယာ

    ကြွတ်တတ်ကြွတ်တတ်

    [t͡ɕwaʔtaʔt͡ɕwaʔtaʔ]
    တရားရေရွတ် တရုရု စကားတိရွီတွက်နန့်။ မခိုင်မမြဲ ယိမ်းယိုင် လှုပ်နန့်သည်
    တရားရေရွတ် တတွတ်တွတ် စကားများသောအားဖြင့်။ မခိုင်မမြဲ ယိမ်းယိုင် လှုပ်နဲ့သည်
    rattle
    ကြိယာ

    ကြွတ်တီကြွတ်တတ်

    [t͡ɕwaʔtít͡ɕwaʔtaʔ]
    တရားရေရွတ် တရုရု စကားတိသောအနိန်နန့်
    တရားရေရွတ် တတွတ်တွတ် စကားများသော အားဖြင့်
    rattle
    ကြိယာဝိသေသန

    ကြွတ်ပြောက်

    [t͡ɕwaʔpɹɔ́ɛʔ]
    အမည်းမာ အဖြူကွက်ပါရေ (ပြောက်ကျားသော) ကျွတ်ကောင် တမျိုး
    အမည်းတွင် အဖြူကွက်ပါသော (ပြောက်ကျားသော) ကျွတ်ကောင် တစ်မျိုး
    type of rat
    နာမ်

    ကြွန်း

    [t͡ɕʊ́ɴ]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စရေ အစုအပုံ။ မြစ်ရီစီးမာ မျိုးပါရေ အမှိုက်စု၊ ဖုံးဆိုးသရော
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ မြစ်ရေစီးတွင် မျောပါသော အမှိုက်စု၊ ဒိုက်သရော
    wrack
    နာမ်

    ကြွန်းခက်

    [t͡ɕʊ́ɴkʰɛʔ]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စရေ အစုအပုံ။ မြစ်ရီစီးမာ မျိုးပါရေ အမှိုက်စု၊ ဖုံးဆိုးသရော
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ မြစ်ရေစီးတွင် မျောပါသော အမှိုက်စု၊ ဒိုက်သရော
    wrack
    နာမ်

    ကြွန်းဆိုး

    [t͡ɕʊ́ɴsʰó]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စရေ အစုအပုံ။ ရီစီးမာ မျိုးလိုက် ကမ်းတင်လိုက် ဟိရေ် အမှိုက်စု၊ ဖုံးဆိုး
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ ရေစီးတွင် မျောလိုက် ကမ်းတင်လိုက် ရှိသော် အမှိုက်စု၊ ဒိုက်
    wrack
    နာမ်

    ကြွန်းတုံး

    [t͡ɕʊ́ɴtóʊɴ]
    မြစ်ရီစီးဖြင့် မျိုးပါလာရေ ရီမျိုး သစ်တုံး
    မြစ်ရေစီးဖြင့် မျောပါလာသော ရေမျော သစ်တုံး
    floating log
    နာမ်

    ကြွန်းထင်း

    [t͡ɕʊ́ɴtʰɪ́ɴ]
    မြစ်ရီစီးဖြင့် မျိုးပါလာရေ ရီမျိုးသစ်တုံး
    မြစ်ရေစီးဖြင့် မျောပါလာသော ရေမျောသစ်တုံး
    floating log
    နာမ်

    ကြွန်းဖေါင်

    [t͡ɕʊ́ɴpʰèàɪ̀ɴ]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စရေ အစုအပုံ။ မြစ်ရီစီးမာမျိုးပါရေ အမှိုက်စု၊ ဖုံးဆိုးသရော။ မြစ်ရီမာ ဖေါင်ဖွဲ့ပြီးကေနိန်ရေ အမှိုက်စု။ ဖုံးဆိုးဖေါင်
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ မြစ်ရေစီးတွင်မျောပါသော အမှိုက်စု၊ ဒိုက်သရော။ မြစ်ရေတွင် ဖေါင်ဖွဲ့၍နေသော အမှိုက်စု။ ဒိုက်ဖေါင်
    wrack
    နာမ်

    ကြွန်းမှိုက်

    [t͡ɕʊ́ɴm̥aɪʔ]
    မြစ်ရီမာ ဖေါင်ဖွဲ့ပြီးကေနိန်ရေ အမှိုက်စု
    မြစ်ရေတွင် ဖေါင်ဖွဲ့၍နေသော အမှိုက်စု
    wrack
    နာမ်

    ကြွန်းရောင်း

    [t͡ɕʊ́ɴɹáʊɴ]
    ရေဖြင့်မျိုးပါလာရေ သစ်ခက်၊ ဝါးခက်၊ သစ်တိုဝါးစ၊ အညှက်ဆိုးစရေ အစုအပုံ
    ရေဖြင့်မျောပါလာသော သစ်ခက်၊ ဝါးခက်၊ သစ်တိုဝါးစ၊ အမှိုက်သရိုက်စသည့် အစုအပုံ
    wrack
    နာမ်

    ကြွပ်

    [t͡ɕwaʔ]
    ကျိုးလွယ်သော၊ ဆတ်သော။ စိတ်တိုသော
    ကျိုးလွယ်သော၊ ဆတ်သော။ စိတ်တိုသော
    fragile
    နာမဝိသေသန

    ကြွပ်ကြွပ်ဆတ်ဆတ်

    [t͡ɕwaʔt͡ɕwaʔsʰaʔsʰaʔ]
    သွက်လတ် ဖြတ်လတ်သော။ မထုံမထိုင်း၊ သွက်လတ် တက်ကြွသော။ ကျိုးလွယ် ပျက်လွယ်သော
    သွက်လတ် ဖျတ်လတ်သော။ မထုံမထိုင်း၊ သွက်လတ် တက်ကြွသော။ ကျိုးလွယ် ပျက်လွယ်သော
    fragile
    နာမဝိသေသန