Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,021–3,040 of 3,186 words

    က

    ကြွိ.ကြွိ.ထိုင်၂

    [t͡ɕwì.t͡ɕwì.tʰàɪɴ၂]
    ခြေနန့်လက်ရို့မာ ခွန်အားယုတ်လျော့ ကုန်ခန်းရေ။ အလွန် ညောင်းညာ နွမ်းရိရေ။ ၂၊ ဥပစာ နစ်နာ ဆုံးယှုံးမှုဖြစ်တေ
    ခြေနှင့်လက်တို့တွင် ခွန်အားယုတ်လျော့ ကုန်ခန်းသည်။ အလွန် မောပန်း နွမ်းနယ်သည်။ ၂၊ ဥပစာ နစ်နာ ဆုံးရှုံးမှု ဖြစ်သည်
    exhaust
    ကြိယာဝိသေသန

    ကြွိ.ကြွိ.ရွိ.ရွိ.

    [t͡ɕwì.t͡ɕwì.ɹwì.ɹwì.]
    ၁၊ အရွီအတွက် များရေ ပမာဏဟိရေ။ ယင်းပိုင် ကြွိ.ကြွိ.ရွိ.ရွိ.သျှေတိကို ဇာခါရွီလို့ ပြီးခီဖို့လဲ။ ၂၊ အရွယ်အစား အလွန် ငယ်ရေ
    ၁၊ အရေအတွက် များသော ပမာဏရှိသော။ ယင်းပိုင် ကြွိ.ကြွိ.ရွိ.ရွိ.သျှေတိကို ဇာခါရွီလို့ ပြီးခီဖို့လဲ။ ၂၊ အရွယ်အစား အလွန် သေးငယ်သော
    extra small
    နာမဝိသေသန

    ကြွိ.ကြွိ.ရွိ.ရွိ.၂

    [t͡ɕwì.t͡ɕwì.ɹwì.ɹwì.၂]
    ယဉ်ယိုင်ကျေးကျေး။ ပိပိပြားပြား။ ကျုံ့ကျုံ့ယုံ့ယုံ့။ သိပ်သည်းစွာ ထိုင်သည်
    ယဉ်ယဉ်ကျေးကျေး။ ပိပိပြားပြား။ ကျုံ့ကျုံ့ယုံ့ယုံ့။ သိပ်သည်းစွာ ထိုင်သည်
    gently
    ကြိယာဝိသေသန

    ကြွီ

    [t͡ɕwí]
    ငြိတွယ်ရာမာ ပြုတ်ထွက်လှားရေ။ သီဆုံးရေ။ ပျက်စီးရေ
    ငြိတွယ်ရာမှာ ပြုတ်ထွက်သွားသည်။ သေဆုံးသည်။ ပျက်စီးသည်
    damage
    ကြိယာ

    ကြွီး

    [t͡ɕwï]
    နောင်မှ ပြန်ဆပ်ဖို့လို့ ချီးယူထားရေ ငွီ။ လူတိက ပြုထားခသော ကျေးဇူ။ လက်စ မသတ်သိမ့်ရေ လုပ်ငန်း။ ဝယ်ယူလာရေ ဝန်အတွက် မပီးရသိမ့်ရေ တန်ဖိုးငွီ
    နောင်မှ ပြန်ဆပ်မည်ဟု ချေးယူထားသော ငွေ။ သူတစ်ပါးက ပြုထားခဲ့ဘူးသော ကျေးဇူ။ လက်စ မသတ်သေးသော လုပ်ငန်း။ ဝယ်ယူလာသော ပစ္စည်းအတွက် မပေးရသေးသော တန်ဖိုးငွေ
    borrowed money
    နာမ်

    ကြွီ၂

    [t͡ɕwí၂]
    ၁၊ ခရုအားလုံးကို ခြုံ၍ ခေါ်သော စကား။ ၂၊ ခရုငယ် တမျိုး
    ၁၊ ခရုအားလုံးကို ခြုံ၍ ခေါ်သော စကား။ ၂၊ ခရုငယ် တစ်မျိုး
    winkle
    နာမ်

    ကြွီး၂

    [t͡ɕwï၂]
    ကျွီးရေ။ အသံကျယ်စွာ ပြုသည်
    အော်ဟစ်သည်။ အသံကျယ်စွာ ပြုသည်
    vociferate
    ကြိယာ

    ကြွီကစပ်တမ်း

    [t͡ɕwíksaʔtáɴ]
    ကြွီငါးလုံး ဆိုပါဖိ။ ပထမတလုံး မြှောက်ဖမ်း၊ ဒုတိယနှစ်လုံး မြှောက်ဖမ်း၊ တတိယသုံးလုံး မြှောက်ဖမ်း၊ ပဉ္မအားလုံးကို မြှောက်၍ လက်ဖမိုးပေါ် တင်စီရား ယင်းကိုနောက်ထပ် လက်ဖြင့်ဖမ်း ကစပ်သော နည်းတမျိုး
    ကြွေငါးလုံး ဆိုပါစို့။ ပထမတစ်လုံး မြှောက်ဖမ်း၊ ဒုတိယနှစ်လုံး မြှောက်ဖမ်း၊ တတိယသုံးလုံး မြှောက်ဖမ်း၊ ပဉ္မအားလုံးကို မြှောက်၍ လက်ဖမိုးပေါ် တင်စေပြီး ယင်းကိုတဖန် လက်ဖြင့်ဖမ်း ကစားသော နည်းတစ်မျိုး
    games
    နာမ်

    ကြွီကရွီ

    [t͡ɕwíkɹwí]
    ၁၊ အရွီအတွက် များရေ ပမာဏ ဟိရေ။ ၂၊ အရွယ်အစား မှုန်စိချေသော
    ၁၊ အရေအတွက် များသော ပမာဏ ရှိသော။ ၂၊ အရွယ်အစား အလွန်သေးသော
    extra small
    နာမဝိသေသန

    ကြွီကြိတ်ဆန်

    [t͡ɕwít͡ɕeɪʔsʰàɴ]
    ဖြူဖွေး တောက်ပြောင်သော ဆန်တမျိုး။ တောင်ရိုးသူရို့၊ အမူခြားကွဲ၊ ကြွီကြိတ်ဆန်ကို၊ ဝတ်ပန်းယတ်လို့ (မျိုးက်)
    ဖြူဖွေး တောက်ပြောင်သော ဆန်တစ်မျိုး။ တောင်ရိုးသူတို့၊ အမူခြားကွဲ၊ ကြွီကြိတ်ဆန်ကို၊ ဝတ်ပန်းဆွဲလို့ (မျောက်)
    rice
    နာမ်

    ကြွီးကြော်

    [t͡ɕwït͡ɕɔ̀]
    ပြင်းထန်စွာ ငိုကြွီး ဟစ်အော်ရေ။ ကျီရောင်ဘာရောင် ပြုသည်
    ပြင်းထန်စွာ ငိုကြွေး ဟစ်အော်သည်။ ဆူညံစွာ ပြုသည်
    squall
    ကြိယာ

    ကြွီကြွီ

    [t͡ɕwít͡ɕwí]
    ၁၊ အရွီအတွက် များရေ ပမာဏဟိရေ။ ၂၊ အရွယ်အစား မှုန်စိချေသော
    ၁၊ အရေအတွက် များသော ပမာဏရှိသော။ ၂၊ အရွယ်အစား အလွန်သေးသော
    extra small
    နာမဝိသေသန

    ကြွီကြွီ၂

    [t͡ɕwít͡ɕwí၂]
    အရွယ်အစား မှုန်စိချေသော အလုံးကချေတိ
    အရွယ်အစား အလွန်သေးသော အလုံးကလေးများ
    small spot
    နာမဝိသေသန

    ကြွီကွဲစရာ

    [t͡ɕwíkwɛsɹà]
    အသည်း ကြွီခမင်းတမျှ။ ကြွီကွဲစရာ၊ ဤလောကမာ၊ မောင်နှင့်မဆက်ပါ (ဓမ္မက)
    အသည်း ကြွေလုတစ်မျှ။ ကြွီကွဲစရာ၊ ဤလောကမှာ၊ မောင်နှင့်မဆက်ပါ (ဓမ္မက)
    have one’s heart in one’s boots
    ကြိယာဝိသေသန

    ကြွီခုပ်တမ်း

    [t͡ɕwíkʰoʊʔtáɴ]
    ခရု ဇယ်ကို မြှောက်၍ လက်ဖမိုးထက်မာ တင်စီရားကေ ယင်းဇယ်ကို တဖန် လက်ဖြင့်ခုပ်၍ ဖမ်းကစပ်ရရေ ကစပ်နည်း တမျိုး
    ခရု ဇယ်ကို မြှောက်၍ လက်ဖမိုးပေါ်တွင် တင်စေပြီးလျှင် ယင်းဇယ်ကို တစ်ဖန် လက်ဖြင့်ခုပ်၍ ဖမ်းကစားရသော ကစားနည်း တစ်မျိုး
    games
    နာမ်

    ကြွီးချီး

    [t͡ɕwïɕï]
    ငွီကို အစီးပီး၍ ချီးယူရေ
    ငွေကို အတိုးပေး၍ ချေးယူသည်
    borrowed money
    ကြိယာ

    ကြွီစက္ကူ

    [t͡ɕwískə́kəù]
    ဖြူဖွေး ပြောင်ချောသော စက္ကူတမျိုး
    ဖြူဖွေး ပြောင်ချောသော စက္ကူတစ်မျိုး
    white paper
    နာမ်

    ကြွီစရိ့သျှေ

    [t͡ɕwísɹì့ʃè]
    ၁၊ စပါး အမျိုးအမည် တခု။ ၂၊ အရွီအတွက် များရေ ပမာဏ။ ငယ်ရေ အရီးမပါရေ အရာ
    ၁၊ စပါး အမျိုးအမည် တစ်ခု။ ၂၊ အရေအတွက် များသော ပမာဏ။ သေးငယ်သော အရေးမပါသော အရာ
    small
    နာမ်

    ကြွီ့စိ

    [t͡ɕwí့sì]
    ၁၊ ငယ်ရေ အရာဝတ္တု။ ၂၊ ငယ်ရေ ခရုဖြူငယ် တမျိုး
    ၁၊ သေးငယ်သော အရာဝတ္တု။ ၂၊ သေးငယ်သော ခရုဖြူငယ် တစ်မျိုး
    winkle
    နာမ်

    ကြွီးဆပ်

    [t͡ɕwïsʰaʔ]
    ချီး ယူထားရေ ငွီ စစွာကို ပြန်ရားသည်
    ချေး ယူထားသော ငွေ စသည်ကို ပြန်ပေးသည်
    return borrowed money
    ကြိယာ