Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,061–3,080 of 3,186 words

    က

    ကွက်၃

    [kwɛʔ၃]
    သား၊ ငါး၊ အမဲချက်ရေအခါ အရည်ရပေါ်ဆီ၌ အဆီများ အကွက် အကွက် ပေါ်နိန်ရေအရာ။ ငါးတဟင်းမာ အဆီတိကွက်နိန်ရေ
    သား၊ ငါး၊ အမဲချက်သည့်အခါ အရည်အပေါ်ယံ၌ အဆီများ အကွက် အကွက် ပေါ်နေသောအရာ။ ငါးတစ်ဟင်းမှာ အဆီတိကွက်နေရေ
    oily curry
    နာမ်

    ကွက်ကရာ

    [kwɛʔkɹà]
    ဟိုနီရာမာတချက်၊ ဒေနီရာမာတချက်၊ ထိုတကွက်၊ ဤတကွက်အားဖြင့်။ တနီရာတည်း၌ နိန်ရေမဟုတ်မူပြီးကေ
    ဟိုနေရာတွင်တစ်ချက်၊ ဤနေရာတွင်တစ်ချက်၊ ထိုတစ်ကွက်၊ ဤတစ်ကွက်အားဖြင့်။ တစ်နေရာတည်း၌ နေသည်မဟုတ်မူ၍
    laze
    ကြိယာဝိသေသန

    ကွက်ကျား

    [kwɛʔt͡ɕá]
    ဟိရေနီရာမာဟိပြီးကေ ကြားလပ်ရေနီရာမာ လပ်ကေလည်းဟိရေအနိန်နန့်
    ရှိသည့်နေရာတွင်ရှိ၍ ကြားလပ်သည့်နေရာတွင် လပ်လျက်ရှိသော အားဖြင့်
    gap
    ကြိယာဝိသေသန

    ကွက်ကျီကွက်ကျား

    [kwɛʔt͡ɕíkwɛʔt͡ɕá]
    ဟိရေနီရာမာဟိပြီးကေ ကြားလပ်ရေနီရာမာ လပ်ဗျာယ် ဟိရွီတွက်နန့်
    ရှိသည့်နေရာတွင်ရှိ၍ ကြားလပ်သည့်နေရာတွင် လပ်လျက် ရှိသောအားဖြင့်
    gap
    ကြိယာဝိသေသန

    ကွက်ကျော်

    [kwɛʔt͡ɕɔ̀]
    ထုံးတမ်း စဉ်လာကို ကျော်လွန်ပြီးကေ
    ထုံးတမ်း စဉ်လာကို ကျော်လွန်၍
    anomalous
    ကြိယာဝိသေသန

    ကွက်ကျော်မြင်

    [kwɛʔt͡ɕɔ̀mɹɪ̀ɴ]
    တခုတရီ ဖြစ်လှာမည်ကို ကြိုတင်ပနာ သိနန့်ထားရေ
    တစ်စုံတစ်ခု ဖြစ်လာမည်ကို ကြိုတင်၍ သိနှင့်ထားသည်
    bode
    ကြိယာ

    ကွက်ကွက်ကွင်းကွင်း

    [kwɛʔkwɛʔkwɪ́ɴkwɪ́ɴ]
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရဖို့၊ အမှန်သာတည်း (ချစ်မပြေ)
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရမှာ၊ အမှန်သာတည်း (ချစ်မပြေ)
    distinctly
    ကြိယာဝိသေသန

    ကွက်ကွက်ထင်ထင်

    [kwɛʔkwɛʔtʰɪ̀ɴtʰɪ̀ɴ]
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရဖို့၊ အမှန်သာတည်း (ချစ်မပြေ)။ ချစ်သူမျက်နှာ၊ လှရုပ်ဝါကို၊ ကွက်ကွက်ထင်ထင်၊ မြင
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရမှာ၊ အမှန်သာတည်း (ချစ်မပြေ)။ ချစ်သူမျက်နှာ၊ လှရုပ်ဝါကို၊ ကွက်ကွက်ထင်ထင်၊ မြင
    distinctly
    ကြိယာဝိသေသန

    ကွက်ကွင်း

    [kwɛʔkwɪ́ɴ]
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရဖို့၊ အမှန်သာတည်း (ချစ်မပြေ)။ အထင်အလင်း၊ မေရုပ်သွင်ကို၊ ကွက်ကွက်မြင်သော် (ချစ်
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရမှာ၊ အမှန်သာတည်း (ချစ်မပြေ)။ အထင်အလင်း၊ မေရုပ်သွင်ကို၊ ကွက်ကွက်မြင်သော် (ချစ်
    distinctly
    ကြိယာဝိသေသန

    ကွက်စိကျ

    [kwɛʔsìt͡ɕ]
    စိသားကိုက်။ မပိုမလိုအားဖြင့်
    တိတိကျကျ။ မပိုမလိုအားဖြင့်
    exact
    ကြိယာဝိသေသန

    ကွက်စိကျ၂

    [kwɛʔsìt͡ɕ၂]
    အကြားအလပ် မဟိရယောင်။ အစိအဆန်
    အကြားအလပ် မရှိရအောင်။ စေ့စေ့စုံစုံ
    set
    ကြိယာဝိသေသန

    ကွက်စိတိုက်

    [kwɛʔsìtaɪʔ]
    အနုစိပ် လုပ်ကိုင်သည်
    အနုစိပ် လုပ်ကိုင်သည်
    measure
    ကြိယာ

    ကွက်စိပ်တိုင်း

    [kwɛʔsìaʔtáɪɴ]
    ၁၊ စိသားကိုက် မပိုမလို၊ အကြားအလပ် မဟိရယောင် တိုင်းတာရေ။ ၂၊ မြီကို အကွက်လိုက် တိုင်းတာရေ။ ခေတ်ငြားသမိုင်း၊ ကွက်စိပ်တိုင်၍ (ထွန်းတိ)
    ၁၊ တိတိကျကျ မပိုမလို၊ အကြားအလပ် မရှိရအောင် တိုင်းတာသည်။ ၂၊ မြေကို အကွက်လိုက် တိုင်းတာသည်။ ခေတ်ငြားသမိုင်း၊ ကွက်စိပ်တိုင်၍ (ထွန်းတိ)
    exactly measure
    ကြိယာ

    ကွက်တိုက်စိ

    [kwɛʔtaɪʔsì]
    တတိပဲ
    အပိုအလိုမရှိပဲ
    exact
    ကြိယာဝိသေသန

    ကွက်ထေရာ

    [kwɛʔtʰèɹà]
    ထိန်ချန်၍ ပြောရေ
    ထိန်ချန်၍ ပြောသည်
    omission
    ကြိယာ

    ကွက်ထောက်

    [kwɛʔtʰɔ́ɛʔ]
    အကွက်ကို ထောက်၍ တွက်သော ဗေဒင်တမျိုး
    အကွက်ကို ထောက်၍ တွက်သော ဗေဒင်တစ်မျိုး
    astronomy
    နာမ်

    ကွက်ထောက်ချ

    [kwɛʔtʰɔ́ɛʔɕ]
    ၁၊ တယောက်ယောက်၏ အကြောင်းအရာကို ဓါတ်သိသူတဦးက အရာသူတဦးအား အသိပီးရရေ။ အထဲ သတင်းပီးရေ။ ၂၊ အတိအကျ လိုက်လံပြရေ
    ၁၊ တစ်စုံတစ်ဦး၏ အကြောင်းအရာကို အတွင်းသိသူတစ်ဦးက အခြားသူတစ်ဦးအား အသိပေးရသည်။ အတွင်း သတင်းပေးသည်။ ၂၊ အတိအကျ လိုက်လံပြသည်
    spy
    ကြိယာ

    ကွက်နာကျ

    [kwɛʔnàt͡ɕ]
    စပါးခင်းမာ မီးလောင်ကျွမ်း ပိုင် ဖြစ်တတ်ရေ အနာတမျိုး
    စပါးခင်းတွင် မီးလောင်ကျွမ်း သကဲ့သို့ ဖြစ်တတ်သော အနာတစ်မျိုး
    the rice swarming caterpillar
    နာမ်

    ကွက်လပ်

    [kwɛʔlaʔ]
    မစိမစပ် လစ်လပ်နိန်ရေ နီရာ။ ဟာလာဟင်းလင်း ဖြစ်နီသော နီရာ
    မစေ့မစပ် လစ်လပ်နေသော နေရာ။ ဟာလာဟင်းလင်း ဖြစ်နေသော နေရာ
    denuded place
    နာမ်

    ကွင်

    [kwɪ̀ɴ]
    ၁၊ ပိုင်းခြား ကန့်သတ်ထားရေ နီရာအရပ်။ အပိုင်းအကန့်။ ၂၊ အကန့််ကို ရွီတွက်ရာမာ သုံးသော စကားလုံး။ ၃၊ သတ်မှတ်ထားရေ နီရာ။ နယ်ပယ်
    ၁၊ ပိုင်းခြား ကန့်သတ်ထားသော နေရာအရပ်။ အပိုင်းအကန့်။ ၂၊ အကန့််ကို ရေတွက်ရာတွင် သုံးသော စကားလုံး။ ၃၊ သတ်မှတ်ထားသော နေရာ။ နယ်ပယ်
    separate place
    နာမ်