Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,081–3,100 of 3,186 words

    က

    ကွင်း

    [kwɪ́ɴ]
    ၁၊ ကျယ်ပြန့်သော မြီမျက်နှာပြင်။ လွင်ပြင်။ ခွေရစ်ထားရေ အဝန်းအတိုင်။ ၃၊ အဝန်းအဝိုင်းကို ရွီတွက်ရာမာ သုံးသော စကား။ တကွင်း၊ နှစ်ကွင်း အစဟိစွာ
    ၁၊ ကျယ်ပြန့်သော မြေမျက်နှာပြင်။ လွင်ပြင်။ ခွေရစ်ထားသော အဝန်းအတိုင်။ ၃၊ အဝန်းအဝိုင်းကို ရေတွက်ရာတွင် သုံးသော စကား။ တစ်ကွင်း၊ နှစ်ကွင်း စသည်
    wide ground
    နာမ်

    ကွင်၂

    [kwɪ̀ɴ၂]
    ၁၊ ခုံညင်းထိုးခြင်း၊ ဇယ်ခုတ်ခြင်း အစဟိစွာရို့မာ ခုံညင်းများ၊ ဇယ်များဟိရာ အကွက်။ ၂၊ အချောင်း၊ အတံ၊ အချပ်အလွှာ စစွာကို မြေအစဟိစွာ၌ လျားမလားရယောင် ထောင်ကာ ဒေါင့်လိုက် တပိုင်းတစ စိုက်မြုပ်ထားခြင်း
    ၁၊ ခုံညင်းထိုးခြင်း၊ ဇယ်ခုတ်ခြင်း စသည်တို့တွင် ခုံညင်းများ၊ ဇယ်များရှိရာ အကွက်။ ၂၊ အချောင်း၊ အတံ၊ အချပ်အလွှာ စသည်ကို မြေစသည်၌ လျားမသွားရအောင် ထောင်ကာ ဒေါင့်လိုက် တစ်ပိုင်းတစ်စ စိုက်မြုပ်ထားခြင်း
    imbed
    နာမ်

    ကွင်း၂

    [kwɪ́ɴ၂]
    ရခိုင်ကျင် နပန်း သမားရို့က ကျင်ကဟန် တမျိုး။ ကျင်ဗန်းပြ
    ရခိုင်ကျင် နပန်း သမားတို့က ကျင်ကဟန် တစ်မျိုး။ ကျင်ကွင်း
    wrestle of dance
    နာမ်

    ကွင်း၃

    [kwɪ́ɴ၃]
    ကိုယ့်တွေ့ဆိုင်ရန် ဟိစွာကို မတွိဆိုင်ပဲ ရွတ်မြောက်အောင် ဖယ်ရှောင်သည်
    မိမိတွေ့ဆိုင်ရန် ရှိသည်ကို မတွေ့ဆိုင်ပဲ လွတ်ကင်းအောင် ရှောင်ဖယ်သည်
    exclude
    ကြိယာ

    ကွင်းကျွတ်

    [kwɪ́ɴt͡ɕwaʔ]
    ၁၊ ခွေဝိုက်ပြုလုပ်ထားရေ အဝန်းအဝိုင်းမှ ကျွတ်လားရေ။ ၂၊ ခန္ဓာကိုယ်မှ အဝတ်ကျွတ်လားရေ။ ၃၊ ဥပစာ ရာထူးဌာန နီရာမှ ပြုတ်လားရေ
    ၁၊ ခွေဝိုက်ပြုလုပ်ထားသော အဝန်းအဝိုင်းမှ ကျွတ်သွားသည်။ ၂၊ ခန္ဓာကိုယ်မှ အဝတ်ကျွတ်သွားသည်။ ၃၊ ဥပစာ ရာထူးဌာန နေရာမှ ပြုတ်သွားသည်
    nacked or be acquitted
    ကြိယာ

    ကွင်းကြေး

    [kwɪ́ɴt͡ɕé]
    ကိုးမီးဖဲ ကစပ်ရာမာ ကွင်းပိုင်သျှင်ကို အပိုပီးရရေငွီ
    ကိုးမီးဖဲ ကစားရာတွင် ကွင်းပိုင်ရှင်ကို အပိုပေးရသောငွေ
    bookie fee
    နာမ်

    ကွင်းကွင်းကွက်ကွက်

    [kwɪ́ɴkwɪ́ɴkwɛʔkwɛʔ]
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရဖို့၊ အမှန်သာတည်း (ချစ်မပြေ)
    ပီသစွာ။ အထင်အရှား။ အထင်အလင်း။ ညိုပြာချောညက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မြင်ရလိုကြောင်း၊ ဆုမွန်တောင်း၏ (ချစ်မပြေ)။ မေလှဆုံးပျက်၊ လှမျက်ခွက်ကို၊ ကွက်ကွက်ကွင်းကွင်း၊ မမြင်ရမှာ၊ အမှန်သာတည်း (ချစ်မပြေ)
    distinctly
    ကြိယာဝိသေသန

    ကွင်ခတ်

    [kwɪ̀ɴkʰaʔ]
    ၁၊ ပိုင်းကန်ထားရေနီရာ။ အရပ်။ ၂၊ အဝတ်အထည်မာ ဖေါ်ပြထားရေ လေးဒေါင့် ပုံစံအဆင့်
    ၁၊ ပိုင်းကန်ထားသောနေရာ။ အရပ်။ ၂၊ အဝတ်အထည်တွင် ဖေါ်ပြထားသော လေးထောင့် ပုံစံအဆင့်
    bracket
    နာမ်

    ကွင်းချွတ်

    [kwɪ́ɴɕwaʔ]
    ကွင်းတကွင်းလုံး။ အားလုံး၊ အကွင်းလိုက် ချွတ်ယူရေ
    ကွင်းပြင်တစ်ခုလုံး။ အကုန်အစင်၊ အကွင်းလိုက် ချွတ်ယူသည်
    achieve
    ကြိယာဝိသေသန

    ကွင်းငွီ

    [kwɪ́ɴŋwí]
    ကိုးမီးဖဲ ကစပ်ရာမာ ကွင်းပိုင်သျှင်ကို အပိုပီးရရေငွီ
    ကိုးမီးဖဲ ကစားရာတွင် ကွင်းပိုင်ရှင်ကို အပိုပေးရသောငွေ
    bookie fee
    နာမ်

    ကွင်းစွပ်

    [kwɪ́ɴswaʔ]
    အကွင်းလိုက် ဝတ်ဆင်ရရေ လက်ဝတ်ရတနာ
    အကွင်းလိုက် ဝတ်ဆင်ရသော လက်ဝတ်ရတနာ
    ring
    နာမ်

    ကွင်းစွပ်၂

    [kwɪ́ɴswaʔ၂]
    ၁၊ တခုတရီကို ကိုယ်ခန္ဓာ၌ အကွင်းလိုက် ဝတ်ဆင်ရေ။ ၂၊ ကိုယ့်စီကေဝန်ကို လူများ တာဝန်အနိန်နန့် လွှဲအပ်ပီးခရေ။ ၃၊ မရုန်းသာ မလောင်းာင်သာမရှောင်သာ ဖြစ်တေ
    ၁၊ တစ်စုံတစ်ခုကို ကိုယ်ခန္ဓာ၌ အကွင်းလိုက် ဝတ်ဆင်သည်။ ၂၊ မိမိတာဝန်ကို သူတစ်ပါး တာဝန်အနေဖြင့် လွှဲအပ်ပေးခဲ့သည်။ ၃၊ မရုန်းသာ မရှောင်သာ ဖြစ်သည်
    Hand-over
    နာမ်

    ကွင်းဆင်း

    [kwɪ́ɴsʰɪ́ɴ]
    အစိုးရ အမှုထမ်း အရာထမ်းရို့ တောလက် ကျေးရွာတိသို့ လှည့်လည် ကြည့်ရှု စစ်ဆီးသည်
    အစိုးရ အမှုထမ်း အရာထမ်းတို့ တောလက် ကျေးရွာများသို့ လှည့်လည် ကြည့်ရှု စစ်ဆေးသည်
    scrutinise
    နာမ်

    ကွင်းပြင်

    [kwɪ́ɴpɹɪ̀ɴ]
    ကျယ်ပြန့်သော မြီပြင်အရပ်
    ကျယ်ပြန့်သော မြေပြင်အရပ်
    wide ground
    နာမ်

    ကွင်းပြတ်

    [kwɪ́ɴpɹaʔ]
    ၁၊ အကွင်းလိုက်။ ၂၊ ကျယ်ပြန့်သော မြီပြင်တခုလုံး
    ၁၊ အကွင်းလိုက်။ ၂၊ ကျယ်ပြန့်သော မြေပြင်တစ်ခုလုံး
    earth
    ကြိယာဝိသေသန

    ကွင်ရာ

    [kwɪ̀ɴɹà]
    ၁၊ ခုံညင်းထိုးခြင်း၊ ဇယ်ခုတ်ခြင်းအစဟိစွာရို့မာ ခုံညင်းများ၊ ဇယ်များဟိရာ အကွက်။ ၂၊ အချောင်း၊ အတံ၊ အချပ်အလွှာ စစွာကို မြေအစဟိစွာ၌ လျားမလားရယောင် ထောင်ကာ ဒေါင့်လိုက် တပိုင်းတစ စိုက်မြုပ်ထားခြင်း
    ၁၊ ခုံညင်းထိုးခြင်း၊ ဇယ်ခုတ်ခြင်းစသည်တို့တွင် ခုံညင်းများ၊ ဇယ်များရှိရာ အကွက်။ ၂၊ အချောင်း၊ အတံ၊ အချပ်အလွှာ စသည်ကို မြေစသည်၌ လျားမသွားရအောင် ထောင်ကာ ဒေါင့်လိုက် တစ်ပိုင်းတစ်စ စိုက်မြုပ်ထားခြင်း
    sunk
    နာမ်

    ကွင်ရာ၂

    [kwɪ̀ɴɹà၂]
    အချောင်း၊ အတံ၊ အချပ်အလွှာ စစွာကို မြေအစဟိစွာ၌ ရွိမလားရယောင် ထောင်ကာ ဒေါင့်လိုက် တပိုင်းတစ စိုက်မြှုပ်ထားရေ
    အချောင်း၊ အတံ၊ အချပ်အလွှာ စသည်ကို မြေစသည်၌ ရွေ့လျားမသွားရအောင် ထောင်ကာ ဒေါင့်လိုက် တစ်ပိုင်းတစ်စ စိုက်မြှုပ်ထားသည်
    imbed
    ကြိယာ

    ကွင်းလိုင်ယောက်

    [kwɪ́ɴlàɪɴjɔ́ɛʔ]
    ကြိုး၊ အဝတ်ချာစွာကို ဗယ်ဘက် ပက်ခုံးမာ တင်ပနာ လင်္ကျာဘက် လက်အောက်မာ လျှိုကာ စေါင်းရွေ့ရွေ့ကိုယ်မာ သိုင်းထားရေ
    ကြိုး၊ အဝတ်စသည်ကို လက်ဝဲဘက် ပခုံးတွင် တင်၍ လင်္ကျာဘက် လက်အောက်တွင် လျှိုကာ စေါင်းရွေ့ရွေ့ကိုယ်တွင် သိုင်းထားသည်
    bandoleer
    ကြိယာ

    ကွင်းလုံးကျွတ်

    [kwɪ́ɴlóʊɴt͡ɕwaʔ]
    ၁၊ ကျယ်ပြန်သော မြီပြင်တခုလုံး။ ၂၊ တခုတရီသော အနှောင့်အယှက် အတားအဆီးမှ ကင်းဝီးလျှက်
    ၁၊ ကျယ်ပြန်သော မြေပြင်တစ်ခုလုံး။ ၂၊ တစ်စုံတစ်ခုသော အနှောင့်အယှက် အတားအဆီးမှ ကင်းဝေးလျှက်
    be acquitted
    ကြိယာဝိသေသန

    ကွန်

    [kʊ̀ɴ]
    အကွန်ဆောင်ရေ။ ကိုယ်ရီခြုံရေ။ မကြားကွန်၊ မမြင်ကွန်၊ အိပ်ကွန်၊ ကျီးကွန်၊ အကွန် ဆောင်နိန်ရေ
    ဟန်ဆောင်သည်။ အယောင်ဆောင်သည်။ မကြားကွန်၊ မမြင်ကွန်၊ အိပ်ကွန်၊ ကျီးကွန်၊ အကွန် ဆောင်နေသည်
    masquerade
    ကြိယာ