Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,101–3,120 of 3,186 words

    က

    ကွန့်

    [kʊ̀ɴ့]
    အရောင် ဖြာထွက်သည်
    အရောင် ဖြာထွက်သည်
    bedizen
    ကြိယာ

    ကွန်း

    [kʊ́ɴ]
    နတ်ရို့ စံမြန်းရာ နီအိမ်
    နတ်တို့ စံမြန်းရာ နေအိမ်
    deity house
    နာမ်

    ကွန်၂

    [kʊ̀ɴ၂]
    အကွန်ဆောင်ခြင်း အမူအရာ
    ဟန်ဆောင်ခြင်း အမူအရာ
    pretence
    နာမ်

    ကွန်၃

    [kʊ̀ɴ၃]
    ငါးကို ဖြန့်ကျဲ၍ ပစ်ကာ ဖမ်းရရေ ပိုက်တမျိုး
    ငါးကို ဖြန့်ကျဲ၍ ပစ်ကာ ဖမ်းရသော ပိုက်တစ်မျိုး
    seine
    နာမ်

    ကွန်းကျင်တိုင်

    [kʊ́ɴt͡ɕɪ̀ɴtàɪɴ]
    အိမ်၊ ကျောင်း၊ နန်းတော်ရို့၏ အလယ်ဗဟို ခေါင်တိုင်။ ကျောင်းမကွန်းကျင်၊ နန်းကွန်းကွန်းကျင်၌ (ဗိသုကာ)
    အိမ်၊ ကျောင်း၊ နန်းတော်တို့၏ အလယ်ဗဟို ခေါင်တိုင်။ ကျောင်းမကွန်းကျင်၊ နန်းကွန်းကွန်းကျင်၌ (ဗိသုကာ)
    center
    နာမ်

    ကွန်ကျား

    [kʊ̀ɴt͡ɕá]
    ငါး အကြီးဖမ်းဖို့အတွက် အကွက်ကျဲကျဲ ပြုလုပ်ထားရေ ပိုက်ကွန်တမျိုး
    ငါး အကြီးဖမ်းရန်အတွက် အကွက်ကျဲကျဲ ပြုလုပ်ထားသော ပိုက်ကွန်တစ်မျိုး
    seine
    နာမ်

    ကွန်ချက်လက်ချက်

    [kʊ̀ɴɕɛʔlɛʔɕɛʔ]
    ပိုက်ကွန် အစဟိစွာရို့နန့် ငါးရှာပြီးကေ ရရေ နီရာ၊ နေကွက်။ အချက်ကျသော နီရာကောင်း
    ပိုက်ကွန် စသည်တို့ဖြင့် ငါးရှာ၍ ရသော နေရာ၊ နေကွက်။ အချက်ကျသော နေရာကောင်း
    good place for casting net
    နာမ်

    ကွန်ချာ

    [kʊ̀ɴɕà]
    လက်ကိုင်ရန် ပိုက်ကွန်ထိပ်မာ ကြိုးတပ်ထားရေ အရာ
    လက်ကိုင်ရန် ပိုက်ကွန်ထိပ်တွင် ကြိုးတပ်ထားသော အရာ
    handle of casting net
    နာမ်

    ကွန်းချာ

    [kʊ́ɴɕà]
    နန်းတော်၏ အလယ် ဗဟိုခန်းမဆောင်။ နန်းမကွန်းချာ၊ ဗဟွေမာ၌၊ မူးမတ်သီနာကောင်၊ ပေါင်းရံကာဗျာယ် (ရခိုင်ကာ)
    နန်းတော်၏ အလယ် ဗဟိုခန်းမဆောင်။ နန်းမကွန်းချာ၊ ဗဟိုမှာ၌၊ မူးမတ်သေနာ၊ ပေါင်းရံကာလျက် (ရခိုင်ကာ)
    palace center
    နာမ်

    ကွန်ချာမှို

    [kʊ̀ɴɕàm̥Ò]
    ပိုက်ကွန်၏ အကွက်၊ ဇာပေါက်ပိုင် အပေါက် ကွက်ပါရေ မှိုတမျိုး။ ယင်းမှိုကို မှိုနာပေါက်ရာမာ မှိုဆီးအဖြစ် အသုံးပြုသည်
    ပိုက်ကွန်၏ အကွက်၊ ဇာပေါက်ကဲ့သို့ အပေါက် ကွက်ပါသော မှိုတစ်မျိုး။ ယင်းမှိုကို မှိုနာပေါက်ရာတွင် မှိုဆေးအဖြစ် အသုံးပြုသည်
    Like of mushroom
    နာမ်

    ကွန်းစင်တိုင်

    [kʊ́ɴsɪ̀ɴtàɪɴ]
    အိမ်၊ ကျောင်း၊ နန်းတော်ရို့၏ အလယ်ဗဟို ခေါင်တိုင်။ ကျောင်းမကွန်းကျင်၊ နန်းကွန်းကွန်းကျင်၌ (ဗိသုကာ)
    အိမ်၊ ကျောင်း၊ နန်းတော်တို့၏ အလယ်ဗဟို ခေါင်တိုင်။ ကျောင်းမကွန်းကျင်၊ နန်းကွန်းကွန်းကျင်၌ (ဗိသုကာ)
    center
    နာမ်

    ကွန်ဆိုးမသား

    [kʊ̀ɴsʰómθá]
    ကိုယ်ကျင့်တရား ပျက်သူ၊ မကောင်း ဆိုးဝါးသူဟူ နှိမ့်ချပနာ ပြောဆို ကော်ဆဲရေ စကား
    ကိုယ်ကျင့်တရား ပျက်သူ၊ မကောင်း ဆိုးဝါးသူဟူ နှိမ့်ချ၍ ပြောဆို ဆဲရဲသော စကား
    casting net
    နာမ်

    ကွန်းတိုင်

    [kʊ́ɴtàɪɴ]
    နန်းတော်၏တိုင်
    နန်းတော်၏တိုင်
    palace pillar
    နာမ်

    ကွန်ပစ်

    [kʊ̀ɴpɪʔ]
    ငါးကို ပိုက်ကွန်ဖြင့် ဖြန့်ကျဲပစ်သည်
    ငါးကို ပိုက်ကွန်ဖြင့် ဖြန့်ကျဲပစ်သည်
    scattered seine
    ကြိယာ

    ကွန်ပါကိုက်

    [kʊ̀ɴpàkaɪʔ]
    ကွန်ပါဖြင့် တိုင်းတာ ပြုလုပ်ပိုင် စိသားကိုက်။ မပိုမလိုဖြစ်တေ
    ကွန်ပါဖြင့် တိုင်းတာ ပြုလုပ်သကဲ့သို့ တိတိကျကျ။ မပိုမလိုဖြစ်သည်
    exactly
    ကြိယာ

    ကွန်းပြင်

    [kʊ́ɴpɹɪ̀ɴ]
    နန်းတော်ရှေ့၏ ရင်ပြင်
    နန်းတော်ရှေ့၏ ရင်ပြင်
    palace
    နာမ်

    ကွန်းဖေါင်

    [kʊ́ɴpʰèàɪ̀ɴ]
    ရေမာ ပေါလော မျိုးပါလာရေ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက် စရေ အစုအပုံ
    ရေတွင် ပေါလော မျောပါလာသော သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက် စသည့် အစုအပုံ
    wrack
    နာမ်

    ကွန်းမ

    [kʊ́ɴm]
    နန်းတော်၏ အလယ် ဗဟိုခန်းမဆောင်။ နန်းမကွန်းချာ၊ ဗဟွေမာ၌၊ မူးမတ်သီနာကောင်၊ ပေါင်းရံကာဗျာယ် (ရခိုင်ကာ)
    နန်းတော်၏ အလယ် ဗဟိုခန်းမဆောင်။ နန်းမကွန်းချာ၊ ဗဟိုမှာ၌၊ မူးမတ်သေနာ၊ ပေါင်းရံကာလျက် (ရခိုင်ကာ)
    palace
    နာမ်

    ကွန့်မြူး

    [kʊ̀ɴ့mɹú]
    ၁၊ ပြိုးပြိုးပြက်ပြက် အရောင် ထွက်ရေ။ ၂၊ အရောင်ရို့နန့် တင့်ရေစွာ လှုပ်လှုပ်ရွရွ ဖြစ်တေ။ ကွန့််မြူးအရောင်၊ ဝင်းဝင်းပြောင်သား (ရခိုင်ကာ)။ ပြောင်ပြောင်ထိန်ကြူး၊ ရောင်ကွန့််မြူးသား (ထမရာ)
    ၁၊ ပြိုးပြိုးပြက်ပြက် အရောင် ထွက်သည်။ ၂၊ အရောင်တို့ဖြင့် တင့်တယ်စွာ လှုပ်လှုပ်ရွရွ ဖြစ်သည်။ ကွန့််မြူးအရောင်၊ ဝင်းဝင်းပြောင်သား (ရခိုင်ကာ)။ ပြောင်ပြောင်ထိန်ကြူး၊ ရောင်ကွန့််မြူးသား (ထမရာ)
    bedizen
    ကြိယာ

    ကွန်ယက်သဲ့

    [kʊ̀ɴjɛʔθé]
    ပိုက်ကွန်ကို ယက်သဲ့ပိုင် သုံးဒေါင့် ပြုလုပ်ထားရေ ငါးရှာကိရိယာ တမျိုး
    ပိုက်ကွန်ကို ယက်သဲ့ကဲ့သို့ သုံးထောင့် ပြုလုပ်ထားသော ငါးရှာကိရိယာ တစ်မျိုး
    castnet
    နာမ်