Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,121–3,140 of 3,186 words

    က

    ကွန်းလင်ပင်

    [kʊ́ɴlɪ̀ɴpɪ̀ɴ]
    အရွက် အသွယ်သွယ် အရိုးတံငယ်၍ ညောင်အိုးခက်၌ ထိုးစိုက်ရရေ ညောင်ရီပန်း တမျိုး
    အရွက် အသွယ်သွယ် အရိုးတံငယ်၍ ညောင်ရေအိုး၌ ထိုးစိုက်ရသော ညောင်ရေပန်း တစ်မျိုး
    flower
    နာမ်

    ကွန်သီး

    [kʊ̀ɴθï]
    ပိုက်ကွန်၏ နဘယံမာ အချေကျအောင် ဆွဲထားရေ ခဲလုံးအချေ
    ပိုက်ကွန်၏ အနားစွန်းတွင် အလေးကျအောင် ဆွဲထားသော ခဲလုံးကလေး
    stone of cast net
    နာမ်

    ကွန်းအိမ်

    [kʊ́ɴʔèɪɴ]
    နတ်ရို့၏ စံမြန်းရာ နီအိမ်။ နတ်စင်
    နတ်တို့၏ စံမြန်းရာ နေအိမ်။ နတ်ကွန်း
    deity house
    နာမ်

    ကွပ်

    [kwaʔ]
    ၁၊ ကြမ်း၏ အခမ်းအနား စွန်းကို ဝါးခြမ်းဖြင့် ဖိညှပ်၍ ကြိုးနန့် ချိုင်ရေ။ ၂၊ သီယောင် သတ်ရေ။ ၃၊ အကြီးအမှူးပြုရေ။ ၄၊ သွန်သင်ရေ။ ဆုံးမရေ။ ကွပ်ဆုံးမသား၊ မိဖဆရာ၊ စကားနာလော (လောကသာရ)
    ၁၊ ကြမ်း၏ အခမ်းအနား စွန်းကို ဝါးခြမ်းဖြင့် ဖိညှပ်၍ ကြိုးနှင့် ချည်သည်။ ၂၊ သေအောင် သတ်သည်။ ၃၊ အကြီးအမှူးပြုသည်။ ၄၊ သွန်သင်သည်။ ဆုံးမသည်။ ကွပ်ဆုံးမသား၊ မိဖဆရာ၊ စကားနာလော (လောကသာရ)
    chasten
    ကြိယာ

    ကွပ်ကဲ

    [kwaʔkɛ]
    ကြီးမှုးအုပ်စိုးသည်
    ကြီးမှုးအုပ်စိုးသည်
    govern
    ကြိယာ

    ကွပ်စ

    [kwaʔs]
    အစွန်အဖျား။ အလွန် ကွာလှမ်းသော နီရာ၊ အရပ်
    အစွန်အဖျား။ အလွန် ကွာလှမ်းသော နေရာ၊ အရပ်
    edge
    နာမ်

    ကွပ်စူး

    [kwaʔsùး]
    တခုတရီကို ဖေါက်ရန် ချွန်ထက်အောင် ပြုလုပ်ထားရေ သံစူး
    တစ်စုံတစ်ခုကို ဖေါက်ရန် ချွန်ထက်အောင် ပြုလုပ်ထားသော သံဆူး
    awl
    နာမ်

    ကွပ်စူး၂

    [kwaʔsùး၂]
    ၁၊ ဥပစါ တဦးနန့်တဦး မသင့်မတင့် အထင်အမြင် လွဲအောင် ကုန်းချောရေ။ မခံချိ မခံသာယောင် ပြောဆိုပြုမူသည်
    ၁၊ ဥပစါ တစ်ဦးနှင့်တစ်ဦး မသင့်မတင့် အထင်အမြင် လွဲအောင် ကုန်းချောသည်။ မခံချိ မခံသာအောင် ပြောဆိုပြုမူသည်
    cheap gibe
    ကြိယာဝိသေသန

    ကွပ်ညှပ်

    [kwaʔɲ̯aʔ]
    ၁၊ အသီသတ်ရေ။ အဆုံးစီရင်ရေ။ ၂၊ ရိုက်နှက် ဆုံးမရေ။ သားသမီးမိုက်၊ လွန်ဆိုးညစ်လည်း၊ တိုက်ရိုက်မျက်မြင်၊ မိဖခင်ရို့၊ စီရင်ကွပ်ညှပ်၊ မသတ်အပ် (ဓမ္မသတ်)။ ၃၊ ဆုံးမသွန်သင်ရေ။ ၄၊ ကြီးမှုးအုပ်ချုပ်သည်
    ၁၊ အသေသတ်သည်။ အဆုံးစီရင်သည်။ ၂၊ ရိုက်နှက် ဆုံးမသည်။ သားသမီးမိုက်၊ လွန်ဆိုးညစ်လည်း၊ တိုက်ရိုက်မျက်မြင်၊ မိဖခင်တို့၊ စီရင်ကွပ်ညှပ်၊ မသတ်အပ် (ဓမ္မသတ်)။ ၃၊ ဆုံးမသွန်သင်သည်။ ၄၊ ကြီးမှုးအုပ်ချုပ်သည်
    govern
    ကြိယာ

    ကွပ်အုပ်

    [kwaʔʔoʊʔ]
    ဝါး၊ ကြမ်းပြင် မပျက်အောင် အနားက ထိန်းအုပ်ထားရေ အရာ။ ဝါးခြမ်း။ ပျိုင်ချပ်
    ဝါး၊ ကြမ်းပြင် မပျက်အောင် အနားက ထိန်းအုပ်ထားသော အရာ။ ဝါးခြမ်း။ ပျဉ်ချပ်
    chew
    နာမ်

    ကွပ်အုပ်၂

    [kwaʔʔoʊʔ၂]
    ၁၊ ကြီးမှုး အုပ်ချုပ်ရေ။ ဝါး၊ ကြမ်းပြင် မပျက်အောင် ဝါးစိတ်၊ ပျိုင်ချပ်ရို့နန့် အနားက ထိန်းအုပ် ထားရေ
    ၁၊ ကြီးမှုး အုပ်ချုပ်သည်။ ဝါး၊ ကြမ်းပြင် မပျက်အောင် ဝါးစိတ်၊ ပျဉ်ချပ်တို့ဖြင့် အနားက ထိန်းအုပ် ထားသည်
    govern
    ကြိယာ

    ကွမ်း

    [kʊ̀ɴ]
    ကွမ်းသီး၊ ထုံး စစွာတိနန့် စားရရေ နွယ်ပင်။ တသက်လုံး စားစွာကွမ်း၊ သမ္ဘရာတခြမ်း (ပုံ)
    ကွမ်းသီး၊ ထုံး စသည်တို့ဖြင့် စားရသော နွယ်ပင်။ တစ်သက်လုံး စားရေကွမ်း၊ သမ္ဘရာတခြမ်း (ပုံ)
    betel vine(piper betle)
    နာမ်

    ကွမ်းကြုတ်

    [kʊ̀ɴt͡ɕoʊʔ]
    ကွမ်းရွက်၊ ကွမ်းသီး ထုံးအစဟိစွာရို့ကို ထည့်ထားရရေ အရာ။ ကွမ်းကြုတ်။ ကွမ်းကလပ်
    ကွမ်းရွက်၊ ကွမ်းသီး ထုံးစသည်တို့ကို ထည့်ထားရသော အရာ။ ကွမ်းအစ်။ ကွမ်းကလပ်
    betel box
    နာမ်

    ကွမ်းစာဂမုန်း

    [kʊ̀ɴsàɡmóʊɴ]
    ကွမ်းမာ ထည့်စားရရေ အနံ့မွှီး၍ အဥ ဥသော ဂမုန်း တမျိုး
    ကွမ်းတွင် ထည့်စားရသော အနံ့မွှေး၍ အဥ ဥသော ဂမုန်း တစ်မျိုး
    quid of betel
    နာမ်

    ကွမ်းညှပ်

    [kʊ̀ɴɲ̯aʔ]
    ကွမ်းသီးကို ကရွီကရာ အစဟိစွာ ခွဲစိတ်ရရေ ကိရိယာ
    ကွမ်းသီးကို အသေးအမွှား စသည် ခွဲစိတ်ရသော ကိရိယာ
    nutcracker - tool for cutting areca nut into chewable chips
    နာမ်

    ကွမ်းတစ်ဆုံညက်

    [kʊ̀ɴtɪʔsʰòʊɴɲɛʔ]
    ကွမ်းတဆုံကို ညက်အောင် ထောင်းရရေ ကာလ အပိုင်းအရာ။ ကွမ်းတယာ ညက်လည်းဟူ၏
    ကွမ်းတစ်ဆုံကို ညက်အောင် ထောင်းရသော ကာလ အပိုင်းအခြား။ ကွမ်းတစ်ယာ ညက်လည်းဟူ၏
    moment
    နာမ်

    ကွမ်းထုပ်

    [kʊ̀ɴtʰoʊʔ]
    အဝတ်ကို အိတ်ချိပ်၍ ကွမ်း၊ ကွမ်းသီး အစုံထည့်၍ လားရာတိုင်း ယူဆောင်ရရေ အထုပ်
    အဝတ်ကို အိတ်ချိပ်၍ ကွမ်း၊ ကွမ်းသီး အစုံထည့်၍ သွားရာတိုင်း ယူဆောင်ရသော အထုပ်
    betel pack
    နာမ်

    ကွမ်းဖတ်မွားယောင်

    [kʊ̀ɴpʰaʔmWàjàʊɴ]
    ဥပစါ ထပ်ကာထပ်ကာ။ အခေါက်ခေါက် အဖန်ဖန်။ ဆုံးမ သွန်သင်ဗျာယ်
    ဥပစါ ထပ်တလဲလဲ။ အကြိမ်ကြိမ် အဖန်ဖန်။ ဆုံးမ သွန်သင်လျက်
    chasten
    ကြိယာဝိသေသန

    ကွမ်းဖိုး

    [kʊ̀ɴpʰó]
    တရားယှုံးသူက တရားလူကြီးအား ပီးရရေ စရိတ်
    တရားရှုံးသူက တရားသူကြီးအား ပေးရသော စရိတ်
    fine
    နာမ်

    ကွမ်းဖီးပင်

    [kʊ̀ɴpʰïpɪ̀ɴ]
    ယင်းအသီးကို စားကေ ကွမ်းစားရာမှ ထွက်သော အရည်နန့်တူသော အပင်တမျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆီးသဒ္ဒါ အိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် လို့လေ့ သုံးကတ်သည်
    ယင်းအသီးကို စားလျှင် ကွမ်းစားရာမှ ထွက်သော အရည်နှင့်တူသော အပင်တစ်မျိုး။ နွားလျှာကြီးပင်။ မွန်အိပွတ်။ ဆေးသဒ္ဒါ အိုးပွတ်။ ကွမ်းဖဲပင်၊ ကွမ်းဖတ်ပင်၊ ကွမ်းဖိတ်ပင်၊ ကွမ်းဖြည့်ပင်၊ ကွမ်းရည်ပင် ဟုလည်း သုံးကြသည်
    none
    နာမ်