Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 3,161–3,180 of 3,186 words

    က

    ကွ့ရှုံ၂

    [kw့ʃòʊɴ၂]
    မကြိုက်မှုကို ခံစားချက်ကြောင့် မျက်နှာကို တွန့်ခေါက်အောင် ပြုထားရေ
    မနှစ်သက်မှုကို ခံစားချက်ကြောင့် မျက်နှာကို တွန့်ခေါက်အောင် ပြုထားသည်
    scowl
    ကြိယာ

    ကွ့လန်

    [kw့làɴ]
    ခါး နောက်ဘက်ကို လှန်ဗျာယ်
    ခါး နောက်ဘက်သို့ လှန်လျက်
    none
    ကြိယာ

    ကွ့လန်ကွ့လန်း

    [kw့làɴkw့láɴ]
    ခါးကိုင်းဗျာယ် လားရေ
    ခါးကော့လျက် သွားသည်
    walk on air
    ကြိယာဝိသေသန

    ကွာ

    [kwà]
    ၁၊ အသားအရီ အစဟိစွာ စုတ်ပြတ်နိန်ရေ။ မွေးဖပီတာ၊ အရီကွာအောင်၊ သတ်ပါဖို့ထောက်၊ သင်နောက်ထပ်လီ၊ မှန်မထီလား (ပဋါ)။ ၂၊ တတူနီရာမာ ရှောင်ခွာလားရေ။ ၃၊ ခြားနားရေ။ အလှမ်းဝီးရေ။ လင်မယားအဖြစ်မှ ရပ်စဲအောင် ပြုလုပ်ရေ။ ကကောင်းလျင်လားလို့၊ တရားသင့်ရာ၊ ကွာကတ်ပါဖို့၊ ဆိုတုံလီကေ
    ၁၊ အသားအရေ စသည် စုတ်ပြတ်နေသည်။ မွေးဖပီတာ၊ အရီကွာအောင်၊ သတ်ပါမည်ထောက်၊ သင်တဖန်လေ၊ မှန်မကြောက်လား (ပဋါ)။ ၂၊ အတူနေရာမှာ ရှောင်ခွာသွားသည်။ ၃၊ ခြားနားသည်။ အလှမ်းဝေးသည်။ လင်မယားအဖြစ်မှ ရပ်စဲအောင် ပြုလုပ်သည်။ လျင်မြန်သွားလို့၊ တရားသင့်ရာ၊ ကွာကြပါမည်၊ ဆိုတုံလေကေ
    divorce
    ကြိယာ

    ကွာခြား

    [kwàkʰɹá]
    ၁၊ တခုတရီ မတူ ကွဲပြားရေ။ တမျိုးတဖုံ ဖြစ်တေ။ ၂၊ အကြား ကွာဝီးသည်
    ၁၊ တစ်စုံတစ်ခု မတူ ကွဲပြားသည်။ တစ်မျိုးတစ်ဖုံ ဖြစ်သည်။ ၂၊ အကြား ကွာဝေးသည်
    distant
    ကြိယာ

    ကွာစာ

    [kwàsà]
    လင်မယား အဖြစ်မှ ရပ်စဲကြောင်း ကွာရှင်းကြောင်း စာ။ ဤကဝယ်လျှင်၊ ပြန်လီကကောင်း၊ ကျောက်ဖျားထက်မာ၊ ကွာစာရီးကေ၊ ကွဲရကတ်ောင်းဖြင့် (ဒွေး)
    လင်မယား အဖြစ်မှ ရပ်စဲကြောင်း ကွာရှင်းကြောင်း စာ။ ဤကဝယ်လျှင်၊ ပြန်လေကောင်းကောင်း၊ ကျောက်ဖျားပေါ်မှာ၊ ကွာစာရေးကေ၊ ကွဲရကြောင်းဖြင့် (ဒွေး)
    divorce
    နာမ်

    ကွာယှင်း

    [kwàʃɪ́ɴ]
    လင်မယား အဖြစ်မှ ပြတ်စဲအောင် လုပ်ရေ
    လင်မယား အဖြစ်မှ ပြတ်စဲအောင် လုပ်သည်
    divorce
    ကြိယာ

    ကွာလှမ်း

    [kwàɬáɴ]
    အလှမ်းဝီးသော
    အလှမ်းဝေးသော
    distance
    နာမဝိသေသန

    ကွာဝီး

    [kwàwï]
    တနီရာနန့် တနီရာ ရို့၏ အကြား ခရီးမြေ အလွန်ကျယ်သော
    တစ်နေရာနှင့် တစ်နေရာ တို့၏ အကြား ခရီးမြေ အလွန်ကျယ်သော
    distance
    နာမဝိသေသန

    ကွာဟ

    [kwàh]
    တခုနန့်တခု စပ်ဟင်းခြင်းမဟိ ဖြစ်တေ။ တနီရာနန့် တနီရာ အကြား ကွာဝီးနိန်ရေ
    တစ်ခုနှင့်တစ်ခု စပ်ဟင်းခြင်းမရှိ ဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ အကြား ကွာဝေးနေသည်
    distant
    ကြိယာ

    ကွိ.

    [kwì.]
    ၁၊ တဖက်သို့ သွားရင် တဖက်ကို လှည့်ပနာ လားရေ။ တဖက်ကို လားစွာမာ နောက်တဖက်သို့ ကွိ.လားခရေ။ ၂၊ ခွေပတ်၍ နိန်ရေ
    ၁၊ တစ်ဖက်သို့ သွားရင် တစ်ဘက်သို့ လှည့်၍ သွားသည်။ တစ်ဖက်ကို လားစွာမှာ နောက်တစ်ဖက်သို့ ကွိ.လားခရေ။ ၂၊ ခွေပတ်၍ နေသည်
    gyration
    ကြိယာ

    ကွိ.၂

    [kwì.၂]
    ကွိ.ဝိုက်၍ ဒေါင့်ကျသော အရပ်။ ပင်လယ်ကွိ.၊ မြစ်ကွိ.အစဟိစွာ
    ကွိ.ဝိုက်၍ ထောင့်ကျသော အရပ်။ ပင်လယ်ကွိ.၊ မြစ်ကွိ.စသည်
    river vally
    နာမ်

    ကွိ.ကောက်

    [kwì.kɔ́ɛʔ]
    ပြောင့်သည် မဟုတ်ရေ
    ဖြောင့်တန်းသည် မဟုတ်သော
    crook
    နာမဝိသေသန

    ကွိ.နာ

    [kwì.nà]
    နောက်ခြေတဖက် တုပ်၍တုပ်၍ လားရေအနာ
    နောက်ခြေတစ်ဖက် တုပ်၍တုပ်၍ သွားသောအနာ
    none
    နာမ်

    ကွိ.လည်ကြောင်ပတ်

    [kwì.lɛ̀t͡ɕàʊɴpaʔ]
    ကွေ့လည်ချောင်ပတ်။ ဝေ့ဝိုက်တိမ်းရှောင်ဗျာယ်
    ကွေ့လည်ချောင်ပတ်။ ဝေ့ဝိုက်ရှောင်တိမ်းလျက်
    excursive
    ကြိယာဝိသေသန

    ကွီး

    [kwï]
    ခွီးတိရိစ္ဆာန်။ ၂၊ ခွီးဆိုပနာ တိုက်ရိုက် မပြောဆိုကား မသိမသာ လူကိုနှိမ့်ချပနာ ပြောဆိုရေ စကားလုံး
    ခွေးတိရိစ္ဆာန်။ ၂၊ ခွေးဟူ၍ တိုက်ရိုက် မပြောဆိုပဲ မသိမသာ လူကိုနှိမ့်ချ၍ ပြောဆိုသော စကားလုံး
    dog
    နာမ်

    ကွေ့လည်ကြောင်ပတ်

    [kwḛlɛ̀t͡ɕàʊɴpaʔ]
    ၁၊ ကွေ့ပတ် ယှောင်ဗြီးဗျာယ်။ ၂၊ လိုရင်းသို့ မရောက်ပဲ
    ၁၊ ကွေ့ပတ် တိမ်းရှောင်လျက်။ ၂၊ လိုရင်းသို့ မရောက်ပဲ
    excursive
    ကြိယာဝိသေသန

    ကွဲ

    [kwɛ]
    ၁၊ ထက်ခြမ်း တနည်း အစိတ်စိတ် အမြွာမြွာ ဖြစ်လှားရေ။ ၂၊ ခြေ၊ လက် စရေ အသားအရီ စုတ်ပြတ်လားရေ။ ထိပါးစုတ်ပြဲ၊ ခြေလက်ကွဲဗျာယ် (ကင်းမဟော်)။ ဒူးကွဲပါယောင်၊ လဲကာကျလို့ (ရာမ)။ ခြီသည်းရာက၊ ကွဲကာစီးလို့၊ သွီးဖျင်းဖျင်းနန့် (ပန်း)။ ၃၊ တမျိုး တစားတည်း မဟုတ
    ၁၊ ထက်ခြမ်း သို့မဟုတ် အစိတ်စိတ် အမြွာမြွာ ဖြစ်သွားသည်။ ၂၊ ခြေ၊ လက် စသည့် အသားအရေ စုတ်ပြတ်သွားသည်။ ထိပါးစုတ်ပြဲ၊ ခြေလက်ကွဲလျက် (ကင်းမဟော်)။ ဒူးကွဲပါယောင်၊ လဲကာကျလို့ (ရာမ)။ ခြေသည်းရာက၊ ကွဲကာစီးလို့၊ သွီးဖျင်းဖျင်းနှင့် (ပန်း)။ ၃၊ တစ်မျိုး တစ်စားတည်း မဟုတ
    separate
    ကြိယာ

    ကွဲကွာ

    [kwɛkwà]
    တယောက် တခြားစီ ဖြစ်တေ
    တစ်ယောက် တစ်ခြားစီ ဖြစ်သည်
    individual
    ကြိယာ

    ကွဲ့ထောက်သတ်

    [kwétʰɔ́ɛʔθaʔ]
    သစ်ဖေါင်း၊ ဝါးဖေါင်းရို့ကို ဖြားသင့် မျိုးရာမာ ရပ်နားဖို့အတွက် ကြိုးနန့်ချိုင်ပြီး တုတ်စိုက်ပနာ အဟိန်သတ်ရေ
    သစ်ဖေါင်း၊ ဝါးဖေါင်းတို့ကို ရေစုန် မျောရာတွင် ရပ်နားရန်အတွက် ကြိုးနှင့်ချည်ပြီး တုတ်စိုက်၍ အရှိန်သတ်သည်
    like anchor
    ကြိယာ