Dictionary Entries
Showing 21–40 of 3,186 words
က
ကက္ကူလန်
[kkə́kəùlàɴ]
Arakanese:
ဆူညံ ရိုင်းပြစွာ
Burmese:
ဆူညံ ရိုင်းပြစွာ
English:
insult
Grammar Note:
ကြိယာဝိသေသန
ကက္ကူလပြည်
[kkə́kəùlpɹɛ]
Arakanese:
မဏိပူရ၊ အာသံပူရ၊ ဟဲရုံပြည်
Burmese:
မဏိပူရ၊ အာသံပူရ၊ ဟဲရုံပြည်
English:
country
Grammar Note:
နာမ်
ကံကျ
[kံt͡ɕ]
Arakanese:
(ကောင်းမကောင်း) ကံပစ်ချရာ ခံပီးရရေ
Burmese:
(ကောင်းမကောင်း) ကံပစ်ချရာ ခံပေးရသည်
English:
the luck of the draw
Grammar Note:
ကြိယာ
ကံကျ၂
[kံt͡ɕ၂]
Arakanese:
နနောင်းတည်တံ့သော အကြောင်းအရာ။ ခိုင်လုံသော အထောက်အထား။ ကိုးကားချက်။ ဗြန်းစီးကာရပဲ စိတ်ကူးပေါက်ရာ လုပ်ကိုင် ပြောဆိုချက်တိ
Burmese:
ခိုင်မာတည်တံ့သော အကြောင်းအရာ။ ခိုင်လုံသော အထောက်အထား။ ကိုးကားချက်။ အခြေအမြစ်မရှိပဲ စိတ်ကူးပေါက်ရာ လုပ်ကိုင် ပြောဆိုချက်များ
English:
valid
Grammar Note:
နာမ်
ကံကျ၃
[kံt͡ɕ၃]
Arakanese:
‘ကောင်းယာ’ ဟု စိတ်မားကံရွယ် ရည်မှန်းချက် ကြိုတင်မျှော်လင့်ချက်(မဟိဘဲ)။ ကံစမ်း
Burmese:
‘ကောင်းပြီ’ ဟု စိတ်တွင်းကံရွယ် ရည်မှန်းချက် ကြိုတင်မျှော်လင့်ချက်(မရှိပဲ)။ ကံစမ်း
English:
lucky dip
Grammar Note:
နာမ်
ကကျက်
[kt͡ɕɛʔ]
Arakanese:
လောင်းစပ်ရာမာ ပျိုင်ချပ်နှင့် လောင်းထောက်ကို အဂေါင်း မြုပ်အောင် ရိုက်သွင်း ရရေ သံချွန်၊ သစ်ချွန်၊ သစ်စို့၊ ဝါးစို့
Burmese:
လှေစပ်ရာတွင် ပျဉ်ချပ်နှင့် လှေထောက်ကို ဦးခေါင်း မြုပ်အောင် ရိုက်သွင်း ရသော သံချွန်၊ သစ်ချွန်၊ သစ်စို့၊ ဝါးစို့
English:
spike
Grammar Note:
နာမ်
ကကျက်ထိုး
[kt͡ɕɛʔtʰó]
Arakanese:
မခံချိ မခံသာယောင် စောင်း မြောင်း ပြောဆိုရေ
Burmese:
မခံချိ မခံသာအောင် စောင်း မြောင်း ပြောဆိုသည်
English:
cheap gibe
Grammar Note:
ကြိယာ
ကကျက်ပင်
[kt͡ɕɛʔpɪ̀ɴ]
Arakanese:
ဆပ်သွားဖူးပင် ပိုင် အသီး ခြောက်ကို ခြည်ခင် ရှင်းရာမာ အသုံးပြုသည့် အပင် တမျိုး
Burmese:
ဆပ်သွားဖူးပင် ကဲ့သို့ အသီး ခြောက်ကို ချည်ခင် ရှင်းရာတွင် အသုံးပြုသည့် အပင် တစ်မျိုး
English:
screw and dried fruit as a kind of Yarn used to clean plant
Grammar Note:
နာမ်
ကကျက်ပေါက်
[kt͡ɕɛʔpaʊʔ]
Arakanese:
သစ်လုံး တလုံး တည်းကို ထွင်းခုတ် ပြုလုပ်ထားရေ (လုံးထွင်း) လောင်းမာ ၀မ်းဝမ်း၌ တလက်မ လောက်ခန့် ဖောက်ထား ရရေ အပေါက်
Burmese:
သစ်လုံး တစ်လုံး တည်းကို ထွင်းခုတ် ပြုလုပ်ထားသော (လုံးထွင်း) လှေတွင် ၀မ်းဗိုက်၌ တစ်လက်မ လောက်ခန့် ဖောက်ထား ရသော အပေါက်
English:
abdomen through of ship
Grammar Note:
နာမ်
ကံကျီး
[kံt͡ɕï]
Arakanese:
ရခိုင်ဘုရင်မင်းလက်ထက်မာ မြို့၊ ကျေးရွာနယ်ပယ်ဒေသတိကို သတ်မှတ်ပနာ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စစွာလေ့ဟိရေ။
Burmese:
ရခိုင်ဘုရင်မင်းလက်ထက်တွင် မြို့၊ ကျေးရွာနယ်ပယ်ဒေသများကို သတ်မှတ်၍ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စသည်လည်းရှိသည်။
English:
governor
Grammar Note:
နာမ်
ကံကျီကံကျ
[kံt͡ɕíkံt͡ɕ]
Arakanese:
ဘာဘာညာညာရယ်လို့ အကျိုးအကြောင်း တခုတရီမှ မသိပဲနန့်ဗျာယ်။ ဇာမှန်းမသိပဲ ကံကျကံကျလှာလို့ ရဖို့လား
Burmese:
ဘာဘာညာညာရယ်လို့ အကျိုးအကြောင်း တစ်စုံတစ်ခုမှ မသိဘဲလျက်။ ဇာမှန်းမသိပဲ ကံကျကံကျလာလို့ ရဖို့လား
English:
uninformed
Grammar Note:
ကြိယာဝိသေသန
ကံကျေး
[kံt͡ɕé]
Arakanese:
ရခိုင်ဘုရင်မင်းလက်ထက်မာ မြို့၊ ကျေးရွာနယ်ပယ်ဒေသတိကို သတ်မှတ်ပနာ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စစွာလေ့ဟိရေ။
Burmese:
ရခိုင်ဘုရင်မင်းလက်ထက်တွင် မြို့၊ ကျေးရွာနယ်ပယ်ဒေသများကို သတ်မှတ်၍ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စသည်လည်းရှိသည်။
English:
governor
Grammar Note:
နာမ်
ကံကျွေး
[kံt͡ɕwé]
Arakanese:
ရခိုင်ဘုရင်မင်းလက်ထက်မာ မြို့၊ ကျေးရွာနယ်ပယ်ဒေသတိကို သတ်မှတ်ပနာ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စစွာလေ့ဟိရေ။
Burmese:
ရခိုင်ဘုရင်မင်းလက်ထက်တွင် မြို့၊ ကျေးရွာနယ်ပယ်ဒေသများကို သတ်မှတ်၍ အခွန်အတုတ် ကောက်ခံယူပိုင်ခွင့် ချီးမြှောက်ခြင်း ခံရသူ။ (မြို့စား၊ ရွာစား၊ နယ်စား စသည်လည်းရှိသည်။
English:
subsidy - bounty fief granted by the king [as in ~] emolument in cash or kind artisan - paid labourer
Grammar Note:
နာမ်
ကံကြမ္မာ
[kံt͡ɕm̪a̰m̪a̰à]
Arakanese:
မင်းပြစ်မင်းဒဏ် စစွာကို ခံရရေ မကောင်းကျိုး
Burmese:
မင်းပြစ်မင်းဒဏ် စသည်ကို ခံရသည့် မကောင်းကျိုး
English:
one's deed word or thought which predetermines one's future luck fortune lot [gram] object [Pali ကမ္မ ]
Grammar Note:
နာမ်
ကကြိုး
[kt͡ɕó]
Arakanese:
ခန္ဓာကိုယ်၌ ဆင်မြန်းသော တန်ဆာ တမျိုး
Burmese:
ခန္ဓာကိုယ်၌ ဆင်မြန်းသော တန်ဆာ တစ်မျိုး
English:
jewelery
Grammar Note:
နာမ်
ကကြိုး၂
[kt͡ɕó၂]
Arakanese:
ဆင်၊ မြင်း အစဟိစွာရို့၏ နောက်ကုန်းထက်၌ လူထိုင်ရန် ပြုလုပ်ထားရေ ကကို မစောင်း မရွေ့ရယောင် ခြည်ဖွဲ့သော ကြိုး။ ဆင်၊ မြင်း အစဟိစွာရို့၏ ခန္ဓာမာ ဆင်ထားရေ အဆင် တန်ဆာများ
Burmese:
ဆင်၊ မြင်း စသည်တို့၏ ကျောကုန်းထက်၌ လူထိုင်ရန် ပြုလုပ်ထားသော ကကို မစောင်း မရွေ့ရအောင် ချည်ဖွဲ့သော ကြိုး။ ဆင်၊ မြင်း စသည်တို့၏ ခန္ဓာတွင် ဆင်ထားသော အဆင် တန်ဆာများ
English:
ornament
Grammar Note:
နာမ်
ကကြိုး၃
[kt͡ɕó၃]
Arakanese:
ကဟန် နည်းစနစ်
Burmese:
ကဟန် နည်းစနစ်
English:
dance
Grammar Note:
နာမ်
ကကြီး
[kt͡ɕï]
Arakanese:
က အက္ခရာကို ခေါ်ထွင်သော အမည်
Burmese:
က အက္ခရာကို ခေါ်ထွင်သော အမည်
English:
the letter called names of first of Arakanese consonant
Grammar Note:
နာမ်
ကံကြီး
[kံt͡ɕï]
Arakanese:
ကုသိုလ်ကံ အားကောင်းရေ
Burmese:
ကုသိုလ်ကံ အားကောင်းသည်
English:
luck
Grammar Note:
ကြိယာ
ကံကြီး၂
[kံt͡ɕï၂]
Arakanese:
ဘုရား၊ ရဟန္တာ၊ သံဃာတော်ကို သင်းခွဲသူ၊ အမိ၊ အဖ၊ ဤငါးပါးမာ တပါးပါးကို ကျူးလွန်မိရေ
Burmese:
ဘုရား၊ ရဟန္တာ၊ သံဃာတော်ကို သင်းခွဲသူ၊ အမိ၊ အဖ၊ ဤငါးပါးတွင် တစ်ပါးပါးကို ကျူးလွန်မိသည်
English:
be punished for having committed any of the five cardinal sins ( matricide. patricide. killing an Arhat. shedding the blood of the Buddha. creating division among the Sangha.)
Grammar Note:
နာမ်