Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 3,186 words

    က

    ကံကြီးသင့်

    [kံt͡ɕïθɪ̀ɴ့]
    ကံငါးပါးမာ တပါးပါးကို ကျူးလွန်မိသူ
    ကံငါးပါးတွင် တစ်ပါးပါးကို ကျူးလွန်မိသူ
    be punished for having committed any of the five cardinal sins ( matricide. patricide. killing an Arhat. shedding the blood of the Buddha. creating division among the Sangha.)
    ကြိယာ

    ကခဂဃ

    [kkʰɡɡʱ]
    ကွဲကွဲ ပြားပြား။ ခြားခြားနားနား။ စစိနနံ။ အတိအကျ
    ကွဲကွဲ ပြားပြား။ ခြားခြားနားနား။ သေသေချာချာ။ အတိအကျ
    exactly - definitely - explicitly - precisely
    ကြိယာဝိသေသန

    ကခုန်

    [kkʰòʊɴ]
    ကိုယ်ခန္ဓာကို မြောက်အောင် ကြွအောင် ကရေ
    ကိုယ်ခန္ဓာကို မြောက်အောင် ကြွအောင် ကသည်
    prance around - dancing
    ကြိယာ

    ကခုံးမှီ

    [kkʰóʊɴm̥í]
    အိပ်ပြီးကေ မပျော်တပျော် ဟိရေ။ ၂၊ အခိုက်အတန့် စိကေချေ အိပ်သည်
    အိပ်၍ မပျော်တပျော် ရှိသည်။ ၂၊ အခိုက်အတန့် အနည်းငယ် အိပ်သည်
    drowse
    ကြိယာ

    ကခုံးမှီကခုံးမွှား

    [kkʰóʊɴm̥íkkʰóʊɴmW̯á]
    အိပ်ပြီးကေ မပျော်တပျော် ဟိရေ အခိုက်။ ၂၊ စကေ အိပ်ပျော် နေခိုက်
    အိပ်၍ မပျော်တပျော် ရှိသည့် အခိုက်။ ၂၊ အတန်ငယ် အိပ်ပျော် နေခိုက်
    drowsiness
    ကြိယာဝိသေသန

    ကချကရာ

    [kɕkɹà]
    ဗဟရီ၊ အောက်တန်းကျဗျာယ်
    အသုံးမကျ၊ အောက်တန်းကျလျက်
    nugatory
    ကြိယာဝိသေသန

    ကချရာ

    [kɕɹà]
    ဗဟရီ ၊ အောက်တန်းကျသော
    အသုံးမကျ ၊ အောက်တန်းကျသော
    ineffective
    နာမဝိသေသန

    ကချိုးကချဉ်သီး

    [kɕókɕɪ̀ɴθï]
    သကြားလုံးမျက်ချို အရသာ ဟိရေ ယှောက်ချိုသီး တမျိုး
    ချိုချဉ် အရသာ ရှိသော ရှောက်သီး တစ်မျိုး
    lemon
    နာမ်

    ကချီကချွတ်

    [kɕíkɕwaʔ]
    အလွဲလွဲ အမားလေ့ား။ အလွဲလွဲ အချော်ချော်။ ၂ ပျက်ချိပျက်ချော်
    အလွဲလွဲ အမှားမှား။ အလွဲလွဲ အချော်ချော်။ ၂ ပေါ့ပေါ့တန်တန်
    boner
    ကြိယာဝိသေသန

    ကချီးကနာ

    [kɕïknà]
    အသက်ရှု ပြင်းသော ခြောင်းဆိုးနာ တမျိုး။ ကုတ်ဟီးနာ
    အသက်ရှု ပြင်းသော ချောင်းဆိုးနာ တစ်မျိုး။ ကုတ်ဟီးနာ
    cough
    နာမ်

    ကချီးကနာလိုက်ယောင်ရယ်

    [kɕïknàlaɪʔjàʊɴɹɛ̀]
    အူလှိုက် သည်းလှိုက်။ အားရ ပါးရ။ စိတ်ဝင်စား လက်ပါ။ ဟက်ဟက် ပက်ပက် ရယ်ရေ
    အူလှိုက် သည်းလှိုက်။ အားရ ပါးရ။ စိတ်ပါ လက်ပါ။ ဟက်ဟက် ပက်ပက် ရယ်သည်
    loud of laugh
    ကြိယာဝိသေသန

    ကချီးကနာလိုင်ယောင်ဖွယ်

    [kɕïknàlàɪɴjàʊɴpʰwɛ̀]
    ရယ်မောဖွယ်စကား၊ ရယ်မောဖွယ် အကြောင်းအရာ
    ရယ်မောဖွယ်စကား၊ ရယ်မောဖွယ် အကြောင်းအရာ
    joke
    နာမ်

    ကချီးနာ

    [kɕïnà]
    အသက်ရှု ပြင်းသော ခြောင်းဆိုးနာ တမျိုး။ ကုတ်ဟီးနာ
    အသက်ရှု ပြင်းသော ချောင်းဆိုးနာ တစ်မျိုး။ ကုတ်ဟီးနာ
    cough
    နာမ်

    ကချော်ကရော်

    [kɕɔ̀kɹɔ̀]
    ပျက်ရယ်မှု ပြုရေ။ သရော် ပြောင်လောင်းာင် သည်
    ပျက်ရယ်မှု ပြုသည်။ သရော် ပြောင်လှောင် သည်
    deride
    ကြိယာ

    ကခြီသည်

    [kkʰɹìθɛ̀]
    အက ပညာနန့် အသက်မွီး သူ။ ကချေသည်
    အက ပညာဖြင့် အသက်မွေး သူ။ ကချေသည်
    professional dancer
    နာမ်

    ကံဂိုဏ်း

    [kံɡÒn်း]
    ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်ရေ ကံသုံးပါးရို့နန့် ဟိခိုးမှ မှန်ရေလို့ အယူအဆဟိရေ သုဓမ္မဂိုဏ်းကိုခေါ်သော အမည် တမျိုး
    ကာယကံ၊ ဝစီကံ၊ မနောကံဟု ဆိုအပ်သော ကံသုံးပါးတို့ဖြင့် ရှိခိုးမှ မှန်သည်ဟု အယူအဆရှိသော သုဓမ္မဂိုဏ်းကိုခေါ်သော အမည် တစ်မျိုး
    three destiny
    နာမ်

    ကင်

    [kɪ̀ɴ]
    type of Arakanese count
    type of Arakanese count
    နာမ်ပစ္စည်း

    ကင်း

    [kɪ́ɴ]
    မီးဖီးအစဟိရေ အန္တရာယ်ကို ကာကွယ်ရန်စောင့်နီသူ။ ရန်သူ၏ ပိုင်အလာကို မီးမြန်းစနည်းနာရန် လှည့်လည်နီသူ
    မီးဘေးစသော အန္တရာယ်ကို ကာကွယ်ရန်စောင့်နေသူ။ ရန်သူ၏ အသွားအလာကို မေးမြန်းစုံစမ်းရန် လှည့်လည်နေသူ
    patrol - guard - picket outpost post for collecting custom duties
    နာမ်

    ကင်၂

    [kɪ̀ɴ၂]
    အပူဟိန် ရောက်စီရန် မီးနားမာ ထားရေ။ မီးအပူဟိန်နန့် ခြောက်သွိအောင် လုပ်ရေ
    အပူရှိန် ရောက်စေရန် မီးနားမှာ ထားသည်။ မီးအပူရှိန်ဖြင့် ခြောက်သွေ့အောင် လုပ်သည်
    roast broil barbecue - toast(bread)
    ကြိယာ

    ကင်း၂

    [kɪ́ɴ၂]
    အခြီများရေ ကင်းကောက်။ အဆိပ်ထန်သော ကင်းပုဇွန်၊ ရေကင်း၊ ကုန်းကင်း အစဟိရေ ပိုးမွှားတိကို ခြုံ၍ခေါ်သောနာမည်
    အခြေများသော ကင်းကောက်။ အဆိပ်ထန်သော ကင်းပုဇွန်၊ ရေကင်း၊ ကုန်းကင်း စသော ပိုးမွှားများကို ခြုံ၍ခေါ်သောနာမည်
    general term for centipede and scorpion (but may occur in the name of other creatures such as ကင်းကောက်၊ ကင်းပုဇွန်)
    နာမ်