Dictionary Entries
Showing 721–740 of 3,186 words
က
ကသင်းကရင်း
[kθɪ́ɴkɹɪ́ɴ]
Arakanese:
အကွဲကွဲ အပြားပြား။ ကစဉ့်ကလျား
Burmese:
အကွဲကွဲ အပြားပြား။ ကစဉ့်ကလျား
English:
disarrangement
Grammar Note:
ကြိယာဝိသေသန
ကသစ်
[kθɪʔ]
Arakanese:
စူးဟိရေ ပင်စောက်တမျိုး
Burmese:
ဆူးရှိသော ပင်စောက်တစ်မျိုး
English:
Monkey-puzzle
Grammar Note:
နာမ်
ကသတ်
[kθaʔ]
Arakanese:
စာရီးရာမာ ကတ်၊ ကောက်၊ ကိုက်အစဟိစွာ အသံတမျိုးမျိုး ရစီရန် ကဗျည်းအထက်မာ အသတ်ပြုတင်းခွန်လွှင့်အမှတ် လက္ခဏာ
Burmese:
စာရေးရာတွင် ကတ်၊ ကောက်၊ ကိုက်စသည် အသံတစ်မျိုးမျိုး ရစေရန် ကဗျည်းအထက်၌ အသတ်ပြုတံခွန်လွှင့်အမှတ် လက္ခဏာ
English:
[orth.] superscripted devowelizer arc(-်) Also တံခွန်
Grammar Note:
နာမ်
ကံသန်
[kံθàɴ]
Arakanese:
ကုသိုလ်ကံကောင်းရေ
Burmese:
ကုသိုလ်ကံကောင်းသည်
English:
luck
Grammar Note:
ကြိယာ
ကသားငါးရာ
[kθáŋàးɹà]
Arakanese:
ကသားငါးရာ
Burmese:
လူပေါင်းစုံ
English:
phalanx
Grammar Note:
နာမ်
ကသိန်ကလိမ်
[kθèɪɴklèɪɴ]
Arakanese:
အင်အား ခြည့်နန့်စွာ။ တုန်တုန်ယင်ယင်။ ကိုယ်ကို မထိန်းနိုင်ဘဲ။ ယိမ်းထိုးဗျာယ်။ ယိုင်တီးယိုင်တိုင်
Burmese:
အင်အား ချည့်နဲ့စွာ။ တုန်တုန်ယင်ယင်။ ကိုယ်ကို မထိန်းနိုင်ဘဲ။ ယိမ်းထိုးလျက်။ ယိုင်တီးယိုင်တိုင်
English:
weak
Grammar Note:
ကြိယာဝိသေသန
ကသိပ်ကသည်း
[kθìaʔkθɛ́]
Arakanese:
စုံစုံမက်မက်၊ အားနာဘယ
Burmese:
စုံစုံမက်မက်၊ လေးလေးစားစား
English:
respect
Grammar Note:
ကြိယာဝိသေသန
ကသိုဏ်း
[kθÒn်း]
Arakanese:
သမာဓိရ စီရန် မပြတ် ကြည့်ရှု ပွားများ ရရေ မြေ ရေ မီးအစဟိရေ အဝိုင်း အဝန်း၏ မြင်ကွင်း အာရုံ။ မပြတ် ကြည့်ရှု ပွားများ အပ်ရေ အရာ
Burmese:
သမာဓိရ စေရန် မပြတ် ကြည့်ရှု ပွားများ ရသော မြေ ရေ မီးစသော အဝိုင်း အဝန်း၏ မြင်ကွင်း အာရုံ။ မပြတ် ကြည့်ရှု ပွားများ အပ်သော အရာ
English:
object of intense mental concentration [Pali ကသိဏ] - see all fully consider simultaneously highlight sense of meaning
Grammar Note:
နာမ်
ကသိုဏ်းရှု
[kθÒn်းʃoʊ]
Arakanese:
မြေ၊ ရေ၊ မီးအစဟိရေ အဝန်းအဝိုင်းတိုကို စူးစိုက်ကြည့်ရှု့ပွားတိစွာ
Burmese:
မြေ၊ ရေ၊ မီးစသော အဝန်းအဝိုင်းတိုကို စူးစိုက်ကြည့်ရှု့ပွားများသည်
English:
concentrate in tensely on an object as a means of meditation [fig.] look fixedly - see all fully consider simultaneously highlight sense of meaning
Grammar Note:
ကြိယာ
ကသီကရီ
[kθíkɹí]
Arakanese:
ဆင်းရဲပင်ပန်းစွာ ငြိုငြင်စွာ။ ကပျာကယာ။ အဆောင်တလျင်
Burmese:
ဆင်းရဲပင်ပန်းစွာ ငြိုငြင်စွာ။ ကပျာကသီ။ အဆောင်တလျင်
English:
fluster
Grammar Note:
ကြိယာဝိသေသန
ကသီကရောက်
[kθíkɹɔ́ɛʔ]
Arakanese:
တိုင်းစွာ မနီနှိုင်ဘဲ။ ချောက်ချောက်ချားချား ဖြစ်ဗျာယ်။ပူပင်သောက ရောက်ဗျာယ်
Burmese:
တည်ငြိမ်စွာ မနေနိုင်ဘဲ။ ချောက်ချောက်ချားချား ဖြစ်လျက်။ ပူပန်သောက ရောက်လျက်
English:
worried
Grammar Note:
ကြိယာဝိသေသန
ကသီကလင်
[kθíklɪ̀ɴ]
Arakanese:
ဆင်းရဲငြိုငြင်စွာ။ ဆင်းရဲပင်ပန်းစွာ
Burmese:
ဆင်းရဲငြိုငြင်စွာ။ ဆင်းရဲပင်ပန်းစွာ
English:
poor
Grammar Note:
ကြိယာဝိသေသန
ကသီကလီ
[kθíklí]
Arakanese:
ဆင်းရဲပင်ပန်းစွာ ငြိုငြင်စွာ။ ကပျာကယာ
Burmese:
ဆင်းရဲပင်ပန်းစွာ ငြိုငြင်စွာ။ ကပျာကသီ
English:
fluster
Grammar Note:
ကြိယာဝိသေသန
ကသီကသောက်
[kθíkθɔ́ɛʔ]
Arakanese:
စိတ်နှလုံး မသက်မသာ။ပူပင်သောက ရောက်ဗျာယ်
Burmese:
စိတ်နှလုံး မသက်မသာ။ ပူပန်သောက ရောက်လျက်
English:
worried
Grammar Note:
ကြိယာဝိသေသန
ကသီလင်တ
[kθílɪ̀ɴt]
Arakanese:
ဆင်းရဲငြိုငြင်စွာ။ ဆင်းရဲပင်ပန်းစွာ
Burmese:
ဆင်းရဲငြိုငြင်စွာ။ ဆင်းရဲပင်ပန်းစွာ
English:
poor
Grammar Note:
ကြိယာဝိသေသန
ကသုတ်ကယက်
[kθoʊʔkjɛʔ]
Arakanese:
ကကောင်းလျင်စေလိုရေအနိန်နန့်။ နှောင့်နှေးခြင်းမဟိဘဲ။ ဆုတ်ဆိုင်းခြင်းမဟိဘဲ။ အယင့်ယင်
Burmese:
လျင်မြန်စေလိုသောအားဖြင့်။ နှောင့်နှေးခြင်းမရှိဘဲ။ ဆုတ်ဆိုင်းခြင်းမရှိဘဲ။ လျင်မြန်စွာ
English:
rapidly
Grammar Note:
ကြိယာဝိသေသန
ကသုတ်ကရုတ်
[kθoʊʔkɹoʊʔ]
Arakanese:
ကြိုးစားပန်းစားဗွေယူဗျာယ်။ ကကောင်းလျင်စေလိုရေအနိန်နန့်။ နှောင့်နှေးခြင်းမဟိဘဲ။ အယင့်ယင်
Burmese:
အထူးတလည် အလေးထားလျက်။ လျင်မြန်စေလိုသော အားဖြင့်။ နှောင့်နှေးခြင်းမရှိဘဲ။ လျင်မြန်စွာ
English:
rapidly
Grammar Note:
ကြိယာဝိသေသန
ကသုတ်ကရုတ်၂
[kθoʊʔkɹoʊʔ၂]
Arakanese:
ကြိုးစားပန်းစားဗွေယူဗျာယ်။ ကကောင်းလျင်စေလိုရေအနိန်နန့်။ နှောင့်နှေးခြင်းမဟိဘဲ။ အယင့်ယင်
Burmese:
အထူးတလည် အလေးထားလျက်။ လျင်မြန်စေလိုသော အားဖြင့်။ နှောင့်နှေးခြင်းမရှိဘဲ။ လျင်မြန်စွာ
English:
rapidly
Grammar Note:
ကြိယာဝိသေသန
ကသုန်းကရုန်း
[kθóʊɴkɹóʊɴ]
Arakanese:
တဖက်နှင့် တဖက် ပရမ်းပတာ လုံးထွေး သတ်ပုတ်ဗျာယ်။ အန္တရယ်တခုခုကြောင့် လူအများ ထိတ်လန့်ချောက်ချားစွာနန့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
Burmese:
တစ်ဖက်နှင့် တစ်ဖက် ပရမ်းပတာ လုံးထွေး သတ်ပုတ်လျက်။ အန္တရယ်တစ်ခုခုကြောင့် လူအများ ထိတ်လန့်ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
English:
scuffle
Grammar Note:
ကြိယာဝိသေသန
ကသောကနော
[kθɔ́knɔ́]
Arakanese:
အစိုင်မကျ ပြန့်ကျဲဗျာယ်။ ကစဉ့်ကလျား။ မပြေမပြစ်ခြင်း အနိန်နန့်
Burmese:
အစဉ်မကျ ပြန့်ကျဲလျက်။ ကစဉ့်ကလျား။ မပြေမပြစ်ခြင်း အားဖြင့်
English:
disarrangement
Grammar Note:
ကြိယာဝိသေသန