Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 861–880 of 3,186 words

    က

    ကိစ္စမဟိ

    [kìsɪ́səmhì]
    ၁၊ ငယ်ရေ အမှုမထားလောက်သော အရာ (ဖြစ်တေ)။ ၂၊ အရီးမပါရေ ဂရုမပြုလောက်သော အကြောင်းအရာ၊ အဖြစ်အပျက်
    ၁၊ သေးငယ်သော အမှုမထားလောက်သော အရာ (ဖြစ်သည်)။ ၂၊ အရေးမပါသော ဂရုမပြုလောက်သော အကြောင်းအရာ၊ အဖြစ်အပျက်
    no matter
    ကြိယာ

    ကိစ္စများ

    [kìsɪ́səmrá]
    ၁၊ ပြုလုပ်ဖွယ်တိစွာ။ တာဝန်တိရေ။ ၂၊ အခက်အခဲနှင့် နိူင်းဆိုင်နီရရေ။ ကိစ္စမြောင်၊ လူရို့ဘောင်၌ ၊ မရှောင် နိုင်သမျှ၊ ဝဋ်ဒုက္ခနှင့် မလွတ်နှိုင်ပါ
    ၁၊ ပြုလုပ်ဖွယ်များသည်။ တာဝန်များသည်။ ၂၊ အခက်အခဲနှင့် ယှဉ်ဆိုင်နေရသည်။ ကိစ္စမြောင်၊ လူတို့ဘောင်၌ ၊ မရှောင် နိုင်သမျှ၊ ဝဋ်ဒုက္ခနှင့် မလွတ်နိုင်ပါ
    [fig] get into difficulties
    ကြိယာ

    ကိစ္စရီစ္စ

    [kìsɪ́səɹísɪ́sə]
    ပြုသင့်ပြုအပ်ရေအမှု၊ ပြုလုပ်ဖို့အမှု တခုတရီ၊ အမှုကိစ္စ၊ မဟိရယောင်(မျိုးက်)(ပါ)
    ပြုသင့်ပြုအပ်သောအမှု၊ ပြုလုပ်ရန်အမှု တစ်စုံတစ်ခု၊ အမှုကိစ္စ၊ မဟိရအောင်(မျောက်)(ပါ)
    matter
    နာမ်

    ကိစ္စဝိစ္စ

    [kìsɪ́səwìsɪ́sə]
    အမှုကြီးငယ်ဟူသမျှကို ခြုံ၍ ခေါ်သော စကား
    အမှုကြီးငယ်ဟူသမျှကို ခြုံ၍ ခေါ်သော စကား
    affair - sundry matters
    နာမ်

    ကိန္နရာ

    [kìn̪a̰n̪n̪a̰ɹà]
    လူအဂေါင်းနှင့် ငှက်ကိုယ်ဟိရေဟုဆိုရေ ထူးသောသတ္တဝါတမျိုး။ (လူကိန္နရာ၊ နတ်ကိန္နရာ၊ ငှက်ကိန္နရာ ဟိရေ ဟူ၏။) (ပါ
    လူဦးခေါင်းနှင့် ငှက်ကိုယ်ရှိသည်ဟုဆိုသော ထူးသောသတ္တဝါတစ်မျိုး။ (လူကိန္နရာ၊ နတ်ကိန္နရာ၊ ငှက်ကိန္နရာ ရှိသည် ဟူ၏။) (ပါ
    bird in the head and body of a creature
    နာမ်

    ကိန္နရီ

    [kìn̪a̰n̪n̪a̰ɹí]
    ကိန္နရာအမ။ (အဝတ်တန်ဆာဒွါဒရာတိကို ဝတ်ဆင်ပြီးမှ ပျံသန်းနှိုင်ရေဟုဆိုရေ နတ်ကိန္နရီလည်း တမျိုးဟိရေဟူ၏။) (ပါ
    ကိန္နရာအမ။ (အဝတ်တန်ဆာဒွါဒရာများကို ဝတ်ဆင်ပြီးမှ ပျံသန်းနိုင်သည်ဟုဆိုသော နတ်ကိန္နရီလည်း တစ်မျိုးရှိသည်ဟူ၏။) (ပါ
    bird in the head and body of a creature
    နာမ်

    ကိန့်

    [kèɪɴ့]
    ကိန့်ဟု ခဲဝါော်သံ
    ကိန့်ဟု ခွေးမြည်သံ
    buck
    နာမ်

    ကိန်း

    [kéɪɴ]
    အိပ်စက်ရေ။ (ပဋိသန္ဓေ) တည်နီရေ
    အိပ်စက်သည်။ (ပဋိသန္ဓေ) တည်နေသည်
    sleep
    ကြိယာ

    ကိန်း၂

    [kéɪɴ၂]
    ရီတွက်ရေ။ ကမ္ဘာတသိန်း၊ တွက်ကိန်းအလွန်ဟိရေ (ရှီးထုံး)
    ရေတွက်သည်။ ကမ္ဘာတစ်သိန်း၊ တွက်ကိန်းအလွန်ရှိသော (ရှေးထုံး)
    count
    ကြိယာ

    ကိန့်ကိန့်

    [kèɪɴ့kèɪɴ့]
    ခွီးကို နာကြင်စွာ ရက်ပြတ်မြည်သော အသံ
    ခွေးကို နာကျင်စွာ အဆက်မပြတ်မြည်သော အသံ
    buck
    နာမ်

    ကိန်းခန်း

    [kéɪɴkʰáɴ]
    ဂြိုဟ်၊ နက္ခတ်၊ တာရာ အကြောင်းခံ၍ ဖြစ်ရန်၊ ပျက်ရန် ကြုံတွိသော ကာလ
    ဂြိုဟ်၊ နက္ခတ်၊ တာရာ အကြောင်းခံ၍ ဖြစ်ရန်၊ ပျက်ရန် ကြုံကြိုက်သော ကာလ
    aeon
    နာမ်

    ကိန်းဝပ်

    [kéɪɴwaʔ]
    တင့်ရေစွာတည်နီရေ။ ကိန်းဝပ်စံပယ်၊ တင့်ရေတော်မှု၏
    တင့်တယ်စွာတည်နေသည်။ ကိန်းဝပ်စံပယ်၊ တင့်တယ်တော်မှု၏
    stay
    ကြိယာ

    ကိန်းသီ

    [kéɪɴθí]
    တိကျသေချာရေ။ ပြောင်းလဲခြင်းမဟိ ဖြစ်တေ
    တိကျသေချာသည်။ ပြောင်းလဲခြင်းမရှိ ဖြစ်သည်
    exact
    ကြိယာ

    ကိန်းအောင်း

    [kéɪɴʔáʊɴ]
    ကျိန်းအောင်းရေ။ သီတင်းသုံးနီထိုင်ရေ။ ကျိန်းအောင်းမွိလျော်သီတင်းသုံးနီတော်မှု၏
    ကျိန်းအောင်းသည်။ သီတင်းသုံးနေထိုင်သည်။ ကျိန်းအောင်းမွေ့လျော် သီတင်းသုံးနေတော်မှု၏
    stay
    ကြိယာ

    ကိရိယာ

    [kìɹìjà]
    ပုဂ္ဂိုလ်အလိုက် လုပ်ငန်းအလိုက် ၀တ်စားဆင်ယင် ကိုင်တွယ် အသုံးပြုရေ ဝန်။ ဆင်ယင်၀တ်စားစရာ တန်ဆာပလာ အစဟိစွာ
    ပုဂ္ဂိုလ်အလိုက် လုပ်ငန်းအလိုက် ၀တ်စားဆင်ယင် ကိုင်တွယ် အသုံးပြုသော ပစ္စည်း။ ဆင်ယင်၀တ်စားစရာ တန်ဆာပလာ စသည်
    implement - instrucment - implement [Pali ကိရိယာ]
    နာမ်

    ကို

    [kÒ]
    ပြုလုပ်ခံရရေ ပုဒ်ကိုညွှန်ပြသော စကားလုံး
    ပြုလုပ်ခံရသော ပုဒ်ကိုညွှန်ပြသော စကားလုံး
    him
    ဝိသေသန

    ကိုး

    [kó]
    ၁၊ မှီခိုရေ။ အားထားရေ။ ဝနာပိုင်ကေ၊ သောနုတ္တိုရ်ဟု၊ မှီခိုကိုးကေ မုဆိုးကျားဟု (ဆဒ္ဒန်)။ အန်စာထိုးဖို့၊ အားကိုးရှာကြ (ဂုတ္တိလ)။ ၂၊ ကိုးကွယ်သည်
    ၁၊ မှီခိုသည်။ အားထားသည်။ ဝနာပိုင်ကေ၊ သောနုတ္တိုရ်ဟု၊ မှီခိုကိုးကေ မုဆိုးကျားဟု (ဆဒ္ဒန်)။ အန်စာထိုးဖို့၊ အားကိုးရှာကြ (ဂုတ္တိလ)။ ၂၊ ကိုးကွယ်သည်
    dependent
    ကြိယာ

    ကို၂

    [kÒ၂]
    မယားက လင်ကိုပြောရာမာ ထည့်ပနာသုံးသော စကားလုံး။ ကို…. ငါ့ကိုပြောခရေဝါ
    မယားက လင်ကိုပြောရာ၌ ထည့်၍သုံးသော စကားလုံး။ ကို…. ငါ့ကိုပြောခရေဝါ
    husband
    နာမ်

    ကိုးကား

    [kóká]
    မှီငြမ်းပြုရေ။ အထောက်အထားပြုသည်
    မှီငြမ်းပြုသည်။ အထောက်အထားပြုသည်
    dependent
    ကြိယာ

    ကိုကို

    [kÒkÒ]
    အစ်ကိုကို ချစ်စနိုးနန့် ခေါ်သော စကားလုံး
    အစ်ကိုကို ချစ်စနိုးဖြင့် ခေါ်သော စကားလုံး
    brother
    နာမ်