Dictionary Entries
Showing 881–900 of 3,186 words
က
ကိုက်
[kaɪʔ]
Arakanese:
သစ်သားကို အချောတိုက်ရရေ လက်သမား ကိရိယာ တမျိုး။ လက်သမားသုံး ရွီပေါ်
Burmese:
သစ်သားကို အချောတိုက်ရသော လက်သမား ကိရိယာ တစ်မျိုး။ လက်သမားသုံး ရွေပေါ်
English:
(carpenter's) plane
Grammar Note:
ကြိယာ
ကိုက်၂
[kaɪʔ၂]
Arakanese:
ကျိုးပဲ့၊ ပေါက်ပြဲ၊ ပွန်းပြတန်၊ ကြေမွလားယောင် သွားနန့် ဖိညှပ်ရေ။ ကတ်ကိုက်အစဟိစွာအနိန်နန့် ဖြတ်ရေ
Burmese:
ကျိုးပဲ့၊ ပေါက်ပြဲ၊ ပွန်းပြတန်၊ ကြေမွသွားအောင် သွားဖြင့် ဖိညှပ်သည်။ ကတ်ကြေးစသည်ဖြင့် ဖြတ်သည်
English:
bite cut (as in ကတ်ကြေးနန့် ~-) ache(as in ခေါင်း~-) come up to (expectations etc.) (as in မှန်းခြေ~) - agree - equal - correspond be tight with (rust etc.) (as in သံချီး~)
Grammar Note:
ကြိယာ
ကိုက်ကျစ်
[kaɪʔt͡ɕɪʔ]
Arakanese:
နှစ်ခုသော ပိုင်ကိုပူး၍ စို့ရိုက်ထားရေ ကိုက်ဖြတ်ပနာရရေ အရာမျိုး
Burmese:
နှစ်ခုသော အသွားကိုပူး၍ စို့ရိုက်ထားသော ကိုက်ဖြတ်၍ရသည့် အရာမျိုး
English:
scissors [ Pali ကတ္တရိကာ ]
Grammar Note:
နာမ်
ကိုက်ကျစ်၂
[kaɪʔt͡ɕɪʔ၂]
Arakanese:
အိမ်အခေါင်ဖေါ်ရန် ခေါင်းရိုးသစ်သား အပေါ်ထက်မာ သစ်သားချောင်းကို ပူးညှပ်ကာ သံရိုက်နှက်ထားရေ အရာ
Burmese:
အိမ်အခေါင်ဖေါ်ရန် ခေါင်းရိုးသစ်သား အပေါ်ထက်တွင် သစ်သားချောင်းကို ပူးညှပ်ကာ သံရိုက်နှက်ထားသော အရာ
English:
principal rafter cf အခေါင် (See illus. at အိမ်)
Grammar Note:
နာမ်
ကိုက်ကျစ်ကိုက်
[kaɪʔt͡ɕɪʔkaɪʔ]
Arakanese:
အ၀တ်အထည် စစွာကို ကတ်ကိုက်ဖြင့် ကိုက်ဖြတ်ရေ
Burmese:
အ၀တ်အထည် စသည်ကို ကတ်ကြေးဖြင့် ကိုက်ဖြတ်သည်
English:
cut off
Grammar Note:
ကြိယာ
ကိုက်ချော
[kaɪʔɕɔ́]
Arakanese:
သစ်သား၊ ပျိုင် စစွာကို ရွီပေါ်ဖြင့် ချောအောင် လုပ်ရေ
Burmese:
သစ်သား၊ ပျဉ် စသည်ကို ရွေပေါ်ဖြင့် ချောအောင် လုပ်သည်
English:
planing - plane (a piece of wood)
Grammar Note:
ကြိယာ
ကိုက်စိနာ
[kaɪʔsìnà]
Arakanese:
တဝတဝငယ်သောအရာ
Burmese:
အလွန်သေးငယ်သောအရာ
English:
very small thing
Grammar Note:
နာမ်
ကိုက်စိနာသျှေ
[kaɪʔsìnàʃè]
Arakanese:
အရွယ်ပမာဏ ငယ်သော။ စိကေချေသော
Burmese:
အရွယ်ပမာဏ ငယ်သော။ သေးနုပ်သော
English:
very small
Grammar Note:
နာမဝိသေသန
ကိုက်ညီ
[kaɪʔɲí]
Arakanese:
ညီညွတ်ရေ။ ထိုက်တန်သည်
Burmese:
ညီညွတ်သည်။ ထိုက်တန်သည်
English:
deserve
Grammar Note:
ကြိယာ
ကိုက်တိုက်
[kaɪʔtaɪʔ]
Arakanese:
သစ်သား ၊ ပျိုင် စစွာကို ရွီပေါ်ဖြင့် ချောအောင် လုပ်ရေ
Burmese:
သစ်သား ၊ ပျဉ် စသည်ကို ရွေပေါ်ဖြင့် ချောအောင် လုပ်သည်
English:
planing - plane ( a piece of wood )
Grammar Note:
ကြိယာ
ကိုက်ထိုး
[kaɪʔtʰó]
Arakanese:
ရွီပေါ်ဖြင့် သစ်သား အစဟိစွာရို့ကို မြောင်းကြော ထိုးရေ။ ချောအောင် လုပ်ရေ
Burmese:
ရွေပေါ်ဖြင့် သစ်သား စသည်တို့ကို မြောင်းကြော ထိုးသည်။ ချောအောင် လုပ်သည်
English:
planing - plane ( a piece of wood)
Grammar Note:
ကြိယာ
ကိုက်ထီကိုက်ထိုက်
[kaɪʔtʰíkaɪʔtʰaɪʔ]
Arakanese:
မညီမညာ မပြေမပြစ်
Burmese:
မညီမညာ မပြေမပြစ်
English:
unevenly
Grammar Note:
ကြိယာဝိသေသန
ကိုက်ရုပ်ကိုက်ရေ
[kaɪʔɹoʊʔkaɪʔɹè]
Arakanese:
အထာနပ် လိမ္မာမှု မဟိရေ။ အသိဉာဏ် နည်းသော
Burmese:
ပါးနပ် လိမ္မာမှု မရှိသော။ အသိဉာဏ် နည်းသော
English:
subnormal
Grammar Note:
နာမဝိသေသန
ကိုက်ရုပ်ကိုက်ရေ၂
[kaɪʔɹoʊʔkaɪʔɹè၂]
Arakanese:
ရှက်ပိုင်ယှောင် ကြောက်ပိုင်ယှောင်
Burmese:
ရှက်သလိုလို ကြောက်သလိုလို
English:
shyly
Grammar Note:
ကြိယာဝိသေသန
ကိုကြီး
[kÒt͡ɕï]
Arakanese:
အစ်ကိုအကြီးကိုဖြစ်စီ၊ အစ်ကိုအရွယ်ကိုဖြစ်စီ ချစ်ခင်ရင်းနှီးစွာခေါ်သော စကားလုံး
Burmese:
အစ်ကိုအကြီးကိုဖြစ်စေ၊ အစ်ကိုအရွယ်ကိုဖြစ်စေ ချစ်ခင်ရင်းနှီးစွာခေါ်သော စကားလုံး
English:
brother
Grammar Note:
နာမ်
ကိုးကွယ်
[kókwɛ̀]
Arakanese:
၁၊ ဆည်းကပ်ပူဇော်ရေ။ ၂၊ အားထားရေ။ ၃၊ နတ်အား ပူဇော်ပ သခြင်းကိုပြုရေ။ ကိုးကွယ်ရာ
Burmese:
၁၊ ဆည်းကပ်ပူဇော်သည်။ ၂၊ အားထားသည်။ ၃၊ နတ်အား ပူဇော်ပ သခြင်းကိုပြုသည်။ ကိုးကွယ်ရာ
English:
cleave
Grammar Note:
ကြိယာ
ကိုးကွယ်ရာ
[kókwɛ̀ɹà]
Arakanese:
ဆည်းကပ်ပူဇော်ရာ၊ ယုံကြည်ကိုးစားရာ၊ အားကိုးမှီခိုရာ
Burmese:
ဆည်းကပ်ပူဇော်ရာ၊ ယုံကြည်ကိုးစားရာ၊ အားကိုးမှီခိုရာ
English:
cleave
Grammar Note:
နာမ်
ကိုင်
[kàɪɴ]
Arakanese:
လက်နန့် ကိုင်ရေ။ လက်မာ မြဲစွာထားရေ
Burmese:
လက်ဖြင့် ကိုင်သည်။ လက်တွင် မြဲစွာထားသည်
English:
hold in the hand - handle - grasp - fondle use ( as in ဤထီးကို အမိရာ~စွာပါ။) - dabble in (as in ရာသီမပိုင် ဆေးမ~နန့်) keep (books) (as in စာရင်း~-) maintain impose Apply (as in စည်းကမ်း~-) - manage - operate set right (as in အကြော~-) - repair (as in
Grammar Note:
ကြိယာ
ကိုင်း
[káɪɴ]
Arakanese:
အောက်ကို ညွတ်ခေါက်ရေ။ အရိုအသီ ပြုသည်
Burmese:
အောက်သို့ ညွတ်ကွေးသည်။ အရိုအသေ ပြုသည်
English:
bend over - bend down - stoop - be bent respect
Grammar Note:
ကြိယာ
ကိုင်၂
[kàɪɴ၂]
Arakanese:
ဆား ငပိရည် ငရုပ်အစဟိစွာ ထည့်ထားရန် ခကြကြား ရက်လုပ်ထားရေ ဆွဲတောင်း
Burmese:
ဆား ငပိရည် ငရုပ်စသည် ထည့်ထားရန် ခပ်ကျဲကျဲ ရက်လုပ်ထားသော ခြင်းတောင်း
English:
basket
Grammar Note:
နာမ်