Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 901–920 of 3,186 words

    က

    ကိုင်း၂

    [káɪɴ၂]
    အောက်ကို ညွတ်ကွေးနိန်ရေ အရာ
    အောက်သို့ ညွတ်ကွေးနေသော အရာ
    bent under
    နာမ်

    ကိုင်၃

    [kàɪɴ၃]
    ကြိယာကို အထောက်အကူပြု အားပီးသော စကားလုံး
    ကြိယာကို အထောက်အကူပြု အားပေးသော စကားလုံး
    lolly
    နာမ်

    ကိုင်း၃

    [káɪɴ၃]
    နူန်းတင်မြေနုကွက်
    နူန်းတင်မြေနုကွက်
    land formed bu the process of silting cultivation on such land reed of the Sacchrum species - loam
    နာမ်

    ကိုင်း၄

    [káɪɴ၄]
    တခုတရီ အလုပ်အဆုံး သတ်ခါနီးမာ သုံးသောစကား
    တစ်စုံတစ်ခု အလုပ်အဆုံး သတ်ခါနီးတွင် သုံးသောစကား
    finally
    ပစ္စည်း

    ကိုင်း၅

    [káɪɴ၅]
    ချီးပါယားကေ ချီးကိုတုတ်နန့် စင်အောင် လုပ်ရေ
    ချေးပါပြီးနောက် မစင်ကိုတုတ်ဖြင့် စင်အောင် လုပ်သည်
    cleaning use by stick
    ကြိယာ

    ကိုင်ကိုင်

    [kàɪɴkàɪɴ]
    ကြိယာကို အထောက်အကူပြု အားပီးသော အာမေဋိတ်စကားလုံး
    ကြိယာကို အထောက်အကူပြု အားပေးသော အာမေဋိတ်စကားလုံး
    exclamation
    နာမ်

    ကိုင်းကိုင်း

    [káɪɴkáɪɴ]
    စိကေချေ အောက်ကို ကွေးကိုင်းဗျာယ်
    အနည်းငယ် အောက်သို့ ကွေးကိုင်းလျက်
    bent under
    ကြိယာဝိသေသန

    ကိုင်းကူး

    [káɪɴkùး]
    ရှောက်၊ သမ္ဘရာ အစဟိစွာ့ အပင် အကိုင်းအခက်ကို စိကေချေ ခြစ်ပစ်ပြီး နွားချီးနန့် စည်းနှောင်ကာ အမြစ် ထွက်လှာရေအခါ အကိုင်းကို ဖြတ်ပနာ မြေမာစိုက်သည်
    ရှောက်၊ သမ္ဘရာ စသည့် အပင် အကိုင်းအခက်ကို အနည်းငယ် ခြစ်ပစ်ပြီး နွားချေးဖြင့် စည်းနှောင်ကာ အမြစ် ထွက်လာသောအခါ အကိုင်းကို ဖြတ်၍ မြေတွင်စိုက်သည်
    graft ( horticulure )
    ကြိယာ

    ကိုင်းကျွန်း

    [káɪɴt͡ɕʊ́ɴ]
    မြီအောက်မှ နူန်းမြေများ ပို့သနန့် ဖြစ်ထွန်းလာရေ မြီနုကျွန်းပေါ် အကွက်
    မြေအောက်မှ နူန်းမြေများ ပို့သဖြင့် ဖြစ်ထွန်းလာသော မြေနုကျွန်းပေါ် အကွက်
    island resulting from silting on which cultivation is done - loam
    နာမ်

    ကိုင်းကြီး

    [káɪɴt͡ɕï]
    အပင် ဝါးပင် ထူထပ်စွာ ပေါက်ရောက် ကျယ်ပြန့်သော တောရိုင်းကြီး
    သစ်ပင် ဝါးပင် ထူထပ်စွာ ပေါက်ရောက် ကျယ်ပြန့်သော တောရိုင်းကြီး
    jungle
    နာမ်

    ကိုင်းခင်း

    [káɪɴkʰɪ́ɴ]
    ကိုင်းထဲက ထွက်သော ဟင်းသီး ဟင်းရွက် သစ်သီးသစ်ရွက်၊ သစ်ဥ သစ်ဖု
    ကိုင်းထဲမှ ထွက်သော ဟင်းသီး ဟင်းရွက် သစ်သီးသစ်ရွက်၊ သစ်ဥ သစ်ဖု
    Home-grown
    နာမ်

    ကိုင်းချင်း

    [káɪɴɕɪ́ɴ]
    အဂု အဂုပင်လျှင်၊ ခဏအဂု
    ယခု ချက်ချင်းပင်လျှင်၊ ခဏချက်ချင်း
    just now
    ကြိယာဝိသေသန

    ကိုင်းချင်း၂

    [káɪɴɕɪ́ɴ၂]
    အာဂန္တု၊ အာဂန္တု တနားချေတဗွေချေ ခဏလာရောက်ယား အဂုပြန်ရန်ပြုရေအခါ အိမ်ရှင်က ပြောသော စကား
    အာဂန္တု၊ ဧည့်သည် ခေတ္တ ခဏလာရောက်ပြီး ချက်ချင်းပြန်ရန်ပြုသောအခါ အိမ်ရှင်က ပြောသော စကား
    just now
    နာမ်

    ကိုင်းချင်းပင်

    [káɪɴɕɪ́ɴpɪ̀ɴ]
    အဂုအဂုပင်လျှင်၊ ခဏအဂု
    ယခုချက်ချင်းပင်လျှင်၊ ခဏချက်ချင်း
    just now
    နာမ်

    ကိုင်ငင်

    [kàɪɴŋɪ̀ɴ]
    ကိုယ့်သို့ ပါအောင် ဆွဲရေ
    မိမိသို့ ပါအောင် ဆွဲသည်
    attract
    ကြိယာ

    ကိုင်စွဲ

    [kàɪɴswɛ]
    လက်မာ ကိုင်ပနာ ဆောင်ရေ
    လက်တွင် ကိုင်၍ ဆောင်သည်
    adhere firmly ( to a creed )
    ကြိယာ

    ကိုင်ဆွဲ

    [kàɪɴsʰwɛ]
    ကိုယ့်သို့ ပါအောင် ဆွဲရေ
    မိမိသို့ ပါအောင် ဆွဲသည်
    attract
    ကြိယာ

    ကိုင်းတံ

    [káɪɴtံ]
    ပပိန်ချေသော ဝါးဖျားမာ ကြိုးတပ်ပြီးကေ သံမျှားချိတ်နန့် ငါးမျှားသော ငါးမျှားတံ
    သေးသွယ်သော ဝါးဖျားတွင် ကြိုးတပ်၍ သံမျှားချိတ်ဖြင့် ငါးမျှားသော ငါးမျှားတံ
    Fishing-rod
    နာမ်

    ကိုင်းတော

    [káɪɴtɔ́]
    အပင် ဝါးပင် ထူထပ်စွာ ပေါက်ရောက် ကျယ်ပြန့်သော တောရိုင်းကြီး
    သစ်ပင် ဝါးပင် ထူထပ်စွာ ပေါက်ရောက် ကျယ်ပြန့်သော တောရိုင်းကြီး
    jungle
    နာမ်

    ကိုင်တွယ်

    [kàɪɴtwɛ̀]
    လက်နန့်ကိုင်ပနာ သုံးသပ်သည်
    လက်ဖြင့်ကိုင်၍ သုံးသပ်သည်
    handle manage - tackle
    ကြိယာ