Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 3,186 words

    က

    ကိုယ်ငွိ.

    [kÒɛ̀ŋwì.]
    ကိုယ်ခန္ဓာမှ ထွက်သော အပူဟိန်
    ကိုယ်ခန္ဓာမှ ထွက်သော အပူငွေ့
    body temperature
    နာမ်

    ကိုယ်စား

    [kÒɛ̀sá]
    တယောက်တလီသော သူ၏အတွက် ဝင်ရောက်ပနာ ကိစ္စကြီးငယ်ကို ပြုလုပ်ဆောင်ရွက်သူ။ တက်စားတော်
    တစ်စုံတစ်ယောက်သော သူ၏အတွက် ဝင်ရောက်၍ ကိစ္စကြီးငယ်ကို ပြုလုပ်ဆောင်ရွက်သူ။ ကိုယ်စားတော်
    delegate
    နာမ်

    ကိုယ်စားတော်

    [kÒɛ̀sátɔ̀]
    ကိုယ့် အကျိုးအပြစ်ကို ခံစားနီကျန်ရန် ထားခခြင်း
    မိမိ အကျိုးအပြစ်ကို ခံစားနေရစ်ရန် ထားခဲ့ခြင်း
    leave
    နာမ်

    ကိုယ်စားလှယ်

    [kÒɛ̀sáɬɛ̀]
    တယောက်တလီ တနည်း တသင်းတတိုင်သားအတွက် ကိစ္စကြီးငယ်ကို ဆောင်ရွက်ရန် ပီးအပ်ထားခြင်းခံရသူ
    တစ်စုံတစ်ယောက် သို့မဟုတ် တစ်သင်းတစ်ဖွဲ့အတွက် ကိစ္စကြီးငယ်ကို ဆောင်ရွက်ရန် ပေးအပ်ထားခြင်းခံရသူ
    delegate
    နာမ်

    ကိုယ်စီ

    [kÒɛ̀sí]
    လူတိုင်းလူတိုင်း။ကိုယ်စီကိုယ်စီ၊ သားကိုချီ၍(ဗမာချီ)။ ကိုယ်တားလက်တား တက်လောင်းာ်ကိုယ်စီ၊ ပင်တွန်းယှာရှာ(တေး)
    လူတိုင်းလူတိုင်း။ကိုယ်စီကိုယ်စီ၊ သားကိုချီ၍(ဗမာချီ)။ ကိုယ်တားလက်တား တက်လှော်ကိုယ်စီ၊ ပင်တွန်းရှာရှာ(တေး)
    everybody
    နာမ်

    ကိုယ်စီကိုယ်င

    [kÒɛ̀síkÒɛ̀ŋ]
    လူတိုင်းလူတိုင်း။ကိုယ်စီကိုယ်စီ၊ သားကိုချီ၍(ဗမာချီ)
    လူတိုင်းလူတိုင်း။ကိုယ်စီကိုယ်စီ၊ သားကိုချီ၍(ဗမာချီ)
    everybody
    နာမ်

    ကိုယ်စီကိုယ်စီ

    [kÒɛ̀síkÒɛ̀sí]
    လူတိုင်းလူတိုင်း။ ကိုယ်စီကိုယ်စီ၊ သားကိုချီ၍ (ဗမာချီ)
    လူတိုင်းလူတိုင်း။ ကိုယ်စီကိုယ်စီ၊ သားကိုချီ၍ (ဗမာချီ)
    everybody
    နာမ်

    ကိုယ့်စွာ

    [kÒɛ့̀swà]
    (ငါ့စွာ၊ ငါ့ဥစ္စာဟု) ကိုယ့်ဥစ္စာဖြစ်ကတ်ောင်းကို ညွှန်ပြသောစကားလုံး
    (ငါ့ဟာ၊ ငါ့ဥစ္စာဟု) မိမိဥစ္စာဖြစ်ကြောင်းကို ညွှန်ပြသောစကားလုံး
    mine
    နာမ်စား

    ကိုယ်တက်

    [kÒɛ̀tɛʔ]
    ခွန်အားကြီးမားရေ။ သန်မာထွားကျိုင်းရေ။ ဝဖြိုးရေ။ စားကတ်ုံးမိုးသောက်ဖက်၊ ကိုယ်မတက် (ပုံ)
    ခွန်အားကြီးမားသည်။ သန်မာထွားကျိုင်းသည်။ ဆူဖြိုးသည်။ စားကြုံးမနက်၊ ကိုယ်မတက် (ပုံ)
    strong
    ကြိယာ

    ကိုယ်တက်၂

    [kÒɛ̀tɛʔ၂]
    ခွန်အားကြီးမားသူ။ သန်မာထွားကျိုင်းသူ။ ဝဖြိုးသူ
    ခွန်အားကြီးမားသူ။ သန်မာထွားကျိုင်းသူ။ ဆူဖြိုးသူ
    strong man
    နာမ်

    ကိုယ်တင်

    [kÒɛ̀tɪ̀ɴ]
    ခြုံးတင် ပုဝါတမျိုး
    ခြုံးတင် ပုဝါတစ်မျိုး
    shawl
    နာမ်

    ကိုယ်တင်လက်တင်

    [kÒɛ̀tɪ̀ɴlɛʔtɪ̀ɴ]
    ၁၊ မေထုန်ကျူးလွန်ခြင်းအမှုကိုပြုရေ။ ၂၊ ကျူးလွန်လိုမူစိတ်နန့် မမာ့နှင့်ယောင်္ကျားရို့ ကိုယ်လက်အင်္ဂါတိကို ကိုင်တွယ် သုံးသပ်ရေ။ ၃၊ ရင်းနှီးခင်မင်သနန့် ကိုယ်လက်ကို ကိုင်တွယ်သည်
    ၁၊ မေထုန်ကျူးလွန်ခြင်းအမှုကိုပြုသည်။ ၂၊ ကျူးလွန်လိုမူစိတ်ဖြင့် မိန်းမနှင့်ယောင်္ကျားတို့ ကိုယ်လက်အင်္ဂါများကို ကိုင်တွယ် သုံးသပ်သည်။ ၃၊ ခင်မင်ရင်းနှီးသဖြင့် ကိုယ်လက်ကို ကိုင်တွယ်သည်
    man and women by sexually
    ကြိယာ

    ကိုယ်တည်း

    [kÒɛ̀tɛ́]
    တဦးတည်း။ လုံးချင်းတည်း
    တစ်ဦးတည်း။ တစ်ယောက်တည်း
    single
    နာမ်

    ကိုယ့်တတ်သဝတ်သ

    [kÒɛ့̀taʔθwaʔθ]
    လူတိ၏ ပယောဂမပါ ကိုယ့်ဘာသာ။ အလျောက်အနိန်နန့်
    သူတစ်ပါး၏ ပယောဂမပါ မိမိဘာသာ။ အလျောက်အားဖြင့်
    all by myself
    ကြိယာဝိသေသန

    ကိုယ့်တတ်သားကိုယ်

    [kÒɛ့̀taʔθákÒɛ̀]
    လူတိ၏ ပယောဂမပါ ကိုယ့်ဘာသာ။ အလျောက်အနိန်နန့်။ ကိုယ့် သဘောအတိုင်းသာ။ ကိုယ့်နည်းကိုယ့်ဟန်
    သူတစ်ပါး၏ ပယောဂမပါ မိမိဘာသာ။ အလျောက်အားဖြင့်။ မိမိ သဘောအတိုင်းသာ။ ကိုယ့်နည်းကိုယ့်ဟန်
    all by myself
    ကြိယာဝိသေသန

    ကိုယ်တားလက်တား

    [kÒɛ̀tálɛʔtá]
    အလိုဟိရေအခါ ရဟိစီရန် အလို့။ ပိုင် မေမေ
    အလိုရှိသောအခါ ရရှိစေရန် အလို့။ လိုလို မယ်မယ်
    extra
    ကြိယာ

    ကိုယ်တိုင်

    [kÒɛ̀tàɪɴ]
    (ကိုယ့်ကလွဲကေ) တခြားတပါးမဟုတ်သူ။ နဝဒတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်လှား(ကော်)
    (မိမိမှတစ်ပါး) တစ်ခြားတစ်ပါးမဟုတ်သူ။ နဝဒတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်သွား(ကော်)
    by myself
    နာမ်

    ကိုယ်တိုင်ကိုယ်ကျ

    [kÒɛ̀tàɪɴkÒɛ̀t͡ɕ]
    (ကိုယ့်) ပါဝင်ဆောင်ရွက်ဗျာယ်
    (မိမိကိုယ်တိုင်) ပါဝင်ဆောင်ရွက်လျက်
    participate
    ကြိယာဝိသေသန

    ကိုယ်တုံးတုံး

    [kÒɛ̀tóʊɴtóʊɴ]
    အဝတ်အစားမပါရေ ကိုယ်ခန္ဓာ
    အဝတ်အစားမပါသော ကိုယ်ခန္ဓာ
    undress body
    နာမ်

    ကိုယ်တုတ်

    [kÒɛ̀toʊʔ]
    ဝဖြိုး တောင့်တင်းခြင်း
    ဝဖြိုး တောင့်တင်းခြင်း
    fat
    နာမ်