Dictionary Entries
Showing 81–100 of 3,186 words
က
ကင်းစုန်း
[kɪ́ɴsóʊɴ]
Arakanese:
ညဇာအခါမှ ကိုယ်မှ အရောင်၀င်းလက်လက် ဖြစ်ပေါ်စီရေ့ ကင်းအမျိုး၀င် ပိုးတမျိုး
Burmese:
ညအခါတွင် ကိုယ်မှ အရောင်၀င်းလက်လက် ဖြစ်ပေါ်စေသည့် ကင်းအမျိုး၀င် ပိုးတစ်မျိုး
English:
glow-worm - firefly
Grammar Note:
နာမ်
ကင်းစောင့်
[kɪ́ɴsa̰ʊɴ]
Arakanese:
ရန်သူ၏ပိုင်အလာကို စောင့်ကြည့်နီသူ
Burmese:
ရန်သူ၏အသွားအလာကို စောင့်ကြည့်နေသူ
English:
sentry
Grammar Note:
နာမ်
ကင်းစွန်း
[kɪ́ɴsʊ́ɴ]
Arakanese:
လူအများအမြဲတမ်း ဟင်းစားနိကတ်ရေ့ ရေမာ တွား၍ ပေါက်သော အရွက်တမျိုး
Burmese:
လူအများအမြဲတမ်း ဟင်းစားနေကြသည့် ရေတွင် တွား၍ ပေါက်သော အရွက်တစ်မျိုး
English:
water convolvulus Ipomaea aquatica - water spinach
Grammar Note:
နာမ်
ကင်းစွန်းမြောက်
[kɪ́ɴsʊ́ɴmɹɔ́ɛʔ]
Arakanese:
အရွက်လက်ခြားဟိပြီးကေ အဥဥသော ကုန်းကန်စွန်း တမျိုး
Burmese:
အရွက်လက်ခြားရှိ၍ အဥဥသော ကုန်းကန်စွန်း တစ်မျိုး
English:
sweet potato plant Ipomaea batatas
Grammar Note:
နာမ်
ကင်စွန်းရိုးရှည်
[kɪ̀ɴsʊ́ɴɹóʃɛ̀]
Arakanese:
စကားကို ဆုံးခန်း ထိတောင်မဟိ၊ နားအယိုးအောင် နားကြားပျင်းအောင်ပြောသူ
Burmese:
စကားကို ဆုံးခန်း တိုင်အောင်မရှိ၊ နားညည်းအောင် နားကြားပျင်းအောင်ပြောသူ
English:
communicative
Grammar Note:
နာမ်
ကင်စွန်းရိုးရှည်ငင်
[kɪ̀ɴsʊ́ɴɹóʃɛ̀ŋɪ̀ɴ]
Arakanese:
စကားကို စီကာ ပတ်ကုံး ပြောမဆုံးအောင် စကားကြော ရှည်သူ
Burmese:
စကားကို စီကာ ပတ်ကုံး ပြောမဆုံးအောင် စကားကြော ရှည်သူ
English:
communicative
Grammar Note:
နာမ်
ကင်းဆိတ်
[kɪ́ɴsʰeɪʔ]
Arakanese:
ကွယ်ပျောက်သည်၊ တိမ်မြုပ်သည်၊ အသံမဟိ တိတ်သည်
Burmese:
ကွယ်ပျောက်သည်၊ တိမ်မြုပ်သည်၊ အသံမရှိ တိတ်သည်
English:
silence
Grammar Note:
ကြိယာ
ကင်းဆိပ်
[kɪ́ɴsʰìaʔ]
Arakanese:
အထုတ်အခွန် ကောက်ခံရာဆိပ်။ ဆိပ်ခုံ
Burmese:
အထုတ်အခွန် ကောက်ခံရာဆိပ်။ ဆိပ်ကမ်း
English:
quayside - harbour - wharf - jetty - port
Grammar Note:
နာမ်
ကင်းတပ်
[kɪ́ɴtaʔ]
Arakanese:
တပ်ရင်း၊ တပ်မ၊ မတက်မီ အလျင်ချီတက်ကာ ရန်သူရို့ကို လျှို့ဝှက် မီးမြန်း စနည်းနာတိုက်ခိုက်သော တပ်
Burmese:
တပ်ရင်း၊ တပ်မ၊ မတက်မီ အလျင်ချီတက်ကာ ရန်သူတို့ကို လျှို့ဝှက် မေးမြန်း စုံစမ်းတိုက်ခိုက်သော တပ်
English:
military
Grammar Note:
နာမ်
ကင်တိုက်
[kɪ̀ɴtaɪʔ]
Arakanese:
ဘုန်းကြီးပျံမာ အလောင်းကို မီးတိုက်ရရေ ကိရိယာ တမျိုး
Burmese:
ဘုန်းကြီးပျံတွင် အလောင်းကို မီးရှို့ရသော ကိရိယာ တစ်မျိုး
English:
none
Grammar Note:
နာမ်
ကင်တိုက်ဒုံး
[kɪ̀ɴtaɪʔdóʊɴ]
Arakanese:
ဘုန်းကြီးပျံမာ အလောင်းကို မီးတိုက်ရရေ ကိရိယာ တမျိုး
Burmese:
ဘုန်းကြီးပျံတွင် အလောင်းကို မီးရှို့ရသော ကိရိယာ တစ်မျိုး
English:
none
Grammar Note:
နာမ်
ကင်းတဲ
[kɪ́ɴtɛ]
Arakanese:
ကင်းသမားများ ရန်သူကို စောင့်ကြည့်ရာ အဆောက်အအုံ
Burmese:
ကင်းသမားများ ရန်သူကို စောင့်ကြည့်ရာ အဆောက်အအုံ
English:
sentry post - guard house - watch tower
Grammar Note:
နာမ်
ကင်းထူ
[kɪ́ɴtʰù]
Arakanese:
အသားထူရေ ဝါး။ အခွံထူရေ သစ်သားအစဟိစွာ
Burmese:
အသားထူသော ဝါး။ အခွံထူသော သစ်သားစသည်
English:
thick
Grammar Note:
နာမ်
ကင်းထူ၂
[kɪ́ɴtʰù၂]
Arakanese:
လွယ်လင့်တကူနှင့် နားမကြားသူ။ အလွယ်ချေနှင့် နားမလည်နိုင်သူ
Burmese:
လွယ်လွယ်ကူကူနှင့် နားမကြားသူ။ လွယ်လွယ်နှင့် နားမလည်နိုင်သူ
English:
dullard
Grammar Note:
နာမ်
ကင်းထူ၃
[kɪ́ɴtʰù၃]
Arakanese:
ဉာဏ်ပညာ ထုံထိုင်းရေ။ သွက်လက်မှုကင်းသည်
Burmese:
ဉာဏ်ပညာ ထုံထိုင်းသည်။ သွက်လက်မှုကင်းသည်
English:
blunt
Grammar Note:
ကြိယာ
ကင်းထူကြီး
[kɪ́ɴtʰùt͡ɕï]
Arakanese:
ဉာဏ်ပညာ ထိုင်မှိုင်းသော။ အသိတရား ကင်းသော
Burmese:
ဉာဏ်ပညာ ထိုင်မှိုင်းသော။ အသိတရား ကင်းသော
English:
blunt
Grammar Note:
နာမဝိသေသန
ကင်ပိတ်
[kɪ̀ɴpeɪʔ]
Arakanese:
အရွက်ကိုစားရရေ အရိုး ဖြူနီ နွယ်ပင်တမျိုး
Burmese:
အရွက်ကိုစားရသော အရိုး ဖြူနီ နွယ်ပင်တစ်မျိုး
English:
type of red vine tree
Grammar Note:
နာမ်
ကင်းပိတ်
[kɪ́ɴpeɪʔ]
Arakanese:
အခေါင်းအပေါက် ဟိဗျာယ်မဟိ၊ အသားပိတ်နိန်ရေ အရာ
Burmese:
အခေါင်းအပေါက် ရှိလျက်မရှိ၊ အသားပိတ်နေသော အရာ
English:
Things are closed
Grammar Note:
နာမ်
ကင်းပိတ်ထူ
[kɪ́ɴpeɪʔtʰù]
Arakanese:
လုံး၀နားမကြားသူ။ ဇာတခုလေ့မသိရေ လူ လူအ၊ လူန
Burmese:
လုံး၀နားမကြားသူ။ ဘာမှမသိသော လူ လူအ၊ လူန
English:
booby
Grammar Note:
နာမ်
ကင်းပိတ်သျှေ
[kɪ́ɴpeɪʔʃè]
Arakanese:
ငယ်သော အပေါက် အခေါင်းပါရေ အရာ။ ဝါး
Burmese:
ငယ်သော အပေါက် အခေါင်းပါသော အရာ။ ဝါး
English:
bamboo
Grammar Note:
နာမ်