Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 981–1,000 of 3,186 words

    က

    ကိုယ်တုတ်ကေ

    [kÒɛ̀toʊʔkè]
    ဝဖြိုးတောင့်တင်းခြင်းဟိရေ သူ
    ဝဖြိုးတောင့်တင်းခြင်းရှိသော သူ
    fleshy man
    နာမ်

    ကိုယ်တုတ်ကြီး

    [kÒɛ̀toʊʔt͡ɕï]
    ဝဖြိုးတောင့်တင်းခြင်းဟိရေ သူ
    ဝဖြိုးတောင့်တင်းခြင်းရှိသော သူ
    fleshy man
    နာမဝိသေသန

    ကိုယ်တူကျိုးပြု

    [kÒɛ̀tùt͡ɕópɹoʊ]
    ကိုယ့်နန့် မခွဲမခြား တတန်းတည်းထားရေ
    မိမိနှင့် မခွဲမခြား တစ်တန်းတည်းထားသည်
    Self-interest same give to share other person
    ကြိယာ

    ကိုယ်တော်

    [kÒɛ̀tɔ̀]
    ရဟန်းများ။ အသျှင်။ သခင်။ မင်းများအစဟိစွာရို့ကို ရိုသေသမှုခေါ်ဝေါ် ပြောဆိုမှုပြုရာမာ သုံးသောစကားလုံး။ ကိုယ်တော်ထွတ်ဖျား၊ မင်းယောင်္ကျားမာ(ပန်း)
    ရဟန်းများ။ အရှင်။ သခင်။ မင်းများစသည်တို့ကို ရိုသေသမှုခေါ်ဝေါ် ပြောဆိုမှုပြုရာတွင် သုံးသောစကားလုံး။ ကိုယ်တော်ထွတ်ဖျား၊ မင်းယောင်္ကျားမှာ(ပန်း)
    majesty
    နာမ်

    ကိုယ်တော်ကပ်

    [kÒɛ̀tɔ̀kaʔ]
    သက်တော်စောင့်။ အပါးတော်မြဲ။ နောက်ခါအမြဲ မကွာလိုက်ပါရေ သူ
    သက်တော်စောင့်။ အပါးတော်မြဲ။ နောက်မှအမြဲ မကွာလိုက်ပါသော သူ
    bodyguard
    နာမ်

    ကိုယ်တွိ.

    [kÒɛ̀twì.]
    ကိုယ့် တွိကြုံခံစားခရရေ အဖြစ်အပျက်
    မိမိကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်
    event
    နာမ်

    ကိုယ်ထင်ပြ

    [kÒɛ̀tʰɪ̀ɴpɹ]
    တန်ခိုးနန့် ရုပ်ဆင်းအသွင်ကို မြင်ယောင်ပြရေ။ စန္ဒီဖြူလေ၊ အမှုတိမ်းကေ၊ အစိမ်းမကေ၊ ခဏထိုမာ၊ ကိုယ်ထင်လည်းပြ (ဂုတ္တိလ)
    တန်ခိုးဖြင့် ရုပ်ဆင်းအသွင်ကို မြင်အောင်ပြသည်။ စန္ဒီဖြူလေ၊ အမှုတိမ်းကေ၊ အစိမ်းမလျှင်၊ ခဏထိုတွင်၊ ကိုယ်ထင်လည်းပြ (ဂုတ္တိလ)
    appear (as in apparition)
    နာမ်

    ကိုယ်ထည်

    [kÒɛ̀tʰɛ̀]
    အဂေါင်းခြေလက်မပါရေ အခြီခံကိုယ်ခန္ဓာ
    ဦးခေါင်းခြေလက်မပါသော အခြေခံကိုယ်ခန္ဓာ
    body
    နာမ်

    ကိုယ်ထိလက်ရောက်

    [kÒɛ̀tʰìlɛʔɹɔ́ɛʔ]
    (ကိုယ့်) ပါဝင်ဆောင်ရွက်ဗျာယ်
    (မိမိကိုယ်တိုင်) ပါဝင်ဆောင်ရွက်လျက်
    participate
    ကြိယာဝိသေသန

    ကိုယ်ထီး

    [kÒɛ̀tʰï]
    ၁၊ တကိုယ်တည်း။ လုံးချင်းတည်း။ ၂၊ ကိုယ်ခန္ဓာ ဆူဖြိူးသောသူ
    ၁၊ တစ်ကိုယ်တည်း။ တစ်ယောက်တည်း။ ၂၊ ကိုယ်ခန္ဓာ ဆူဖြိူးသောသူ
    single
    နာမ်

    ကိုယ်ထီးကိုယ်ပိုင်

    [kÒɛ̀tʰïkÒɛ̀pàɪɴ]
    ကိုယ့်လုံးချင်းတည်းပိုင်ဆိုင်ရေ ဝန်ဥစ္စာအစဟိစွာ
    မိမိတစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်သော ပစ္စည်းဥစ္စာစသည်
    own
    နာမ်

    ကိုယ်ထီးကိုယ်ပါး

    [kÒɛ̀tʰïkÒɛ̀pàး]
    ကိုယ်တိုင်ကိုကျ
    ကိုယ်တိုင်ကိုကျ
    by myself
    ကြိယာဝိသေသန

    ကိုယ်ထီးကိုယ်ပါးကိုယ်ထီးကိုယ်ပါး

    [kÒɛ̀tʰïkÒɛ̀pàးkÒɛ̀tʰïkÒɛ̀pàး]
    ကိုယ်တိုင်ကိုကျ ကိုယ်တိုင်ကိုကျ
    ကိုယ်တိုင်ကိုကျ ကိုယ်တိုင်ကိုကျ
    all by myself
    ကြိယာဝိသေသန

    ကိုယ်ထူကိုယ်ထ

    [kÒɛ̀tʰùkÒɛ̀tʰ]
    တပါးသူ၏အကူအညီမယူပဲ ကိုယ့် ကြိုးစားအားထုတ်ဗျာယ်
    တစ်ပါးသူ၏အကူအညီမယူပဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်လျက်
    by myself
    ကြိယာဝိသေသန

    ကိုယ်ထွက်ကတ္တီပါရောင်

    [kÒɛ̀tʰwɛʔkt̪t̪a̰ípàɹàʊɴ]
    အလွန်နက်ကြုတ်သော။ အထူးမဲနက်ရေ အသားရောင်ဟိရေ
    အလွန်နက်ကြုတ်သော။ အထူးမည်းနက်သော အသားရောင်ရှိသော
    black
    နာမဝိသေသန

    ကိုယ်ထွက်ကတ္တီပါရောင်၂

    [kÒɛ̀tʰwɛʔkt̪t̪a̰ípàɹàʊɴ၂]
    ယင်းပိုင်မဲနက်ရေ အသားအရီာင်ဟိရေသူ
    ယင်းသို့မည်းနက်သော အသားအရောင်ရှိသောသူ
    black man
    နာမဝိသေသန

    ကိုယ်နည်းကိုယ်ဟန်

    [kÒɛ̀nɛ́kÒɛ̀hàɴ]
    ကိုယ့်သဘောအတိုင်းဖြင့် ကိုယ့်အစီအစိုင်ဖြင့်
    မိမိသဘောအတိုင်းဖြင့် မိမိအစီအစဉ်ဖြင့်
    all by myself
    ကြိယာဝိသေသန

    ကိုယ်နန့်လက်နန့်

    [kÒɛ̀nàɴ့lɛʔnàɴ့]
    (အရပ်သုံး) မဝလွန်းမပိန်လွန်းသော
    (အရပ်သုံး) မဝလွန်းမပိန်လွန်းသော
    body fit
    နာမဝိသေသန

    ကိုယ်နာ

    [kÒɛ̀nà]
    ဆင်းရဲမှုကို ကိုယ်စိတ်ရို့နန့် ခံစားရရေ။ နိန်မကောင်းဖြစ်တေ
    ဆင်းရဲမှုကို ကိုယ်စိတ်တို့ဖြင့် ခံစားရသည်။ မကျန်းမမာဖြစ်သည်
    ill
    ကြိယာ

    ကိုယ်နေဟန်ထား

    [kÒɛ̀nèhàɴtʰá]
    ကိုယ်၏အမူအရာ။ ကိုယ်ခန္ဓာ၏ဟန်ပန်
    ကိုယ်၏အမူအရာ။ ကိုယ်ခန္ဓာ၏ဟန်ပန်
    character
    နာမ်