Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,021–1,040 of 3,186 words

    က

    ကိုယ်ရည်သစ်

    [kÒɛ̀ɹɛ̀θɪʔ]
    ခန္ဓာကိုယ်ကို ရေနန့်သန့်စင်စီရေ
    ခန္ဓာကိုယ်ကို ရေဖြင့်သန့်စင်စေသည်
    watch
    ကြိယာ

    ကိုယ်ရည်သန့်

    [kÒɛ̀ɹɛ̀θàɴ့]
    ပြစ်မှုတခုတရီ မဟိရေသူ
    ပြစ်မှုတစ်စုံတစ်ရာ မရှိသောသူ
    good man
    နာမ်

    ကိုယ်ရည်သွေး

    [kÒɛ̀ɹɛ̀θwé]
    ကိုယ့် ပြုလုပ်ဆောင်ရွက်နိုင်စွမ်း ဂုဏ်သတ္တိကို ဖော်ထုတ်ပြောဆိုရေ
    မိမိ၏ ပြုလုပ်ဆောင်ရွက်နိုင်စွမ်း ဂုဏ်သတ္တိကို ဖော်ထုတ်ပြောဆိုသည်
    uppish
    ကြိယာ

    ကိုယ်ရံတော်

    [kÒɛ̀ɹံtɔ̀]
    သက်တော်စောင့်။ အသျှင်သခင်ကို စောင့်ရှောက်သောသူ
    သက်တော်စောင့်။ အရှင်သခင်ကို စောင့်ရှောက်သောသူ
    bodyguard
    နာမ်

    ကိုယ်ရရေ

    [kÒɛ̀ɹɹè]
    ဝဖြိုးသော ကိုယ်ခန္ဓာ ဟိရေ
    ဆူဖြိုးသော ကိုယ်ခန္ဓာ ရှိသော
    corpulent
    နာမဝိသေသန

    ကိုယ်ရရေ၂

    [kÒɛ̀ɹɹè၂]
    ကိုယ့် ရသင့်ရထိုက်သော ဝန်ကို ရဟိရေ
    မိမိ ရသင့်ရထိုက်သော ပစ္စည်းကို ရရှိသည်
    deserve
    ကြိယာ

    ကိုယ်ရို့

    [kÒɛ̀ɹo̰]
    ကိုယ့်နှင်တကွ အများ (ဗဟုဝုစ်)ကို ညွှန်ပြသော စကားလုံး။ ကိုယ်ရို့မိသားစု။ ကိုယ်ရို့ရွာသား တစု
    မိမိနှင်တကွ အများ (ဗဟုဝုစ်)ကို ညွှန်ပြသော စကားလုံး။ ကိုယ်ရို့မိသားစု။ ကိုယ်ရို့ရွာသား တစ်စု
    many
    နာမ်စား

    ကိုယ်ရီးကိုယ်တာ

    [kÒɛ̀ɹïkÒɛ̀tà]
    ကိုယ့်နှင့်သာဆိုင်ရေ အကြောင်းကိစ္စ
    မိမိနှင့်သာဆိုင်သော အကြောင်းကိစ္စ
    matter
    နာမ်

    ကိုယ်ရီခြုံ

    [kÒɛ̀ɹíkʰɹÒʊɴ]
    (ဥပစာ)လူများနှင့် အသွင်မတူပြုဗျာယ်။ မတူမတန်ပြုဗျာယ်။ မသင့်လျော်သော အနိန်နန့်
    (ဥပစာ)သူတစ်ပါးနှင့် အသွင်မတူပြုလျက်။ မတူမတန်ပြုလျက်။ မသင့်လျော်သော အားဖြင့်
    inappropriate
    ကြိယာဝိသေသန

    ကိုယ်ရုံ

    [kÒɛ̀ɹòʊɴ]
    ၁၊ ရဟန်းရို့၏ အပေါ်ရုံ သင်္ကန်း။ ဧကသီ။ လူရို့၏ အပေါ်ရုံခြုံထည်။ သံဃာတော်ရို့၊ ကိုယ်မာရုံမြန်း၊ ဖန်ရည်စွန်းဗျာယ်၊ သင်္ကန်းကိုလျှင် (ဆဒ္ဒန်) ၂၊ အပေါ်၌ခြုံထားရေ အဝတ်အထည်
    ၁၊ ရဟန်းတို့၏ အပေါ်ရုံ သင်္ကန်း။ ဧကသီ။ လူတို့၏ အပေါ်ရုံခြုံထည်။ သံဃာတော်တို့၊ ကိုယ်မှာရုံမြန်း၊ ဖန်ရည်စွန်းလျက်၊ သင်္ကန်းကိုလျှင် (ဆဒ္ဒန်) ၂၊ အပေါ်၌ခြုံထားသော အဝတ်အထည်
    cloak
    နာမ်

    ကိုယ်ရေးရာဇဝင်

    [kÒɛ̀ɹéɹàzwɪ̀ɴ]
    လူတဦးတယောက်က တသက်တာမာ ကိုယ့်အတွိအကြုံ ဖြစ်ပျက်ခသမျှသော လိုရင်းအကြောင်းအရာတိကို ရီးသားဖော်ပြထားချက်
    လူတစ်ဦးတစ်ယောက်က တစ်သက်တာတွင် မိမိ၏အတွေ့အကြုံ ဖြစ်ပျက်ခဲ့သမျှသော လိုရင်းအကြောင်းအရာများကို ရေးသားဖော်ပြထားချက်
    resume
    နာမ်

    ကိုယ်ရောင်ထင်

    [kÒɛ̀ɹàʊɴtʰɪ̀ɴ]
    ၁၊ အရိပ်အယောင်အသွင်သဏ္ဍာန် (မှန်အစဟိစွာမာထင်ပိုင်) ထင်ရေ။ ၂၊ လူရိပ်လူရောင်ပြရေ။ ရုပ်သွင်ကို မြင်ယောင် ပြရေ
    ၁၊ အရိပ်အယောင်အသွင်သဏ္ဍာန် (မှန်စသည်တွင်ထင်သကဲ့သို့) ထင်သည်။ ၂၊ လူရိပ်လူရောင်ပြသည်။ ရုပ်သွင်ကို မြင်အောင် ပြသည်
    hint
    ကြိယာ

    ကိုယ်ရောင်နာ

    [kÒɛ̀ɹàʊɴnà]
    တခုခုသော ဝေဒနာကြောင့် ကိုယ်ခန္ဓာအသားအရီ ဖောင်းကြွစူမို့လာရေ အနာတမျိုး
    တစ်ခုခုသော ဝေဒနာကြောင့် ကိုယ်ခန္ဓာအသားအရေ ဖောင်းကြွစူမို့လာသော အနာတစ်မျိုး
    (of body) be swollen (from bruises or disease)
    နာမ်

    ကိုယ်ရောင်ပြ

    [kÒɛ̀ɹàʊɴpɹ]
    လူ၏ကိုယ်ပိုင် (မသေးမကွဲ) အရိပ်အရောင်ပြရေ
    လူ၏ကိုယ်ကဲ့သို့ (မသေးမကွဲ) အရိပ်အရောင်ပြသည်
    hint
    ကြိယာ

    ကိုယ်ရောင်ဖျောက်

    [kÒɛ̀ɹàʊɴpʰrɔ́ɛʔ]
    ၁၊ တပါးသူရို့ မတွိမမြင်ရရောင် ပုန်းလျှိုးနိန်ရေ။ ၂၊ တန်ခိုးနန့် ရုပ်သွင်ကို ပျောက်ပျက်စီရေ
    ၁၊ တစ်ပါးသူတို့ မတွေ့မမြင်ရအောင် ပုန်းလျှိုးနေသည်။ ၂၊ တန်ခိုးဖြင့် ရုပ်သွင်ကို ပျောက်ပျက်စေသည်
    hiding
    ကြိယာ

    ကိုယ်ရောစိတ်ပါ

    [kÒɛ̀ɹɔ́seɪʔpà]
    စိတ်ဝင်စားကိုယ်ပါ ကွယ်ဝှက်ပုန်းလှိုခြင်းမဟိဘဲ အာရုံစူးစိုက်ဗျာယ်
    စိတ်ပါကိုယ်ပါ ကွယ်ဝှက်ပုန်းလှိုခြင်းမရှိပဲ အာရုံစူးစိုက်လျက်
    interest
    ကြိယာဝိသေသန

    ကိုယ်လက်တင်

    [kÒɛ̀lɛʔtɪ̀ɴ]
    ၁၊ မေထုန်မှီဝဲရေ။ ၂၊ မေထုန်စိတ်နန့် မမာ့နှင့်ယောက်ျား ကိုယ်အင်္ဂါကို ကိုင်တွယ်သုံးသပ်သည်
    ၁၊ မေထုန်မှီဝဲသည်။ ၂၊ မေထုန်စိတ်ဖြင့် မိန်းမနှင့်ယောက်ျား ကိုယ်အင်္ဂါကို ကိုင်တွယ်သုံးသပ်သည်
    shag
    ကြိယာ

    ကိုယ်လက်ယှင်း

    [kÒɛ̀lɛʔʃɪ́ɴ]
    ကျင်ကြီးကျင်ငယ် စွန့်သည်
    ကျင်ကြီးကျင်ငယ် စွန့်သည်
    excreta
    ကြိယာ

    ကိုယ့်လက်သင့်ရာ

    [kÒɛ့̀lɛʔθɪ̀ɴ့ɹà]
    ကိုယ့်နန့် သင့်မြတ် ခင်မင် ရင်းနှီးရာ။ ချစ်ကျွမ်းဝင်ရာ။ အမျိုးချင်းတူရာ။ တဆိတ်စာကေ၊ ငန့်ကေလည်း၍၊ ကိုယ့်လက်သင့်ရာ၊ ရယ်မောကာနန့် (လွမ်း)
    မိမိနှင့် သင့်မြတ် ခင်မင် ရင်းနှီးရာ။ ချစ်ကျွမ်းဝင်ရာ။ အမျိုးချင်းတူရာ။ တဆိတ်စာလျှင်၊ ငန့်ပါလျက်၍၊ ကိုယ့်လက်သင့်ရာ၊ ရယ်မောကာဖြင့် (လွမ်း)
    relative
    ကြိယာဝိသေသန

    ကိုယ်လက်သစ်

    [kÒɛ̀lɛʔθɪʔ]
    ခန္ဓာကိုယ်ကို ရေနန့် သွန်းလောင်းသန့်စင် စီရေ။ ညခါရီမိုး၊ ချိုး၍လည်း ပစ်၊ ငါ့မြီးပျိုမာ ကိုယ်လက်သစ်ဟု (ဓမ္မသာ)
    ခန္ဓာကိုယ်ကို ရေဖြင့် သွန်းလောင်းသန့်စင် စေသည်။ ညခါရီမိုး၊ ချိုး၍လည်း ပစ်၊ ငါ့မြီးပျိုမှာ ကိုယ်လက်သစ်ဟု (ဓမ္မသာ)
    watch
    ကြိယာ