Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,061–1,080 of 3,186 words

    က

    ကိုယ်သာယူ

    [kÒɛ̀θàjù]
    တစုံ တရာ၏ အရီးအရာပါကြောင်းကို သိစီလိုရွီတွက်နန့် ဖော်ထုတ်ရေ။ ဝင့်ကြွားသည်
    တစ်စုံ တစ်ရာ၏ အရေးအရာပါကြောင်းကို သိစေလိုသောအားဖြင့် ဖော်ထုတ်သည်။ ဝင့်ကြွားသည်
    uppish
    ကြိယာ

    ကိုယ့်သျှင်

    [kÒɛ့̀ʃɪ̀ɴ]
    ကိုယ့်အသျှင်သခင်၊ ပြည့်သျှင်မင်း။ သံမြချိုဧ၊ ကိုယ့်သျှင်မင်းကို၊ ရဲတင်းဖြည့်၍ (ထောနု)
    မိမိ၏အသျှင်သခင်၊ ပြည့်သျှင်မင်း။ သံမြချိုဧ၊ ကိုယ့်သျှင်မင်းကို၊ ရဲတင်းဖြည့်၍ (ထောနု)
    majesty
    နာမ်

    ကိုယ်ဟိ.ရေ

    [kÒɛ̀hì.ɹè]
    မဆူမကြုံ အလယ်အလတ်ဟိရေ ကိုယ်ခန္ဓာ
    မဆူမကြုံ အလယ်အလတ်ရှိသော ကိုယ်ခန္ဓာ
    body
    နာမ်

    ကိုယ်ဟိန်

    [kÒɛ̀hèɪɴ]
    ကိုယ်ခန္ဓာ၏အပူဟိန်။ ကိုယ်၏အပူဟိန်
    ကိုယ်ခန္ဓာ၏အပူငွေ့။ ကိုယ်၏အပူငွေ့
    steam
    နာမ်

    ကိုယ်ဟိန်သတ်

    [kÒɛ̀hèɪɴθaʔ]
    တခုတရီ အပူတပြင်းအရီးတကြီး လုပ်ကိုင်ဆောင်ရွက် လားလာနီရာမှ ရပ်တန့်၍ တည်ကြယ်သော ဣန္ဒြေနန့် နိန်ရေ
    တစ်စုံတစ်ရာ အပူတပြင်းအရေးတကြီး လုပ်ကိုင်ဆောင်ရွက် သွားလာနေရာမှ ရပ်တန့်၍ တည်ကြယ်သော ဣန္ဒြေဖြင့် နေသည်
    collected
    ကြိယာ

    ကိုယ့်အားကိုယ်ကိုး

    [kÒɛ့̀ákÒɛ̀kó]
    လူတိကိုအမှီမပြုပဲ ကိုယ့်ကိုရာကိုယ့် အားကိုးပြုဗျာယ်
    သူတစ်ပါးကိုအမှီမပြုပဲ မိမိကိုသာမိမိ အားကိုးပြုလျက်
    all by myself
    ကြိယာဝိသေသန

    ကိုယ်အောင်ခင်း မ

    [kÒɛ̀ʔàʊɴkʰɪ́ɴ m]
    (န- ကိုခင်းရှု။
    (န- ကိုခင်းရှု။
    spread for sit and sleep
    နာမ်

    ကိုးရိုးကန့်လန့်

    [kóɹókàɴ့làɴ့]
    ဖီလာပြူ၍။ ဆန့်ကျင်သောအနိန်နန့်
    ဖီလာပြူ၍။ ဆန့်ကျင်သောအားဖြင့်
    against
    ကြိယာဝိသေသန

    ကိုးရိုးကားရား

    [kóɹókáɹá]
    ၁၊ မလေးမခန့် မထီလေးစားပြုဗျာယ်။ အားမြှောက်အားကိုး၊ ရထားဆိုးနှင့်၊ ကိုးရိုးကားရား၊ ငါ့ဂေါင်းထက်က၊ ကျော်ကာလားလို့(ရာမ)။ ၂၊ ပုံပန်းမကျ ပြေပြစ်ခြင်းမဟိရေဖြစ်ပနာ။ အမြင်မတော်သော အနိန်နန့်။ မျက်နှာပြင်မာ၊ စာမင်မဲနှင့်၊ ပရဲထိုးလို့၊ ကိုးရိုးကားရား၊ နှမတော်လေ၊ ရွှ
    ၁၊ မလေးမခန့် မထီလေးစားပြုလျက်။ အားမြှောက်အားကိုး၊ ရထားဆိုးနှင့်၊ ကိုးရိုးကားရား၊ ငါ့ဂေါင်းပေါ်က၊ ကျော်ကာလားလို့(ရာမ)။ ၂၊ ပုံပန်းမကျ ပြေပြစ်ခြင်းမရှိသည်ဖြစ်၍။ အမြင်မတော်သော အားဖြင့်။ မျက်နှာပြင်မှာ၊ စာမင်မဲနှင့်၊ ပရဲထိုးလို့၊ ကိုးရိုးကားရား၊ နှမတော်လေ၊ ရွှ
    misshapen
    ကြိယာဝိသေသန

    ကိုးရီကိုးရား

    [kóɹíkóɹá]
    ပုံပန်းမကျ၊ မပြေမပြစ်။ နီပုံထိုင်ပုံ အချိုးမကျသော အနိန်နန့်
    ပုံပန်းမကျ၊ မပြေမပြစ်။ နေပုံထိုင်ပုံ အချိုးမကျသော အားဖြင့်
    misshapen
    ကြိယာဝိသေသန

    ကိုးရီကိုးရိုး

    [kóɹíkóɹó]
    ပုံပန်းမကျ၊ မပြေမပြစ်။ နီပုံထိုင်ပုံ အချိုးမကျသော အနိန်နန့်
    ပုံပန်းမကျ၊ မပြေမပြစ်။ နေပုံထိုင်ပုံ အချိုးမကျသော အားဖြင့်
    misshapen
    ကြိယာဝိသေသန

    ကိုးလိုးကားလား

    [kólókálá]
    ၁၊ မလေးမခန့် မထီလေးစားပြုဗျာယ်။ အားမြှောက်အားကိုး၊ ရထားဆိုးနှင့်၊ ကိုးရိုးကားရား၊ ငါ့ဂေါင်းထက်က၊ ကျော်ကာလားလို့(ရာမ)။ ၂၊ ပုံပန်းမကျ ပြေပြစ်ခြင်းမဟိရေဖြစ်ပနာ။ အမြင်မတော်သော အနိန်နန့်။ မျက်နှာပြင်မာ၊ စာမင်မဲနှင့်၊ ပရဲထိုးလို့၊ ကိုးရိုးကားရား၊ နှမတော်လေ၊ ရွှ
    ၁၊ မလေးမခန့် မထီလေးစားပြုလျက်။ အားမြှောက်အားကိုး၊ ရထားဆိုးနှင့်၊ ကိုးရိုးကားရား၊ ငါ့ဂေါင်းပေါ်က၊ ကျော်ကာလားလို့(ရာမ)။ ၂၊ ပုံပန်းမကျ ပြေပြစ်ခြင်းမရှိသည်ဖြစ်၍။ အမြင်မတော်သော အားဖြင့်။ မျက်နှာပြင်မှာ၊ စာမင်မဲနှင့်၊ ပရဲထိုးလို့၊ ကိုးရိုးကားရား၊ နှမတော်လေ၊ ရွှ
    misshapen
    ကြိယာဝိသေသန

    ကိုးသောင်းဘုရား

    [kóθáʊɴbʱoʊɹá]
    ရခိုင်ဘုရင်မင်းပါကြီး၏ သားတော်မင်းတိက္ခာ(မင်းဒီဃာ)သည် မြောက်ဦးမြို့၊ ရွှီနန်းတော်၏ အဟိမြောက်အရပ်၌ ကောဇာသက္ကရာဇ် ၉၁၅ ခုနှစ် ခရစ်သက္ကရာဇ် ၁၅၅၃ ခုနှစ်မာ ဆင်းတုတော်ပေါင်းကိုးသောင်းကို ဌာပနာထည့်ပနာ တည်းထားခရေ ကိုးသောင်းပုထိုးတော်ကြီး
    ရခိုင်ဘုရင်မင်းပါကြီး၏ သားတော်မင်းတိက္ခာ(မင်းဒီဃာ)သည် မြောက်ဦးမြို့၊ ရွှေနန်းတော်၏ အရှေ့မြောက်အရပ်၌ ကောဇာသက္ကရာဇ် ၉၁၅ ခုနှစ် ခရစ်သက္ကရာဇ် ၁၅၅၃ ခုနှစ်တွင် ဆင်းတုတော်ပေါင်းကိုးသောင်းကို ဌာပနာထည့်၍ တည်းထားခဲ့သော ကိုးသောင်းပုထိုးတော်ကြီး
    temple
    နာမ်

    ကီကီရီ့ကီ

    [kíkíɹí့kí]
    ကြက်ဖက်တွန်သံ
    ကြက်ဖက်တွန်သံ
    rooster crow
    နာမ်

    ကီစပ်

    [kísaʔ]
    မြှံရေ။ ကစပ်တေ
    ကျီစားသည်။ ကစားသည်
    tease - jest
    ကြိယာ

    ကီစပ်ဖော်

    [kísaʔpʰɔ̀]
    ကိုယ့်နှင့် သွားတတူ လာတတူ အိပ်တတူ အစဟိသနန့် ငယ်ရွယ်စဉ်ကပင် ချစ်ခင်ရင်းနှီးစွာ ပေါင်းဖော်ခသူ
    မိမိနှင့် သွားအတူ လာအတူ အိပ်အတူ စသဖြင့် ငယ်ရွယ်စဉ်ကပင် ချစ်ခင်ရင်းနှီးစွာ ပေါင်းဖော်ခဲ့သူ
    childhood friend
    နာမ်

    ကု

    [koʊ]
    ပြောဆိုဖော်ပြသောကာလ။ လက်ငင်းကာလ။ အဂု
    ပြောဆိုဖော်ပြသောကာလ။ လက်ငင်းကာလ။ ယခု
    the present (as in ရှေးနန့် ~မတူ)
    နာမ်

    ကုံ

    [kòʊɴ]
    လောက်သော။ လောက်ငှသော
    ပြည့်ဝသော။ လုံလောက်သော
    enough
    နာမဝိသေသန

    ကုံး

    [kóʊɴ]
    စကားလုံးတိကို အစီအစိုင်ကျနအောင် ဖွဲ့ဆိုရီးသားရေ။ ပန်းမျာကိုခြည်မျှင်နန့် တပွင့်စီအစိုင်လိုက် အခွီဖြစ်ယောင် သီဖွဲ့ရေ။ ပန်းကိုမြင်ကေ၊ ဝင်ရိုးကုံးလတ်(ဓမ္မသာ)
    စကားလုံးများကို အစီအစဉ်ကျနအောင် ဖွဲ့ဆိုရေးသားသည်။ ပန်းမျာကိုချည်မျှင်ဖြင့် တစ်ပွင့်စီအစဉ်လိုက် အခွေဖြစ်အောင် သီဖွဲ့သည်။ ပန်းကိုမြင်လျှင်၊ ဝင်ရိုးကုံးလတ်(ဓမ္မသာ)
    write
    ကြိယာ

    ကုံး၂

    [kóʊɴ၂]
    တင့်ရေသော။ လျောက်ပတ်သော။ ကောင်းခြင်းရူပကာ၊ ကေသာနက်ပြောင်၊ မျက်မိုက်မျက်ခုံး၊ ပန်းကိုကုံးသို့(ကော်)
    တင့်တယ်သော။ လျောက်ပတ်သော။ ကောင်းခြင်းရူပကာ၊ ကေသာနက်ပြောင်၊ မျက်မှောင်မျက်ခုံး၊ ပန်းကိုကုံးသို့(ကော်)
    beauty
    နာမဝိသေသန