Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,081–1,100 of 3,186 words

    က

    ကုက္ကလောင်

    [koʊkə́kəlàʊɴ]
    ဝန်လက်နှင့် ဆင်တူရေ ညည့်အခါမှ အစာ ယှာစားလိဟိရေ ငှက်တမျိုး။ (ကုတ်ကလောင်ငှက်လို့လေ့ခေါ်ရေ။) ငှက်ရွှီပိုးခေါင်၊ ကုက္ကလောင်က(ပန်း)
    သိန်းငှက်နှင့် ဆင်တူသော ညည့်အခါတွင် အစာ ရှာစားလေ့ရှိသော ငှက်တစ်မျိုး။ (ငှက်ပျင်းဟုလည်းခေါ်သည်။) ငှက်ရွှီပိုးခေါင်၊ ကုက္ကလောင်က(ပန်း)
    hawk
    နာမ်

    ကုက္ကား

    [koʊkə́kəá]
    စက္ကူကိုအထပ်ထပ်ခေါက်၍ တခုနှင့်တခုတွဲဆက်နီအောင် ညှပ်ပြီးမှ ဖြန့်ကား၍ အဖျားကောက်သော ဝါးတံဖျားမာ ကြိုးချိုင်၍ ဆွဲထားရေ တင်းခွန်တမျိုး။ ဘုရားလက်ဆောင်၊ များမြောင်ဆီမီး၊ ကုက္ကားထီးနန့်(တေး)
    စက္ကူကိုအထပ်ထပ်ခေါက်၍ တစ်ခုနှင့်တစ်ခုတွဲဆက်နေအောင် ညှပ်ပြီးမှ ဖြန့်ကား၍ အဖျားကောက်သော ဝါးတံဖျားတွင် ကြိုးချည်၍ ဆွဲထားသော တံခွန်တစ်မျိုး။ ဘုရားလက်ဆောင်၊ များမြောင်ဆီမီး၊ ကုက္ကားထီးနန့်(တေး)
    kokkar: bent bamboo stick tied to a flagstaff
    နာမ်

    ကုက္ကားကြာ

    [koʊkə́kəát͡ɕà]
    အများအနိန်နန့် ရီကန်ပျက်(ရီတိမ်)ရို့မာ ပေါက်တတ်ရေ ရိုးတံသေးသေး အပွင့်ငယ်ငယ် အရောင်ဖြူဖွေး၍ ပွင့်သော ကြာအမျိုးမာပါဝင်ရေ ကြာငယ်တမျိုး
    များသောအားဖြင့် ရေကန်ပျက်(ရေတိမ်)တို့တွင် ပေါက်တတ်သော ရိုးတံသေးသေး အပွင့်ငယ်ငယ် အရောင်ဖြူဖွေး၍ ပွင့်သော ကြာအမျိုးတွင်ပါဝင်သော ကြာငယ်တစ်မျိုး
    lotus
    နာမ်

    ကုက္ကို

    [koʊkə́kəÒ]
    အရိပ်ခိုရန် လမ်းဖီးမာစိုက်တတ်ကတ်သော အပင်ကြီးတမျိုး
    အရိပ်ခိုရန် လမ်းဘေးတွင်စိုက်တတ်ကြသော သစ်ပင်ကြီးတစ်မျိုး
    kind of tree Albizzia lebbek rain tree Samanea saman Also သင်္ဘောကုက္ကို
    နာမ်

    ကုက္ကုစ္စ

    [koʊkə́kəoʊsɪ́sə]
    ၁၊ နှမြိုးတွန့်တိုခြင်း။ ၂၊ ယုံမားသံသယဖြစ်ခြင်း။ ၃၊ သို့လောသို့လော စိုးရိမ်ခြင်း။(ပါ
    ၁၊ နှမြောတွန့်တိုခြင်း။ ၂၊ ယုံမှားသံသယဖြစ်ခြင်း။ ၃၊ သို့လောသို့လော စိုးရိမ်ခြင်း။(ပါ
    parsimony
    နာမ်

    ကုံးခယက်တာ

    [kóʊɴkʰjɛʔtà]
    (အရပ်သုံး) တချိန်က ပြုလုပ်ခကြောင်း(အတိတ်)ကို ပြောသော စကားလုံး
    (အရပ်သုံး) တစ်ချိန်က ပြုလုပ်ခဲ့ကြောင်း(အတိတ်)ကို ပြောသော စကားလုံး
    past
    နာမ်

    ကုံးခယက်တာ၂

    [kóʊɴkʰjɛʔtà၂]
    (အရပ်သုံး) (ပန်းကအယင်လည်း)ကုံးခဖူးရေသာ။ ကုံးခဖူးရေတိုင်းး
    (အရပ်သုံး) (ပန်းကယခင်လည်း)ကုံးခဲ့ဖူးသည်သာ။ ကုံးခဲ့ဖူးသည်တကား
    Thread
    ကြိယာ

    ကုံးစပ်

    [kóʊɴsaʔ]
    နှစ်ခုကို ဆက်စပ်ထားရေ အရာ
    နှစ်ခုကို ဆက်စပ်ထားသော အရာ
    match
    နာမ်

    ကုစား

    [koʊsá]
    ရောဂါပျောက်ကင်းအောင် ဆီးဝါး စစွာကုသည်
    ရောဂါပျောက်ကင်းအောင် ဆေးဝါး စသည်ကုသည်
    disease treatment - give medical treatment - cure (disease)
    ကြိယာ

    ကုံးစီ

    [kóʊɴsí]
    စီစိုင်ရီးသား ဖွဲ့ဆိုရေ။ သင့်လျော်ရာ ယဉ်တွဲပြီးကေ ဖွဲ့နွဲ့ရီးသား စပ်ဆိုရေ
    စီစဉ်ရေးသား ဖွဲ့ဆိုသည်။ သင့်လျော်ရာ ယဉ်တွဲ၍ ဖွဲ့နွဲ့ရေးသား စပ်ဆိုသည်
    write
    ကြိယာ

    ကုဋီ

    [koʊtí]
    ရဟန်းရို့ ကျင်ကြီးကျင်ငယ်စွန့်ရာ အိမ်
    ရဟန်းတို့ ကျင်ကြီးကျင်ငယ်စွန့်ရာ အိမ်
    chamber used for religious purposes water-closet for Buddhist monks [Pali ကုဋိ ]
    နာမ်

    ကုဋေကုဋါ

    [koʊtèkoʊtà]
    များပြားစွာသော အရွီအတွက်
    များပြားစွာသော အရေအတွက်
    millions and millions [Pali ကောဋိ + ကောဋိ]
    နာမ်

    ကုံတလိုင်း

    [kòʊɴtláɪɴ]
    ဓားပြတ်၊ လှံရှရာမာအရည်ညှစ်၍ ထည့်သော ဆီးဖက်ဝင်ရေ့ အပင်တမျိုး။ ရွက်နုမွေးပါဟိပြီးကေ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ်ပွင့်သော ခြုံရိုင်းပေါင်းပင်တမျိုး
    ဓားရှ၊ လှံရှရာတွင်အရည်ညှစ်၍ ထည့်သော ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။ ရွက်နုမွေးပါရှိ၍ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ်ပွင့်သော ချုံရိုင်းပေါင်းပင်တစ်မျိုး
    bush
    နာမ်

    ကုတို

    [koʊtÒ]
    ရီကြောင်းမာ တနီရာရာသို့ လောင်းနန့် ပို့ဆောင်ပေးခြင်း
    ရေကြောင်းတွင် တစ်နေရာရာသို့ လှေဖြင့် ပို့ဆောင်ပေးခြင်း
    ferryboat
    နာမ်

    ကုတိုခ

    [koʊtÒkʰ]
    လောင်းနန့် ပို့ဆောင်ရေ့အတွက် ပီးရရေ အခကြီးငွီ
    လှေဖြင့် ပို့ဆောင်သည့်အတွက် ပေးရသော အခကြေးငွေ
    coin placed in the mouth of a deseassed person as a token of ferriage to another world ferriage
    နာမ်

    ကုတ်

    [koʊʔ]
    ၁၊ ပုန်းလျိုးနိန်ရေ။ ပုန်းဝှက်နိန်ရေ။ လူမတွိမမြင်ရာအရပ်၌ ခိုလှုံနီထိုင်ရေ။ လူမမြင်ယောင်ထောင့်မာ ကုတ်နီရေ။ ၂၊ လက်သည်းခြီသည်းရို့နန့် ခြစ်ရေ။ ၃၊ လျှို့ဝှက်ထားရေ။ လူမမြင်ရရောင် ကုတ်ထားရေ။ ၄၊ နှမြိုးတွန့်တိုရေ။ မကမ်းပဲမလှူမဒါန်းပဲ ကုတ်ထားရေ
    ၁၊ ပုန်းလျိုးနေသည်။ ပုန်းဝှက်နေသည်။ လူမတွေ့မမြင်ရာအရပ်၌ ခိုလှုံနေထိုင်သည်။ လူမမြင်အောင်ထောင့်မှာ ကုတ်နီရေ။ ၂၊ လက်သည်းခြေသည်းတို့ဖြင့် ခြစ်သည်။ ၃၊ လျှို့ဝှက်ထားသည်။ လူမမြင်ရအောင် ကုတ်ထားသည်။ ၄၊ နှမြောတွန့်တိုသည်။ မကမ်းပဲမလှူမဒါန်းပဲ ကုတ်ထားရေ
    hiding
    ကြိယာ

    ကုတ်ကတ်

    [koʊʔkaʔ]
    နှမြိုးစေးနှဲရေ။ မစားဝံ့မသောက်ဝံ့ ကုတ်ကတ်ထားရေ။ ခဲယဉ်းရေ။ ကျကျယ်ဝန်းဝန်းမဟုတ်။ မချောင်မချီဖြစ်တေ။ မရိုန်းသာမရွံ့သာ ကတ်ကတ်ပြီးကေနီရေ
    နှမြောစေးနှဲသည်။ မစားဝံ့မသောက်ဝံ့ ကုတ်ကတ်ထားရေ။ ခဲယဉ်းသည်။ ကျယ်ကျယ်ဝန်းဝန်းမဟုတ်။ မချောင်မချီဖြစ်သည်။ မရိုန်းသာမရွံ့သာ ကတ်ကတ်ပြီးကေနီရေ
    parsimony
    ကြိယာ

    ကုတ်ကုတ်ကတ်ကတ်

    [koʊʔkoʊʔkaʔkaʔ]
    ခဲယဉ်းငြိုငြင်စွာ။ မဟိမဲ့ဟိမဲ့ လက်ဝယ်ထားဟိရေဝန် အလွန်နည်းပါးစွာ။ ငွီကြွီး၊ ဝန်စစွာကို အားလုံးအကျနည်းယောင် ချွေတာသုံးစွဲဗျာယ်
    ခဲယဉ်းငြိုငြင်စွာ။ မရှိမဲ့ရှိမဲ့ လက်ဝယ်ထားရှိသောပစ္စည်း အလွန်နည်းပါးစွာ။ ငွေကြွေး၊ ပစ္စည်းစသည်ကို အကုန်အကျနည်းအောင် ချွေတာသုံးစွဲလျက်
    scarcely - with great difficulty
    ကြိယာဝိသေသန

    ကုတ်ကျ

    [koʊʔt͡ɕ]
    လည်ဟိကို ညွတ်ကျဗျာယ်။ မျက်နှာမရွင်မပျ၊ မကြည်မလင်ဖြစ်တေ။ ကံရာမရပဲ အခက်အခဲနှင့် ကြုံတွိနီရရေ
    လည်ရှေ့သို့ ညွတ်ကျလျက်။ မျက်နှာမရွင်မပျ၊ မကြည်မလင်ဖြစ်သည်။ ကံရာမရပဲ အခက်အခဲနှင့် ကြုံတွေ့နေရသည်
    dreary
    ကြိယာ

    ကုတ်ကျ၂

    [koʊʔt͡ɕ၂]
    စီးပွားဥစ္စာဆုံးရှံးရေ။(ဥပစာ
    စီးပွားဥစ္စာဆုံးရှံးသည်။(ဥပစာ
    loss
    ကြိယာ