Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,141–1,160 of 3,186 words

    က

    ကုန်စိတ်ကေ

    [kòʊɴseɪʔkè]
    အထည်အလိပ်ကုန်ဝန်မျိုးမဟုတ်ဘဲနန့် အပ်၊ မွီးညှပ်၊ တွယ်အပ်အစဟိရေ ပါးပါးချေ့ဖြစ်တေ့ ကုန်ဝန်
    အထည်အလိပ်ကုန်ပစ္စည်းမျိုးမဟုတ်တော့ပဲ အပ်၊ မွေးညှပ်၊ တွယ်ချိတ်စသော အသေးအဖွဲ့ဖြစ်သည့် ကုန်ပစ္စည်း
    goods
    နာမ်

    ကုန်းစိတ်ထပိန်

    [kóʊɴseɪʔtʰpèɪɴ]
    (ကွင်းမဟုတ်ရေ) ငါးတောင်ဟိအဝတ်အထည်ကို အထဲကဖျင်ဖြူပါးပါးတထပ်ခံ၍ နှစ်ထပ်ခြုပ်လုပ်ထားရေ ရှေးကရခိုင် မမာ့ကြီးရို့ ဝတ်ဆင်ကတ်တေ ထပိန်တမျိုး
    (ကွင်းမဟုတ်သော) ငါးတောင်ရှိအဝတ်အထည်ကို အတွင်းကဖျင်ဖြူပါးပါးတစ်ထပ်ခံ၍ နှစ်ထပ်ချုပ်လုပ်ထားသော ရှေးကရခိုင် မိန်းမကြီးတို့ ဝတ်ဆင်ကြသော ထမီတစ်မျိုး
    patchwork
    နာမ်

    ကုန်စိမ်း

    [kòʊɴséɪɴ]
    ရောင်းချရန် ဟင်းသီးဟင်းရွက်အစဟိစွာ့အမျိုးမျိုး
    ရောင်းချရန် ဟင်းသီးဟင်းရွက်စသည့်အမျိုးမျိုး
    vegetables
    နာမ်

    ကုန်စုံ

    [kòʊɴsòʊɴ]
    ကုန်အမျိုးမျိုး စုံလင်သည်
    ကုန်အမျိုးမျိုး စုံလင်သည်
    grocery
    ကြိယာ

    ကုန်စုံ၂

    [kòʊɴsòʊɴ၂]
    အမျိုးစုံသော ကုန်ဝန်များ
    အမျိုးစုံသော ကုန်ပစ္စည်းများ
    grocery
    နာမ်

    ကုန်းစောက်

    [kóʊɴsɔ́ɛʔ]
    တန်းတင် ကုန်းမြင့်မြေ အရပ်
    မတ်စောက်သော ကုန်းမြင့်မြေ အရပ်
    plateau
    နာမ်

    ကုန်ဆိုက်

    [kòʊɴsʰaɪʔ]
    ဝန် ဝန်ဆန်ဥစ္စာ ကြီး ငွီအစဟိစွာ (ကိုယ့်မာမဟိ) ပြတ်စဲသော ကာလ
    ပစ္စည်း ဝန်ဆန်ဥစ္စာ ကြေး ငွေစသည် (မိမိတွင်မရှိ) ပြတ်စဲသော ကာလ
    poor
    နာမ်

    ကုန်တန်း

    [kòʊɴtáɴ]
    သွယ်တန်းနိန်ရေ ကုန်းမြင့်မြေအရပ်
    သွယ်တန်းနေသော ကုန်းမြင့်မြေအရပ်
    plateau
    နာမ်

    ကုန်းတန်း

    [kóʊɴtáɴ]
    ပြန့်ပြူးမို့မောက်နိန်ရေ မြေတန်း။ မြေရိုးတန်း
    ပြန့်ပြူးမို့မောက်နေသော မြေတန်း။ မြေရိုးတန်း
    plateau
    နာမ်

    ကုန်တလိုင်း

    [kòʊɴtláɪɴ]
    ဒါး၊ လှံရှရာမာ အရွက်ကိုထုကြိတ်ပြီး အနာမာအုံ၍ပင်ဖြစ်ဖြစ်၊ အရည်ညစ်၍ပင်ဖြစ်ဖြစ် အသုံးပြုရေ ဆီးဖက်ဝင်ရေ့ အပင်မျိုး
    ဒါး၊ လှံရှရာတွင် အရွက်ကိုထုကြိတ်ပြီး အနာတွင်အုံ၍လည်းကောင်း၊ အရည်ညစ်၍လည်းကောင်း အသုံးပြုသော ဆေးဖက်ဝင်သည့် အပင်မျိုး
    plant
    နာမ်

    ကုန်းတိုက်

    [kóʊɴtaɪʔ]
    နှစ်ဦးနှစ်ပါးရို့၏ အချစ်ပျက်ပြားစီရန် ကုန်းချောသည်
    နှစ်ဦးနှစ်ပါးတို့၏ အချစ်ပျက်ပြားစေရန် ကုန်းချောသည်
    make mischief (between two person)
    ကြိယာ

    ကုန်နုပ်ကေ

    [kòʊɴnoʊʔkè]
    အထည်အလိပ်ကုန်ဝန်မျိုးမဟုတ်ဘဲနန့် အပ်၊ မွီးညှပ်၊ တွယ်အပ်အစဟိရေ ပါးပါးချေ့ဖြစ်တေ့ ကုန်ဝန်
    အထည်အလိပ်ကုန်ပစ္စည်းမျိုးမဟုတ်တော့ပဲ အပ်၊ မွေးညှပ်၊ တွယ်ချိတ်စသော အသေးအဖွဲ့ဖြစ်သည့် ကုန်ပစ္စည်း
    goods
    နာမ်

    ကုန်ပို့

    [kòʊɴpo̰]
    ကုန်ဝန်တိကို ပို့ဆောင်ရေ
    ကုန်ပစ္စည်းများကို ပို့ဆောင်သည်
    transport
    နာမ်

    ကုန်ပို့၂

    [kòʊɴpo̰၂]
    မို့မေါက်နိန်ရေ မြေအရပ်
    မို့မေါက်နေသော မြေအရပ်
    plateau
    နာမ်

    ကုန်ပုတ်

    [kòʊɴpoʊʔ]
    မို့မေါက်နိန်ရေ မြေအရပ်
    မို့မေါက်နေသော မြေအရပ်
    plateau
    နာမ်

    ကုန်းပေါက်

    [kóʊɴpaʊʔ]
    ကျောက်ကုန်းဗွေနှင့် ချက်ရေဗွေ(ထက်အောက်) တည့်မတ်နိန်ရေ ကျွဲ၊ နွားတိရိစ္ဆာန်စရေ။ (ဗွီပေါက်၊ ချက်ပေါက်လို့လေ့ ခေါ်ရေ။
    ကျောက်ကုန်းဗွေနှင့် ချက်၏ဗွေ(ထက်အောက်) တည့်မတ်နေသော ကျွဲ၊ နွားတိရိစ္ဆာန်စသည်။ (ဗွီပေါက်၊ ချက်ပေါက်ဟုလည်း ခေါ်သည်။
    cow buffalo ox
    နာမ်

    ကုန်ပေါင်

    [kòʊɴpèàɪ̀ɴ]
    မို့မေါက်နိန်ရေ ကုန်းမြင့်မြေ
    မို့မေါက်နေသော ကုန်းမြင့်မြေ
    plateau
    နာမ်

    ကုန်းပေါင်

    [kóʊɴpèàɪ̀ɴ]
    လောင်း၊ သင်္ဘောအစဟိစွာရို့နန့် ကြည်း၊ ကုန်းအစဟိစွာရို့ကို ဆက်ပြီးကေပီးရေ ပျိုင်ချပ်တန်းထား
    လှေ၊ သင်္ဘောစသည်တို့နှင့် ကြည်း၊ ကုန်းစသည်တို့ကို ဆက်၍ပေးသော ပျဉ်ချပ်တံတား
    boatwalk
    နာမ်

    ကုန်ပေါင်နွယ်

    [kòʊɴpèàɪ̀ɴnwɛ̀]
    ပျော့ပျောင်း၍ နိူင်းတွယ် အသုံးပြုရရေ နွယ်တမျိုး
    ပျော့ပျောင်း၍ ယှဉ်တွယ် အသုံးပြုရသော နွယ်တစ်မျိုး
    bine
    နာမ်

    ကုန်ပေါင်ပုဆိုး

    [kòʊɴpèàɪ̀ɴpoʊsʰó]
    ဘိန်းစားစောင်ခြုံထည်တမျိုး
    စောင်ကြမ်းခြုံထည်တစ်မျိုး
    shawl
    နာမ်