Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,321–1,340 of 3,186 words

    က

    ကောက်စိ.သျှေကောက်ညှာသျှေ

    [kɔ́ɛʔsì.ʃèkɔ́ɛʔɲ̯àʃè]
    နိူင်းဖက် တစုံ တရာထက် အရွယ်ပမာဏ မကြီးရေ (အရာ)
    ယှဉ်ဖက် တစ်စုံ တစ်ရာထက် အရွယ်ပမာဏ မကြီးသော (အရာ)
    very small
    နာမဝိသေသန

    ကောက်စိ.သျှေကောက်ညှောက်သျှေ

    [kɔ́ɛʔsì.ʃèkɔ́ɛʔɲ̯ɔ́ɛʔʃè]
    နိူင်းဖက် တခုတရီထက် အရွယ်ပမာဏ မကြီးရေ (အရာ)
    ယှဉ်ဖက် တစ်စုံတစ်ရာထက် အရွယ်ပမာဏ မကြီးသော (အရာ)
    very small
    နာမဝိသေသန

    ကောက်စိ.သျှေကောက်တက်သျှေ

    [kɔ́ɛʔsì.ʃèkɔ́ɛʔtɛʔʃè]
    ပကတိ ဟိမြဲ အရွယ်ထက် ငယ်သော။ အစိချေသော။ တဝတဝငယ်သော
    ပကတိ ရှိမြဲ အရွယ်ထက် ငယ်သော။ သေးကွေးသော။ အလွန်သေးငယ်သော
    extra small
    နာမဝိသေသန

    ကောက်ဆွ

    [kɔ́ɛʔsʰw]
    နယ်ပြီးရေကောက်ပြန့်ကို စပါးနှင့်ကောက်ရိုး တသီးအခြားဖြစ်ယောင် ထိုးကော်ရရေ အဖျားကောက်သည့် သစ်သား၊ ဝါး၊ တုတ်။ (တချို့အရပ်ဒေသမာ သံချောင်းကို ကောက်၍ အဖျားမာတပ်ဆင်လေ့ ဟိကတ်တေ။
    နယ်ပြီးသောကောက်ပြန့်ကို စပါးနှင့်ကောက်ရိုး တသီးတခြားဖြစ်အောင် ထိုးကော်ရသော အဖျားကောက်သည့် သစ်သား၊ ဝါး၊ တုတ်။ (အချို့သောအရပ်ဒေသတွင် သံချောင်းကို ကောက်၍ အဖျားတွင်တပ်ဆင်လေ့ ရှိကြသည်။
    curved stick for stirring paddy stalks while threshing
    နာမ်

    ကောက်ဆွ-ဆွ

    [kɔ́ɛʔsʰw-sʰw]
    နယ်ပြီးရေ ကောက်ပြန့်ကို စပါးနှင့် ကောက်ရိုး တသီးအခြား ဖြစ်ယောင် ထိုးကော် ရိုက်ခတ်သည်
    နယ်ပြီးသော ကောက်ပြန့်ကို စပါးနှင့် ကောက်ရိုး တသီးတခြား ဖြစ်အောင် ထိုးကော် ရိုက်ခတ်သည်
    piled or stacked sheaves of paddy
    ကြိယာ

    ကောက်ညှင်း

    [kɔ́ɛʔɲ̯ɪ́ɴ]
    ချက်ရေအခါ ပျော့ပျောင်းပျောင်းသော ဆန်(စပါး) တမျိုး
    ချက်သည့်အခါ ပျော့ပျောင်းစေးကပ်သော ဆန်(စပါး) တစ်မျိုး
    kauk nyin : glutinous rice - sticky rice
    နာမ်

    ကောက်ညှင်းကျဉ်တောက်

    [kɔ́ɛʔɲ̯ɪ́ɴt͡ɕɪ̀ɴtɔ́ɛʔ]
    ရီစိမ်ထားရေ ကောက်ညှင်းဆန်ကို ဝါးစိမ်းကျည်တောက်မာထည့်ပနာ မီးဖုတ်ထားရေ ကောက်ညှင်းစားဖွယ်တမျိုး။ ခဲလံချောင်း
    ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ဝါးစိမ်းကျည်တောက်တွင်ထည့်၍ မီးဖုတ်ထားသော ကောက်ညှင်းစားဖွယ်တစ်မျိုး။ ခဲလံချောင်း
    sticky rice cooked in a green bamboo tube Also ဝါးကျည်တောက်
    နာမ်

    ကောက်ညှင်းကျိန်တောက်

    [kɔ́ɛʔɲ̯ɪ́ɴt͡ɕèɪɴtɔ́ɛʔ]
    ရီစိမ်ထားရေ ကောက်ညှင်းဆန်ကို ဝါးစိမ်းကျည်တောက်မာထည့်ပနာ မီးဖုတ်ထားရေ ကောက်ညှင်းစားဖွယ်တမျိုး။ ခဲလံချောင်း
    ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ဝါးစိမ်းကျည်တောက်တွင်ထည့်၍ မီးဖုတ်ထားသော ကောက်ညှင်းစားဖွယ်တစ်မျိုး။ ခဲလံချောင်း
    sticky rice cooked in a green bamboo tube Also ခဲလံကျည်တောက်
    နာမ်

    ကောက်ညှင်းထုပ်

    [kɔ́ɛʔɲ̯ɪ́ɴtʰoʊʔ]
    ကောက်ညှင်းဆန်ကို ရီစိမ်ပြီး ဖက်နှင့်ထုပ်ကာ ပေါင်းအိုးမာထည့်ပြီး ရီနွီးငွီနန့် ကျက်နပ်စီရေ စားဖွယ်တမျိုး
    ကောက်ညှင်းဆန်ကို ရေစိမ်ပြီး ဖက်နှင့်ထုပ်ကာ ပေါင်းအိုးတွင်ထည့်ပြီး ရေနွေးငွေ့ဖြင့် ကျက်နပ်စေသော စားဖွယ်တစ်မျိုး
    packet of sticky rice wrapped in bamboo or banana leaf and steamed
    နာမ်

    ကောက်ညှင်းပေါင်း

    [kɔ́ɛʔɲ̯ɪ́ɴpèàɪ́ɴ]
    ရီစိမ်ထားရေ ကောက်ညှင်းကို ပေါင်းအိုးမာထည့်ပြီး ရီနွီးငွီနန့် ကျက်နပ်စီရေ ကောက်ညှင်းစားဖွယ်တမျိုး
    ရေစိမ်ထားသော ကောက်ညှင်းကို ပေါင်းအိုးတွင်ထည့်ပြီး ရေနွေးငွေ့ဖြင့် ကျက်နပ်စေသော ကောက်ညှင်းစားဖွယ်တစ်မျိုး
    sticky rice
    နာမ်

    ကောက်ညှင်းသကာလူး

    [kɔ́ɛʔɲ̯ɪ́ɴθkàlùး]
    ကောက်ညှင်းထမင်းကို သကာရည်လူးထားရေ ကောက်ညှင်းစားဖွယ်တမျိုး။( ရွှီထမင်းလည်း ဟူ၏။
    ကောက်ညှင်းထမင်းကို သကာရည်လူးထားသော ကောက်ညှင်းစားဖွယ်တစ်မျိုး။( ရွှေထမင်းလည်း ဟူ၏။
    sticky rice with sugar juice
    နာမ်

    ကောက်ညှာသျှေ

    [kɔ́ɛʔɲ̯àʃè]
    အသီးအချေ။ ပါးပါးချေ့။ သားငယ်သမီးသျှေ။ ငယ်ရွယ်သောသူ
    အသေးအငယ်။ အသေးအဖွဲ့။ သားငယ်သမီးငယ်။ ငယ်ရွယ်သောသူ
    young
    နာမ်

    ကောက်ညှာသျှေကောက်တက်သျှေ

    [kɔ́ɛʔɲ̯àʃèkɔ́ɛʔtɛʔʃè]
    ဗွေမယူ လောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်သို့ မရောက်သိမ့်သော
    အလေးမထား လောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်သို့ မရောက်သေးသော
    young
    နာမဝိသေသန

    ကောက်ညှီသျှေကောက်ညှာသျှေ

    [kɔ́ɛʔɲ̯íʃèkɔ́ɛʔɲ̯àʃè]
    နိူင်းဖက် တခုတရီထက် အရွယ်ပမာဏ မကြီးရေ (အရာ)
    ယှဉ်ဖက် တစ်စုံတစ်ရာထက် အရွယ်ပမာဏ မကြီးသော (အရာ)
    small
    နာမဝိသေသန

    ကောက်ညှီသျှေကောက်ညှာသျှေ၂

    [kɔ́ɛʔɲ̯íʃèkɔ́ɛʔɲ̯àʃè၂]
    ငယ်ရွယ်သော။ ငယ်ရေ။ စိကေချေသော
    ငယ်ရွယ်သော။ သေးငယ်သော။ သေးနုပ်သော
    small
    နာမဝိသေသန

    ကောက်ညှောက်

    [kɔ́ɛʔɲ̯ɔ́ɛʔ]
    စပါးစိမှထွက်ခါစဖြစ်ရေ အပင်လောင်း တနည်း အမြစ်လောင်း
    စပါးစေ့မှထွက်ခါစဖြစ်သော အပင်လောင်း သို့မဟုတ် အမြစ်လောင်း
    grain
    နာမ်

    ကောက်ညှောက်မုန့်

    [kɔ́ɛʔɲ̯ɔ́ɛʔmo̰ʊ̰ɴ]
    အညှောက် ပေါက်ရားသော စပါးကို အမှုန့်ပြုပြီး ရိုးရိုး ဆန်အမှုန့်နှင့် ရောနယ်ပြီးကေ မုန့်ချက်ပြုကာ ဖက်နှင့်ထုပ်၍ ရီနွီးငွီဖြင့် ကျက်နပ်စီရေ ကောက်ညှောက်မုန့် စားဖွယ်
    အညှောက် ပေါက်ပြီးသော စပါးကို အမှုန့်ပြုပြီး ရိုးရိုး ဆန်အမှုန့်နှင့် ရောနယ်ပြီးလျှင် မုန့်ချက်ပြုကာ ဖက်နှင့်ထုပ်၍ ရေနွေးငွေ့ဖြင့် ကျက်နပ်စေသော ကောက်ညှောက်မုန့် စားဖွယ်
    type of sticky rice
    နာမ်

    ကောက်ညှောက်သျှေ

    [kɔ́ɛʔɲ̯ɔ́ɛʔʃè]
    ငယ်ရွယ်သောသူ။ ငယ်သောပမာဏ။ နိူင်းဖက်တခုတရီထက် အရွယ်ပမာဏ မကြီးရေ (အရာ)
    ငယ်ရွယ်သောသူ။ ငယ်သောပမာဏ။ ယှဉ်ဖက်တစ်စုံတစ်ရာထက် အရွယ်ပမာဏ မကြီးသော (အရာ)
    young
    နာမ်

    ကောက်ညှောက်သျှေကောက်တက်သျှေ

    [kɔ́ɛʔɲ̯ɔ́ɛʔʃèkɔ́ɛʔtɛʔʃè]
    အလီး မထားလောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်သို့ မရောက်သိမ့်သော
    အလေး မထားလောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်သို့ မရောက်သေးသော
    young
    နာမဝိသေသန

    ကောက်တက်

    [kɔ́ɛʔtɛʔ]
    ကောက်ရိုးခြီ ကောက်ငုတ်ပင်မှ အသစ်တဖန်ထွက်လှာသော (ကောက်) အပင်
    ရိုးပြတ် ကောက်ငုတ်ပင်မှ အသစ်တစ်ဖန်ထွက်လာသော (ကောက်) အပင်
    plant
    နာမ်