Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,361–1,380 of 3,186 words

    က

    ကောက်ပုံ

    [kɔ́ɛʔpòʊɴ]
    ကောက်လှိုင်းကို အလျားလိုက်တန်းစီ၍ ဖြစ်စီ၊ ဗွေလှည့်၍ဖြစ်စီ အပုံလိုက်ထားရေ ကောက်လှိုင်းစုများ
    ကောက်လှိုင်းကို အလျားလိုက်တန်းစီ၍ ဖြစ်စေ၊ ဗွေလှည့်၍ဖြစ်စေ စုပုံထားသော ကောက်လှိုင်းစုများ
    sheaf of paddy
    နာမ်

    ကောက်ဖြန့်

    [kɔ́ɛʔpʰɹàɴ့]
    စပါးနယ်ရန်ဖြန့်ထားရေ ကောက်လှိုင်းစု၊ ကောက်ပြန့်စုများ
    စပါးနယ်ရန်ဖြန့်ထားသော ကောက်လှိုင်းစု၊ ကောက်ပြန့်စုများ
    sheave
    နာမ်

    ကောက်မုန့်ကလောင်ချေ

    [kɔ́ɛʔmòʊɴ့klàʊɴɕè]
    အလီး မထားလောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်ထက် ငယ်သော။ တဝတဝငယ်သော
    အလေး မထားလောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်ထက် ငယ်သော။ အလွန်သေးငယ်သော
    extra small
    နာမဝိသေသန

    ကောက်မုန့်သျှေ

    [kɔ́ɛʔmòʊɴ့ʃè]
    အရွယ် ပမာဏအနိန်နန့် ငယ်သော။ စိကေချေသော။ ငယ်ရေ
    အရွယ် ပမာဏအားဖြင့် ငယ်သော။ သေးနုပ်သော။ သေးငယ်သော
    small
    နာမဝိသေသန

    ကောက်မျိုး

    [kɔ́ɛʔmró]
    အနွယ်အဆက် ပွားစီနှိုင်ရေ အစိ၊ ပင်မကြီး၊ အမြစ်အစဟိစွာ့ အရာများ။ မျိုးစပါး
    အနွယ်အဆက် ပွားစေနိုင်သော အစေ့၊ ပင်စည်၊ အမြစ်စသည့် အရာများ။ မျိုးစပါး
    grain - agricultural products (such as rice peas maize etc)
    နာမ်

    ကောက်မျိုးစပါး

    [kɔ́ɛʔmróspàး]
    နောက်ထပ်နောက်ထပ် စိုက်ပျိုးဖို့အတွက် မျိုးစိအဖြစ် သိမ်းဆည်းထားရေ လက်ရွေးစင်စပါး
    နောက်ထပ်တဖန် စိုက်ပျိုးရန်အတွက် မျိုးစေ့အဖြစ် သိမ်းဆည်းထားသော လက်ရွေးစင်စပါး
    grain
    နာမ်

    ကောက်မှုန့်ကလောင်သျှေ

    [kɔ́ɛʔm̥òʊɴ့klàʊɴʃè]
    ဗွေမယူ လောက်ယောင် ငယ်သော။ ပကတိ ဟိမြဲအရွယ်ထက် ငယ်သော။ အလွန် ငယ်ရေ
    အလေးမထား လောက်အောင် ငယ်သော။ ပကတိ ရှိမြဲအရွယ်ထက် ငယ်သော။ အလွန် သေးငယ်သော
    extra small
    နာမဝိသေသန

    ကောက်မှုန့်သျှေ

    [kɔ́ɛʔm̥òʊɴ့ʃè]
    အရွယ်ပမာဏအနိန်နန့် ငယ်သော။ စိကေချေသော။ ငယ်ရေ။ (မှတ်ချက်) ကောက်စိ ကလောင်သျှေ၊ ကောက်ညှီကောက်ညှောက်သျှေ၊ ကောက်မှုန့်ကလောင်သျှေ၊ ကောက်မှုန့်သျှေ၊ မျက်ချီးစာသျှေ အစဟိရေဝေါဟာရတိကို မြန်မာဝေါဟာရနန့် အဓိပ္ပါယ် ဖွင့်ဆိုခြင်းငှာ မတတ်နိုင်။ ပေါက်စချေ၊ အသီးအမွှာ
    အရွယ်ပမာဏအားဖြင့် ငယ်သော။ သေးနုပ်သော။ သေးငယ်သော။ (မှတ်ချက်) ကောက်စိ ကလောင်သျှေ၊ ကောက်ညှီကောက်ညှောက်သျှေ၊ ကောက်မှုန့်ကလောင်သျှေ၊ ကောက်မှုန့်သျှေ၊ မျက်ချီးစာသျှေ စသောဝေါဟာရများကို မြန်မာဝေါဟာရဖြင့် အဓိပ္ပါယ် ဖွင့်ဆိုခြင်းငှာ မတတ်နိုင်။ သေးသေးလေး၊ အသေးအမွှာ
    fission
    နာမဝိသေသန

    ကောက်ယင်

    [kɔ́ɛʔjɪ̀ɴ]
    ကောက်ငယ်။ သက်နုစပါးမျိုး။ ရွာပြင်နားမာ၊ ကောက်ယင်သျှဉ်းခွဲ၊ နောက်ကျကျန်ကေ၊ မာနီဆဲမာ(ရာသီ)
    ကောက်ငယ်။ သက်နုစပါးမျိုး။ ရွာပြင်နားမှာ၊ ကောက်ယင်သျှဉ်းခွဲ၊ နောက်ကျကျန်ကေ၊ တွင်နီဆဲတွင်(ရာသီ)
    grain
    နာမ်

    ကောက်ယင်သီး

    [kɔ́ɛʔjɪ̀ɴθï]
    အဦးအလျင်သီးသော သစ်သီးဝလံစရေ။ လေးတိုင်စင်မာ၊ တင်ကြီးလို့ကေ၊ ကောက်ယင်သီးလေ (တေး)
    အဦးအလျင်သီးသော သစ်သီးဝလံစသည်။ လေးတိုင်စင်မှာ၊ တင်ကြီးလို့ကေ၊ ကောက်ယင်သီးလေ (တေး)
    fruit
    နာမ်

    ကောက်ယင်သျှေ

    [kɔ́ɛʔjɪ̀ɴʃè]
    အဦးအလျင်မှည့်သော သက်နုစပါးမျိုး။ ကောက်ငယ်။ ကောက်လျင်။ ကောက်ပဲသီးနုံအစဟိစွာ
    အဦးအလျင်မှည့်သော သက်နုစပါးမျိုး။ ကောက်ငယ်။ ကောက်လျင်။ ကောက်ပဲသီးနုံစသည်
    grain
    နာမ်

    ကောက်ရ

    [kɔ́ɛʔɹ]
    ကျကျန်ရစ်သည့် ဝန်တိကို တွိဟိက ရယူရေ
    ကျကျန်ရစ်သည့် ပစ္စည်းများကို တွေ့ရှိက ရယူသည်
    find or pick up something by chance
    ကြိယာ

    ကောက်ရကြီး

    [kɔ́ɛʔɹt͡ɕï]
    သက်လတ် စပါးတမျိုး အမည်တခု
    သက်လတ် စပါးတစ်မျိုး အမည်တစ်ခု
    grain
    နာမ်

    ကောက်ရသျှေ

    [kɔ́ɛʔɹʃè]
    သက်လတ်မျိုးထဲမာ ပါဝင်ရေ စပါးအမျိုးအမည် တခု
    သက်လတ်မျိုးထဲတွင် ပါဝင်သော စပါးအမျိုးအမည် တစ်ခု
    grain
    နာမ်

    ကောက်ရိုး

    [kɔ́ɛʔɹó]
    ကောက်နယ်ပြီးရေ (အသီးခြွေပြီးရေ) စပါးပင်။ စပါးပင်၏အရိုး
    ကောက်နယ်ပြီးသော (အသီးခြွေပြီးသော) ကောက်ပင်။ ကောက်ပင်၏အရိုး
    straw - windrow
    နာမ်

    ကောက်ရိုးခြီ

    [kɔ́ɛʔɹókʰɹì]
    စပါးရိတ်သိမ်းရာမှ ကျန်ဟိရစ်သော စပါးပင်ငုတ်။ ကောက်ရိုးခြီ
    စပါးရိတ်သိမ်းရာမှ ကျန်ရှိရစ်သော ကောက်ပင်ငုတ်။ ရိုးပြတ်
    windrow
    နာမ်

    ကောက်ရိုးစာတီ

    [kɔ́ɛʔɹósàtí]
    အသီးခြွေပြီးရေ စပါးပင်၏အရိုးတိကို ကျွဲ၊ နများစားသုံးရန် အစာအဖြစ် စာတီပုံပြုလုပ်ထားရေ စပါးပင်၏အစာအပုံ
    အသီးခြွေပြီးသော ကောက်ပင်၏အရိုးများကို ကျွဲ၊ နွားများစားသုံးရန် အစာအဖြစ် စေတီပုံပြုလုပ်ထားသော ကောက်ပင်၏အစာအပုံ
    haystack - windrow
    နာမ်

    ကောက်ရိုးပုံ

    [kɔ́ɛʔɹópòʊɴ]
    အသီးခြွေပြီးရေ စပါးပင်၏အရိုးတိကို ကျွဲ၊ နများစားသုံးရန် အစာအဖြစ် စာတီပုံပြုလုပ်ထားရေ စပါးပင်၏အစာ အပုံ
    အသီးခြွေပြီးသော ကောက်ပင်၏အရိုးများကို ကျွဲ၊ နွားများစားသုံးရန် အစာအဖြစ် စေတီပုံပြုလုပ်ထားသော ကောက်ပင်၏အစာ အပုံ
    haystack - windrow
    နာမ်

    ကောက်ရိုးမီး

    [kɔ́ɛʔɹómï]
    ခဏရာကေ ကြီးပွားဖြစ်တည်သော အရာ။ ခဏရာကေ တည်သော စိတ်လုံ့လ။(ဥပစာ
    ခဏသာလျှင် ကြီးပွားဖြစ်တည်သော အရာ။ ခဏသာလျှင် တည်သော စိတ်လုံ့လ။(ဥပစာ
    [fig.] short-lived enthusiasm - a while rich
    နာမ်

    ကောက်ရောင်း

    [kɔ́ɛʔɹáʊɴ]
    စပါးဟောင်း၊ ဆန်ဟောင်း။ နှစ်ဟောင်း စပါး၊ ဆန်အစဟိစွာ
    စပါးဟောင်း၊ ဆန်ဟောင်း။ နှစ်ဟောင်း စပါး၊ ဆန်စသည်
    rice
    နာမ်