Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,501–1,520 of 3,186 words

    က

    ကျ လူ

    [t͡ɕ lù]
    အိုမင်းရင့်ရော်သော အရွယ်သို့(ရောက်ရေ) သက်လျောသည်
    အိုမင်းရင့်ရော်သော အရွယ်သို့(ရောက်သည်) သက်လျောသည်
    old
    ကြိယာ

    ကျကန်းပင်

    [t͡ɕkáɴpɪ̀ɴ]
    ခွပ်ထစ်ကေ အပင်အရွက်ရို့မှ အစီးများထွက်သော အပင်တမျိုး
    ခုတ်ထစ်လျှင် အပင်အရွက်တို့မှ အစေးများထွက်သော အပင်တစ်မျိုး
    like rubber tree
    နာမ်

    ကျက်

    [t͡ɕɛʔ]
    မမိရယောင်ရွတ်ဖတ် သရဇ္ဈယ်ခြင်းကိုပြုရေ။ ကျက်မှတ်
    မမေ့ရအောင်ရွတ်ဖတ် သရဇ္ဈယ်ခြင်းကိုပြုသည်။ ကျက်မှတ်
    read
    ကြိယာ

    ကျက်၂

    [t͡ɕɛʔ၂]
    ၁၊ ငရဲအစဟိရေ ပူလောင်မှု ဒုက္ခဆင်းရဲကတ်စွာကို ခံစားရေ။ ၂၊ အနာအစဟိစွာရို့ ပကတိအတိုင်း အသားပြန်ဖြစ်တေ။ အနာကျက်။ ၃၊ အုတ်၊ အိုးစစွာကို မီးဖိုနန့်ပြုလုပ်သနန့် အသုံးပြုနှိုင်ရေအဖြစ်သို့ ရောက်ရေ။ ၄၊ ထမင်းဟင်းစစွာကို မီးနန့်ချက်သနန့် စားသုံးနှိုင်ရေအဖြစ်သို့ ရ
    ၁၊ ငရဲစသော ပူလောင်မှု ဒုက္ခဆင်းရဲကြသည်ကို ခံစားသည်။ ၂၊ အနာစသည်တို့ ပကတိအတိုင်း အသားပြန်ဖြစ်သည်။ အနာကျက်။ ၃၊ အုတ်၊ အိုးစသည်ကို မီးဖိုဖြင့်ပြုလုပ်သဖြင့် အသုံးပြုနိုင်သည့်အဖြစ်သို့ ရောက်သည်။ ၄၊ ထမင်းဟင်းစသည်ကို မီးဖြင့်ချက်သဖြင့် စားသုံးနိုင်သည့်အဖြစ်သို့ ရ
    warm
    ကြိယာ

    ကျက်ကျက်

    [t͡ɕɛʔt͡ɕɛʔ]
    ၁၊ အသံကျကျယ်လောင်လောင် လားလာလှုပ်ရှား ပြောဆိုဗျာယ်။ ၂၊ အလွန်ပူပြင်းပြစွာ။ နီလျှင်ကျက်ကျက်၊ ပူပြင်းချက်ကြောင့် (ရှီးထုံး)။ ပူလောင်ကျက်ကျက်၊ နီပူချက်ကြောင့်၊ ကောက်တက် စပါးပင်၊ ညှိုးလျှင်ခြောက်သွိ. ဪ (မြို့တည်)။ ကျက်ကိုအရင်းတည်ပြီးကေ ကျက်ကျက်ဆူ။ ကျက်ကျက်ပူ။ ကျက်ကျက်
    ၁၊ အသံကျယ်လောင်စွာ သွားလာလှုပ်ရှား ပြောဆိုလျက်။ ၂၊ အလွန်ပူပြင်းပြစွာ။ နီလျှင်ကျက်ကျက်၊ ပူပြင်းချက်ကြောင့် (ရှေးထုံး)။ ပူလောင်ကျက်ကျက်၊ နီပူချက်ကြောင့်၊ ကောက်တက် ကောက်ပင်၊ ညှိုးလျှင်ခြောက်သွိ. ဪ (မြို့တည်)။ ကျက်ကိုအရင်းတည်၍ ကျက်ကျက်ဆူ။ ကျက်ကျက်ပူ။ ကျက်ကျက်
    hot
    ကြိယာဝိသေသန

    ကျက်ကျက်ဆူ

    [t͡ɕɛʔt͡ɕɛʔsʰù]
    ၁၊ မငြိမ်မသက် လှုပ်ရှား လားလာဗျာယ်။ ၂၊ ဆူဆူညံညံ အသံကျကျယ်လောင်လောင်။ ကျွီးကြွီးကြော်ဗျာယ်။ ဝန်းကျင်ရန်လှည့်၊ လုပ်ကြံတိုက်သော်၊ ကျက်ကျက်ဆူဝှန်၊ ပျက်သေပြန်ပနာ (ရခိုင်ကာ)
    ၁၊ မငြိမ်မသက် လှုပ်ရှား သွားလာလျက်။ ၂၊ ဆူဆူညံညံ အသံကျယ်လောင်စွာ။ အော်ဟစ်ကြွေးကြော်လျက်။ ဝန်းကျင်ရန်လှည့်၊ လုပ်ကြံတိုက်သော်၊ ကျက်ကျက်ဆူဝှန်၊ ပျက်သေပြန်၍ (ရခိုင်ကာ)
    thriving
    ကြိယာဝိသေသန

    ကျက်ကျက်ရိုက်

    [t͡ɕɛʔt͡ɕɛʔɹaɪʔ]
    ၁၊ မငြိမ်မသက် လှုပ်ရှားလားလာဗျာယ်။ ဆူဆူညံညံ ကျကျယ်လောင်လောင်သော အသံနန့်။ ဆောင်ပန်းခွင်လေ၊ မီးစင်ထက်မာ၊ ကျက်ကျက်ရိုက်လို့ (နာရဒ)
    ၁၊ မငြိမ်မသက် လှုပ်ရှားသွားလာလျက်။ ဆူဆူညံညံ ကျယ်လောင်စွာသော အသံဖြင့်။ ဆောင်ပန်းခွင်လေ၊ မီးစင်ထက်မှာ၊ ကျက်ကျက်ရိုက်လို့ (နာရဒ)
    vociferate
    ကြိယာဝိသေသန

    ကျက်ကျက်လောင်

    [t͡ɕɛʔt͡ɕɛʔlàʊɴ]
    အပူဟိန်ပြင်းစွာ ထိတွိခြင်းကို ခံရရေအနိန်နန့်
    အပူရှိန်ပြင်းစွာ ထိတွေ့ခြင်းကို ခံရသောအားဖြင့်
    hot
    ကြိယာဝိသေသန

    ကျက်စနူ

    [t͡ɕɛʔsnù]
    ဆားငန်ရေမှီရာမာ ပေါက်တတ်ရေ အပွင့်ကြိုင်လှိုင်သော အပင်တမျိုး
    ဆားငန်ရေမှီရာတွင် ပေါက်တတ်သော အပွင့်ကြိုင်လှိုင်သော အပင်တစ်မျိုး
    plant grow in salty place
    နာမ်

    ကျက်စနူပျား

    [t͡ɕɛʔsnùprá]
    ကျက်စနူပင်ပွင့်ချိန် တန်ခူးလမာ အုံဖွဲ့လာတတ်ရေ ပန်းဝတ်ရည် စုပ်ပျံတတ်ရေ ပိုးကောင်တမျိုး။ ပျားတမျိုး။ ယင်းပျားကို ‘အနန်းပျား’ခေါ်ပနာ၊ ယင်းပျားရည်ကို ‘အနန်းပျားရည်’ ဟုခေါ်ရေ။ ၄င်းပျားရည်ကို သောက်သုံးသောအနိန်နန့် အသက်ရှည်ရေဟူ၏
    ကျက်စနူပင်ပွင့်ချိန် တန်ခူးလတွင် အုံဖွဲ့လာတတ်သော ပန်းဝတ်ရည် စုပ်ပျံတတ်သော ပိုးကောင်တစ်မျိုး။ ပျားတစ်မျိုး။ ယင်းပျားကို ‘အနန်းပျား’ခေါ်၍၊ ယင်းပျားရည်ကို ‘အနန်းပျားရည်’ ဟုခေါ်သည်။ ၄င်းပျားရည်ကို သောက်သုံးသောအားဖြင့် အသက်ရှည်သည်ဟူ၏
    honey
    နာမ်

    ကျက်စာ

    [t͡ɕɛʔsà]
    မမိရယောင် မပြတ်ရွတ်ဖတ် သရဇ္ဈယ်ရရေစာ
    မမေ့ရအောင် မပြတ်ရွတ်ဖတ် သရဇ္ဈယ်ရသည့်စာ
    lesson to be learnt by heart or to be memorised
    နာမ်

    ကျက်စား

    [t͡ɕɛʔsá]
    နီရာတခုတည်းသို့ မပြတ်လားလာရေ။ စိတ်ကေလည်း မပြတ်လီ့လာ သုံးသပ်သည်
    နေရာတစ်ခုတည်းသို့ မပြတ်သွားလာသည်။ စိတ်ဝင်စားလျက် မပြတ်လေ့လာ သုံးသပ်သည်
    learn
    ကြိယာ

    ကျက်တော့

    [t͡ɕɛʔtɔ̰]
    ကျက်တွာလိုင်ဖင်းမာ အရဲရောင်ဟိရေ မောင်ညိုကြီးတမျိုး
    ကျက်တွာလည်ပင်းတွင် အနီရောင်ရှိသော ကြက်တူရွေးကြီးတစ်မျိုး
    parrot
    နာမ်

    ကျက်ပိတ်

    [t͡ɕɛʔpeɪʔ]
    ကျပ်ပိတ်အိမ် အစဟိရေအဆောက်အအုံမာ ခေါင်မိုးထိပ်စွန်းနှစ်ဖက်ဟိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဖီးနံရံနှင့်တစပ်တည်း သုံးထောင့်ချွန်းနိန်ရေ နီရာကို မိုးရီမ၀င်ရယောင် ပိတ်ထားရေအရာ
    ကျပ်ပိတ်အိမ် စသောအဆောက်အအုံတွင် ခေါင်မိုးထိပ်စွန်းနှစ်ဖက်ရှိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဘေးနံရံနှင့်တစ်စပ်တည်း သုံးထောင့်ချွန်းနေသော နေရာကို မိုးရေမ၀င်ရအောင် ပိတ်ထားသောအရာ
    none
    နာမ်

    ကျက်မှတ်

    [t͡ɕɛʔm̥aʔ]
    ၁၊ စာကိုနုတ်ငုံလည်းရ၊ မှတ်လည်းမှတ်မိရေ။ ၂၊ အသံတနည်း ရုပ်ကိုမှတ်မိရေ
    ၁၊ စာကိုနုတ်ငုံလည်းရ၊ မှတ်လည်းမှတ်မိသည်။ ၂၊ အသံသို့မဟုတ် ရုပ်ကိုမှတ်မိသည်
    remember
    နာမ်

    ကျက်ရုံး

    [t͡ɕɛʔɹóʊɴ]
    မွှီးသောအပွင့်ဖြူပွင့်၍ စံပယ်ပင်ပိုင် ခြုံပင်တမျိုး ပွင့်ချပ်သုံးလွှာပါရေ။ စံပယ်ကျက်ရုံး၊ ငါတကုံး(တေး)။ ဝဲလင်္ကျာမာ၊ နော်ဇာမိုးစွေ၊ ပန်းမြိုင်လယ်မာ၊ သင်းခွေကျက်ရုံး၊ ရူမဆုံးအောင် (ဓမ္မသာ)
    မွှေးသောအပွင့်ဖြူပွင့်၍ စံပယ်ပင်ကဲ့သို့ ချုံပင်တစ်မျိုး ပွင့်ချပ်သုံးလွှာပါသည်။ စံပယ်ကျက်ရုံး၊ ငါတကုံး(တေး)။ ဝဲလင်္ကျာတွင်၊ နော်ဇာမိုးစွေ၊ ပန်းမြိုင်လယ်မှာ၊ သင်းခွေကျက်ရုံး၊ ရူမဆုံးအောင် (ဓမ္မသာ)
    jasmine
    နာမ်

    ကျက်သားမြီ

    [t͡ɕɛʔθámɹì]
    အသီးအနှံအပင်တိကို အားဖြစ်စီသော သြဇာဓာတ်ပါဟိရေ မြေတမျိုး
    အသီးအနှံအပင်များကို အားဖြစ်စေသော သြဇာဓာတ်ပါရှိသော မြေတစ်မျိုး
    compost
    နာမ်

    ကျခံ

    [t͡ɕkʰံ]
    ငွီကြီး ကုန်မည့်တာဝန်ကို ခံယူရေ
    ငွေကြေး ကုန်မည့်တာဝန်ကို ခံယူသည်
    afford
    ကြိယာ

    ကျင်

    [t͡ɕɪ̀ɴ]
    တဦးနှင့်တဦး အားချင်းပြိုင်၍ မြင့်ဂါသတ်ကာ မြေသို့ကျအောင် လုံးထွေးကစပ်သော နည်းတမျိုး။ လောကီဖက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပမ်းနှင့်၊ မြေဝန်းရုပ်သီး၊ ရှုမညီးအောင် (ဥရာဇ်)။ ကျင်ကိုနပမ်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်လတ်ပြန်ကေ (ရခိုင်ကာ)
    တစ်ဦးနှင့်တစ်ဦး အားချင်းပြိုင်၍ အောက်ခြေလွတ်ကာ မြေသို့ကျအောင် လုံးထွေးကစားသော နည်းတစ်မျိုး။ လောကီဖက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပမ်းနှင့်၊ မြေဝန်းရုပ်သီး၊ ရှုမညီးအောင် (ဥရာဇ်)။ ကျင်ကိုနပမ်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်လတ်ပြန်ကေ (ရခိုင်ကာ)
    wrestling
    နာမ်

    ကျင့်

    [t͡ɕɪ̀ɴ့]
    ၁၊ တခုတရီအမှတ်ပြုပနာ လုပ်ဆောင်ရေ။ အားထုတ်ရေ။ ၂၊ နားလည်သဖောပေါက်အောင် မှတ်သားရေ။ ကျင့်ဇာဂီနှင့်၊ ဝသီကပ်လို့၊ မြတ်ရာခေါ်ကေ၊ သူတော်မမာ (သာချမ်း)
    ၁၊ တစ်စုံတစ်ခုအမှတ်ပြု၍ လုပ်ဆောင်သည်။ အားထုတ်သည်။ ၂၊ နားလည်သဘော ပေါက်အောင် မှတ်သားသည်။ ကျင့်ဇာဂီနှင့်၊ ဝသီကပ်လို့၊ မြတ်ရာခေါ်ကေ၊ သူတော်မမှာ (သာချမ်း)
    meditate
    ကြိယာ