Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,521–1,540 of 3,186 words

    က

    ကျင်း

    [t͡ɕɪ́ɴ]
    ၁၊ သင်္ဘောရေယာဉ်အစဟိစွာရို့ကို ပြုလုပ်ရာအရပ်။ သင်္ဘောကျင်း ၂၊ တူးထားရေ မြေမား။ ၃၊ ချိုင့်ဝှမ်းသောနီရာ အရပ်။ ၄၊ ခွီးစားသောခွက်။ ခွီးစားကျင်း ၅၊ သာမန်အနိန်နန့် တူးထားရေချိုင့်။ ၆၊ ရှင်းလင်းသုတ်သင်ထားရေ နီရာ။ တောကိုရှင်း၍ ကျင်းနိန်ရေ ၇၊ မြက်၊ အပင်အစဟိစွာ့ မပေ
    ၁၊ သင်္ဘောရေယာဉ်စသည်တို့ကို ပြုလုပ်ရာအရပ်။ သင်္ဘောကျင်း ၂၊ တူးထားသော မြေတွင်း။ ၃၊ ချိုင့်ဝှမ်းသောနေရာ အရပ်။ ၄၊ ခွေးစားသောခွက်။ ခွေးစားကျင်း ၅၊ သာမန်အားဖြင့် တူးထားသောချိုင့်။ ၆၊ ရှင်းလင်းသုတ်သင်ထားသော နေရာ။ တောကိုရှင်း၍ ကျင်းနေသည် ၇၊ မြက်၊ သစ်ပင်စသည့် မပေ
    ground
    နာမ်

    ကျင်၂

    [t͡ɕɪ̀ɴ၂]
    သားမပေါက်သော ကြက်ဥ၊ ငှက်ဥ အဥဟူသမျှ။ ကြက်ဥကျင်စရေ။ ကြက်ဥဆန်ချောင်
    သားမပေါက်သော ကြက်ဥ၊ ငှက်ဥ အဥဟူသမျှ။ ကြက်ဥကျင်စသည်။ ကြက်ဥဆန်ချောင်
    egg
    နာမ်

    ကျင်း၂

    [t͡ɕɪ́ɴ၂]
    အဂေါင်း၌ ပေါက်တတ်ရေ အနာတမျိုး။ ဤအနာပေါက်ကေ အဂေါင်း၌ဆံပင်မပေါက် ဖြစ်တတ်ရေ။ ဒက်နာ
    ဦးခေါင်း၌ ပေါက်တတ်သော အနာတစ်မျိုး။ ဤအနာပေါက်လျှင် ဦးခေါင်း၌ဆံပင်မပေါက် ဖြစ်တတ်သည်။ ဒက်နာ
    erysipelas
    နာမ်

    ကျင်၃

    [t͡ɕɪ̀ɴ၃]
    ကြီးကျယ်ထည်ဝါသော။ ခန့်ညားသော။ ဆန်းကြယ်သော။ ခမ်းကျင်မြို့ပြည်၊ ရှုဖွယ်မညောင်း၊ မသာထောင်းတည်း (ရှီးထုံး)
    ကြီးကျယ်ထည်ဝါသော။ ခန့်ညားသော။ ဆန်းကြယ်သော။ ခမ်းကျင်မြို့ပြည်၊ ရှုဖွယ်မညောင်း၊ မသာထောင်းတည်း (ရှေးထုံး)
    facilitate
    နာမဝိသေသန

    ကျင်း၃

    [t͡ɕɪ́ɴ၃]
    ၁၊ တဖက်နှင့်တဖက် အင်အားချင်းပြိုင်ရေ။ ၂၊ စစ်ထိုးရေ။ တိုက်ခိုက်ရေ။ သူတင်းငါတင်း၊ ရဲမက်ကျင်း၍၊ ရန်တင်းပြုပေ၊ တိုက်ကတ်လေသော် (ရှီးထုံး)
    ၁၊ တစ်ဖက်နှင့်တစ်ဖက် အင်အားချင်းပြိုင်သည်။ ၂၊ စစ်ထိုးသည်။ တိုက်ခိုက်သည်။ သူတင်းငါတင်း၊ ရဲမက်ကျင်း၍၊ ရန်တင်းပြုပေ၊ တိုက်ကြလေသော် (ရှေးထုံး)
    attack
    ကြိယာ

    ကျင်၄

    [t͡ɕɪ̀ɴ၄]
    ၁၊ သေးလွယ်သော။ လည်ကျင်၊ ခါးကျင်စရေ။ ၂၊ ညံ့ဖျင်းသော။ ၃၊ ချောင်ကျသော
    ၁၊ သေးလွယ်သော။ လည်ကျင်၊ ခါးကျင်စသည်။ ၂၊ ညံ့ဖျင်းသော။ ၃၊ ပိန်ကြုံသော
    thin
    နာမဝိသေသန

    ကျင်း၄

    [t͡ɕɪ́ɴ၄]
    ၁၊ တောအုံအစဟိစွာရို့ကို ခုတ်ထွင်၍ ရှင်းလင်းထားရေ။ တောကိုရှင်း၍ ကျင်းနိန်ရေ။ ၂၊ ကော်ဆဲမျိုးက်ခြောက်ခြောက်မှု ခံရရေ။ အဖပါးမာ အဆဲအဆိုခံလို့ ဂေါင်းကျင်းနီဗျာ။ ၃၊ အလင်းသို့ ရောက်ရေ။ ဓါတ်ကျင်းလို့၊ အလင်းရောင်ရေ်၊ ငေါက်တောက် လည်းထ၊ ဦးနှိမ့်ချဗျာယ် ရခိုင်ကာ။ ၄၊ ပြဿနာဟူ
    ၁၊ တောအုံစသည်တို့ကို ခုတ်ထွင်၍ ရှင်းလင်းထားသည်။ တောကိုရှင်း၍ ကျင်းနေသည်။ ၂၊ ဆဲဆိုခြိမ်းခြောက်မှု ခံရသည်။ အဖပါးမှာ အဆဲအဆိုခံလို့ ဂေါင်းကျင်းနီဗျာ။ ၃၊ အလင်းသို့ ရောက်သည်။ အာရုံကျင်းလို့၊ အလင်းရောင်သော်၊ ငေါက်တောက် လည်းထ၊ ဦးနှိမ့်ချလျက် ရခိုင်ကာ။ ၄၊ ပြဿနာဟူ
    solve
    ကြိယာ

    ကျင်၅

    [t͡ɕɪ̀ɴ၅]
    သပိတ်၊ အိုး၊ ခွက်အစဟိစွာရို့၏ အထဲဖက်ကို ရေနန့် သာမန်ဆီးကြောသည်
    သပိတ်၊ အိုး၊ ခွက်စသည်တို့၏ အတွင်းဖက်ကို ရေဖြင့် သာမန်ဆေးကြောသည်
    watch
    ကြိယာ

    ကျင်၆

    [t͡ɕɪ̀ɴ၆]
    မြီကြီးနှင့် ရောနှောနိန်ရေ ရွှီစမှုန့်၊ ငွီစမှုန့်ရို့ကို ကျင်သော ခွက်မာထည့်ပနာ ရေမာရပေါ်ဆီမှ အသာကျုံးစုယူရေ
    မြေကြီးနှင့် ရောနှောနေသော ရွှေစမှုန့်၊ ငွေစမှုန့်တို့ကို ကျင်သော ခွက်တွင်ထည့်၍ ရေတွင်အပေါ်ယံမှ အသာကျုံးစုယူသည်
    pan for gold
    ကြိယာ

    ကျင်၇

    [t͡ɕɪ̀ɴ၇]
    တတ်ကျွမ်းလိမ္မာသည်
    တတ်ကျွမ်းလိမ္မာသည်
    good as good
    ကြိယာ

    ကျင်၈

    [t͡ɕɪ̀ɴ၈]
    ၁၊ ကြိယာကို ထောက်ပံ့လီးနက် စီရေ့စကားလုံး။ ကြွကြွဆောလျှင်၊ ဗြီးခကျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ တက်သီးခေါက်ထွေ၊ လားကျင်လေသော် (ရှီးထုံး)။ ရီးကြောင်းစုံပေ၊ ချီကျင်လေသော် (ရှီးထုံး)။ ခတောင်းစကို၊ ဆွဲထနုတ်ကျင် (ဂုတ္တိလ)။ ဝှန်ကာတက်
    ၁၊ ကြိယာကို ထောက်ပံ့လေးနက် စေသည့်စကားလုံး။ ကြွကြွဆောလျှင်၊ ပြေးခဲ့ကျင်သည်၊ လွင့်စင်မြေမှုန့်၊ ဆောင်းဆောင်းတည်း (ရခိုင်ကာ)။ တက်သီးခေါက်ထွေ၊ သွားကျင်လေသော် (ရှေးထုံး)။ ရီးကြောင်းစုံပေ၊ ချီကျင်လေသော် (ရှေးထုံး)။ ပုဆိုးစကို၊ ဆွဲထနုတ်ကျင် (ဂုတ္တိလ)။ ဝှန်ကာတက်
    bargain on
    ကြိယာ

    ကျင်၉

    [t͡ɕɪ̀ɴ၉]
    သစ်ရွက်များ ရင့်ရော်ဟောင်းနွမ်း၍ ကြွီကျပြီး ရွက်နုအဖူးထွက်ခါစ ပြုရေ။ တချို့အပင်၊ ညွန့်ဖူးဆင်ကေ၊ ရွက်ကျင်ပြန်စ၊ နွီရာသီလေ၊ ဂိမာန်ပြောင်းကေ၊ တပေါင်းလမာ (ကော်)။ ရွက်ကျင်ပြန်စ၊ တပေါင်းလ (စကားပုံ)
    သစ်ရွက်များ ရင့်ရော်ဟောင်းနွမ်း၍ ကြွေကျပြီး ရွက်နုအဖူးထွက်ခါစ ပြုသည်။ တချို့သစ်ပင်၊ ညွန့်ဖူးဆင်ကေ၊ ရွက်ကျင်ပြန်စ၊ နွေရာသီလေ၊ ဂိမာန်ပြောင်းကေ၊ တပေါင်းလမှာ (ကော်)။ ရွက်ကျင်ပြန်စ၊ တပေါင်းလ (စကားပုံ)
    burgeon
    ကြိယာ

    ကျင်ကိုင်

    [t͡ɕɪ̀ɴkàɪɴ]
    တဦးနှင့်တဦး အယှုံးအနိုင် လုံးထွေးကတ်တေ။ နပန်းလုံးသည်
    တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင် လုံးထွေးကြသည်။ နပန်းလုံးသည်
    fight
    ကြိယာ

    ကျင်ကျ

    [t͡ɕɪ̀ɴt͡ɕ]
    ကျင်ကိုင်ပနာ နပန်းလုံး၍ အယှုံးခံရရေ
    ကျင်ကိုင်၍ နပန်းလုံး၍ အရှုံးခံရသည်
    lose
    ကြိယာ

    ကျင်ကျ၂

    [t͡ɕɪ̀ɴt͡ɕ၂]
    ကျင်ကိုင်ပနာ နပန်းလုံး၍ အယှုံးခံရသူ
    ကျင်ကိုင်၍ နပန်းလုံး၍ အရှုံးခံရသူ
    loser
    နာမ်

    ကျင်ကျင်

    [t͡ɕɪ̀ɴt͡ɕɪ̀ɴ]
    ၁၊ ပပိန်ချေသော။ ခါးကျင်ကျင်။ လည်ကျင်ကျင်။ ၂၊ ချောင်ကျသော။ ကြုံလှီသော။ ကိုယ်ကျင်ကျင်။ လက်ကျင်ကျင်။ ခြီကျင်ကျင် အစဟိစွာ
    ၁၊ သေးသွယ်သော။ ခါးကျင်ကျင်။ လည်ကျင်ကျင်။ ၂၊ ပိန်ကြုံသော။ ကြုံလှီသော။ ကိုယ်ကျင်ကျင်။ လက်ကျင်ကျင်။ ခြီကျင်ကျင် စသည်
    thin
    နာမဝိသေသန

    ကျင်းကျင်း

    [t͡ɕɪ́ɴt͡ɕɪ́ɴ]
    ၁၊ မျက်နှာပြင်ရှင်းလင်း ပြေပြစ်သော။ ဂေါင်းဆံပင်ကို၊ စင်ယောင်ရိတ်လို့၊ တံဆိပ်မယွင်း၊ ထိပ်ကျင်းကျင်းနှင့် ကော်။ ၃၊ ပုံဟန် အချိုးမကျသော။ အခြီစင်းစင်း၊ လက်ကျင်းကျင်းသည်၊ ဝတ်ခြင်းပင်၊ ရင်မစိ.တည်း ဗမာချီ။ ၄၊သွီးသွယ်ရှည်လျားသော။ ၅၊ ဝတ်စားဆင်ယင်မှု မဟိရေ။ ၆၊
    ၁၊ မျက်နှာပြင်ရှင်းလင်း ပြေပြစ်သော။ ဂေါင်းဆံပင်ကို၊ စင်ယောင်ရိတ်လို့၊ တံဆိပ်မယွင်း၊ ထိပ်ကျင်းကျင်းနှင့် ကော်။ ၃၊ ပုံဟန် အချိုးမကျသော။ အခြီစင်းစင်း၊ လက်ကျင်းကျင်းသည်၊ ဝတ်ခြင်းပင်၊ ရင်မစိ.တည်း ဗမာချီ။ ၄၊ သွေးသွယ်ရှည်လျားသော။ ၅၊ ဝတ်စားဆင်ယင်မှု မရှိသော။ ၆၊
    smooth
    နာမဝိသေသန

    ကျင်းကျင်းတုံးတုံး

    [t͡ɕɪ́ɴt͡ɕɪ́ɴtóʊɴtóʊɴ]
    အဝတ်မဟိ ဗလာခြည်းဖြစ်ဗျာယ်
    အဝတ်မရှိ ဗလာချည်းဖြစ်လျက်
    undress
    ကြိယာဝိသေသန

    ကျင်းကျင်းလက်လက်

    [t͡ɕɪ́ɴt͡ɕɪ́ɴlɛʔlɛʔ]
    ၁၊ သန့်ပြန့်စင်ကြယ်သော နီရာအရပ်။ ၂၊ သုတ်သွင်ရှင်းလင်းထားရေ နီရာ
    ၁၊ သန့်ပြန့်စင်ကြယ်သော နေရာအရပ်။ ၂၊ သုတ်သွင်ရှင်းလင်းထားသော နေရာ
    cleanup plac
    နာမ်

    ကျင်းကျင်းလဲ့လဲ့

    [t͡ɕɪ́ɴt͡ɕɪ́ɴlélé]
    ၁၊ သန့်ပြန့်စင်ကြယ်သော နီရာအရပ်။ ၂၊ သုတ်သွင်ရှင်းလင်းထားရေ နီရာ
    ၁၊ သန့်ပြန့်စင်ကြယ်သော နေရာအရပ်။ ၂၊ သုတ်သွင်ရှင်းလင်းထားသော နေရာ
    cleanup place
    နာမဝိသေသန