Dictionary Entries
Showing 1,561–1,580 of 3,186 words
က
ကျင်တိုက်
[t͡ɕɪ̀ɴtaɪʔ]
Arakanese:
တယောက်နှင့် တယောက်ကျင်နပန်း လုံးထွေးစီရေ
Burmese:
တစ်ယောက်နှင့် တစ်ယောက်ကျင်နပန်း လုံးထွေးစေသည်
English:
fight
Grammar Note:
ကြိယာ
ကျင့်ထုံး
[t͡ɕɪ̀ɴ့tʰóʊɴ]
Arakanese:
၁၊ လိုက်နာကြင့်သုံးရန်နည်း။၂၊ စိုင်ဆက်မပြတ် ပြုလုပ်မြဲဖြစ်ရေ ထုံး
Burmese:
၁၊ လိုက်နာကျင့်သုံးရန်နည်း။၂၊ စဉ်ဆက်မပြတ် ပြုလုပ်မြဲဖြစ်သော ထုံး
English:
rule
Grammar Note:
နာမ်
ကျင်းထောင်
[t͡ɕɪ́ɴtʰàʊɴ]
Arakanese:
၁၊ ရီစီးကြောင်းမာ မားတူး၍ အနားပတ်ပတ်လည်ဆည်ဖို့ ထားပြီးသား ရီစီးသာရုံ ဖောက်ထားကာ အဝင်သာရပြီးကေ ပြန်ထွက်ပြီးကေ မရယောင် ပြုလုပ်ထားရေ ငါးထောင်နည်းတမျိုး။ ၂၊ ယင်းပိုင်ထောင်သော ကိရိယာ
Burmese:
၁၊ ရေစီးကြောင်းတွင် တွင်းတူး၍ အနားပတ်ပတ်လည်ဆည်ဖို့ ထားပြီး ရေစီးသာရုံ ဖောက်ထားကာ အဝင်သာရ၍ ပြန်ထွက်၍ မရအောင် ပြုလုပ်ထားသော ငါးထောင်နည်းတစ်မျိုး။ ၂၊ ယင်းကဲ့သို့ထောင်သော ကိရိယာ
English:
charmer’s basket
Grammar Note:
နာမ်
ကျင်ဒိုင်
[t͡ɕɪ̀ɴdàɪɴ]
Arakanese:
ကျင်ကိုင်နပန်း လုံးထွေးရာမာ ကြီးကြပ်ပီးရရေ ပလီကိုင်။ အလယ်ကောင်မာ၊ တောင်မြောက်လားလာ၊ ပွဲမာကိုင်ကေ၊ ကျင်ဒိုင်လားသို့ (နာရဒ)
Burmese:
ကျင်ကိုင်နပန်း လုံးထွေးရာတွင် ကြီးကြပ်ပေးရသော ဒိုင်လူကြီး။ အလယ်ကောင်မှာ၊ တောင်မြောက်သွားလာ၊ ပွဲမှာကိုင်ကေ၊ ကျင်ဒိုင်လားသို့ (နာရဒ)
English:
referee
Grammar Note:
နာမ်
ကျင်းပ
[t͡ɕɪ́ɴp]
Arakanese:
ပွဲလမ်းသဘင်အစဟိစွာ ပြုလုပ်ရေ
Burmese:
ပွဲလမ်းသဘင်စသည် ပြုလုပ်သည်
English:
party
Grammar Note:
ကြိယာ
ကျင်ပစ်
[t͡ɕɪ̀ɴpɪʔ]
Arakanese:
တဦးနှင့်တဦး ကျင်နပန်းလုံးထွေး၍ အနိုင်ရယောင် နင်လားငါလားကုန် တွန်းကန်လွှဲ၍ ပစ်ချရေ။ ခရာသုံးဆယ်၊ မေသုံးပွင့်နှင့်၊ ကျင်ပိုက်လို့သီရဖို့ (တေး)
Burmese:
တစ်ဦးနှင့်တစ်ဦး ကျင်နပန်းလုံးထွေး၍ အနိုင်ရအောင် တအားကုန် တွန်းကန်လွှဲ၍ ပစ်ချသည်။ ခရာသုံးဆယ်၊ မေသုံးပွင့်နှင့်၊ ကျင်ပိုက်လို့သီရမည် (တေး)
English:
fight
Grammar Note:
ကြိယာ
ကျင်းပေါက်
[t͡ɕɪ́ɴpaʊʔ]
Arakanese:
ဒက်ပေါက်သောအနာ၊ ဒက်နာ
Burmese:
ဒက်ပေါက်သောအနာ၊ ဒက်နာ
English:
erysipelas
Grammar Note:
နာမ်
ကျင်ပြော
[t͡ɕɪ̀ɴpɹɔ́]
Arakanese:
ဆီးလွန်ခြင်း။ ဆီးလွန်ရောဂါ။ ကျင်ပြောကေ မကွာစိ ပြောင်းဖူးစိကို လောင်းာ်၍ အမှုန့်ပြုပြီးစားပါက သက်သာပါရေ (ပဉ္စဘုတ်)
Burmese:
ဆီးလွန်ခြင်း။ ဆီးလွန်ရောဂါ။ ကျင်ပြောလျှင် မကွာစိ ပြောင်းဖူးစေ့ကို လှော်၍ အမှုန့်ပြုပြီးစားပါက သက်သာပါသည် (ပဉ္စဘုတ်)
English:
enuresis
Grammar Note:
နာမ်
ကျင်ပွဲ
[t͡ɕɪ̀ɴpwɛ]
Arakanese:
ပျော်ရွှင်ဖွီရာ ကျင်နပန်း လုံးထွေး၍ ကစပ်ပြခြင်း။ ကျင်လုံးကစပ်သောပွဲ။ နပန်းပွဲ
Burmese:
ပျော်ရွှင်ဖွယ်ရာ ကျင်နပန်း လုံးထွေး၍ ကစားပြခြင်း။ ကျင်လုံးကစားသောပွဲ။ နပန်းပွဲ
English:
bout
Grammar Note:
နာမ်
ကျင့်မှား
[t͡ɕɪ̀ɴ့m̥á]
Arakanese:
ကျူးလွန်ယှောက်ခိုးရေ။ အကျူးအလွန်၊ ဖောက်ပြန်ကျင့်မား(သိုက်)
Burmese:
ကျူးလွန်ဖောက်ပြားသည်။ အကျူးအလွန်၊ ဖောက်ပြန်ကျင့်မှား(သိုက်)
English:
commit
Grammar Note:
နာမ်
ကျင်ယင်
[t͡ɕɪ̀ɴjɪ̀ɴ]
Arakanese:
သာမည မပြောပလောက်သော အချေစားကျင်သမား။ နပန်းသမား
Burmese:
သာမည မပြောပလောက်သော အငယ်စားကျင်သမား။ နပန်းသမား
English:
wrestler
Grammar Note:
နာမ်
ကျင်ယင်၂
[t͡ɕɪ̀ɴjɪ̀ɴ၂]
Arakanese:
ကကောင်းလျင် ဖြတ်လတ်သော ကျင်(နပန်း) သမား
Burmese:
လျင်မြန် ဖျတ်လတ်သော ကျင်(နပန်း) သမား
English:
wrestler
Grammar Note:
နာမ်
ကျင်ယင်သျှေ
[t͡ɕɪ̀ɴjɪ̀ɴʃè]
Arakanese:
အချေစားကျင်(နပန်း) သမား
Burmese:
အငယ်စားကျင်(နပန်း) သမား
English:
wrestler
Grammar Note:
နာမ်
ကျင့်ရိုး
[t͡ɕɪ̀ɴ့ɹó]
Arakanese:
အစိုင်ရက်ပြတ် ပြုလုပ်လာမြဲဖြစ်ရီထုံး။ လိုက်နာကြင့်သုံးရန်နည်း။ ပုဏ္ဏားရို့ ရှေးအစိုင်အလာ ကျင့်ရိုးသော်ကား၊ တူရသိန်နှင့် စလွယ်ကို ကိုယ်ကမခွာခြင်း(ကဝိကျော်)
Burmese:
အစဉ်အဆက်မပြတ် ပြုလုပ်လာမြဲဖြစ်သောထုံး။ လိုက်နာကျင့်သုံးရန်နည်း။ ပုဏ္ဏားတို့ ရှေးအစဉ်အလာ ကျင့်ရိုးသော်ကား၊ တူရသိန်နှင့် စလွယ်ကို ကိုယ်ကမခွာခြင်း(ကဝိကျော်)
English:
rule
Grammar Note:
နာမ်
ကျင်လည်
[t͡ɕɪ̀ɴlɛ̀]
Arakanese:
၁၊ နောက်ထပ်ပြန်ပြန်ပနာမကျဉ်းဖြစ်ပနာ ဖြစ်ပျက်နိန်ရေ။ တဘဝမှတဘဝသို့ ပြောင်းရွိ ဖြစ်ပျက်နိန်ရေ။ ၂၊ လိမ္မာတတ်ကျွမ်းရေ
Burmese:
၁၊ တဖန်ပြန်ပြန်လည်၍ ဖြစ်ပျက်နေသည်။ တစ်ဘဝမှတစ်ဘဝသို့ ပြောင်းရွေ့ ဖြစ်ပျက်နေသည်။ ၂၊ လိမ္မာတတ်ကျွမ်းသည်
English:
good as good
Grammar Note:
ကြိယာ
ကျင်လတ်
[t͡ɕɪ̀ɴlaʔ]
Arakanese:
အလတ်တန်းစား ကျင်နပန်းသမား
Burmese:
အလတ်တန်းစား ကျင်နပန်းသမား
English:
wrestler
Grammar Note:
နာမ်
ကျင်လုံး
[t͡ɕɪ̀ɴlóʊɴ]
Arakanese:
၁၊ တယောက်နှင့် တယောက် အယှုံးအနိုင် လုံးထွေးကတ်တေ။ နပန်း လုံးထွေးကတ်တေ။ ၂၊ လုံးထွေး သတ်ပုတ်ကတ်တေ
Burmese:
၁၊ တစ်ယောက်နှင့် တစ်ယောက် အရှုံးအနိုင် လုံးထွေးကြသည်။ နပန်း လုံးထွေးကြသည်။ ၂၊ လုံးထွေး သတ်ပုတ်ကြသည်
English:
fight
Grammar Note:
ကြိယာ
ကျင့်ဝတ်
[t͡ɕɪ̀ɴ့waʔ]
Arakanese:
လိုက်နာစောင့်ရှောက်ရဖို့့ ဖြစ်ရေဝတ္တရားကို အသိစိတ်ဓာတ်နန့် တာဝန်အဖြစ် ခံယူချက်။ ကျင့်ထုံး။ လိုက်နာကြင့်သုံးရန်နည်း။ မင်းရို့၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက် ကတ်ရဖို့ဖြစ်တေ။ (စကားပြေ)
Burmese:
လိုက်နာစောင့်ရှောက်ရမည့် ဖြစ်သောဝတ္တရားကို အသိစိတ်ဓာတ်ဖြင့် တာဝန်အဖြစ် ခံယူချက်။ ကျင့်ထုံး။ လိုက်နာကျင့်သုံးရန်နည်း။ မင်းတို့၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည်။ (စကားပြေ)
English:
rule
Grammar Note:
နာမ်
ကျင်သန်
[t͡ɕɪ̀ɴθàɴ]
Arakanese:
၁၊ ခွန်အားဗလ ကောင်းရေသူ။ သန်မာထွားကျိုင်းသောသူ။ ၂၊ ခွန်အားဗလကောင်းရေ နပန်းသမား
Burmese:
၁၊ ခွန်အားဗလ ကောင်းသောသူ။ သန်မာထွားကျိုင်းသောသူ။ ၂၊ ခွန်အားဗလကောင်းသော နပန်းသမား
English:
wrestler
Grammar Note:
နာမ်
ကျင်သန်ကြီး
[t͡ɕɪ̀ɴθàɴt͡ɕï]
Arakanese:
၁၊ အလွန်ခွန်အား ဗလကြီးမားရေသူ။ အလွန်သန်မာ ထွားကျိုင်းသောသူ။ ၂၊ ခွန်အားဗလကြီးမားရေ အကြီးစားနပန်းသမား
Burmese:
၁၊ အလွန်ခွန်အား ဗလကြီးမားသောသူ။ အလွန်သန်မာ ထွားကျိုင်းသောသူ။ ၂၊ ခွန်အားဗလကြီးမားသော အကြီးစားနပန်းသမား
English:
wrestler
Grammar Note:
နာမဝိသေသန