Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,581–1,600 of 3,186 words

    က

    ကျင့်သားမရ

    [t͡ɕɪ̀ɴ့θámɹ]
    ကိုယ်ကျင့်တရား ပျက်သောသူ
    ကိုယ်ကျင့်တရား ပျက်သောသူ
    Bone-head
    နာမ်

    ကျင့်သားရ

    [t͡ɕɪ̀ɴ့θáɹ]
    အတွိအကြုံ အလိအကျင့် ဟိနိန်ရေ။ လိလာပွန်းတီးရေ။ တခုတရီ ပညာရပ်ကို တတ်သိလိမ္မာသည်
    အတွေ့အကြုံ အလေ့အကျင့် ရှိနေသည်။ လေ့လာပွန်းတီးသည်။ တစ်စုံတစ်ခု ပညာရပ်ကို တတ်သိလိမ္မာသည်
    good as good
    ကြိယာ

    ကျင့်သုံး

    [t͡ɕɪ̀ɴ့θóʊɴ]
    စည်းကမ်းဥပဒေမာ ညွန်ကြားထားရေ့အတိုင်း လိုက်နာဆောင်ရွက်ရေ။ ကျင့်သုံးလိုက်နာ၊ မိန့်ခဲ့မာသည်၊ နောက်လာအမြဲ၊ အစိုင်တည်း(ဒိဋာ)
    စည်းကမ်းဥပဒေတွင် ညွန်ကြားထားသည့်အတိုင်း နာခံဆောင်ရွက်သည်။ ကျင့်သုံးလိုက်နာ၊ မိန့်ခဲ့မှာသည်၊ နောက်လာအမြဲ၊ အစဉ်တည်း(ဒိဋာ)
    meditate
    ကြိယာ

    ကျစ်

    [t͡ɕɪʔ]
    နားမာ ကြက်တောင်အစဟိစွာနန့် သွင်း၍ ပွတ်မွှီ့ရေ
    နားတွင် ကြက်တောင်စသည်ဖြင့် သွင်း၍ ပွတ်လှည့်သည်
    turn
    ကြိယာ

    ကျစ်၂

    [t͡ɕɪʔ၂]
    ၁၊ တီ၊ ကြွက်၊ ပုရစ်အစဟိရေ မားအောင်းသတ္တဝါရို့စွာ မြီကြီးကို တူးယက်ရာမှ ထွက်လှာသော မြီစာလုံးငယ်။ ၂၊ ယင်းကျစ်စာနန့်တူသော မုန့်
    ၁၊ တီ၊ ကြွက်၊ ပုရစ်စသော တွင်းအောင်းသတ္တဝါတို့သည် မြေကြီးကို တူးယက်ရာမှ ထွက်လာသော မြေစာလုံးငယ်။ ၂၊ ယင်းကျစ်စာနှင့်တူသော မုန့်
    snack
    နာမ်

    ကျစ်၃

    [t͡ɕɪʔ၃]
    ကြိုးဖြစ်ယောင် လျှော်မျှင်အစဟိစွာနန့် လိမ်ရရေ
    ကြိုးဖြစ်အောင် လျှော်မျှင်စသည်ဖြင့် လိမ်ရသည်
    yarn
    ကြိယာ

    ကျစ်၄

    [t͡ɕɪʔ၄]
    ၁၊ နနောင်းကျစ်လစ်ရေ။ ၂၊ သေဝပ် ပိပြားရေ။ ပိရိသည်
    ၁၊ ခိုင်မာကျစ်လစ်သည်။ ၂၊ သေဝပ် ပိပြားသည်။ ပိရိသည်
    compact
    ကြိယာ

    ကျစ်ကျစ်

    [t͡ɕɪʔt͡ɕɪʔ]
    ၁၊ ကျပ်တည်း သိပ်သည်းရေ။ ၂၊ မဆန့်သာယောင် များပြားရေ။ ၃၊ ကျပ်တင်း သိပ်သည်းသည်
    ၁၊ ကျပ်တည်း သိပ်သည်းသည်။ ၂၊ မဆန့်သာအောင် များပြားသည်။ ၃၊ ကျပ်တင်း သိပ်သည်းသည်
    density
    ကြိယာ

    ကျစ်ကျစ်တီး

    [t͡ɕɪʔt͡ɕɪʔtï]
    ၁၊ အသံကျကျယ်လောင်လောင် ဟစ်ကြွီးပြောဆိုကတ်ပနာ။ ၂၊ ပူညံပူညံ အသံကျကျယ်လောင်လောင်နန့်
    ၁၊ အသံကျယ်လောင်စွာ ဟစ်ကြွေးပြောဆိုကြလျက်။ ၂၊ ပူညံပူညံ အသံကျယ်လောင်စွာဖြင့်
    loud voice
    ကြိယာဝိသေသန

    ကျစ်ကျစ်ထွီး

    [t͡ɕɪʔt͡ɕɪʔtʰwï]
    ၁၊ လူများထူထပ်၍ ရောထွီးယှက်ဗျာယ်။ ၂၊ လူများတွက်နန့်မလှုပ်သာယောင် ကျပ်တင်းပြည့်နှက်ဗျာယ်။ ၃၊ လူစည်ကားသနန့် တီတီမွမ်းမျှ။ ၄၊ တိုးပြီးကေမပေါက်အောင် များပြားသနန့်။ လူကျစ်ကျစ်ထွီးရေ
    ၁၊ လူများထူထပ်၍ ရောထွေးယှက်လျက်။ ၂၊ လူများ၍မလှုပ်သာအောင် ကျပ်တင်းပြည့်နှက်လျက်။ ၃၊ လူစည်ကားသဖြင့် တီတီမွမ်းမျှ။ ၄၊ တိုး၍မပေါက်အောင် များပြားသဖြင့်။ လူကျစ်ကျစ်ထွီးရေ
    thriving
    ကြိယာဝိသေသန

    ကျစ်စောင်

    [t͡ɕɪʔsàʊɴ]
    အနွီးခြည်နန့် ရက်လုပ်သော ခြုံစရာစောင်
    အနွေးချည်ဖြင့် ရက်လုပ်သော ခြုံစရာစောင်
    shawl
    နာမ်

    ကျစ်ထိုး

    [t͡ɕɪʔtʰó]
    ပူနွေးသော ကျစ်ထုပ်နန့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျစ်ထုပ်

    [t͡ɕɪʔtʰoʊʔ]
    အနာဒဏ် ကျက်အောင် ဖိနှိပ်ထိုးပီးရရေ ပူပူနွေးနွေး ပရဆီးထုပ်
    အနာဒဏ် ကျက်အောင် ဖိနှိပ်ထိုးပေးရသော ပူပူနွေးနွေး ပရဆေးထုပ်
    fomentation
    နာမ်

    ကျစ်ထုပ်တင်

    [t͡ɕɪʔtʰoʊʔtɪ̀ɴ]
    ပူနွေးသော ကျစ်ထုပ်နန့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျစ်ထုပ်လိုက်

    [t͡ɕɪʔtʰoʊʔlaɪʔ]
    ပူနွေးသော ကျစ်ထုပ်နန့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျစ်ပုဆိုး

    [t͡ɕɪʔpoʊsʰó]
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် အစဟိစွာနန့် ခြည်ကိုကျစ်လိမ်၍ ရက်ထားရေ ခြုံစရာစောင်။ အထည်
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် စသည်ဖြင့် ချည်ကိုကျစ်လိမ်၍ ရက်ထားသော ခြုံစရာစောင်။ အထည်
    shawl
    နာမ်

    ကျစ်ပူတိုက်

    [t͡ɕɪʔpùtaɪʔ]
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ရေအခါ ဖြစ်ပေါ်လှာရေ့ အပူဓါတ်နှင့် လက်ပူနန့် ဖိနှိပ်ပီးရေ
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်သောအခါ ဖြစ်ပေါ်လာသည့် အပူဓါတ်နှင့် လက်ပူဖြင့် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျစ်ပေါင်း

    [t͡ɕɪʔpèàɪ́ɴ]
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် အစဟိစွာနန့် လိမ်၍ထားရေ ခြည်။ ခြည်ခင်
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် စသည်ဖြင့် လိမ်၍ထားသော ချည်။ ချည်ခင်
    yarn
    နာမ်

    ကျစ်ပေါင်းကြိုး

    [t͡ɕɪʔpèàɪ́ɴt͡ɕó]
    ယင်းခြည်နန့် ကျစ်ထားရေ ကြိုး
    ယင်းချည်ဖြင့် ကျစ်ထားသော ကြိုး
    string
    နာမ်

    ကျစ်ပေါင်းခြည်

    [t͡ɕɪʔpèàɪ́ɴkʰɹɛ]
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် အစဟိစွာနန့် လိမ်၍ထားရေ ခြည်။ ခြည်ခင်
    ငါးပင်လိမ်၊ ခြောက်ပင်လိမ် စသည်ဖြင့် လိမ်၍ထားသော ချည်။ ချည်ခင်
    yarn
    နာမ်