Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,601–1,620 of 3,186 words

    က

    ကျဆုံး

    [t͡ɕsʰóʊɴ]
    ၁၊ (တိုင်းပြည်နိုင်ငံ) လူများ လက်မားသို့ ဆင်းသက်ရေ။ ၂၊ စီးပွားရီးအစဟိစွာ့ရို့ ဆုတ်ယုတ်လားရေ။ ၃၊ ရန်လူများ လက်ချက်ကြောင့် အသက်သီဆုံးခြင်းသို့ ထိရောက်ရေ
    ၁၊ (တိုင်းပြည်နိုင်ငံ) သူတစ်ပါး လက်တွင်းသို့ သက်ဆင်းသည်။ ၂၊ စီးပွားရေးစသည့်တို့ ဆုတ်ယုတ်သွားသည်။ ၃၊ ရန်သူတစ်ပါး လက်ချက်ကြောင့် အသက်သေဆုံးခြင်းသို့ ထိရောက်သည်
    bring to bear
    ကြိယာ

    ကျဉ်

    [t͡ɕɪ̀ɴ]
    ၁၊ တောင့်တင်းနနောင်းသော။ ၂၊ မာကျောသော။ မပျောင်းမညံ့ နနောင်းကျစ်လျစ်သော။ သူရို့ချက်ရာ၊ ထမင်းချိုင့်လည်း၊ ကျိုင်းလှပါကေ (ပဒုမ္မ)။ ၃၊ သန်စွမ်းသော။ ၄၊ ခက်မာသော
    ၁၊ တောင့်တင်းခိုင်မာသော။ ၂၊ မာကျောသော။ မပျောင်းမညံ့ ခိုင်မာကျစ်လျစ်သော။ သူတို့ချက်ရာ၊ ထမင်းချိုင့်လည်း၊ ကျိုင်းလှပါကေ (ပဒုမ္မ)။ ၃၊ သန်စွမ်းသော။ ၄၊ ခက်မာသော
    hard
    နာမဝိသေသန

    ကျဉ်း

    [t͡ɕɪ́ɴ]
    ၁၊ ငယ်သောအနံဟိရေ။ ၂၊ အနံ မကျယ်သော
    ၁၊ ငယ်သောအနံရှိသော။ ၂၊ အနံ မကျယ်သော
    narrow
    နာမဝိသေသန

    ကျဉ်၂

    [t͡ɕɪ̀ɴ၂]
    ၁၊ ရောဂါကင်းရေ။ ကျမ္မာရေ။ နေကောင်းရေ။ သံယောင်ကားကျိုင်း၊ ရီယောင်ချိုင်းယောင်၊ မှန်း၍ပြီးခါ(ကော်)။ ၂၊ ခိုင်မြဲသည်
    ၁၊ ရောဂါကင်းသည်။ ကျန်းမာသည်။ နေကောင်းသည်။ သံယောင်ကားကျိုင်း၊ ရီယောင်ချိုင်းယောင်၊ မှန်း၍ပြီးခါ(ကော်)။ ၂၊ ခိုင်မြဲသည်
    health
    ကြိယာ

    ကျဉ်းကျပ်

    [t͡ɕɪ́ɴt͡ɕaʔ]
    ၁၊ ဆင်းရဲရေ။ မလွတ်မချွတ်ဖြစ်စီသည်၊ အရာငယ်အတွက်နန့် မချောင်မချိဖြစ်တေ
    ၁၊ ဆင်းရဲသည်။ မလွတ်မချွတ်ဖြစ်စေသည်၊ အရာငယ်သောကြောင့် မချောင်မချိဖြစ်သည်
    poor
    ကြိယာ

    ကျဉ်ဆာ

    [t͡ɕɪ̀ɴsʰà]
    ၁၊ ထုံသည်၊ ကျဉ်ဆာရေ။၂၊ အထိုင်များသနန့်သွီးပိုင်အလာ မမှန်အတွက်နန့် ပင်ဖြစ်ဖြစ်၊ အအီးလွန်ကဲသနန့် ပင်ဖြစ်ဖြစ် တဖျဉ်းဖျဉ်းဖြစ်တေ
    ၁၊ ထုံသည်၊ ထုံကျင်သည်။၂၊ အထိုင်များသဖြင့် သွေးအသွားအလာ မမှန်သောကြောင့် လည်းကောင်း၊ အအေးလွန်ကဲသဖြင့် လည်းကောင်း တဖျဉ်းဖျဉ်းဖြစ်သည်
    numb
    နာမ်

    ကျဉ်နာ

    [t͡ɕɪ̀ɴnà]
    ခြေလက်ထိုင်းမှိုင်းထုံထိုင်းသော ရောဂါ။ ထုံနာ၊ ကျိုင်နာ အစဟိစွာ
    ခြေလက်လေးလံထုံထိုင်းသော ရောဂါ။ ထုံနာ၊ ကျိုင်နာ စသည်
    numb
    နာမ်

    ကျဉ်ပိတ်

    [t͡ɕɪ̀ɴpeɪʔ]
    အပေါက် အခေါင်းဟိသင့်သလောက်မဟိဘဲ အသားပိတ်နိန်ရေ အရာ။ အခေါင်းမဟိရေ ဝါး
    အပေါက် အခေါင်းရှိသင့်သလောက်မရှိပဲ အသားပိတ်နေသော အရာ။ အခေါင်းမရှိသော ဝါး
    bamboo
    နာမ်

    ကျဉ်းမြောင်း

    [t͡ɕɪ́ɴmɹáʊɴ]
    ၁၊ အစားအသီာက်၊ အရဲအထိုင် မချောင်မလည်ဖြစ်တေ။ ၂၊ ပင်ပန်းဆင်းရဲရေ။ ၃၊ မချောင်မမြောင်၊ မချော်မချိ ဖြစ်တေ
    ၁၊ အစားအသောက်၊ အနေအထိုင် မချောင်မလည်ဖြစ်သည်။ ၂၊ ပင်ပန်းဆင်းရဲသည်။ ၃၊ မချောင်မမြောင်၊ မချော်မချိ ဖြစ်သည်
    poor
    ကြိယာ

    ကျည်

    [t͡ɕɛ̀]
    အဆစ်ပါရေဝါးကို ပြုလုပ်ထားရေ တဖက်ပိတ်ထည့်စရာတမျိုး
    အဆစ်ပါသောဝါးကို ပြုလုပ်ထားသော တစ်ဖက်ပိတ်ထည့်စရာတစ်မျိုး
    bamboo
    နာမ်

    ကျည့်

    [t͡ɕɛ့̀]
    ရီသောက်မျိုရေ။ တကျိုက်၊ တခွက်၊ တဖွာ အစဟိစွာနန့် သင်္ချာနန့် တွဲပြီးကေသုံးသော အရာ။ ဆီးတကျည့်၊ ရီတကျည့်၊ အုန်းရည်တကျည့် စရေ။ အုန်းရည်၊ ထန်းရည်၊ တခပ်တကျည့်၊ ငါရို့ညှည့်မည်၊ သောက်ကြလီလီာ (ဥဒိန်)
    ရေသောက်မျိုသည်။ တစ်ကျိုက်၊ တစ်ခွက်၊ တစ်ဖွာ စသည်ဖြင့် သင်္ချာဖြင့် တွဲ၍သုံးသော အရာ။ ဆီးတစ်ကျည့်၊ ရီတစ်ကျည့်၊ အုန်းရည်တစ်ကျည့် စသည်။ အုန်းရည်၊ ထန်းရည်၊ တခပ်တကျည့်၊ ငါတို့ညှည့်မည်၊ သောက်ကြလေလော (ဥဒိန်)
    A short length bamboo closed at one end
    နာမ်

    ကျည်း

    [t͡ɕɛ́]
    ပန်းဆိုင်ပိုင် တွဲလောင်းကျသော ညှာတံမာ သီးပွင့်သော အပင်တမျိုး။ ကျည်းပင်
    ပန်းဆိုင်ကဲ့သို့ တွဲလျားကျသော ညှာတံတွင် သီးပွင့်သော အပင်တစ်မျိုး။ ကျည်းပင်
    tamarind
    နာမ်

    ကျည်းကတောက်

    [t͡ɕɛ́ktɔ́ɛʔ]
    ဆားငန်ရည်မှီရာမာ ပေါက်တတ်ရေအပင် မကြီးမငယ် အသီးနှစ်ဖက်ချွန် သုံးမြှောင့် ညှာတံ၌သွယ်တန်း၍ သီးသော အပင်တမျိုး။ ကျီးကတုတ်ပင်ရင်း၊ ဟိန်းစွခင်း၊ ချိုင်းလေမောင်မင်း၊ တယောက်ချင်း (ငစွေ)
    ဆားငန်ရည်မှီရာတွင် ပေါက်တတ်သောအပင် မကြီးမငယ် အသီးနှစ်ဖက်ချွန် သုံးမြှောင့် ညှာတံ၌သွယ်တန်း၍ သီးသော အပင်တစ်မျိုး။ ကျီးကတုတ်ပင်ရင်း၊ ဟိန်းစွခင်း၊ ချဉ်းလေမောင်မင်း၊ တစ်ယောက်ချင်း (ငစွေ)
    plant grow in salty place
    နာမ်

    ကျည်စိ

    [t͡ɕɛ̀sì]
    ယမ်းထောင်း သီနတ်မာ ထည့်ပနာ ပစ်သော မခွတ်သံအစိလုံး ပိုင်ယှောင် ခဲလုံးငယ်။ ကျည်စိ
    ယမ်းထောင်း သေနတ်တွင် ထည့်၍ ပစ်သော သံမဏိအစေ့လုံး ကဲ့သို့သော ခဲလုံးငယ်။ ကျည်စေ့
    cartridge
    နာမ်

    ကျည်တောက်

    [t͡ɕɛ̀tɔ́ɛʔ]
    ရေအစဟိစွာသယ်ယူရန် တနည်း တခုတရီထည့်ရန် ပြုလုပ်ထားရေ တဖက်ပိတ် ဝါးကျည်။ ခွီးကျားခွီးကြောင်၊ ခွီးနှစ်ကောင်ကို၊ ဟိဆောင်ခေါ်မြောက်၊ မြှားကျိန်တောက်ကို၊ နောက်မာလည်းလွယ် (ကော်)။ လူ့ပြည်ရပ်မာ၊ ထိုဆရာထံ၊ ဗူးကျိန်တောက်နှင့်၊ သောက်စားရန်ကို၊ နည်းခံပြီးထွေ
    ရေစသည်သယ်ယူရန် သို့မဟုတ် တစ်စုံတစ်ခုထည့်ရန် ပြုလုပ်ထားသော တစ်ဖက်ပိတ် ဝါးကျည်။ ခွီးကျားခွီးကြောင်၊ ခွီးနှစ်ကောင်ကို၊ ရှိဆောင်ခေါ်မြောက်၊ မြှားကျိန်တောက်ကို၊ နောက်မှာလည်းလွယ် (ကော်)။ လူ့ပြည်ရပ်မှာ၊ ထိုဆရာထံ၊ ဗူးကျိန်တောက်နှင့်၊ သောက်စားရန်ကို၊ နည်းခံပြီးထွေ
    short length bamboo closed at one end
    နာမ်

    ကျည်ထိုး

    [t͡ɕɛ̀tʰó]
    ဝါးကိုပြုလုပ်ထားရေ တဖက်ပိတ်ကျည်၌ ငါး၊ ဟင်း၊ ဆား၊ ငရုပ် စစွာကို အစုံထည့်ပြီး အိုးအစဟိစွာနှင့် ချက်ပိုင် မီးနန့် ချက်ရရေ ချက်နည်းတမျိုး
    ဝါးကိုပြုလုပ်ထားသော တစ်ဖက်ပိတ်ကျည်၌ ငါး၊ ဟင်း၊ ဆား၊ ငရုပ် စသည်ကို အစုံထည့်ပြီး အိုးစသည်နှင့် ချက်သကဲ့သို့ မီးဖြင့် ချက်ရသည့် ချက်နည်းတစ်မျိုး
    none
    နာမ်

    ကျည်ပိတ်

    [t͡ɕɛ̀peɪʔ]
    အပေါက် အခေါင်းဟိသင့်သလောက် မဟိဘဲ အသားပိတ်နိန်ရေ အရာ။ အခေါင်းမဟိရေ ဝါး
    အပေါက် အခေါင်းရှိသင့်သလောက် မရှိပဲ အသားပိတ်နေသော အရာ။ အခေါင်းမရှိသော ဝါး
    bamboo
    နာမ်

    ကျည်ပိုင်း

    [t͡ɕɛ̀páɪɴ]
    ဝါးကို ပိုင်းဖြတ်ထားရေ တဖက်ပိတ်ကျည်
    ဝါးကို ပိုင်းဖြတ်ထားသော တစ်ဖက်ပိတ်ကျည်
    bamboo
    နာမ်

    ကျတ်ကုတ်တွင်း

    [t͡ɕaʔkoʊʔtwɪ́ɴ]
    တောမား တိရိစ္ဆာန်များ ဆားဖြစ် လျှက်စားသောက်သုံးသော ဆားမား
    တောတွင်း တိရိစ္ဆာန်များ ဆားဖြစ် လျှက်စားသောက်သုံးသော ဆားတွင်း
    salt pan
    နာမ်

    ကျတ်ကျတ်သတ်သတ်

    [t͡ɕaʔt͡ɕaʔθaʔθaʔ]
    ခဲယဉ်းစွာ၊ ကျပ်တည်းကျိုင်းမြောင်းစွာ
    ခဲယဉ်းစွာ၊ ကျပ်တည်းကျဉ်းမြောင်းစွာ
    scarcely
    ကြိယာဝိသေသန