Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,641–1,660 of 3,186 words

    က

    ကျန်းမာ

    [t͡ɕáɴmà]
    အနာရောဂါကင်းယှင်းရေ။ နေကောင်းရေ။ ဘယခပ်သိမ်း၊ ကိုယ်မားချမ်းသာ၊ ကျမ္မာခြင်းကို၊ သတင်းမိန်းလို့ (မိုး)
    အနာရောဂါကင်းရှင်းသည်။ နေကောင်းသည်။ ဘယခပ်သိမ်း၊ ကိုယ်တွင်းချမ်းသာ၊ ကျန်းမာခြင်းကို၊ သတင်းမိန်းလို့ (မိုး)
    health
    ကြိယာ

    ကျန်လစ်

    [t͡ɕàɴlɪʔ]
    တခုတရီသို့လည်း မလားဖို့အတွက် အိမ်မာနိန်ရန်၊ တတူမလိုက်လာဖို့အတွက်။ တားမြစ်ခြင်း။ တားမြစ်သောစကား
    တစ်စုံတစ်ခုသို့လည်း မသွားဖို့ရန် အိမ်တွင်နေရန်၊ အတူမလိုက်လာဖို့ရန်။ တားမြစ်ခြင်း။ တားမြစ်သောစကား
    ban
    နာမ်

    ကျန်လစ်၂

    [t͡ɕàɴlɪʔ၂]
    ၁၊ ပါမလား။ တည်နီကျန်ရေ။ ၂၊ နောက်မာဟိနိန်ခရေ။ ကြွင်းလစ်ခရေ
    ၁၊ ပါမသွား။ တည်နေရစ်သည်။ ၂၊ နောက်တွင်ရှိနေခဲ့သည်။ ကြွင်းလစ်ခဲ့သည်
    remain
    ကြိယာ

    ကျနှုန်းပင်

    [t͡ɕn̥óʊɴpɪ̀ɴ]
    ဓားပြတ်၊ လှံရှရာမာအရည်ညှစ်၍ ထည့်သော ဆီးဖက်ဝင်ရေ့ အပင်တမျိုး။ ရွက်နုမွေးပါဟိပြီးကေ အဖြူရောင်၊ အပြာနုရောင်အပွင့် ငယ်ပွင့်သော ခြုံရိုင်းပေါင်းပင်တမျိုး
    ဓားရှ၊ လှံရှရာတွင်အရည်ညှစ်၍ ထည့်သော ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။ ရွက်နုမွေးပါရှိ၍ အဖြူရောင်၊ အပြာနုရောင်အပွင့် ငယ်ပွင့်သော ချုံရိုင်းပေါင်းပင်တစ်မျိုး
    bush
    နာမ်

    ကျပင်

    [t͡ɕpɪ̀ɴ]
    ခြေကြောညှပ်၊ လက်ကြောညှပ်၊ အရမ်းအရောင်အစဟိစွာရို့မာ အခေါက်နှင့်အမြစ်ကို ဆီးဝါးအဖြစ်သုံးသော အပင်တမျိုး။ ဆီးသဒ္ဒါမာ မဏိသြဃဟု တွိရရေ
    ခြေကြောညှပ်၊ လက်ကြောညှပ်၊ အရမ်းအရောင်စသည်တို့တွင် အခေါက်နှင့်အမြစ်ကို ဆေးဝါးအဖြစ်သုံးသော အပင်တစ်မျိုး။ ဆေးသဒ္ဒါတွင် မဏိသြဃဟု တွေ့ရသည်
    none
    နာမ်

    ကျပု

    [t͡ɕpoʊ]
    (လူစဉ်မမှီရေ) ပုကွကြုံလှီသော (လူကျစ်အချေ)
    (လူစဉ်မမှီသည့်) ပုကွကြုံလှီသော (လူကျစ်ကလေး)
    dwarfish man
    နာမဝိသေသန

    ကျပု၂

    [t͡ɕpoʊ၂]
    အပင်တိုရေသူ
    အရပ်ပုသောသူ
    dwarfish man
    နာမ်

    ကျပုန်းပင်

    [t͡ɕpóʊɴpɪ̀ɴ]
    ဓားပြတ်၊ လှံရှရာမာ အရည်ညှစ်၍ ထည့်သော ဆီးဖက်ဝင်ရေ့ အပင်တမျိုး။ ရွက်နုမွေးပါဟိပြီးကေ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ် ပွင့်သော ခြုံရိုင်း ပေါင်းပင်တမျိုး
    ဓားရှ၊ လှံရှရာတွင် အရည်ညှစ်၍ ထည့်သော ဆေးဖက်ဝင်သည့် အပင်တစ်မျိုး။ ရွက်နုမွေးပါရှိ၍ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ် ပွင့်သော ချုံရိုင်း ပေါင်းပင်တစ်မျိုး
    bush
    နာမ်

    ကျပ်

    [t͡ɕaʔ]
    လက်လက်ကတီး၌ အဖုအကျိတ် ထွက်တတ်ရေ အနာတမျိုး
    လက်ချိုင်းကြား၌ အဖုအကျိတ် ထွက်တတ်သော အနာတစ်မျိုး
    node
    နာမ်

    ကျပ်၂

    [t͡ɕaʔ၂]
    ၁၊ ခဲယဉ်းရေ။ ၂၊ မချောင်လည်ရေ။ ကျိုင်းမြောင်းရေ။ ၃၊ နှစ်ခုအကြားမာ တည်ဟိရေ။ ညှပ်နိန်ရေ။ လားကလေ့ကျပ်၊ လူမမည်လေ၊ သူငယ်အားကို၊ အစားကပ်မည် (ကော်)။ ၄၊ ညှပ်ထားရေ။ ဖိညှပ်ရေ။ ဇဂတိ၊ သူ့အလိုင်ကို၊ ကိုင်ကာညှပ်ကေ၊ ကျပ်ပြီးငှားမှ(ရာမ)။ ၅၊ ကျကျယ်ဝန်းဝန
    ၁၊ ခဲယဉ်းသည်။ ၂၊ မချောင်လည်သည်။ ကျဉ်းမြောင်းသည်။ ၃၊ နှစ်ခုအကြားတွင် တည်ရှိသည်။ ညှပ်နေသည်။ သွားမှလည်းကျပ်၊ လူမမည်လေ၊ သူငယ်အားကို၊ အစားကပ်မည် (ကော်)။ ၄၊ ညှပ်ထားသည်။ ဖိညှပ်သည်။ လက်ကတီးကြား၊ သူ့အလိုင်ကို၊ ကိုင်ကာညှပ်ကေ၊ ကျပ်ပြီးငှားမှ(ရာမ)။ ၅၊ ကျယ်ကျယ်ဝန်းဝန
    narrow
    ကြိယာ

    ကျပ်ကျပ်သပ်သပ်

    [t͡ɕaʔt͡ɕaʔθaʔθaʔ]
    ၁၊ ကျပ်တည်းကျိုင်းမြောင်းစွာ။ ၂၊ ခဲခဲယဉ်းယဉ်း
    ၁၊ ကျပ်တည်းကျဉ်းမြောင်းစွာ။ ၂၊ ခဲခဲယဉ်းယဉ်း
    scarcely
    ကြိယာဝိသေသန

    ကျပ်ချိန်

    [t͡ɕaʔɕèɪɴ]
    လေးမတ်သားနှင့်ညီမျှသော အလီးချိန်
    လေးမတ်သားနှင့်ညီမျှသော အလေးချိန်
    numerical classifier used in counting hundredths of a viss
    နာမ်

    ကျပ်တီးဆိုက်

    [t͡ɕaʔtïsʰaɪʔ]
    ၁၊ ကျဉ်မြောင်းရေ။ ၂၊ ဆင်းရဲပင်ပန်းသည်
    ၁၊ ကျဉ်မြောင်းသည်။ ၂၊ ဆင်းရဲပင်ပန်းသည်
    poor
    ကြိယာ

    ကျပ်ထက်ကျပ်

    [t͡ɕaʔtʰɛʔt͡ɕaʔ]
    ၁၊ အလွန်အခက်အခဲနှင့် တွိကြုံနီရရေ။ ၂၊ ကိုယ်စိတ်ဆင်းရဲခြင်းကို ခံနီရရေ။ ကျပ်ထက်ကျပ်စွာ၊ ငါ့ခန္ဓာကိုယ်၊ သီရာသီကြောင်း၊ အတန်တန်လေ၊ ဝေဖန်သျှောင်းလို့၊ သတ်ကြောင်းမထိုက် (ဆဒ္ဒန်)
    ၁၊ အလွန်အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ၂၊ ကိုယ်စိတ်ဆင်းရဲခြင်းကို ခံနေရသည်။ ကျပ်ထက်ကျပ်စွာ၊ ငါ့ခန္ဓာကိုယ်၊ သီရာသီကြောင်း၊ အတန်တန်လေ၊ ဝေဖန်သျှောင်းလို့၊ သတ်ကြောင်းမထိုက် (ဆဒ္ဒန်)
    have back to the wall
    ကြိယာ

    ကျပ်ထုပ်

    [t͡ɕaʔtʰoʊʔ]
    အနာဒဏ် ကျက်အောင် ဖိနှိပ်ထိုးပီးရရေ ပူပူနွေးနွေး ပရဆီးထုပ်
    အနာဒဏ် ကျက်အောင် ဖိနှိပ်ထိုးပေးရသော ပူပူနွေးနွေး ပရဆေးထုပ်
    fomentation
    နာမ်

    ကျပ်ထုပ်တင်

    [t͡ɕaʔtʰoʊʔtɪ̀ɴ]
    ပူနွေးသော ကျစ်ထုပ်နန့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျပ်ထုပ်ထိုး

    [t͡ɕaʔtʰoʊʔtʰó]
    ကျစ်ထုပ်ထိုးသည်
    ကျစ်ထုပ်ထိုးသည်
    fomentation
    ကြိယာ

    ကျပ်ထုပ်လိုက်

    [t͡ɕaʔtʰoʊʔlaɪʔ]
    ကျစ်ထုပ် လိုက်ရေ
    ကျစ်ထုပ် လိုက်သည်
    fomentation
    ကြိယာ

    ကျပ်ပယ်

    [t͡ɕaʔpɛ̀]
    ပန်းထိမ်သုံး သိုက်ငယ် တမျိုး
    ပန်းထိမ်သုံး ချိန်ခွင်ငယ် တစ်မျိုး
    measuring cup
    နာမ်

    ကျပ်ပေါက်

    [t͡ɕaʔpaʊʔ]
    လက်ချိုင့်ကြား၌ အဖု၊ အကျိတ်ထွက်သည်
    လက်ချိုင့်ကြား၌ အဖု၊ အကျိတ်ထွက်သည်
    come out in something
    ကြိယာ