Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,681–1,700 of 3,186 words

    က

    ကျယင်

    [t͡ɕjɪ̀ɴ]
    တဦးနှင့်တဦး အယှုံးအနိုင် အားစမ်းကစပ်ကတ်ခြင်း
    တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင် အားပြိုင်ကစားကြခြင်း
    compete
    နာမ်

    ကျယင်၂

    [t͡ɕjɪ̀ɴ၂]
    တဦးနှင့်တဦး အယှုံးအနိုင်အားစမ်းပနာ မြင့်ဂါသတ်ကာ မြေသို့ကျအောင် ထိလုံးထွေးကတ်တေ
    တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင်အားပြိုင်၍ အောက်ခြေလွတ်ကာ မြေသို့ကျအောင် ထိလုံးထွေးကြသည်
    fight
    ကြိယာ

    ကျယင်ပွဲ

    [t͡ɕjɪ̀ɴpwɛ]
    ၁၊ တဦးနှင့်တဦး အယှုံးအနိုင်အားစမ်းစွာကို ကြည့်ရှုရန် ရောက်လှာကတ်တေ ပရိတ်သတ်များ။ ၂၊ တဦးနှင့်တဦး အယှုံးအနိုင် အားစမ်းဖို့အတွက် ပြုလုပ်ထားရေ အခမ်းအနား
    ၁၊ တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင်အားပြိုင်သည်ကို ကြည့်ရှုရန် ရောက်လာကြသော ပရိတ်သတ်များ။ ၂၊ တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင် အားပြိုင်ရန်အတွက် ပြုလုပ်ထားသော အခမ်းအနား
    audiences
    နာမ်

    ကျယပ်ပင်

    [t͡ɕjaʔpɪ̀ɴ]
    ဆားငန်ရည်မှီရာမာ ပေါက်လိဟိရေ ဟင်းစားရရေ ခြုံပင်တမျိုး
    ဆားငန်ရည်မှီရာတွင် ပေါက်လေ့ရှိသော ဟင်းစားရသည့် ချုံပင်တစ်မျိုး
    plant grow in salty place
    နာမ်

    ကျယ်

    [t͡ɕɛ̀]
    ၁၊ ကျိုင်းမြောင်းခြင်းမဟုတ် ဖြစ်တေ။ တဖက်နှင့် တဖက် အလှမ်းကွာရေ။ ၂၊ ကိုယ်နှင့်မတန်အောင် ပြောဆိုပြုမူရေ။ တလင်းပြင်ကျယ်၊ မြစ်ပင်လယ်မာ၊ မျိုးခရကတ်ောင်း (ထာနု)
    ၁၊ ကျဉ်းမြောင်းခြင်းမဟုတ် ဖြစ်သည်။ တစ်ဖက်နှင့် တစ်ဖက် အလှမ်းကွာသည်။ ၂၊ ကိုယ်နှင့်မတန်အောင် ပြောဆိုပြုမူသည်။ လဟာပြင်ကျယ်၊ မြစ်ပင်လယ်မှာ၊ မျောခဲ့ရကြောင်း (ထာနု)
    broad
    ကြိယာ

    ကျယ်၂

    [t͡ɕɛ̀၂]
    လူများအပေါ် ဖို့လိုစိတ်နန့် ပြောဆိုပြုမူသည်
    သူတစ်ပါးအပေါ် ရန်လိုစိတ်ဖြင့် ပြောဆိုပြုမူသည်
    take issue with
    ကြိယာ

    ကျယ်၃

    [t͡ɕɛ̀၃]
    မိုက်မဲသူ။ အသိဉာဏ်ဆင်ခြင်မှု ကင်းမဲ့သူ။ လကျယ်
    မိုက်မဲသူ။ အသိဉာဏ်ဆင်ခြင်မှု ကင်းမဲ့သူ။ လူမိုက်
    Bone-head
    နာမ်

    ကျယ်၄

    [t͡ɕɛ̀၄]
    ကျိုင်းမြောင်းသည် မဟုတ်ရေ။ တဖက်နှင့်တဖက် အလှမ်းကွာဝီးသော
    ကျဉ်းမြောင်းသည် မဟုတ်သော။ တစ်ဖက်နှင့်တစ်ဖက် အလှမ်းကွာဝေးသော
    vastest
    နာမဝိသေသန

    ကျယ်ပြန့်

    [t͡ɕɛ̀pɹàɴ့]
    ညီညွတ်ကျယ်ဝန်းသော မျက်နှာပြင်ဟိရေ
    ညီညွတ်ကျယ်ဝန်းသော မျက်နှာပြင်ရှိသော
    wide
    နာမဝိသေသန

    ကျယ်ပြော

    [t͡ɕɛ̀pɹɔ́]
    အလွန်ကျယ်သော။ အပြောကျယ်ကေ၊ ပင်လယ်နဒီ၊ ယက်ဝီဝီနှင့် ဓမ္မသာ
    အလွန်ကျယ်သော။ အပြောကျယ်ကေ၊ ပင်လယ်နဒီ၊ ယက်ဝီဝီနှင့် ဓမ္မသာ
    vastest
    နာမဝိသေသန

    ကျယ်လောင်

    [t͡ɕɛ̀làʊɴ]
    လွန်မင်းစွာ ကျယ်သော အသံဟိရေ
    လွန်မင်းစွာ ကျယ်သော အသံရှိသော
    racket
    နာမဝိသေသန

    ကျယ်ဝှမ်း

    [t͡ɕɛ̀ʍáɴ]
    နက်ဟိုင်း၍ ကျယ်သော
    နက်ရှိုင်း၍ ကျယ်သော
    commodious
    နာမဝိသေသန

    ကျလာပလာ

    [t͡ɕlàplà]
    တရစ်ဝဲဝဲ။ တပတ်လည်လည်။ ပတ်ချာလည်ဗျာယ်
    တရစ်ဝဲဝဲ။ တပတ်လည်လည်။ ပတ်ချာလည်လျက်
    turn
    ကြိယာဝိသေသန

    ကျလာပလာ၂

    [t͡ɕlàplà၂]
    တပြန်ဝဲဝဲရစ်လည်ရေ။ တနီရာတည်းမာ လှည့်ရစ်၍နိန်ရေ။ ပတ်ချာလည်သည်
    တပြန်ဝဲဝဲရစ်လည်သည်။ တစ်နေရာတည်းတွင် လှည့်ရစ်၍နေသည်။ ပတ်ချာလည်သည်
    turn
    ကြိယာ

    ကျလာပလာမွိ.

    [t͡ɕlàplàmwì.]
    ၁၊ အဟိန်ပြင်းစွာ ဝေ့ဝိုက်တိုက်ခတ်ရေ။ ၂၊ တနီရာတည်းမာ လှည့်ရစ်၍နိန်ရေ။ ပတ်ချာလည်သည်
    ၁၊ အရှိန်ပြင်းစွာ ဝေ့ဝိုက်တိုက်ခတ်သည်။ ၂၊ တစ်နေရာတည်းတွင် လှည့်ရစ်၍နေသည်။ ပတ်ချာလည်သည်
    turn
    ကြိယာ

    ကျသားမြီ

    [t͡ɕθámɹì]
    အသီးအနှံအပင်တိကို အားဖြစ်စီသော သြဇာဓာတ်ပါဟိရေ မြေတမျိုး
    အသီးအနှံအပင်များကို အားဖြစ်စေသော သြဇာဓာတ်ပါရှိသော မြေတစ်မျိုး
    green manure
    နာမ်

    ကျသားလယ်

    [t͡ɕθálɛ̀]
    မြေအဆီအနှစ် သြဇာဓာတ်ပါဟိရေ လယ်မြီ။ အကောင်းစားဖြစ်ရေ လယ်မြီ
    မြေအဆီအနှစ် သြဇာဓာတ်ပါရှိသော လယ်မြေ။ အကောင်းစားဖြစ်သော လယ်မြေ
    manured field
    နာမ်

    ကျသုံး

    [t͡ɕθóʊɴ]
    ကုန်ကျရေ့ငွီ
    ကုန်ကျသည့်ငွေ
    bill
    နာမ်

    ကျဟာသီး

    [t͡ɕhàθï]
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတမျိုး
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတစ်မျိုး
    fruit
    နာမ်

    ကျအက်ပိတ်

    [t͡ɕʔɛʔpeɪʔ]
    ကျပ်ပိတ်အိမ်အစဟိရေ အဆောက်အအုံမာ ခေါင်မိုးထိပ်စွန်းနှစ်ဖက်ဟိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဖီးနံရံနှင့်တစပ်တည်း သုံးထောင့်ချွန်းနိန်ရေ နီရာကို မိုးရီမဝင်ရယောင် ပိတ်ထားရေအရာ
    ကျပ်ပိတ်အိမ်စသော အဆောက်အအုံတွင် ခေါင်မိုးထိပ်စွန်းနှစ်ဖက်ရှိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဘေးနံရံနှင့်တစ်စပ်တည်း သုံးထောင့်ချွန်းနေသော နေရာကို မိုးရေမဝင်ရအောင် ပိတ်ထားသောအရာ
    none
    နာမ်