Dictionary Entries
Showing 1,701–1,720 of 3,186 words
က
ကျာ
[t͡ɕà]
Arakanese:
၁၊ အလွန်လည်ပတ်သော။ တနီရာတည်းမာ ရစ်လှည့်၍နိန်ရေ။ ချာလပတ်လည်နိန်ရေ။ ဂျင်ကျာနီအောင် လည်ရေ။၂၊ ပိုင်နိုင် တတ်ကျွမ်းသော။ လည်ဝယ်အထာနပ်သော
Burmese:
၁၊ အလွန်လည်ပတ်သော။ တစ်နေရာတည်းတွင် ရစ်လှည့်၍နေသော။ ချာချာလည်နေသော။ ဂျင်ကျာနီအောင် လည်သည်။၂၊ ပိုင်နိုင် ကျွမ်းကျင်သော။ လည်ဝယ်ပါးနပ်သော
English:
turn
Grammar Note:
နာမဝိသေသန
ကျား
[t͡ɕá]
Arakanese:
ထင်းထင်းကြီး။ အထင်အလင်း။ ပီပီသသ။ အဝီးကပင်၊ စာလုံးကိုကျားပိုင့်မြင်ရရေ
Burmese:
ထင်ထင်ရှားရှား။ အထင်အလင်း။ ပီပီသသ။ အဝီးကပင်၊ စာလုံးကိုကျားလို့မြင်ရရေ
English:
conspicuous
Grammar Note:
ကြိယာဝိသေသန
ကျား၂
[t͡ɕá၂]
Arakanese:
အဆောက်အအုံကို မယိုင်ဖို့လဲရယောင် ထောက်ကန်ထားရရေ အရာ
Burmese:
အဆောက်အအုံကို မယိုင်မလဲရအောင် ထောက်ကန်ထားရသော အရာ
English:
buttress
Grammar Note:
နာမ်
ကျား၃
[t͡ɕá၃]
Arakanese:
လူ၊ သားကောင်အစဟိစွာတိကို စားတတ်ရေ ကြောင်အမျိုးဝင် ရဲကေ့သောသားရဲတိရိစ္ဆာန် တမျိုး
Burmese:
လူ၊ သားကောင်စသည်များကို စားတတ်သော ကြောင်အမျိုးဝင် ရဲရင့်သောသားရဲတိရိစ္ဆာန် တစ်မျိုး
English:
tiger
Grammar Note:
နာမ်
ကျား၄
[t͡ɕá၄]
Arakanese:
အရောင်များရောနှော၍ အကွက်ပြောက်အချေဖြစ်နီသော
Burmese:
အရောင်များရောနှော၍ အကွက်ပြောက်ကလေးဖြစ်နေသော
English:
irregularly
Grammar Note:
နာမဝိသေသန
ကျား၅
[t͡ɕá၅]
Arakanese:
(ဥပစာ) ရုန်ရင်း ကြမ်းတမ်းသောသူ
Burmese:
(ဥပစာ) ရုန်ရင်း ကြမ်းတမ်းသောသူ
English:
rough
Grammar Note:
နာမ်
ကျားကန်
[t͡ɕákàɴ]
Arakanese:
အဆောက်အအုံ မယိုင်ဖို့လဲရယောင် ကျားနန့်ထောက်ကျောက်ရေ။ အိမ်အိုကေကျားခံ၊ လူအိုကေကျောင်းကန်(စကားပုံ)
Burmese:
အဆောက်အအုံ မယိုင်မလဲရအောင် ကျားဖြင့်ထောက်ကန်သည်။ အိမ်အိုကေကျားကန်၊ လူအိုကေကျောင်းကန်(စကားပုံ)
English:
buttress
Grammar Note:
ကြိယာ
ကျားကန်ကန်
[t͡ɕákàɴkàɴ]
Arakanese:
တင်ပြသော အကြောင်းတခုတရီကို လက်မခံနှိုင်ကြောင်းကို ပြောဆိုရာမာ ပင်ဖြစ်ဖြစ်၊ သူမှန်သည် ငါမှန်သည်အစဟိစွာနန့် စကားအချက်အတင် ပြောဆိုရာမာပင်ဖြစ်ဖြစ်၊ အားဓမလန့်ဆန်ရေ။ သူတိပြောစော်နားမဝင်ဘဲ ကျားခံကန်ငြင်းရေ
Burmese:
တင်ပြသော အကြောင်းတစ်စုံတစ်ရာကို လက်မခံနိုင်ကြောင်းကို ပြောဆိုရာ၌ လည်းကောင်း၊ သူမှန်သည် ငါမှန်သည်စသည်ဖြင့် စကားအချေအတင် ပြောဆိုရာ၌လည်းကောင်း၊ အတင်းငြင်းဆန်သည်။ သူများပြောစော်နားမဝင်ဘဲ ကျားကန်ကန်ငြင်းရေ
English:
denying
Grammar Note:
ကြိယာ
ကျားကိုက် ကိုက်
[t͡ɕákaɪʔ kaɪʔ]
Arakanese:
(ကျားသည် လက်သည်းဖြင့်ကုပ်၊ ပစနန့်ကိုက် ပိုင်) မရမက၊ စစွဲမမြဲ အားအံခဲဗျာယ်
Burmese:
(ကျားသည် လက်သည်းဖြင့်ကုပ်၊ ပါးစပ်ဖြင့်ကိုက် သကဲ့သို့) မရမနေ၊ စွဲစွဲမြဲမြဲ အားအံခဲလျက်
English:
insistent
Grammar Note:
ကြိယာဝိသေသန
ကျားကုတ်သျှေ
[t͡ɕákoʊʔʃè]
Arakanese:
ကြောင်မျိုးဝင် အဝါရောင်မာ အနက်ပြောက်ပါရေ သားရဲတိရိစ္ဆာန် တမျိုး
Burmese:
ကြောင်မျိုးဝင် အဝါရောင်တွင် အနက်ပြောက်ပါသော သားရဲတိရိစ္ဆာန် တစ်မျိုး
English:
leopard
Grammar Note:
နာမ်
ကျာကျာ
[t͡ɕàt͡ɕà]
Arakanese:
၁၊ တောက်ပြောင်နီရဲရေ။၂၊ တနီရာတည်းမာ ရစ်လှည့်၍ ချာလပတ်လည်သည်
Burmese:
၁၊ တောက်ပြောင်နီရဲသည်။၂၊ တစ်နေရာတည်းတွင် ရစ်လှည့်၍ ချာချာလည်သည်
English:
turn
Grammar Note:
ကြိယာ
ကျားကျား
[t͡ɕát͡ɕá]
Arakanese:
အရောင်များရောနှော၍ အကွက်ပြောက်အချေဖြစ်နီသော။ ကြင်နာစဖွယ်၊ ပုသင်ငယ်အား၊ သွယ်သွယ်မြှီးဖျား၊ လည်ကျားကျားနှင့်(ကင်းမဟော်)
Burmese:
အရောင်များရောနှော၍ အကွက်ပြောက်ကလေးဖြစ်နေသော။ ကြင်နာစဖွယ်၊ ပုသင်ငယ်အား၊ သွယ်သွယ်မြှီးဖျား၊ လည်ကျားကျားနှင့်(ကင်းမဟော်)
English:
irregularly
Grammar Note:
နာမဝိသေသန
ကျာကျာ၂
[t͡ɕàt͡ɕà၂]
Arakanese:
ကျယ်လောင်သော အသံရက်ပြတ်(ကြားရရေ)။ ပြင်းစွာစူးရှသော အသံနန့်။ ကျာကျာလူသံ၊ ခေါ်သံကြားက၊ တန့်မှီးလိုက်နာ (ရှီးထုံး)
Burmese:
ကျယ်လောင်သော အသံအဆက်မပြတ်(ကြားရသည်)။ ပြင်းစွာစူးရှသော အသံဖြင့်။ ကျာကျာလူသံ၊ ခေါ်သံကြားက၊ တန့်မှီးနာခံ (ရှေးထုံး)
English:
like loud voice
Grammar Note:
ကြိယာဝိသေသန
ကျားကျားမားမား
[t͡ɕát͡ɕámámá]
Arakanese:
၁၊ သန်သန်မာမာ။ ၂၊ ရဲရဲရင့်ရင့်
Burmese:
၁၊ သန်သန်မာမာ။ ၂၊ ရဲရဲရင့်ရင့်
English:
brave
Grammar Note:
ကြိယာဝိသေသန
ကျာကျာမွိ.
[t͡ɕàt͡ɕàmwì.]
Arakanese:
၁၊ ပတ်၍လှည့်၍ မရပ်မနား ချာလပတ်လည်နိန်ရေ။ ၂၊ ပတ်ကာမွှီကာ လျောက်ပြေးကာ ချာလပတ် လည်နိန်ရေ။ အခက်ခဲနှင့် ကြုံတွိ နီရရေ
Burmese:
၁၊ ပတ်၍လှည့်၍ မရပ်မနား ချာချာလည်နေသည်။ ၂၊ ဟိုဟိုဒီဒီ လျောက်ပြေးကာ ချာလပတ် လည်နေသည်။ အခက်ခဲနှင့် ကြုံတွေ့ နေရသည်
English:
turn around
Grammar Note:
ကြိယာ
ကျားခဲဝါ
[t͡ɕákʰɛwà]
Arakanese:
ရဲကေ့သောကျားနှင့် မြီခွီးနှစ်ခု စပ်၍ ရရေ အုန်းနီရောင် အမွီးဟိပြီးး ချွန်သောနှုတ်သီး၊ ဖွာသော ပတုံးဟိပြီးကေ မြေမားအောင်း၍ ပင်ဖြစ်ဖြစ်၊ ခြုံကြိုခြုံကြား၌ ပင်ဖြစ်ဖြစ် နီလိဟိရေ သားရဲ တိရိစ္ဆာန်တမျိုး
Burmese:
ရဲရင့်သောကျားနှင့် မြေခွေးနှစ်ခု စပ်၍ ရသော အုန်းနီရောင် အမွေးရှိပြီး ချွန်သောနှုတ်သီး၊ ဖွာသော အမြီးရှိ၍ မြေတွင်းအောင်း၍ လည်းကောင်း၊ ချုံကြိုချုံကြား၌ လည်းကောင်း နေလေ့ရှိသော သားရဲ တိရိစ္ဆာန်တစ်မျိုး
English:
fuchsbau
Grammar Note:
နာမ်
ကျားတိုက်
[t͡ɕátaɪʔ]
Arakanese:
ခရေစိကို တစိနှင့် တစိ ပစချင်း ထိုးကော်ကစပ်သော ကစပ်နည်းတမျိုး
Burmese:
ခရေစေ့ကို တစ်စေ့နှင့် တစ်စေ့ ပါးစပ်ချင်း ထိုးကော်ကစားသော ကစားနည်းတစ်မျိုး
English:
play a game of draughts
Grammar Note:
နာမ်
ကျားထိုး
[t͡ɕátʰó]
Arakanese:
ခရေစိကိုတစိနှင့် တစိပစချင်းထိုးကော်ကစပ်သော ကစပ်နည်းတမျိုး
Burmese:
ခရေစေ့ကိုတစ်စေ့နှင့် တစ်စေ့ပါးစပ်ချင်းထိုးကော်ကစားသော ကစားနည်းတစ်မျိုး
English:
play a game of draughts
Grammar Note:
နာမ်
ကျားဗဟုန်နာ
[t͡ɕábhòʊɴnà]
Arakanese:
သလိပ်၊ သည်းခြီ၊ လေ သုံးပါးကြောင့် (ကျားပိုင်) အော်သံထွက်ပြီးကေ တက်တတ်ရေ သာငယ်နာ ငန်းရောဂါတမျိုး
Burmese:
သလိပ်၊ သည်းခြေ၊ လေ သုံးပါးကြောင့် (ကျားကဲ့သို့) မြည်သံထွက်၍ တက်တတ်သော သာငယ်နာ ငန်းရောဂါတစ်မျိုး
English:
disease
Grammar Note:
နာမ်
ကျားမတုံးဆွဲမိ
[t͡ɕámtóʊɴsʰwɛmì]
Arakanese:
အခက်ခဲနှင် ကြုံတွိနီရရေ။ ရှေးမတိုး နောက်မဆုတ်သာ ဖြစ်တေ
Burmese:
အခက်ခဲနှင် ကြုံတွေ့နေရသည်။ ရှေးမတိုး နောက်မဆုတ်သာ ဖြစ်သည်
English:
recoil
Grammar Note:
ကြိယာ