Dictionary Entries
Showing 1,721–1,740 of 3,186 words
က
ကျားယင်
[t͡ɕájɪ̀ɴ]
Arakanese:
တဦးနှင့်တဦး အယှုံးအနိုင် အားစမ်းကစပ်ကတ်ခြင်း
Burmese:
တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင် အားပြိုင်ကစားကြခြင်း
English:
compete
Grammar Note:
နာမ်
ကျားလယာ
[t͡ɕáljà]
Arakanese:
သံ၊ သစ်သားရို့ကို တိုက်စားရရေ ကြမ်းသော၊ (မျက်နှာပြင် ပြားသော) တင်းစိုင်အကြီးတမျိုး
Burmese:
သံ၊ သစ်သားတို့ကို တိုက်စားရသော ကြမ်းသော၊ (မျက်နှာပြင် ပြားသော) တံစဉ်အကြီးတစ်မျိုး
English:
Reaping-hook
Grammar Note:
နာမ်
ကျားသားငလဝါ
[t͡ɕáθáŋlwà]
Arakanese:
ကျားနှင့်ယင်းနည်းပိုင် သားစားကတ်ူးသော သားရဲတိရိစ္ဆာန်စစွာကို ခြုံ၍ခေါ်သောစကား
Burmese:
ကျားနှင့်အလားတူ သားစားကြူးသော သားရဲတိရိစ္ဆာန်စသည်ကို ခြုံ၍ခေါ်သောစကား
English:
tiger
Grammar Note:
နာမ်
ကျားဟုန်
[t͡ɕáhòʊɴ]
Arakanese:
၁၊ ပျောင်းချောကျိသော။ ကျိချွဲသော။ ၂၊ များရေ (ပိုင်အလာများရေအတွက် လူခြီရာတိ ကျိတီရေ။ ငန်းရောဂါကြောင့် ခံမားက ကျားပိုင် မြည်သော ရောဂါတမျိုး။ ကျားသည် တခုတရီကို ရန်ရှာသပိုင်ယှောင် အသံ
Burmese:
၁၊ စေးကပ်ချောကျိသော။ ကျိချွဲသော။ ၂၊ များပြားသော (အလားအလာများရေအတွက် လူခြီရာတိ ကျိတီရေ။ ငန်းရောဂါကြောင့် ခံတွင်းက ကျားကဲ့သို့ မြည်သော ရောဂါတစ်မျိုး။ ကျားသည် တစ်စုံတစ်ခုကို ရန်ရှာသကဲ့သို့သော အသံ
English:
Tigers like to find something that sounds
Grammar Note:
နာမ်
ကျာအာသီး
[t͡ɕàʔθï]
Arakanese:
မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတမျိုး
Burmese:
မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတစ်မျိုး
English:
fruit
Grammar Note:
နာမ်
ကျိ
[t͡ɕì]
Arakanese:
ပျောင်းချောကျိသော၊ ကျိချွဲသော၊ များရေ
Burmese:
စေးကပ်ချောကျိသော၊ ကျိချွဲသော၊ များပြားသော
English:
glutinous
Grammar Note:
နာမဝိသေသန
ကျိ၂
[t͡ɕì၂]
Arakanese:
အဝှမ်းပေကျိုင်ရေ။ အခန်းတခန်းလုံး ငါးရည်ဟင်းရည် ကျိနီရေ
Burmese:
အနှံ့အပြားပေကျံသည်။ အခန်းတစ်ခန်းလုံး ငါးရည်ဟင်းရည် ကျိနီရေ
English:
dirty
Grammar Note:
နာမဝိသေသန
ကျိ၃
[t͡ɕì၃]
Arakanese:
ကိုယ့်အလိုသို့လိုက်သော သူရို့အား စိတ်အနှာင့်အယှက် ဖြစ်စီရေ။ နွဲ့ဆိုးဆိုးရေ။ စကားချွဲ၍ ပွတ်ချီပွတ်ချက်ပြောဆို ပြောမှုသည်
Burmese:
မိမိအလိုသို့လိုက်သော သူတို့အား စိတ်အနှာင့်အယှက် ဖြစ်စေသည်။ နွဲ့ဆိုးဆိုးသည်။ စကားချွဲ၍ တီတီတာတာပြောဆို ပြောမှုသည်
English:
wheedle like a child
Grammar Note:
ကြိယာ
ကျိကျက်
[t͡ɕìt͡ɕɛʔ]
Arakanese:
တနီရာမှတနီရာသို့ ခေါက်တုံခေါက်ပြန် လားလာဗျာယ်။ လူများလားလာ စည်ကားရွီတွက်နန့်၊ ကျီရောင်ဘာရောင်၊ ရောလုံးဗလဗွီသတ်
Burmese:
တစ်နေရာမှတစ်နေရာသို့ ခေါက်တုံခေါက်ပြန် သွားလာလျက်။ လူများသွားလာ စည်ကားသောအားဖြင့်၊ ဆူညံစွာ၊ ရောလုံးရှုပ်ထွေးလျက်
English:
thriving
Grammar Note:
ကြိယာဝိသေသန
ကျိကျက်ကျိကျက်
[t͡ɕìt͡ɕɛʔt͡ɕìt͡ɕɛʔ]
Arakanese:
တနီရာမှ တနီရာသို့ ခေါက်တုံခေါက်ပြန် လားလာဗျာယ်။ လူများ လားလာစည်ကားသောအနိန်နန့်၊ ကျီရောင်ဘာရောင်၊ ရောလုံးဗလဗွီသတ်။ ပျစ် စည်ကားဗျာယ်
Burmese:
တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံခေါက်ပြန် သွားလာလျက်။ လူများ သွားလာစည်ကားသော အားဖြင့်၊ ဆူညံစွာ၊ ရောလုံးရှုပ်ထွေးလျက်။ ကြိတ်ကြိတ်တိုး စည်ကားလျက်
English:
thriving
Grammar Note:
ကြိယာဝိသေသန
ကျိကျက်ခတ်
[t͡ɕìt͡ɕɛʔkʰaʔ]
Arakanese:
အလွန်အလွန်၊ များပြားစွာ။ ထွီးလုံးရောနှော
Burmese:
အလွန်အလွန်၊ များပြားစွာ။ ထွေးလုံးရောနှော
English:
plenty
Grammar Note:
ကြိယာဝိသေသန
ကျိကျက်ခဲ
[t͡ɕìt͡ɕɛʔkʰɛ]
Arakanese:
အလွန်အလွန်၊ များပြားစွာ။ ထွီးလုံးရောနှော
Burmese:
အလွန်အလွန်၊ များပြားစွာ။ ထွေးလုံးရောနှော
English:
plenty
Grammar Note:
ကြိယာဝိသေသန
ကျိကျိ
[t͡ɕìt͡ɕì]
Arakanese:
များရေ။ (သန်းကျိကျိ၊ လောက်ကျိကျိ၊ အနာကျိကျိ၊ ဝဲကျိကျိစရေ။
Burmese:
များပြားသော။ (သန်းကျိကျိ၊ လောက်ကျိကျိ၊ အနာကျိကျိ၊ ဝဲကျိကျိစသည်။
English:
plenty
Grammar Note:
ကြိယာ
ကျိကျိ၂
[t͡ɕìt͡ɕì၂]
Arakanese:
ကော်ရည်ပိုင် ပျောင်းချောကျိသော
Burmese:
ကော်ရည်ကဲ့သို့ စေးကပ်ချောကျိသော
English:
glutinous
Grammar Note:
နာမဝိသေသန
ကျိကျိကိုက်
[t͡ɕìt͡ɕìkaɪʔ]
Arakanese:
တကောင်နန့် တကောင် အလျှော့မပီးဘဲ အကြိတ်အနယ်ကိုက်ကတ်တေ
Burmese:
တစ်ကောင်နှင့် တစ်ကောင် အလျှော့မပေးပဲ အကြိတ်အနယ်ကိုက်ကြသည်
English:
fight
Grammar Note:
ကြိယာ
ကျိကျိခတ်
[t͡ɕìt͡ɕìkʰaʔ]
Arakanese:
တနီရာမှတနီရာသို့ ခေါက်တုံခေါက်ပြန် လားလာနီရေ။ မျက်စိရှုပ်စရာ ရည်ရွယ်ချက်မဟိဘဲ လှုပ်ရှားလားလာနီရေ။ မငြိမ်မသက် ယောက်ယက်ခတ်နိန်ရေ။ ကျွတ်ကျွတ်ဆူ။ မထိန်းနိုင် မသိမ်းနှိုင်လောက်ယောင် အာသာဆန္ဒပြင်းထန် နိန်ရေ
Burmese:
တစ်နေရာမှတစ်နေရာသို့ ခေါက်တုံခေါက်ပြန် သွားလာနေသည်။ မျက်စိရှုပ်စရာ ရည်ရွယ်ချက်မရှိဘဲ လှုပ်ရှားသွားလာနေသည်။ မငြိမ်မသက် ယောက်ယက်ခတ်နေသည်။ ဆူညံသည်။ မထိန်းနိုင် မသိမ်းနိုင်လောက်အောင် အာသာဆန္ဒပြင်းထန် နေသည်
English:
turbulent
Grammar Note:
ကြိယာ
ကျိကျိချောချော
[t͡ɕìt͡ɕìɕɔ́ɕɔ́]
Arakanese:
ကျိချွဲအတွက်နန့်ဖြစ်စီ၊ မာကျောအတွက်နန့်ဖြစ်စီ၊ ခြေလက်ကုပ်မရ၊ ဆုပ်မရဖြစ်ရေ၊ ချွာလဲစီတတ်ရေ
Burmese:
ကျိချွဲသောကြောင့်ဖြစ်စေ၊ မာကျောသောကြောင့်ဖြစ်စေ၊ ခြေလက်ကုပ်မရ၊ ဆုပ်မရဖြစ်သော၊ ချော်လဲစေတတ်သော
English:
slip
Grammar Note:
နာမဝိသေသန
ကျိကျိတက်
[t͡ɕìt͡ɕìtɛʔ]
Arakanese:
အကျင့်ဖေါက်ပြန် လျပ်ပေါ်အားဖြင့်။ ဣန္ဒြေမထိန်းနှိုင်လောက်ယောင် အာသာဆန္ဒ ပြင်းထန်ဗျာယ်။ ငမ်းငမ်းတက်မျှဖြစ်ရေအနိန်နန့်
Burmese:
အကျင့်ဖေါက်ပြန် လျပ်ပေါ်အားဖြင့်။ ဣန္ဒြေမထိန်းနိုင်လောက်အောင် အာသာဆန္ဒ ပြင်းထန်လျက်။ ငမ်းငမ်းတက်မျှဖြစ်သော အားဖြင့်
English:
voracity
Grammar Note:
ကြိယာဝိသေသန
ကျိကျိထွီး
[t͡ɕìt͡ɕìtʰwï]
Arakanese:
အရောရောအနှောနှော။ အယှက်ယှက်အတင်တင်။ ထွီးရောနှောတင်ဗျာယ်။ အလူးတလဲ။ လူရှင်စည်ကား များပြားဗျာယ်
Burmese:
အရောရောအနှောနှော။ အယှက်ယှက်အတင်တင်။ ထွေးရောနှောတင်လျက်။ အရောတဝင်။ လူရှင်စည်ကား များပြားလျက်
English:
shuffle
Grammar Note:
ကြိယာဝိသေသန
ကျိကျိနယ်
[t͡ɕìt͡ɕìnɛ̀]
Arakanese:
မုန့်မုန့်ညက်ညက် ကြေမွအောင်ပြုဗျာယ်။ ရောပြွန်းတီးဗျာယ်။ အလူးတလဲဖြစ်ရွီတွက်နန့်
Burmese:
မုန့်မုန့်ညက်ညက် ကြေမွအောင်ပြုလျက်။ ရောပြွန်းတီးလျက်။ အရောတဝင်ဖြစ်သောအားဖြင့်
English:
with familiarity
Grammar Note:
ကြိယာဝိသေသန