Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,761–1,780 of 3,186 words

    က

    ကျိတ်ကျိတ်၂

    [t͡ɕeɪʔt͡ɕeɪʔ၂]
    သိပ်သည်းရေ။ ကျစ်လျစ်ရေ။ ပိပြားရေ။ ပိရိရေ။ သေဝပ်သည်
    သိပ်သည်းသည်။ ကျစ်လျစ်သည်။ ပိပြားသည်။ ပိရိသည်။ သေဝပ်သည်
    density
    ကြိယာ

    ကျိတ်ကျိတ်၃

    [t͡ɕeɪʔt͡ɕeɪʔ၃]
    လူများ မသိမမြင်ရရောင် တတိန်းချေ လျှို့ဝှက်ပြုမူသည်
    သူတစ်ပါး မသိမမြင်ရအောင် တိတ်တဆိတ် လျှို့ဝှက်ပြုမူသည်
    secrete
    ကြိယာ

    ကျိတ်ကျိတ်ခဲ

    [t͡ɕeɪʔt͡ɕeɪʔkʰɛ]
    ကကောင်းများတွက်နန့် ဖောက်၍ မပေါက်နှိုင်လောက်ယောင် ဆို့ပိတ်ဗျာယ်
    အလွန်များပြား၍ ဖောက်၍ မပေါက်နိုင်လောက်အောင် ဆို့ပိတ်လျက်
    blockade
    ကြိယာဝိသေသန

    ကျိတ်ကျိတ်ခဲခဲ

    [t͡ɕeɪʔt͡ɕeɪʔkʰɛkʰɛ]
    မပြိုမကွဲရယောင် တလုံးတပေါင်းတည်း၊ တစုတရုံးတည်း၊ တလုံးတဝတည်း ဖြစ်ဗျာယ်
    မပြိုမကွဲရအောင် တစ်လုံးတစ်ပေါင်းတည်း၊ တစ်စုတစ်ရုံးတည်း၊ တစ်လုံးတစ်ဝတည်း ဖြစ်လျက်
    unity
    ကြိယာဝိသေသန

    ကျိတ်ကျိတ်လိပ်

    [t͡ɕeɪʔt͡ɕeɪʔlìaʔ]
    သိပ်သည်းစွာ အခွီအလိပ်ဖြစ်ယောင် ပြုသည်
    သိပ်သည်းစွာ အခွေအလိပ်ဖြစ်အောင် ပြုသည်
    crook
    ကြိယာဝိသေသန

    ကျိတ်ကျိတ်လိပ်လိပ်

    [t͡ɕeɪʔt͡ɕeɪʔlìaʔlìaʔ]
    ကျစ်လျစ်သိပ်သည်းစွာ။ အကြားအလပ်မဟိအောင်။ ယိုလို့မကျရယောင် အဝတ်နန့် ကျိတ်ကျိတ်လိပ်လိပ်ထုပ်
    ကျစ်လျစ်သိပ်သည်းစွာ။ အကြားအလပ်မရှိအောင်။ ယိုလို့မကျရအောင် အဝတ်နန့် ကျိတ်ကျိတ်လိပ်လိပ်ထုပ်
    blockade
    ကြိယာဝိသေသန

    ကျိတ်ကျိတ်သျှေ

    [t͡ɕeɪʔt͡ɕeɪʔʃè]
    သန်မာထွားကျိုင်းသည် မဟုတ်ဘဲ၊ ဘုဒိုပျပ်ပိန်၍ ကြုံလှီသော လူကျစ်အချေ
    သန်မာထွားကျိုင်းသည် မဟုတ်ဘဲ၊ အရပ်ပုပျပ်ပိန်၍ ကြုံလှီသော လူကျစ်ကလေး
    thin
    နာမ်

    ကျိတ်ကျိတ်သျှေ၂

    [t͡ɕeɪʔt͡ɕeɪʔʃè၂]
    ၁၊ လူများမသိရယောင် တတိန်းချေ ပုန်းဝှက် လျှို့ဝှက်ထားရေ။ သိုသိပ်၍ထားရေ။ ၂၊ ကြီးငွီ၊ ဝန်အစဟိစွာ အဖိတ်အစိုင် အလေအလွင့် အားလုံးအကျနည်းနိုင်သမျှ နည်းပါးအောင် သုံးစွဲရေ။ ကြီးငွီကို အလွဲဖြုန်းလို့မဖြစ် မဖိတ်မယိုရယောင် ကျိတ်ကျိတ်သျှေ ချွေေစွာလို့ သုံးကတ်ရဖို့
    ၁၊ သူတစ်ပါးမသိရအောင် တိတ်တိတ်ပုန်း လျှို့ဝှက်ထားသည်။ သိုသိပ်၍ထားသည်။ ၂၊ ကြေးငွေ၊ ပစ္စည်းစသည် အဖိတ်အစဉ် အလေအလွင့် အကုန်အကျနည်းနိုင်သမျှ နည်းပါးအောင် သုံးစွဲသည်။ ကြေးငွေကို အလွဲသုံးဖြုန်းလို့မဖြစ် မဖိတ်မယိုရအောင် ကျိတ်ကျိတ်သျှေ ချွေေတာလို့ သုံးကတ်ရဖို့
    spend
    ကြိယာ

    ကျိတ်ထုပ်ထိုး

    [t͡ɕeɪʔtʰoʊʔtʰó]
    ပူနွေးသော ကျစ်ထုပ်နန့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ။ တနည်းအဂေါင့်၊ ကျိတ်ထုပ်ထိုးရန်၊ ဆီးဖော်သဟန်ကို၊ မကျန်အားလုံး (ဓါပကာ)
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်။ တနည်းအဟုတ်၊ ကျိတ်ထုပ်ထိုးရန်၊ ဆေးဖော်သဟန်ကို၊ မကျန်အကုန် (ဓါပကာ)
    fomentation
    ကြိယာ

    ကျိတ်ထုပ်လိုက်

    [t͡ɕeɪʔtʰoʊʔlaɪʔ]
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျီယောင် ဖိနှိပ်ပီးရေ
    ပူနွေးသော ကျစ်ထုပ်ဖြင့် အနာကျက်အောင်၊ ဒဏ်ကျေအောင် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျိတ်ပူတိုက်

    [t͡ɕeɪʔpùtaɪʔ]
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ရေအခါ ဖြစ်ပေါ်လှာရေ့ အပူဓါတ်နန့် လက်ပူနန့် ဖိနှိပ်ပီးရေ
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်သောအခါ ဖြစ်ပေါ်လာသည့် အပူဓါတ်ဖြင့် လက်ပူဖြင့် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျိတ်ပူထိုး

    [t͡ɕeɪʔpùtʰó]
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ရေအခါ ဖြစ်ပေါ်လှာရေ့ အပူဓါတ်နန့် လက်ပူနန့် ဖိနှိပ်ပီးရေ
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်သောအခါ ဖြစ်ပေါ်လာသည့် အပူဓါတ်ဖြင့် လက်ပူဖြင့် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျိတ်ပူလိုက်

    [t͡ɕeɪʔpùlaɪʔ]
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ရေအခါ ဖြစ်ပေါ်လှာရေ့ အပူဓါတ်နန့် လက်ပူနန့် ဖိနှိပ်ပီးရေ
    ထိခိုက်မိသောဒဏ်ရာကို လက်ဖဝါးနှစ်ခုကို ပွတ်တိုက်သောအခါ ဖြစ်ပေါ်လာသည့် အပူဓါတ်ဖြင့် လက်ပူဖြင့် ဖိနှိပ်ပေးသည်
    fomentation
    ကြိယာ

    ကျိတ်ပေါက်နာ

    [t͡ɕeɪʔpaʊʔnà]
    လိုင်ဖင်း၊ ချိုင့်ကြားမာ အကျိတ်အဖုပေါက်တတ်ရေ အနာ
    လည်ပင်း၊ ချိုင့်ကြားတွင် အကျိတ်အဖုပေါက်တတ်သော အနာ
    rash
    နာမ်

    ကျိတ်သား

    [t͡ɕeɪʔθá]
    ၁၊ တ၊ နှစ်အစဟိရေ သင်္ချာ၊ သဒ္ဒါနှင့်တွဲပြီးကေ သုံးသောစကား။ ၂၊ စက္ကူချပ်ကြီး ၂၄ရွက်။ ဖူးစကတ်ဆိုင်စက္ကူ ၉၆ရွက် အရွီအတွက်ကို ခေါ်သော စကား။ တကျိတ်သာ၊ နှစ်ကျိတ်သားအစဟိစွာ
    ၁၊ တစ်၊ နှစ်စသော သင်္ချာ၊ သဒ္ဒါနှင့်တွဲ၍ သုံးသောစကား။ ၂၊ စက္ကူချပ်ကြီး ၂၄ရွက်။ ဖူးစကတ်ဆိုင်စက္ကူ ၉၆ရွက် အရေအတွက်ကို ခေါ်သော စကား။ တစ်ကျိတ်သာ၊ နှစ်ကျိတ်သားစသည်
    number
    နာမ်

    ကျိန်

    [t͡ɕèɪɴ]
    တဖက်သားအား ဖီးဒဏ်ရောက်ယောင် တိုင်တည်ပြောဆိုရေ။ တောင့်တပြောဆိုရေ
    တစ်ဖက်သားအား ဘေးဒဏ်ရောက်အောင် တိုင်တည်ပြောဆိုသည်။ တောင့်တပြောဆိုသည်
    curse
    ကြိယာ

    ကျိန်း

    [t͡ɕéɪɴ]
    ရီတွက်ရေ။ ကမ္ဘာတသိန်း၊ တွက်ကျိန်းခေါ်ထ၊ လုံ့လပြင်းစွာ၊ ဒါနပါရမီအစ၊ ဥပေက္ခာပါရမီ၊ အဆုံးဟိသော (ကတ္တော်)
    ရေတွက်သည်။ ကမ္ဘာတစ်သိန်း၊ တွက်ကျိန်းခေါ်ထ၊ လုံ့လပြင်းစွာ၊ ဒါနပါရမီအစ၊ ဥပေက္ခာပါရမီ၊ အဆုံးဟိသော (ကတ္တော်)
    count
    ကြိယာ

    ကျိန်း၂

    [t͡ɕéɪɴ၂]
    ရွီတွက်ခန့်မှန်းချက်
    ရေတွက်ခန့်မှန်းချက်
    approximate
    နာမ်

    ကျိန်း၃

    [t͡ɕéɪɴ၃]
    ရဟန်းသံဃာအစဟိရေ မြင့်မြတ်သော ပုဂ္ဂိုလ်ရို့အိပ်စက်သည်
    ရဟန်းသံဃာစသော မြင့်မြတ်သော ပုဂ္ဂိုလ်တို့အိပ်စက်သည်
    sleep
    ကြိယာ

    ကျိန်း၄

    [t͡ɕéɪɴ၄]
    သိုက်၊ တပေါင်၊ နမိတ်၊ စနည်းရို့အရ ကျရောက်လှာမည့် အကျိုးအပြစ်များ။ ဇနက္ကမင်း၊ ပင်လယ်မားမာ သင်္ဘောပျက်သော ကျိန်း
    သိုက်၊ တပေါင်၊ နမိတ်၊ စနည်းတို့အရ ကျရောက်လာမည့် အကျိုးအပြစ်များ။ ဇနက္ကမင်း၊ ပင်လယ်တွင်းမှာ သင်္ဘောပျက်သော ကျိန်း
    none
    နာမ်