Dictionary Entries
Showing 1,801–1,820 of 3,186 words
က
ကျိပက်လက်ပက်
[t͡ɕìpɛʔlɛʔpɛʔ]
Arakanese:
ရွံမုန့်ဖို့ကောင်းရေ။ အမြင်မတော်သော။ ရွံကောင်းထမန်း ကောင်းရေ
Burmese:
ရွံမုန်းစရာကောင်းသော။ အမြင်မတော်သော။ စက်ဆုပ်ဖွယ်ရာ ကောင်းသော
English:
bitcy
Grammar Note:
နာမဝိသေသန
ကျိပက်လက်ပက်၂
[t͡ɕìpɛʔlɛʔpɛʔ၂]
Arakanese:
အိမ်ထဲခန်းတခန်းလုံး စိုရွဲ ကျိချွဲနိန်ရေ
Burmese:
အိမ်ခန်းတစ်ခန်းလုံး စိုရွဲ ကျိချွဲနေသည်
English:
slimy: greasy
Grammar Note:
ကြိယာ
ကျိပီကျိပက်
[t͡ɕìpít͡ɕìpɛʔ]
Arakanese:
ကိုယ့်အလိုသို့ လိုက်သော သူရို့အား စိတ်အနှာင့်အယှက် ဖြစ်စီရေ။ ဆင်ခြင် တွက်ဖော်မှုမဟိ ပစမ်းနရမ်းပြုလွယ်ရေ။ ပက်စက်သည်၊ မထောက်မထား ရိုင်းပြရေ။ သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာချွဲ၍ ပြောဆို ပြုမူရေ။ ရွံမုန်းစရာ ကောင်းရေ
Burmese:
မိမိအလိုသို့ လိုက်သော သူတို့အား စိတ်အနှာင့်အယှက် ဖြစ်စေသည်။ ဆင်ခြင် စဉ်းစားမှုမရှိ မသပ်မရပ်ပြုလွယ်သည်။ ပက်စက်သည်၊ မထောက်မထား ရိုင်းပျသည်။ သနားဖွယ်ရာ ချစ်ခင်ဖွယ်ရာချွဲ၍ ပြောဆို ပြုမူသည်။ ရွံမုန်းစရာ ကောင်းသည်
English:
hate
Grammar Note:
ကြိယာ
ကျိပ်
[t͡ɕìaʔ]
Arakanese:
လူဆယ်ယောက် တဆယ်ကို ညွှန်ပြသောစကား။ တကျိပ်၊ နှစ်ကျိပ်၊ သုံးကျိပ် အစဟိစွာ
Burmese:
လူဆယ်ယောက် တစ်ဆယ်ကို ညွှန်ပြသောစကား။ တစ်ကျိပ်၊ နှစ်ကျိပ်၊ သုံးကျိပ် စသည်
English:
number
Grammar Note:
နာမ်
ကျိရိကျိရိ
[t͡ɕìɹìt͡ɕìɹì]
Arakanese:
တနီရာတည်း၌ မရပ်မနားပတ်ချာလည်နိန်ရေ။ တနီရာတည်းမာ ရစ်ဝဲနိန်ရေ။ ပတ်၍လည့်၍ လားရေ။ ချာချာ လည်လည်
Burmese:
တစ်နေရာတည်း၌ မရပ်မနားပတ်ချာလည်နေသည်။ တစ်နေရာတည်းတွင် ရစ်ဝဲနေသည်။ ပတ်၍လည့်၍ သွားသည်။ ချာချာ လည်လည်
English:
turn
Grammar Note:
ကြိယာ
ကျိလက်ပက်လက်
[t͡ɕìlɛʔpɛʔlɛʔ]
Arakanese:
ရွံမုန့်ဖို့ကောင်းရေ။ အမြင်မတော်သော။ ရွံကောင်းထမန်း ကောင်းရေ။ ဗရမ်းဗတာ ကရားကထား ကျဲပြန့်ဗျာယ်။ အနှံအပြား ပေကျံဗျာယ်
Burmese:
ရွံမုန်းစရာကောင်းသော။ အမြင်မတော်သော။ စက်ဆုပ်ဖွယ်ရာ ကောင်းသော။ အစီအစဉ်မကျ ဖရိုဖရဲ ကျဲပြန့်လျက်။ အနှံအပြား ပေကျံလျက်
English:
bitcy
Grammar Note:
ကြိယာဝိသေသန
ကျိုး
[t͡ɕó]
Arakanese:
၁၊ အချောင်းအတံ အရှည်အလျား အစဟိစွာရို့ နှစ်ပိုင်းသုံးပိုင်း ဖြစ်လှားရေ။ ၂၊ ဒေါသမာန လျော့လားရေ။ အစွယ်ကျိုးသောမြွီ။ မာန်စွယ်ကျိုးသည်
Burmese:
၁၊ အချောင်းအတံ အရှည်အလျား စသည်တို့ နှစ်ပိုင်းသုံးပိုင်း ဖြစ်သွားသည်။ ၂၊ ဒေါသမာန လျော့သွားသည်။ အစွယ်ကျိုးသောမြွေ။ မာန်စွယ်ကျိုးသည်
English:
take down a peg
Grammar Note:
ကြိယာ
ကျိုးကန်း
[t͡ɕókáɴ]
Arakanese:
လူတိ၏ ကျေးဇုကို မသိမမြင်ဖြစ်တေ။ ပြုဖူးသော ကျေးဇုတရားကို မထောက်မထားပဲ ပြောဆိုပြုမူသည်
Burmese:
သူတစ်ပါး၏ ကျေးဇူးကို မသိမမြင်ဖြစ်သည်။ ပြုဖူးသော ကျေးဇူးတရားကို မထောက်မထားပဲ ပြောဆိုပြုမူသည်
English:
ungrateful
Grammar Note:
ကြိယာ
ကျိုက်
[t͡ɕaɪʔ]
Arakanese:
၁၊ ရှည်လျားသော မုတ်ဆိတ်များ တခုနှင့်တခု ရစ်ပတ်လိမ်ကျစ်နိန်ရေ။ ၂၊ ရှင်းလင်းခြင်းမဟိ၊ ထွီးယှက်နိန်ရေ။ ကြင်စွယ် မုတ်ဆိတ်၊ ခြူအခြာလေး၊ လိမ်ကာကျိတ်လို့ (ဆန္ဒန်)
Burmese:
၁၊ ရှည်လျားသော မုတ်ဆိတ်များ တစ်ခုနှင့်တစ်ခု ရစ်ပတ်လိမ်ကျစ်နေသည်။ ၂၊ ရှင်းလင်းခြင်းမရှိ၊ ထွေးယှက်နေသည်။ ကြင်စွယ် မုတ်ဆိတ်၊ ခြူအခြာလေး၊ လိမ်ကာကျိတ်လို့ (ဆန္ဒန်)
English:
confuse
Grammar Note:
ကြိယာ
ကျိုက်ကျိုက်ဆူ
[t͡ɕaɪʔt͡ɕaɪʔsʰù]
Arakanese:
၁၊ မခံချိ မခံသာ ဆင်းရဲကြီးစွာ ခံစားရရေ။ ထိပ်ထက်၌မူ၊ ကျွတ်ကျွတ်ဆူကေ၊ ရေပူကျသို့(ပန်းဝှက်)။ ၂၊ ရေ တပွတ်ပွတ်ဆူရေ
Burmese:
၁၊ မခံချိ မခံသာ ဆင်းရဲကြီးစွာ ခံစားရသည်။ ထိပ်ထက်၌မူ၊ ကျွတ်ကျွတ်ဆူကေ၊ ရေပူကျသို့(ပန်းဝှက်)။ ၂၊ ရေ တပွတ်ပွတ်ဆူသည်
English:
feel
Grammar Note:
ကြိယာ
ကျိုက်ကျိုက်တက်
[t͡ɕaɪʔt͡ɕaɪʔtɛʔ]
Arakanese:
၁၊ ရေပြွက်ပြွက်ဆူပြီးကေ အထက်ကိုလျှံ၍ တက်ရေ။ ၂၊ ဣန္ဒြေ မထိန်းသိမ်းနှိုင်လောက်ယောင် အာသာဆန္ဒပြင်းထန်သည်
Burmese:
၁၊ ရေဆူပွက်၍ အထက်သို့လျှံ၍ တက်သည်။ ၂၊ ဣန္ဒြေ မထိန်းသိမ်းနိုင်လောက်အောင် အာသာဆန္ဒပြင်းထန်သည်
English:
boil
Grammar Note:
ကြိယာ
ကျိုက်ကျိုက်တိုး
[t͡ɕaɪʔt͡ɕaɪʔtó]
Arakanese:
လူကျိတ်ကျိတ်တိုး စည်ကားရေ။ ကကောင်းများ စည်ကားသည်
Burmese:
လူကျိတ်ကျိတ်တိုး စည်ကားသည်။ အလွန်များပြား စည်ကားသည်
English:
thriving
Grammar Note:
ကြိယာ
ကျိုက်ကျိုက်မြည်
[t͡ɕaɪʔt͡ɕaɪʔmɹɛ]
Arakanese:
ရေပြွက်ပြွက်ဆူပြီးကေ အထက်ကိုလျှံတက်ပြီးး မြည်သောအသံ
Burmese:
ရေဆူပွက်၍ အထက်သို့လျှံတက်ပြီး မြည်သောအသံ
English:
boiling water
Grammar Note:
နာမ်
ကျိုးကြတ်နာ
[t͡ɕót͡ɕaʔnà]
Arakanese:
တခုတရီထိခိုက်၍ အရိုး၏ အလယ်အဆက်အစဟိစွာ၌ ကျိုးလွယ်သောအနာ
Burmese:
တစ်စုံတစ်ခုထိခိုက်၍ အရိုး၏ အလယ်အဆက်စသည်၌ ကျိုးလွယ်သောအနာ
English:
breakable disease
Grammar Note:
နာမ်
ကျိုးကြောင်း
[t͡ɕót͡ɕáʊɴ]
Arakanese:
ကောင်းရာ ကောင်းကြောင်း လမ်းညွှန်ပြရေ။ ကျိုးကြောင်းဖလ၊ မှုကိစ္စကို၊ တစမကျန် (ထွန်းတိ)
Burmese:
ကောင်းရာ ကောင်းကြောင်း လမ်းညွှန်ပြသည်။ ကျိုးကြောင်းဖလ၊ မှုကိစ္စကို၊ တစ်စမကျန် (ထွန်းတိ)
English:
guidance on good show
Grammar Note:
နာမ်
ကျိုးကြွတ်နာ
[t͡ɕót͡ɕwaʔnà]
Arakanese:
တခုတရီထိခိုက်၍ အရိုး၏ အလယ်အဆက်အစဟိစွာ၌ ကျိုးလွယ်သောအနာ
Burmese:
တစ်စုံတစ်ခုထိခိုက်၍ အရိုး၏ အလယ်အဆက်စသည်၌ ကျိုးလွယ်သောအနာ
English:
breakable disease
Grammar Note:
နာမ်
ကျိုင်
[t͡ɕàɪɴ]
Arakanese:
၁၊ များပြားစွာ တခုတရုံတည်း ဟိနိန်ရေ သက်ဟိ၊ သက်မဲ့။ ၂၊ မကန်မဝှန် အုပ်စုဖွဲ့ပြီးကေနိန်ရေ၌ သုံးသောစကား။ လူတကျိုင်၊ နွားတကျိုင်၊ လူတရွီ၊ နွားတရွီစရေ။ ဆစ္ဆီဗိုလ်ကျိုင်၊ စွဲကိုင်ဓါးလွှား (ကုသလ)
Burmese:
၁၊ များပြားစွာ တစ်ခုတစ်ရုံတည်း ရှိနေသော သက်ရှိ၊ သက်မဲ့။ ၂၊ အများအပြား အုပ်စုဖွဲ့၍နေသည်၌ သုံးသောစကား။ လူတစ်ကျိုင်၊ နွားတစ်ကျိုင်၊ လူတစ်အုပ်၊ နွားတစ်အုပ်စသည်။ သရဲဗိုလ်ကျိုင်၊ စွဲကိုင်ဓါးလွှား (ကုသလ)
English:
number
Grammar Note:
နာမ်
ကျိုင်း
[t͡ɕáɪɴ]
Arakanese:
မင်းခမ်းမင်းနားမာ ပါ၀င်သော အရိုးရှည် တပ်ဆင်ထားရေ ထီးတမျိုး။ ရွှီရည်လျှံညီး၊ ဝေါတော်စီးပနာ၊ ကျိုင်းကြီးလည်းဆောင်း၊ က လိုက်ကောင်းနှင့်၊ ထီးပေါင်းများစွာ၊ ဝန်ရံကာ၍ (ရခိုင်ကာ)
Burmese:
မင်းခမ်းမင်းနားတွင် ပါ၀င်သော အရိုးရှည် တပ်ဆင်ထားသော ထီးတစ်မျိုး။ ရွှေရည်လျှံညီး၊ ဝေါတော်စီး၍၊ ကျိုင်းကြီးလည်းဆောင်း၊ က လိုက်ကောင်းနှင့်၊ ထီးပေါင်းများစွာ၊ ဝန်ရံကာ၍ (ရခိုင်ကာ)
English:
umbrella
Grammar Note:
နာမ်
ကျိုင်၂
[t͡ɕàɪɴ၂]
Arakanese:
အဆိပ်ဟိရေ ကရင်နီတမျိုး။ ကျိုင်နီ၊ ကျိုင်နက်၊ ကျိုင်ပြာအစဟိစွာ ကွဲပြားရေ။ ယင်းမာ ကျိုင်နီကပိုပြီးကေ အဆိပ်ပြင်းသည်
Burmese:
အဆိပ်ရှိသော ပရွက်ကြီးတစ်မျိုး။ ကျိုင်နီ၊ ကျိုင်နက်၊ ကျိုင်ပြာစသည် ကွဲပြားသည်။ ယင်းတွင် ကျိုင်နီကသာ၍ အဆိပ်ပြင်းသည်
English:
pismire
Grammar Note:
နာမ်
ကျိုင်း၂
[t͡ɕáɪɴ၂]
Arakanese:
၁၊ တောင့်တင်းနနောင်းသော။ ၂၊ မာကျောသော။ မပျောင်းမညံ့ နနောင်းကျစ်လျစ်သော။ သူရို့ချက်ရာ၊ ထမင်းချိုင့်လည်း၊ ကျိုင်းလှပါကေ (ပဒုမ္မ)။ ၃၊ သန်စွမ်းသော။ ၄၊ ခက်မာသော
Burmese:
၁၊ တောင့်တင်းခိုင်မာသော။ ၂၊ မာကျောသော။ မပျောင်းမညံ့ ခိုင်မာကျစ်လျစ်သော။ သူတို့ချက်ရာ၊ ထမင်းချိုင့်လည်း၊ ကျိုင်းလှပါကေ (ပဒုမ္မ)။ ၃၊ သန်စွမ်းသော။ ၄၊ ခက်မာသော
English:
hard
Grammar Note:
နာမ်