Dictionary Entries
Showing 1,821–1,840 of 3,186 words
က
ကျိုင်၃
[t͡ɕàɪɴ၃]
Arakanese:
အဆစ်ပါရေဝါးကို ပြုလုပ်ထားရေ တဖက်ပိတ် ထည့်စရာတမျိုး
Burmese:
အဆစ်ပါသောဝါးကို ပြုလုပ်ထားသော တစ်ဖက်ပိတ် ထည့်စရာတစ်မျိုး
English:
bamboo
Grammar Note:
နာမ်
ကျိုင်း၃
[t͡ɕáɪɴ၃]
Arakanese:
ထွန်ချအပြီးမာ မြီစိုင်ခဲရို့ကို ကြီညက်ညီလားလီရန် နွား၊ ကျွဲရို့နန့် တိုက်ဆွဲရရေ သစ်တုံး။ မောင်ချစ်သက်နှံ၊ ကျိုင်းပေါက်ကျွံ၍၊ ကျောက်ကန်မနိုင် (ထွန်းတိ)
Burmese:
လယ်ထွန်အပြီးတွင် မြေစိုင်ခဲတို့ကို ကြေညက်ညီသွားစေရန် နွား၊ ကျွဲတို့နှင့် တိုက်ဆွဲရသော သစ်တုံး။ မောင်ချစ်သက်နှံ၊ ကျိုင်းပေါက်ကျွံ၍၊ ကျောက်ကန်မနိုင် (ထွန်းတိ)
English:
log of which the teeth of harrow are attached
Grammar Note:
နာမ်
ကျိုင်၄
[t͡ɕàɪɴ၄]
Arakanese:
၁၊ ထုံသည်၊ ကျဉ်ဆာရေ။ ၂၊ အထိုင်များသနန့်သွီးပိုင်အလာ မမှန်အတွက်နန့် ပင်ဖြစ်ဖြစ်၊ အအီးလွန်ကဲသနန့် ပင်ဖြစ်ဖြစ် တဖျဉ်းဖျဉ်းဖြစ်တေ
Burmese:
၁၊ ထုံသည်၊ ထုံကျင်သည်။ ၂၊ အထိုင်များသဖြင့် သွေးအသွားအလာ မမှန်သောကြောင့် လည်းကောင်း၊ အအေးလွန်ကဲသဖြင့် လည်းကောင်း တဖျဉ်းဖျဉ်းဖြစ်သည်
English:
numb
Grammar Note:
ကြိယာ
ကျိုင်း၄
[t͡ɕáɪɴ၄]
Arakanese:
၁၊ ရောဂါကင်းရေ။ ကျမ္မာရေ။ နေကောင်းရေ။ သံယောင်ကားကျိုင်း၊ ရီယောင်ချိုင်းယောင်၊ မှန်း၍ပြီးခါ(ကော်)။ ၂၊ ခိုင်မြဲရေ။ ၃၊ မပျောင်းမပျော့ဖြစ်တေ။ ခက်မာရေ။ ၄၊ တောင့်တင်းသန်မာရေ
Burmese:
၁၊ ရောဂါကင်းသည်။ ကျန်းမာသည်။ နေကောင်းသည်။ သံယောင်ကားကျိုင်း၊ ရီယောင်ချိုင်းယောင်၊ မှန်း၍ပြီးခါ(ကော်)။ ၂၊ ခိုင်မြဲသည်။ ၃၊ မပျောင်းမပျော့ဖြစ်သည်။ ခက်မာသည်။ ၄၊ တောင့်တင်းသန်မာသည်
English:
health
Grammar Note:
ကြိယာ
ကျိုင်၅
[t͡ɕàɪɴ၅]
Arakanese:
စားပနာ ထမင်း၊ ဟင်း၊ ငါး အစဟိစွာ အိုးထံ၌ ကြွင်းကျန်ဟိနီသိရေ။ ကျန်ဟိနီရေ။ ကောင်းရာရာကို၊ ရွီးကာနှက်လို့၊ မသက်မသာ၊ မဝပါကေ၊ အိုးမာကျိုင်သိ၊ စိတ်ဟိစိတ်ထင်၊ စားလိုချင်သော် (ငါး)
Burmese:
စား၍ ထမင်း၊ ဟင်း၊ ငါး စသည် အိုးထံ၌ ကြွင်းကျန်ရှိနေသေးသည်။ ကျန်ရှိနေသည်။ ကောင်းရာရာကို၊ ရွီးကာနှက်လို့၊ မသက်မသာ၊ မဝပါကေ၊ အိုးမှာကျိုင်သိ၊ စိတ်ဟိစိတ်ထင်၊ စားလိုချင်သော် (ငါး)
English:
Rice or fish curry remaining
Grammar Note:
ကြိယာ
ကျိုင်၆
[t͡ɕàɪɴ၆]
Arakanese:
နွားချီး၊ မြေညက်အစဟိစွာနန့် မြေတလင်းကို ပြန်ညီယောင် သုတ်လူးရေ။ နှိမ်းရေ။ တလင်းကျိုင်အစဟိစွာ
Burmese:
နွားချေး၊ မြေညက်စသည်ဖြင့် မြေတလင်းကို ပြန်ညီအောင် သုတ်လိမ်းသည်။ လိမ်းကျံသည်။ တလင်းကျိုင်စသည်
English:
plain bare ground
Grammar Note:
ကြိယာ
ကျိုင်းကျိုင်း
[t͡ɕáɪɴt͡ɕáɪɴ]
Arakanese:
၁၊ တောင့်တင်းရေ။ ခိုင်မြဲသည်
Burmese:
၁၊ တောင့်တင်းသည်။ ခိုင်မြဲသည်
English:
firm
Grammar Note:
ကြိယာ
ကျိုင်းကျိုင်း၂
[t͡ɕáɪɴt͡ɕáɪɴ၂]
Arakanese:
ခိုင်မြဲသော။ တောင့်တင်းသော
Burmese:
ခိုင်မြဲသော။ တောင့်တင်းသော
English:
strong
Grammar Note:
နာမဝိသေသန
ကျိုင်းကျိုင်းခေါက်ခေါက်
[t͡ɕáɪɴt͡ɕáɪɴkʰaʊʔkʰaʊʔ]
Arakanese:
နူးညံခြင်းမဟိဘဲ ပျိုင်းတွဲတင်းတောင့်ဗျာယ်။ မာခေါက်ခေါက်
Burmese:
နူးညံခြင်းမရှိပဲ ပျဉ်းတွဲတင်းတောင့်လျက်။ မာခေါက်ခေါက်
English:
hard
Grammar Note:
ကြိယာဝိသေသန
ကျိုင်းကျိုင်းမာမာ
[t͡ɕáɪɴt͡ɕáɪɴmàmà]
Arakanese:
၁၊ အနာရောဂါ ကင်းရှင်းရေ။ ၂၊ ခိုင်မြဲတင်းတောင့်သော
Burmese:
၁၊ အနာရောဂါ ကင်းရှင်းသော။ ၂၊ ခိုင်မြဲတင်းတောင့်သော
English:
health
Grammar Note:
နာမဝိသေသန
ကျိုင်းခံ့
[t͡ɕáɪɴkʰံ့]
Arakanese:
သန်မာ တောင့်တင်းရေ။ အီသာရေ။ ကျန်းခံ့သည်
Burmese:
သန်မာ တောင့်တင်းသည်။ အီသာသည်။ ကျန်းခံ့သည်
English:
strong
Grammar Note:
ကြိယာ
ကျိုင်းခတ်
[t͡ɕáɪɴkʰaʔ]
Arakanese:
မြီစိုင်ခဲရို့ကို ကြီညက် လားလီရန် ညီလားလီရန် ကျိုင်းတုံးကို ကျွဲ၊ နွားရို့နန့် ရုန်းကန်တိုက်ဆွဲစီရေ။ နီပူလည်းသတ်၊ ကျွဲတသျှဉ်းနှင့်၊ ကျိုင်းလည်းခတ်၍ (ရာသီ)
Burmese:
မြေစိုင်ခဲတို့ကို ကြေညက် သွားစေရန် ညီသွားစေရန် ကျိုင်းတုံးကို ကျွဲ၊ နွားတို့ဖြင့် ရုန်းကန်တိုက်ဆွဲစေသည်။ နီပူလည်းသတ်၊ ကျွဲတသျှဉ်းနှင့်၊ ကျိုင်းလည်းခတ်၍ (ရာသီ)
English:
none
Grammar Note:
ကြိယာ
ကျိုင်းခိုင်
[t͡ɕáɪɴkʰàɪɴ]
Arakanese:
၁၊ ခိုင်ခံ့တောင်းတင်း သိပ်သည်းရေ။ ၂၊ တောင့်တင်းရေ။ ၃၊ သန်စွမ်းသည်
Burmese:
၁၊ ခိုင်ခံ့တောင်းတင်း သိပ်သည်းသည်။ ၂၊ တောင့်တင်းသည်။ ၃၊ သန်စွမ်းသည်
English:
strong
Grammar Note:
ကြိယာ
ကျိုင်းစီး
[t͡ɕáɪɴsï]
Arakanese:
မြီစိုင်ခဲရို့ကို ကြီညက်လားလီရန် ကျိုင်းတုံးပေါ်တက်စီးပနာ ကျွဲ၊ နွားရို့ကို ရုန်းကန်တိုက်ဆွဲစီရေ။ နွီရာသီ၌ ဂါရီတိုက်၊ မိုးခါသား နောက်ထပ်၊ ထွန်ချ၊ ကျိုင်းစီး (ကျွဲမင်း)
Burmese:
မြေစိုင်ခဲတို့ကို ကြေညက်သွားစေရန် ကျိုင်းတုံးပေါ်တက်စီး၍ ကျွဲ၊ နွားတို့ကို ရုန်းကန်တိုက်ဆွဲစေသည်။ နွီရာသီ၌ လှည်းတိုက်၊ မိုးရာသီ တဖန်၊ လယ်ထွန်၊ ကျိုင်းစီး (ကျွဲမင်း)
English:
like plough (a field)
Grammar Note:
ကြိယာ
ကျိုင်းတီကျိုင်းတောက်
[t͡ɕáɪɴtít͡ɕáɪɴtɔ́ɛʔ]
Arakanese:
၁၊ ပျိုင်းတွဲတောင့်တင်းဗျာယ်။ မာဆတ်ဆတ်။ ၂၊ မာခေါက်ခေါက်
Burmese:
၁၊ ပျဉ်းတွဲတောင့်တင်းလျက်။ မာဆတ်ဆတ်။ ၂၊ မာခေါက်ခေါက်
English:
hard
Grammar Note:
ကြိယာဝိသေသန
ကျိုင်းတီကျိုင်းတောက်ကြီး
[t͡ɕáɪɴtít͡ɕáɪɴtɔ́ɛʔt͡ɕï]
Arakanese:
၁၊ ပြုတ်မနူး၍ မပျောင်းမညံ့အထဲထဲမာ ဆတ်ဆတ်ဖြစ်ရေ။ ၂၊ ပျိုင်းတွဲတောင့်တင်း၍နိန်ရေ
Burmese:
၁၊ ပြုတ်မနူး၍ မပျောင်းမညံ့အတွင်းထဲမှာ ဆတ်ဆတ်ဖြစ်သော။ ၂၊ ပျဉ်းတွဲတောင့်တင်း၍နေသော
English:
hard
Grammar Note:
နာမဝိသေသန
ကျိုင်းတုံး
[t͡ɕáɪɴtóʊɴ]
Arakanese:
ထွန်ချရာမာ မြီစိုင်ခဲရို့ကို ကြီညက်အောင် သစ်တုံးပတ်ပတ်လည်မာ တထွာ၊ တမိုက်ခန့် သစ်သားစူးတပ်ထားရေ အရာ။ စူးတပ်ထားရေ ဒလိမ့်တုံး
Burmese:
လယ်ထွန်ရာတွင် မြေစိုင်ခဲတို့ကို ကြေညက်အောင် သစ်တုံးပတ်ပတ်လည်တွင် တစ်ထွာ၊ တစ်မိုက်ခန့် သစ်သားဆူးတပ်ထားသော အရာ။ ဆူးတပ်ထားသော ဒလိမ့်တုံး
English:
log of which the teeth of harrow are attached
Grammar Note:
နာမ်
ကျိုင်တောက်
[t͡ɕàɪɴtɔ́ɛʔ]
Arakanese:
ရေအစဟိစွာသယ်ယူရန်၊ တနည်း တခုတရီထည့်ရန် ပြုလုပ်ထားရေ တဖက်ပိတ် ဝါးကျည်။ ခွီးကျားခွီးကြောင်၊ ခွီးနှစ်ကောင်ကို၊ ဟိဆောင်ခေါ်မြောက်၊ မြှားကျိန်တောက်ကို၊ နောက်မာလည်းလွယ် (ကော်)။ လူ့ပြည်ရပ်မာ၊ ထိုဆရာထံ၊ ဗူးကျိန်တောက်နှင့်၊ သောက်စားရန်ကို၊ နည်းခံပြီးထွ
Burmese:
ရေစသည်သယ်ယူရန်၊ သို့မဟုတ် တစ်စုံတစ်ခုထည့်ရန် ပြုလုပ်ထားသော တစ်ဖက်ပိတ် ဝါးကျည်။ ခွီးကျားခွီးကြောင်၊ ခွီးနှစ်ကောင်ကို၊ ရှိဆောင်ခေါ်မြောက်၊ မြှားကျိန်တောက်ကို၊ နောက်မှာလည်းလွယ် (ကော်)။ လူ့ပြည်ရပ်မှာ၊ ထိုဆရာထံ၊ ဗူးကျိန်တောက်နှင့်၊ သောက်စားရန်ကို၊ နည်းခံပြီးထွ
English:
short length bamboo closed at one end
Grammar Note:
နာမ်
ကျိုင်းတောက်ကြီး
[t͡ɕáɪɴtɔ́ɛʔt͡ɕï]
Arakanese:
၁၊ ပြုတ်မနူး၍ မပျောင်းမညံ့အထဲထဲမာ ဆတ်ဆတ်ဖြစ်ရေ။ ၂၊ ပျိုင်းတွဲတောင့်တင်း၍နိန်ရေ
Burmese:
၁၊ ပြုတ်မနူး၍ မပျောင်းမညံ့အတွင်းထဲမှာ ဆတ်ဆတ်ဖြစ်သော။ ၂၊ ပျဉ်းတွဲတောင့်တင်း၍နေသော
English:
hard
Grammar Note:
နာမဝိသေသန
ကျိုင်းတောက်ခရော်
[t͡ɕáɪɴtɔ́ɛʔkʰɹɔ̀]
Arakanese:
၁၊ မပျောင်းမညံ့သော။ ၂၊ နူးညံ့ခြင်းမဟိရေ။ ၃၊ မာကျောခက်ထန်သော။ ၄၊ ရုန်ရင်းခက်မာသော
Burmese:
၁၊ မပျောင်းမညံ့သော။ ၂၊ နူးညံ့ခြင်းမရှိသော။ ၃၊ မာကျောခက်ထန်သော။ ၄၊ ရုန်ရင်းခက်မာသော
English:
hard
Grammar Note:
နာမဝိသေသန