Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,841–1,860 of 3,186 words

    က

    ကျိုင်းတောက်တောက်

    [t͡ɕáɪɴtɔ́ɛʔtɔ́ɛʔ]
    နူးညံ့ခြင်းမဟိ ပျိုင်းတွဲတောင့်တင်းဗျာယ်
    နူးညံ့ခြင်းမရှိ ပျဉ်းတွဲတောင့်တင်းလျက်
    hard
    ကြိယာဝိသေသန

    ကျိုင်ထိုး

    [t͡ɕàɪɴtʰó]
    ဝါးကိုပြုလုပ်ထားရေ တဖက်ပိတ်ကျည်၌ ငါး၊ ဟင်း၊ ဆား၊ ငရုပ် စစွာကို အစုံထည့်ပြီး အိုးအစဟိစွာနှင့် ချက်ပိုင် မီးနန့် ချက်ရရေ ချက်နည်းတမျိုး။ သရက်ကင်းနှင့်၊ ကျောကလန့်ကို၊ အစကချိုး၊ ကျိုင်နှင့်ထိုးပနာ (ထွန်းတိ)
    ဝါးကိုပြုလုပ်ထားသော တစ်ဖက်ပိတ်ကျည်၌ ငါး၊ ဟင်း၊ ဆား၊ ငရုပ် စသည်ကို အစုံထည့်ပြီး အိုးစသည်နှင့် ချက်သကဲ့သို့ မီးဖြင့် ချက်ရသည့် ချက်နည်းတစ်မျိုး။ သရက်ကင်းနှင့်၊ ကျောကလန့်ကို၊ အရင်ကချိုး၊ ကျိုင်နှင့်ထိုး၍ (ထွန်းတိ)
    none
    ကြိယာ

    ကျိုင်နာ

    [t͡ɕàɪɴnà]
    ခြေလက် ထိုင်းမှိုင်းထုံထိုင်းသော ရောဂါ။ ထုံနာ၊ ကျိုင်နာ အစဟိစွာ
    ခြေလက် လေးလံထုံထိုင်းသော ရောဂါ။ ထုံနာ၊ ကျိုင်နာ စသည်
    Beri-beri
    နာမ်

    ကျိုင်ပိတ်

    [t͡ɕàɪɴpeɪʔ]
    အပေါက် အခေါင်းဟိသင့်သလောက်မဟိဘဲ အသားပိတ်နိန်ရေ အရာ။ အခေါင်းမဟိရေ ဝါး
    အပေါက် အခေါင်းရှိသင့်သလောက်မရှိပဲ အသားပိတ်နေသော အရာ။ အခေါင်းမရှိသော ဝါး
    bamboo
    နာမ်

    ကျိုင်ပိုင်း

    [t͡ɕàɪɴpáɪɴ]
    ဝါးကို ပိုင်းဖြတ်ထားရေ တဖက်ပိတ်ကျည်
    ဝါးကို ပိုင်းဖြတ်ထားသော တစ်ဖက်ပိတ်ကျည်
    bamboo
    နာမ်

    ကျိုင်းမာ

    [t͡ɕáɪɴmà]
    နေကောင်းရေ။ အီသာရေ။ ရောဂါကင်းရေ။ ကျမ္မာသည်
    နေကောင်းသည်။ အီသာသည်။ ရောဂါကင်းသည်။ ကျန်းမာသည်
    health
    ကြိယာ

    ကျိုင်လိုက်

    [t͡ɕàɪɴlaɪʔ]
    နောက်မာနီခရေ။ ကျန်ရစ်ခရေ။ ကြွင်းလပ်ခရေ
    နောက်တွင်နေခဲ့သည်။ ကျန်ရစ်ခဲ့သည်။ ကြွင်းလပ်ခဲ့သည်
    remain
    ကြိယာ

    ကျိုးနပ်

    [t͡ɕónaʔ]
    ကောင်းရာကောင်းကြောင်း (လမ်းညွှန်ပြရေ) ကျိုးကြောင်းဖလ၊ မှုကိစ္စကို၊ တစမကျန် (ထွန်းတိ)
    ကောင်းရာကောင်းကြောင်း (လမ်းညွှန်ပြသည်) ကျိုးကြောင်းဖလ၊ မှုကိစ္စကို၊ တစ်စမကျန် (ထွန်းတိ)
    guidance on good show
    ကြိယာ

    ကျိုးနပ်၂

    [t͡ɕónaʔ၂]
    ၁၊ အကျိုးဟိရေ။ အကျိုးကျေးဇု ခံစားရရေ။ ၂၊ စိတ်တိုင်းကျဖြစ်ပနာ နှစ်သက်အားရရေ။ ကျီနပ်ရေ။ လူရပ်မြီမာ၊ သီကျိုးနပ်ဟု (ပဒကု)။ ကုသိုလ်တရား၌ မွေ့လျော်သော သူစွာ သေကေလေ့ သေကျိုးနပ်သည်ဟူ၏
    ၁၊ အကျိုးရှိသည်။ အကျိုးကျေးဇူး ခံစားရသည်။ ၂၊ စိတ်တိုင်းကျဖြစ်၍ နှစ်သက်အားရသည်။ ကျေနပ်သည်။ လူရပ်မြီမှာ၊ သီကျိုးနပ်ဟု (ပဒကု)။ ကုသိုလ်တရား၌ မွေ့လျော်သော သူသည် သေသော်လည်း သေကျိုးနပ်သည်ဟူ၏
    profit
    ကြိယာ

    ကျိုးနွံ

    [t͡ɕónwံ]
    ဖျက်လိုဖျက်ဆီး။ ပျက်စီးစီလိုရေစိတ်နန့်။ ဖါပြိုတပ်ကို၊ ဝက်ဝက်ကျိုးနွံ တိုက်အံ့ကြံသော် (ရှီးထုံး)
    ဖျက်လိုဖျက်ဆီး။ ပျက်စီးစေလိုသောစိတ်ဖြင့်။ ဖါပြိုတပ်ကို၊ ဝက်ဝက်ကျိုးနွံ တိုက်အံ့ကြံသော် (ရှေးထုံး)
    destructive
    ကြိယာဝိသေသန

    ကျိုးနွံ၂

    [t͡ɕónwံ၂]
    ပျပ်ဝပ်ရေ။ ရိုသေကိုင်းညွတ်ရေ။ ကျိုးနွံရိုသေ၊ ခ စားပေ၏ (မြို့တည်)
    ပျပ်ဝပ်သည်။ ရိုသေကိုင်းညွတ်သည်။ ကျိုးနွံရိုသေ၊ ခ စားပေ၏ (မြို့တည်)
    homage
    ကြိယာ

    ကျိုးပေါက်

    [t͡ɕópaʊʔ]
    ၁၊ သီတင်းသီလ ကျိုးပျက်ရေ။ ၂၊ လယ်ကမ်းပိုင်အစဟိစွာ တစိတ်တဒီသ ပြိုပျက်သည်
    ၁၊ သီတင်းသီလ ကျိုးပျက်သည်။ ၂၊ လယ်တာရိုးစသည် တစ်စိတ်တစ်ဒေသ ပြိုပျက်သည်
    broken
    ကြိယာ

    ကျိုးပဲ့

    [t͡ɕópé]
    အပိုင်းပိုင်းဖြစ်တေ။ အစိတ်အပိုင်းဖြစ်တေ
    အပိုင်းပိုင်းဖြစ်သည်။ အစိတ်အပိုင်းဖြစ်သည်
    fragment
    ကြိယာ

    ကျိုးဖောက်

    [t͡ɕópʰɔ́ɛʔ]
    လူမှုစည်းကမ်းအရ တားမြစ်သည်ရို့ကို လွန်ကျူးသည်
    လူမှုစည်းကမ်းအရ တားမြစ်သည်တို့ကို လွန်ကျူးသည်
    commit
    ကြိယာ

    ကျိုးမြော်

    [t͡ɕómɹɔ̀]
    အကျိုးစီးပွားဖြစ်ထွန်းရန်ကို ချင့်ချိန်ပြီးကေ ရှုကြည့်ဆင်ခြင်သည်
    အကျိုးစီးပွားဖြစ်ထွန်းရန်ကို ချင့်ချိန်၍ ရှုကြည့်ဆင်ခြင်သည်
    consider
    ကြိယာ

    ကျိုးယုတ်

    [t͡ɕójoʊʔ]
    အကျိုးပျက်ပနာ အရှက်ရရေ။ အကျိုးမဲ့ဖြစ်တေ
    အကျိုးပျက်၍ အရှက်ရသည်။ အကျိုးမဲ့ဖြစ်သည်
    unprofitable
    ကြိယာ

    ကျီ

    [t͡ɕí]
    ရွှီ၊ ငွီ၊ ဝန်ဥစ္စာ ရတနာရို့ကို သိမ်းဆည်းထား သိုရာအဆောက်အအုံ၊ ဘဏ္ဍာတိုက်။ စပါးအစဟိစွာရို့ကို လောင်းာင်ထားရာ အဆောက်အအုံ။ အကြိမ်၊ အခါ၊ အခေါက်၊ အလည့်
    ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာ ရတနာတို့ကို သိမ်းဆည်းထား သိုရာအဆောက်အအုံ၊ ဘဏ္ဍာတိုက်။ စပါးစသည်တို့ကို သိုလှောင်ထားရာ အဆောက်အအုံ။ အကြိမ်၊ အခါ၊ အခေါက်၊ အလည့်
    treasury
    နာမ်

    ကျီး

    [t͡ɕï]
    အမွီးအစိမ်းရောင်ဟိပြီးး လူစကားကိုတု၍ ပြောတတ်ရေ နှုတ်သီးကောက်ဟိရေ့ ငှက်တမျိုး။ မောင်ညို။ ၁၊ ကျီးမာ။ ၂၊ ကျီးဖေါင်ကား။ ၃၊ ကျီးကုလား၊ ၄၊ ကျီးသန္တာ။ ၅၊ ကျီးရမီဝါ။ ၆၊ ကျီးညို၊ ၇၊ ကျီးဝါအစဟိစွာ
    အမွေးအစိမ်းရောင်ရှိပြီး လူစကားကိုတု၍ ပြောတတ်သော နှုတ်သီးကောက်ရှိသည့် ငှက်တစ်မျိုး။ ကြက်တူရွေး။ ၁၊ ကျီးမာ။ ၂၊ ကျီးဖေါင်ကား။ ၃၊ ကျီးကုလား၊ ၄၊ ကျီးသန္တာ။ ၅၊ ကျီးရမီဝါ။ ၆၊ ကျီးညို၊ ၇၊ ကျီးဝါစသည်
    parrot
    နာမ်

    ကျီ၂

    [t͡ɕí၂]
    ကျီနပ်ရေ။ စိတ်တိုင်းကျဖြစ်ပနာ နှစ်သက်အားရရေ။ (ပီးအပ်ရေ တာဝန်ကို) အရာမာအောင် ဆောင်ရွက်ရေ။ လိမ္မာအောင် ဆောင်ရွက်ရေ။ ကျေလည်ယောင် ပြုလုပ်ဆောင်ရွက်ရေ။ ပြီးဆုံးရေ။ လုပ်ငန်းတခုတရီကို ပြီးစီးယောင်လုပ်ရေ။ လက်စသတ်ရေ။ ပြီးစီးအောင်မြင်သည်၊ အားလုံးပ
    ကျေနပ်သည်။ စိတ်တိုင်းကျဖြစ်၍ နှစ်သက်အားရသည်။ (ပေးအပ်သော တာဝန်ကို) ပြီးမြောက်အောင် ဆောင်ရွက်သည်။ လိမ္မာအောင် ဆောင်ရွက်သည်။ ကျေလည်အောင် ပြုလုပ်ဆောင်ရွက်သည်။ ပြီးဆုံးသည်။ လုပ်ငန်းတစ်စုံတစ်ရာကို ပြီးစီးအောင်လုပ်သည်။ လက်စသတ်သည်။ ပြီးစီးအောင်မြင်သည်၊ အလုံးစုံပ
    finalize
    ကြိယာ

    ကျီး၂

    [t͡ɕï၂]
    ခြီထောက်ကာနာမကျဉ်းဖြစ်ပနာ ထော့နန့်ထော့နန့် လားတတ်သူ
    ခြေထောက်မသန်စွမ်း၍ ထော့နဲ့ထော့နဲ့ သွားတတ်သူ
    game man
    နာမ်