Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,861–1,880 of 3,186 words

    က

    ကျီး၃

    [t͡ɕï၃]
    ခြီထောက်တဖက်ကာနာသူ လမ်းလျှောက်ပိုင်။ ကျီးထီကျီးထောက်
    ခြေထောက်တစ်ဖက်မသန်စွမ်းသူ လမ်းလျှောက်သကဲ့သို့။ ထော့ကျိုးထော့ကျိုး
    game
    ကြိယာဝိသေသန

    ကျီး၄

    [t͡ɕï၄]
    စကားပြောနိုင်စွမ်းမဟိဖြစ်တေ။ စကားသံဆိတ်ရေ။ ဆွံအရေ။ နူခြင်း၊ ရူးခြင်း၊ ကျီးခြင်း၊ ဆွံ့ခြင်း၊ ကန်းခြင်း၊ ဇွန်းကျခြင်း၊ တွန့်ခြင်း အနာမျိုးရို့စွာ ရောက်စီသတည်းဇုန္ဒတ်
    စကားပြောနိုင်စွမ်းမရှိဖြစ်သည်။ စကားသံဆိတ်သည်။ ဆွံအသည်။ နူခြင်း၊ ရူးခြင်း၊ ကျီးခြင်း၊ ဆွံ့ခြင်း၊ ကန်းခြင်း၊ နားပင်းခြင်း၊ တွန့်ခြင်း အနာမျိုးတို့သည် ရောက်စေသတည်းဇုန္ဒတ်
    silent
    ကြိယာ

    ကျီး၅

    [t͡ɕï၅]
    ကျကျယ်လောင်လောင်သော အသံနန့် ဟစ်ကြွီးဗျာယ်၊ စူးရှသော အသံနန့် အလွန်အကျွံ ကျကျယ်လောင်လောင်။ နမိတ်ထင်ကေ၊ မြင်အိပ်မက်ကြောင့်၊ ရောက်ရက်ခတ်ကာ၊ တောင်မြောက်ပြီးကေ၊ ကျီးလို့ခေါ်ရေ (ပန်းဝှက်)
    ကျယ်လောင်စွာသော အသံဖြင့် ဟစ်ကြွေးလျက်၊ စူးရှသော အသံဖြင့် အလွန်အမင်း ကျယ်လောင်စွာ။ နမိတ်ထင်ကေ၊ မြင်အိပ်မက်ကြောင့်၊ ရောက်ရက်ခတ်ကာ၊ တောင်မြောက်ပြီးကေ၊ ကျီးလို့ခေါ်ရေ (ပန်းဝှက်)
    vociferate
    ကြိယာဝိသေသန

    ကျီးကတုတ်

    [t͡ɕïktoʊʔ]
    ဆားငန်ရည်မှီရာမာ ပေါက်တတ်ရေ အပင် မကြီးမငယ် အသီးနှစ်ဖက်ချွန် သုံးမြှောင့်ညှာတံ၌ သွယ်တန်း၍ သီးသောအပင် တမျိုး။ ကျီးကတုတ်ပင်ရင်း၊ ဟိန်းစွခင်း၊ ချိုင်းလေမောင်မင်း၊ တယောက်ချင်း (ငစွေ)
    ဆားငန်ရည်မှီရာတွင် ပေါက်တတ်သော အပင် မကြီးမငယ် အသီးနှစ်ဖက်ချွန် သုံးမြှောင့်ညှာတံ၌ သွယ်တန်း၍ သီးသောအပင် တစ်မျိုး။ ကျီးကတုတ်ပင်ရင်း၊ ဟိန်းစွခင်း၊ ချဉ်းလေမောင်မင်း၊ တစ်ယောက်ချင်း (ငစွေ)
    plant grow in salty place
    နာမ်

    ကျီးကန်တောက်

    [t͡ɕïkàɴtɔ́ɛʔ]
    သစ်ကလိန်သီး ဟုခေါ်သော ကျီးသေသီးအထဲက ခြည်ဝါခေါ် အထပ်ထပ်ပါရေအဆံ
    သစ်ကလိန်သီး ဟုခေါ်သော ကျီးသေသီးအထဲမှ ခြည်ဝါခေါ် အထပ်ထပ်ပါသောအဆံ
    none
    နာမ်

    ကျီးကိကျီးကော်

    [t͡ɕïkìt͡ɕïkɔ̀]
    ဗြုန်းခနဲ ကြောက်ရွံတုန်လှုပ်ဗျာယ်။ ချောက်ချားစွာ။ အထိတ်ထိတ်အလန့်လန့်။ အထိတ်အလန့်
    ရုတ်တရက် ကြောက်ရွံတုန်လှုပ်လျက်။ ချောက်ချားစွာ။ အထိတ်ထိတ်အလန့်လန့်။ အထိတ်အလန့်
    afraid
    ကြိယာဝိသေသန

    ကျီးကီကျီးကန်း

    [t͡ɕïkít͡ɕïkáɴ]
    ကြောက်ပိုင်လန့်ပိုင်။ ဟိုကြည့်စွာကြည့် ထိတ်ထိတ်ပျာပျာ။ ဣန္ဒြေကင်းအောင် တုန်လှုပ်ချောက်ချားဗျာယ်
    ကြောက်သလိုလန့်သလို။ ဟိုကြည့်သည်ကြည့် ထိတ်ထိတ်ပျာပျာ။ ဣန္ဒြေမဲ့အောင် တုန်လှုပ်ချောက်ချားလျက်
    nose around
    ကြိယာဝိသေသန

    ကျီးကုလား

    [t͡ɕïkoʊlá]
    အစိမ်းရောင်မာ အမဲရောင် သန်း၍ပါရေ မောင်ညိုကြီး တမျိုး။ တမာ ဖေါင်းကား၊ ကျီးကုလားနှင့် (ရာမ)
    အစိမ်းရောင်တွင် အမည်းရောင် သန်း၍ပါသော ကြက်တူရွေးကြီး တစ်မျိုး။ တမာ ဖေါင်းကား၊ ကျီးကုလားနှင့် (ရာမ)
    raven
    နာမ်

    ကျီးကျီး

    [t͡ɕït͡ɕï]
    ခြီထောက်တဖက် ကာနာသူ လမ်းလျှောက်ပိုင် နိမ့်တုံတခါ မြင့်တုံတချက်
    ခြေထောက်တစ်ဖက် မသန်စွမ်းသူ လမ်းလျှောက်သကဲ့သို့ နိမ့်တုံတစ်ခါ မြင့်တုံတစ်ချက်
    game man
    ကြိယာဝိသေသန

    ကျီးကွန်ဆောင်

    [t͡ɕïkʊ̀ɴsʰàʊɴ]
    ပကတိအတိုင်း မဟုတ်ရေအမူအရာ၊ အသွင်အပြင်ပေါ်ယောင် လုပ်ကြံကြိုးစားရေ။ တုပြုမူရေ။ မလားတတ်၊ မပြောတတ်၊ မဟောတတ်၊ ဆွံ့ဟန်၊ အအကွန်ဆောင်နိန်ရေ။ မောင်တရာကြောင့်၊ နှမကျီးကွန်းဆောင်ခရေ (ပုံပြင်)
    ပကတိအတိုင်း မဟုတ်သောအမူအရာ၊ အသွင်အပြင်ပေါ်အောင် လုပ်ကြံကြိုးစားသည်။ တုပြုမူသည်။ မသွားတတ်၊ မပြောတတ်၊ မဟောတတ်၊ ဆွံ့ဟန်၊ အဟန်ဆောင်နေသည်။ မောင်တစ်ရာကြောင့်၊ နှမကျီးကွန်းဆောင်ခရေ (ပုံပြင်)
    silent
    ကြိယာ

    ကျီခတ်ကျာခတ်

    [t͡ɕíkʰaʔt͡ɕàkʰaʔ]
    (တနိတာ စားသောက်ဖို့အတွက်) မနားမနီ အပတ်တကုပ် ကြိုးစားအားထုတ် ကြိုးစားအားထုတ်ဗျာယ်
    (တစ်နေ့တာ စားသောက်ရန်အတွက်) မနားမနေ အပတ်တကုပ် ကြိုးစားအားထုတ် ကြိုးစားအားထုတ်လျက်
    try
    ကြိယာဝိသေသန

    ကျီခြစ်ကျာခြစ်

    [t͡ɕíkʰɹɪʔt͡ɕàkʰɹɪʔ]
    မဟိမဲ့ ဟိမဲ့ ခြိုးခြံဗျာယ်၊ ခြိုးခြိုးခြံခြံ ချွဲတာဗျာယ်
    မရှိမဲ့ ရှိမဲ့ ခြိုးခြံလျက်၊ ခြိုးခြိုးခြံခြံ ချွဲတာလျက်
    thrifty
    ကြိယာဝိသေသန

    ကျီးခြီ

    [t͡ɕïkʰɹì]
    ၁၊ ရက်ကန်းယက်ရေအခါ ခတောင်းသား၌ ဆက်စခြည်ထုံး။ ကွက်ကျော်ပြီးကေပါရေ ခြည်မျှင်စ။ ၂၊ အရိုးဖြူနီဟိရေ ဟင်းနုနယ်ပင် တမျိုး
    ၁၊ ယက်ကန်းယက်သည့်အခါ ပုဆိုးသား၌ ဆက်စချည်ထုံး။ ကွက်ကျော်၍ပါသော ချည်မျှင်စ။ ၂၊ အရိုးဖြူနီရှိသော ဟင်းနုနယ်ပင် တစ်မျိုး
    like a spinach
    နာမ်

    ကျီးခြီထောက်

    [t͡ɕïkʰɹìtʰɔ́ɛʔ]
    ဝန်တင်ထားစရာ ခြီထောက်သုံးခုပါရေ ခုံတမျိုး
    ပစ္စည်းတင်ထားစရာ ခြေထောက်သုံးခုပါသော ခုံတစ်မျိုး
    chair
    နာမ်

    ကျီးခြီထောင်

    [t͡ɕïkʰɹìtʰàʊɴ]
    လီဒဏ်မိုးဒဏ်ကြောင့် လဲလားလီပြီးရေ စပါးပင်အဖျားဆစ်မှ ထောင်ထလှာရေ။ ဒေါင်းလည်ဆစ်ထသည်
    လေဒဏ်မိုးဒဏ်ကြောင့် လဲသွားလေပြီးသော စပါးပင်အဖျားဆစ်မှ ထောင်ထလာသည်။ ဒေါင်းလည်ဆစ်ထသည်
    none
    ကြိယာ

    ကျီးခြီနနွင်း

    [t͡ɕïkʰɹìnnwɪ́ɴ]
    ရိုးရိုးဆနွင်းထက် အရောင်ဝါဝင်းသော ဆနွင်းတမျိုး၏အမည်
    ရိုးရိုးနနွင်းထက် အရောင်ဝါဝင်းသော နနွင်းတစ်မျိုး၏အမည်
    tumeric
    နာမ်

    ကျီးခြီပလော်

    [t͡ɕïkʰɹìplɔ̀]
    ရွှီရောင်ပိုင် ဝါဝင်းတောက်ပသော ဆနွင်းတမျိုး၏ အမည်။ ကျီးခြီပလောင်၊ ယာတောင်ဆနွင်း၊ ထွီးမေနှီးကေ၊ ကိုးလဝင်ရေ (ဖွဲ့)
    ရွှေရောင်ကဲ့သို့ ဝါဝင်းတောက်ပသော နနွင်းတစ်မျိုး၏ အမည်။ ကျီးခြီပလောင်၊ ယာတောင်နနွင်း၊ ထွီးမေနှီးကေ၊ ကိုးလဝင်ရေ (ဖွဲ့)
    tumeric
    နာမ်

    ကျီစိုး

    [t͡ɕísó]
    ဝန်ဥစ္စာ ထိန်းသိမ်း စောင့်ယှောက်ရသူ။ ဘဏ္ဍာစိုး
    ပစ္စည်းဥစ္စာ ထိန်းသိမ်း စောင့်ရှောက်ရသူ။ ဘဏ္ဍာစိုး
    butler
    နာမ်

    ကျီးညို

    [t͡ɕïɲÒ]
    အရောမပါ တကိုယ်လုံး စိမ်းသောအရောင်ဟိပြီးး၊ နုတ်သီးနီရဲသော မောင်ညိုတမျိုး
    အရောမပါ တစ်ကိုယ်လုံး စိမ်းသောအရောင်ရှိပြီး၊ နုတ်သီးနီရဲသော ကြက်တူရွေးတစ်မျိုး
    parrot
    နာမ်

    ကျီးညွန့်

    [t͡ɕïɲʊ̀ɴ့]
    နွယ်လိုပင်လိုရေ အပင်တမျိုး
    နွယ်လိုပင်လိုသော အပင်တစ်မျိုး
    bine
    နာမ်