Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,881–1,900 of 3,186 words

    က

    ကျီးတမာ

    [t͡ɕïtmà]
    အဂေါင်းအစိမ်းရောင်မာ အမဲရောင်သမ်းပြီး ဖျော့တော့သော အဝါရောင်အဆင်းဟိရေ မောင်ညိုတမျိုး
    ဦးခေါင်းအစိမ်းရောင်တွင် အမည်းရောင်သမ်းပြီး ဖျော့တော့သော အဝါရောင်အဆင်းရှိသော ကြက်တူရွေးတစ်မျိုး
    parrot
    နာမ်

    ကျီးတိကျီးတောင်

    [t͡ɕïtìt͡ɕïtàʊɴ]
    ဗြုန်းခနဲ ကြောက်ရွံတုန်လှုပ်ဗျာယ်။ ချောက်ချားစွာ။ အထိတ်ထိတ်အလန့်လန့်။ အထိတ်တလန့်
    ရုတ်တရက် ကြောက်ရွံတုန်လှုပ်လျက်။ ချောက်ချားစွာ။ အထိတ်ထိတ်အလန့်လန့်။ အထိတ်တလန့်
    alarm
    ကြိယာဝိသေသန

    ကျီတိုက်

    [t͡ɕítaɪʔ]
    အဖိုးတန်စိန်၊ ကျောက်ရတနာ စရေ ဝန်ရို့ကို သိမ်းဆည်းသိုထားရာ အဆောက်အအုံ၊ ဘဏ္ဍာတိုက်
    အဖိုးတန်စိန်၊ ကျောက်ရတနာ စသည့် ပစ္စည်းတို့ကို သိမ်းဆည်းသိုထားရာ အဆောက်အအုံ၊ ဘဏ္ဍာတိုက်
    treasury
    နာမ်

    ကျီးတီကျီးတန်း

    [t͡ɕïtít͡ɕïtáɴ]
    ကြောက်ပိုင်လန့်ပိုင်။ ဟိုကြည့်ရီကြိုင့်ထိတ်ထိတ်ပျာပျာ။ ဣန္ဒြေကင်းအောင် တုန်လှုပ်ချောက်ချားဗျာယ်
    ကြောက်သလိုလန့်သလို။ ဟိုကြည့်သည်ကြည့်ထိတ်ထိတ်ပျာပျာ။ ဣန္ဒြေမဲ့အောင် တုန်လှုပ်ချောက်ချားလျက်
    nose around
    ကြိယာဝိသေသန

    ကျီးတောင်တံခါး

    [t͡ɕïtàʊɴtံkʰàး]
    တန်းခါးဘောင်မာ ပျိုင်ချပ်ထောင့်သတ်ထည့်သော တန်းခါးရွက်တမျိုး
    တံခါးဘောင်တွင် ပျဉ်ချပ်ထောင့်သတ်ထည့်သော တံခါးရွက်တစ်မျိုး
    none
    နာမ်

    ကျီထိုး

    [t͡ɕítʰó]
    (လောင်း၊ ဂါရီ၊ ပေါင်းခေါင်၊ တောင်း၊ တင်း အစဟိစွာ မကန်တကန်) များပြားပြည့်လျှံရေ။ ကဲလွန်ပိုမောက်သည်
    (လှေ၊ လှည်း၊ ပေါင်းမိုး၊ တောင်း၊ တင်း စသည် မဆံ့အောင်) များပြားပြည့်လျှံသည်။ ကဲလွန်ပိုမောက်သည်
    plenty
    ကြိယာ

    ကျီထိုး၂

    [t͡ɕítʰó၂]
    ဟိသင့်ဖြစ်သင့်ရေ အတိုင်းအဆထက် များစွာကျော်လွန်ပြီးကေ အလွန်အကျွံ
    ရှိသင့်ဖြစ်သင့်သည့် အတိုင်းအဆထက် များစွာကျော်လွန်၍ အလွန်အကျွံ
    ultra
    ကြိယာဝိသေသန

    ကျီးထီကျီးထောက်

    [t͡ɕïtʰít͡ɕïtʰɔ́ɛʔ]
    ခြေကာနာသူ လမ်းလျှောက်ပိုင် နိမ့်တုံတခါ မြင့်တုံတချက်လားရေ။ ကျီးထီကျီးထောက် လားရေ
    ခြေမသန်စွမ်းသူ လမ်းလျှောက်သကဲ့သို့ နိမ့်တုံတစ်ခါ မြင့်တုံတစ်ချက်သွားသည်။ ထော့ကျိုးထော့ကျိုး သွားသည်
    with a limp
    ကြိယာဝိသေသန

    ကျီးထောက်

    [t͡ɕïtʰɔ́ɛʔ]
    ခြီထောက်တဖက် ကာနာမကျဉ်းဖြစ်ပနာ နိမ့်တုံမြင့်တုံ ကျီးထီကျီးထောက် သွားသူ
    ခြေထောက်တစ်ဖက် မသန်စွမ်း၍ နိမ့်တုံမြင့်တုံ ထော့ကျိုးထော့ကျိုး သွားသူ
    with a limp
    နာမ်

    ကျီးထောက်၂

    [t͡ɕïtʰɔ́ɛʔ၂]
    ခြီထောက်တဖက် ကာနာမကျဉ်းဖြစ်ပနာ နိမ့်တုံမြင့်တုံ ကျီးထီကျီးထောက် လားရေ
    ခြေထောက်တစ်ဖက် မသန်စွမ်း၍ နိမ့်တုံမြင့်တုံ ထော့ကျိုးထော့ကျိုး သွားသည်
    with a limp
    ကြိယာ

    ကျီထောက်ကျီနွယ်

    [t͡ɕítʰɔ́ɛʔt͡ɕínwɛ̀]
    ပန်းတူ လုပ်ရာမာကောင်းဘီယက်သော သစ်တမျိုး
    ဆေးတံ လုပ်ရာတွင်အကောင်းဆုံးသော သစ်တစ်မျိုး
    cedar
    နာမ်

    ကျီးနင်း

    [t͡ɕïnɪ́ɴ]
    ခြီထောက်တဖက် ကာနာမကျဉ်းဖြစ်ပနာ နိမ့်တုံမြင့်တုံ ကျီးထီကျီးထောက် သွားသူ
    ခြေထောက်တစ်ဖက် မသန်စွမ်း၍ နိမ့်တုံမြင့်တုံ ထော့ကျိုးထော့ကျိုး သွားသူ
    with a limp
    နာမ်

    ကျီးနင်းကျီးနင်း

    [t͡ɕïnɪ́ɴt͡ɕïnɪ́ɴ]
    ခြေကျိုးသောသူ လမ်းလားပိုင် ကျီးထီကျီးထောက်
    ခြေကျိုးသောသူ လမ်းသွားသကဲ့သို့ ထော့ကျိုးထော့ကျိုး
    with a limp
    ကြိယာဝိသေသန

    ကျီးပေါင်း

    [t͡ɕïpèàɪ́ɴ]
    ၁၊ အရိုးအဆစ်အစဟိစွာမာ ဖြစ်ပေါ်လှာတတ်ရေ အဖု၊ အထစ်။ ၂၊ အပင်ရို့မာ တွယ်ကပ်ကြီးပွားသည့် အပင်တမျိုး။ ခြုံပိတ် ခြုံရစ်အုပ် (ရာမ)။ အပင်ကောင်းဗျာယ်၊ ကျီးပေါင်းဖျက် (စကားပုံ)
    ၁၊ အရိုးအဆစ်စသည်တွင် ဖြစ်ပေါ်လာတတ်သော အဖု၊ အထစ်။ ၂၊ သစ်ပင်တို့တွင် တွယ်ကပ်ကြီးပွားသည့် အပင်တစ်မျိုး။ ခြုံပိတ် ခြုံရစ်အုပ် (ရာမ)။ အပင်ကောင်းလျက်၊ ကျီးပေါင်းဖျက် (စကားပုံ)
    gall
    နာမ်

    ကျီးပေါင်းတက်

    [t͡ɕïpèàɪ́ɴtɛʔ]
    အရိုး အဆစ်နှင့် အပင်အစဟိစွာရို့မာ အဖုအထစ်ဖြစ်ပေါ် တိုးပွားလာရေ
    အရိုး အဆစ်နှင့် သစ်ပင်စသည်တို့၌ အဖုအထစ်ဖြစ်ပေါ် တိုးပွားလာသည်
    grow
    ကြိယာ

    ကျီးပေါင်းနား

    [t͡ɕïpèàɪ́ɴná]
    အပင် အစဟိစွာရို့မာ ကျီးပေါင်း ဟုခေါ်သော ခြုံပင်တမျိုး တွယ်ကပ်ပေါက်ရောက်ရေ
    သစ်ပင် စသည်တို့တွင် ကျီးပေါင်း ဟုခေါ်သော ချုံပင်တစ်မျိုး တွယ်ကပ်ပေါက်ရောက်သည်
    grow
    ကြိယာ

    ကျီးပေါင်းလိုက်

    [t͡ɕïpèàɪ́ɴlaɪʔ]
    ငရုတ်ပင်၊ ဟင်းသီးဟင်းရွက်ပင် အစဟိစွာ့များမာ အရွက်၊ အညွန့်အစဟိစွာရို့ တွန့်လိပ်၍ ခေါက်သွားခြင်း
    ငရုတ်ပင်၊ ဟင်းသီးဟင်းရွက်ပင် စသည့်များတွင် အရွက်၊ အညွန့်စသည်တို့ တွန့်လိပ်၍ ခေါက်သွားခြင်း
    curly
    နာမ်

    ကျီးပါးမည်း

    [t͡ɕïpàးmɛ́]
    ကိုယ်လုံးအမွီးစိမ်း၍ ပါးမွေးမည်းပြီး နှုတ်သီးမည်းပြာရောင်ပါရေ မောင်ညိုတမျိုး
    ကိုယ်လုံးအမွေးစိမ်း၍ ပါးမွေးမည်းပြီး နှုတ်သီးမည်းပြာရောင်ပါသော ကြက်တူရွေးတစ်မျိုး
    parrot
    နာမ်

    ကျီးဖေါင်းကား

    [t͡ɕïpʰèàɪ́ɴká]
    ပါး၊ လည်ရစ်၌ အမွီးအမဲရောင်ဟိရေ စကားသင်ပနာမတတ်ရေ မောင်ညိုတမျိုး
    ပါး၊ လည်ရစ်၌ အမွေးအမည်းရောင်ရှိသော စကားသင်၍မတတ်သော ကြက်တူရွေးတစ်မျိုး
    parrot
    နာမ်

    ကျီးဘောင်

    [t͡ɕïbʱàʊɴ]
    တန်းခါးရွက်တပ်ဆင်ရန် လေးဖက်ပတ်လည် အနားခတ်ထားရေ သစ်သားခွေ
    တံခါးရွက်တပ်ဆင်ရန် လေးဖက်ပတ်လည် အနားခတ်ထားသော သစ်သားခွေ
    raven frame
    နာမ်