Dictionary Entries
Showing 1,901–1,920 of 3,186 words
က
ကျီးမချီ
[t͡ɕïmɕí]
Arakanese:
စပါးအမည် တမျိုး
Burmese:
စပါးအမည် တစ်မျိုး
English:
grain
Grammar Note:
နာမ်
ကျီးမတုံး
[t͡ɕïmtóʊɴ]
Arakanese:
မောင်ညို၏ပတုံးပုံ အရွက် ထွက်ပေါ်ဖြစ်ရေ ထန်းပင်ငယ်
Burmese:
ကြက်တူရွေး၏အမြီးပုံ အရွက် ထွက်ပေါ်ဖြစ်သော ထန်းပင်ငယ်
English:
palm
Grammar Note:
နာမ်
ကျီးမနားပင်
[t͡ɕïmnápɪ̀ɴ]
Arakanese:
ဆားငန်ရည်မှီရာမာ ပေါက်ရောက်တတ်ရေ ပန်လင်ပင်နှင့် အရွက် ဆင်တူရေ အပင်တမျိုး
Burmese:
ဆားငန်ရည်မှီရာတွင် ပေါက်ရောက်တတ်သော ထင်းရှုးပင်နှင့် အရွက် ဆင်တူသော သစ်ပင်တစ်မျိုး
English:
plant grow in salty place
Grammar Note:
နာမ်
ကျီးယက်ပိတ်
[t͡ɕïjɛʔpeɪʔ]
Arakanese:
ကျပ်ပိတ်အိမ် အစဟိရေအဆောက်အအုံမာ ခေါင်မိုးထိပ်စွန်းနှစ်ဖက်ဟိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဖီးနံရံနှင့်တစပ်တည်း သုံးထောင့်ချွန်းနိန်ရေ နီရာကို မိုးရီမ၀င်ရယောင် ပိတ်ထားရေအရာ
Burmese:
ကျပ်ပိတ်အိမ် စသောအဆောက်အအုံတွင် ခေါင်မိုးထိပ်စွန်းနှစ်ဖက်ရှိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဘေးနံရံနှင့်တစ်စပ်တည်း သုံးထောင့်ချွန်းနေသော နေရာကို မိုးရေမ၀င်ရအောင် ပိတ်ထားသောအရာ
English:
none
Grammar Note:
နာမ်
ကျီရောင်ဘာရောင်
[t͡ɕíɹàʊɴbʱàɹàʊɴ]
Arakanese:
ကျီရောင်ဘာရောင်၊ အသံကျကျယ်လောင်လောင်
Burmese:
ဆူညံစွာ၊ အသံကျယ်လောင်စွာ
English:
noisy
Grammar Note:
ကြိယာဝိသေသန
ကျီးရွှီဝါ
[t͡ɕïɹW̯íwà]
Arakanese:
ရွှီရောင်ပိုင် ဝင်းဝါသော မောင်ညိုတမျိုး။ စပါးဖျာမာ၊ ကျီးနားရေ၊ ကျီးရွှီဝါကို နှင်ခလိုက်လီ၊ ချွေးချွေး တေး
Burmese:
ရွှေရောင်ကဲ့သို့ ဝင်းဝါသော ကြက်တူရွေးတစ်မျိုး။ စပါးဖျာမှာ၊ ကျီးနားရေ၊ ကျီးရွှီဝါကို နှင်ခလိုက်လေ၊ ချွေးချွေး တေး
English:
parrot
Grammar Note:
နာမ်
ကျီးလင်း
[t͡ɕïlɪ́ɴ]
Arakanese:
ခြီထောက်တဖက် ကာနာမကျဉ်းဖြစ်ပနာ နိမ့်တုံမြင့်တုံ ကျီးထီကျီးထောက် သွားသူ
Burmese:
ခြေထောက်တစ်ဖက် မသန်စွမ်း၍ နိမ့်တုံမြင့်တုံ ထော့ကျိုးထော့ကျိုး သွားသူ
English:
with a limp
Grammar Note:
နာမ်
ကျီးလင်း၂
[t͡ɕïlɪ́ɴ၂]
Arakanese:
ခြီထောက်တဖက် ကာနာ နိမ့်တုံမြင့်တုံ ထော့နန့်ထော့နန့် လားရေ
Burmese:
ခြေထောက်တစ်ဖက် မသန်စွမ်း နိမ့်တုံမြင့်တုံ ထော့နဲ့ထော့နဲ့ သွားသည်
English:
with a limp
Grammar Note:
ကြိယာ
ကျီးလင်းကျီးလင်း
[t͡ɕïlɪ́ɴt͡ɕïlɪ́ɴ]
Arakanese:
ခြေကျိုးသောသူ လမ်းလားပိုင် ကျီးထီကျီးထောက်
Burmese:
ခြေကျိုးသောသူ လမ်းသွားသကဲ့သို့ ထော့ကျိုးထော့ကျိုး
English:
with a limp
Grammar Note:
ကြိယာဝိသေသန
ကျီဝန်
[t͡ɕíwàɴ]
Arakanese:
နိုင်ငံတော်၏ ငွီထွက်ငွီဝင်ရသုံးကတ်ေးငွီနှင့် ပတ်သက်ပြီးကေ တာဝန်ယူဆောင်ရွက်ရရေသူ။ ဘဏ္ဍာရီးဝန်ကြီး။ အောင်မြတ်ထွန်း ခေါ် ကျီဝန်ကြီးသာ၊ ထိုခါတောမာပုန်း၍ ဗမာချီ
Burmese:
နိုင်ငံတော်၏ ငွေထွက်ငွေဝင်ရသုံးကြေးငွေနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရသောသူ။ ဘဏ္ဍာရေးဝန်ကြီး။ အောင်မြတ်ထွန်း ခေါ် ကျီဝန်ကြီးသာ၊ ထိုခါတောမှာပုန်း၍ ဗမာချီ
English:
butler
Grammar Note:
နာမ်
ကျီးဝါ
[t͡ɕïwà]
Arakanese:
အဝါရောင် အမွီးဟိရေ မောင်ညိုတမျိုး
Burmese:
အဝါရောင် အမွေးရှိသော ကြက်တူရွေးတစ်မျိုး
English:
parrot
Grammar Note:
နာမ်
ကျီးသန္တာ
[t͡ɕïθn̪a̰n̪t̪a̰à]
Arakanese:
နှုတ်သီးနှင့်လည်ရစ်နီ၍ ကိုယ်ထည်အစိမ်းရောင်ဟိရေ မောင်ညိုအချေစား တမျိုး။ ကျီးသားလည်းသန္တာ၊ ကျီးရွှီဝါကေ၊ ချိန်ခါလည်းတိုင်လတ်၊ ဥချိန်ဖြစ်ကေ၊ သစ်ခေါင်းဝင်ရေ (စန္ဒြားဖွဲ့)
Burmese:
နှုတ်သီးနှင့်လည်ရစ်နီ၍ ကိုယ်ထည်အစိမ်းရောင်ရှိသော ကြက်တူရွေးအငယ်စား တစ်မျိုး။ ကျီးသားလည်းသန္တာ၊ ကျီးရွှီဝါကေ၊ ချိန်ခါလည်းတိုင်လတ်၊ ဥချိန်ဖြစ်ကေ၊ သစ်ခေါင်းဝင်ရေ (စန္ဒြားဖွဲ့)
English:
parrot
Grammar Note:
နာမ်
ကျီးသာ
[t͡ɕïθà]
Arakanese:
ကျီးငှက်ရို့စွာ သာယာသော အသံနန့် မြည်တွန်ခြင်းကို ပြုရေ။ ကျီးရာမှ ဧည့်လာ (စကားပုံ)
Burmese:
ကျီးငှက်တို့သည် သာယာသော အသံဖြင့် မြည်တွန်ခြင်းကို ပြုသည်။ ကျီးသာမှ ဧည့်လာ (စကားပုံ)
English:
of crows give a melodious cry (usually taken as good omen and as a sign promising arrial of guests)
Grammar Note:
ကြိယာ
ကျီးသား
[t͡ɕïθá]
Arakanese:
မောင်ညိုငှက်
Burmese:
ကြက်တူရွေးငှက်
English:
parrot
Grammar Note:
နာမ်
ကျီးသားသျှေ
[t͡ɕïθáʃè]
Arakanese:
မပြင်းပျံမရောက် သိမ့်ရေကျီးငှက်သျှေ
Burmese:
မပြင်းပျံမရောက် သေးသောကျေးငှက်လေး
English:
bird
Grammar Note:
နာမ်
ကျီသောကျီသော
[t͡ɕíθɔ́t͡ɕíθɔ́]
Arakanese:
ကျီရောင်ဘာရောင်၊ အသံကျကျယ်လောင်လောင်။ အခဲမကျီ ပြောဆိုဟစ်ကြွီးဗျာယ်
Burmese:
ဆူညံစွာ၊ အသံကျယ်လောင်စွာ။ မကျေမနပ် ပြောဆိုဟစ်ကြွေးလျက်
English:
vociferate
Grammar Note:
ကြိယာဝိသေသန
ကျီသောင်းကျီသောင်း
[t͡ɕíθáʊɴt͡ɕíθáʊɴ]
Arakanese:
များပြားကျီရောင်ဘာရောင်။ အူအူသောင်းသောင်း
Burmese:
များပြားဆူညံစွာ။ အူအူသောင်းသောင်း
English:
uproar
Grammar Note:
ကြိယာဝိသေသန
ကျီးသောင်းဘာသောင်း
[t͡ɕïθáʊɴbʱàθáʊɴ]
Arakanese:
ကျီရောင်ဘာရောင်၊ အသံကျကျယ်လောင်လောင်
Burmese:
ဆူညံစွာ၊ အသံကျယ်လောင်စွာ
English:
noisy
Grammar Note:
ကြိယာဝိသေသန
ကျီသော်
[t͡ɕíθɔ̀]
Arakanese:
အကြိမ်။ အခါ။ အလှည့်။ လက်သုတ် စရေ။ ဆန်တကျီသော်၊ ငွီတကျီသော် ထုတ်ယူခီရေ
Burmese:
အကြိမ်။ အခါ။ အလှည့်။ အသုတ် စသည်။ ဆန်တစ်ကျီသော်၊ ငွေတစ်ကျီသော် ထုတ်ယူခီရေ
English:
count
Grammar Note:
နာမ်
ကျီးဟက်
[t͡ɕïhɛʔ]
Arakanese:
သစ်၊ ဝါးအစဟိစွာ့အဖျားကို ခွနှစ်ခွလုပ်ထားရေအရာ။ အိမ်ခေါင်မိုးရီအခါ ကျီးဟက်နန့် အုန်းပျစ်ကိုထိုးပနာ ကမ်းလှမ်းရရေ
Burmese:
သစ်၊ ဝါးစသည့်အဖျားကို ခွနှစ်ခွလုပ်ထားသောအရာ။ အိမ်ခေါင်မိုးသောအခါ ကျီးဟက်ဖြင့် ဓနိပျစ်ကိုထိုး၍ ကမ်းလှမ်းရသည်
English:
none
Grammar Note:
နာမ်