Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,921–1,940 of 3,186 words

    က

    ကျီးဟာသီး

    [t͡ɕïhàθï]
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတမျိုး
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတစ်မျိုး
    kind of creeper Trichosanthes palmata
    နာမ်

    ကျီးအက်ပိတ်

    [t͡ɕïʔɛʔpeɪʔ]
    ကျပ်ပိတ်အိမ် အစဟိရေအဆောက်အအုံမာ ခေါင်မိုးထိပ်စွန်းနှစ်ဖက်ဟိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဖီးနံရံနှင့်တစပ်တည်း သုံးထောင့်ချွန်းနိန်ရေ နီရာကို မိုးရီမဝင်ရယောင် ပိတ်ထားရေအရာ
    ကျပ်ပိတ်အိမ် စသောအဆောက်အအုံတွင် ခေါင်မိုးထိပ်စွန်းနှစ်ဖက်ရှိ ထုပ်တန်းနှင့် ခေါင်မိုးအကြား ဘေးနံရံနှင့်တစ်စပ်တည်း သုံးထောင့်ချွန်းနေသော နေရာကို မိုးရေမဝင်ရအောင် ပိတ်ထားသောအရာ
    none
    နာမ်

    ကျီးအာသီး

    [t͡ɕïʔθï]
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတမျိုး
    မှည့်လျှင်အသီး နီရဲသော နွယ်ပင်အသီးတစ်မျိုး
    kind of creeper Trichosanthes palmata
    ကြိယာ

    ကျုံ

    [t͡ɕòʊɴ]
    ၁၊ တဦးတလီက တင်ပြ ပြောကြားရေကို အမှန်အကန်ဖြစ်လီဖို့ဟု မှတ်ယူရေ။ ၂၊ ယုံကြိုင်ရေ။ ငါပြောစွာကို မကျုံကေ မောင်ဖြူကို မိန်းကြည့် (အရပ်)
    ၁၊ တစ်ဦးဦးက တင်ပြ ပြောကြားသည်ကို အမှန်တကယ်ဖြစ်မည်ဟု မှတ်ယူသည်။ ၂၊ ယုံကြည်သည်။ ငါပြောစွာကို မကျုံကေ မောင်ဖြူကို မိန်းကြည့် (အရပ်)
    believe
    ကြိယာ

    ကျုံး

    [t͡ɕóʊɴ]
    ၁၊ နန်းမြို့တော်ကို ပတ်ပတ်လည် ဝိုင်းရံ၍ တူးဖော်ထားရေ ရီမြောင်းကြီး ရေကျုံး၊ ညွန်ကျုံး၊ ကျုံးခြောက်ဟု သုံးမျိုးဟိရေ။ ထိုနောက်ဝယ်ကား၊ ရေကျုံးညွန်ကျုံး၊ ဂန်ဒူးကျုံးဟု၊ ကျုံးမြောင်းသုံးတန်၊ မြစ်ငယ်ဟန်သို့ (ဝိဇယ)။ မြို့မြောက်များစွာ၊ ကျုံးများစွာရို့၊ ရံကာ
    ၁၊ နန်းမြို့တော်ကို ပတ်ပတ်လည် ဝိုင်းရံ၍ တူးဖော်ထားသော ရေမြောင်းကြီး ရေကျုံး၊ ညွန်ကျုံး၊ ကျုံးခြောက်ဟု သုံးမျိုးရှိသည်။ ထိုနောက်ဝယ်ကား၊ ရေကျုံးညွန်ကျုံး၊ အခြောက်ကျုံးဟု၊ ကျုံးမြောင်းသုံးတန်၊ မြစ်ငယ်ဟန်သို့ (ဝိဇယ)။ မြို့မြောက်များစွာ၊ ကျုံးများစွာတို့၊ ရံကာ
    stockade
    နာမ်

    ကျုံး၂

    [t͡ɕóʊɴ၂]
    ပေါင်းစုရေ။ စုစည်းရေ။ သိမ်းရုံးရေ။ စပါးကျုံး၊ ဆန်ကျုံး၊ ဆင်ချီးကျုံး၊ မြင်းချီးကျုံး၊ အမှိုက်ကျုံး
    ပေါင်းစုသည်။ စုစည်းသည်။ သိမ်းရုံးသည်။ စပါးကျုံး၊ ဆန်ကျုံး၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး၊ အမှိုက်ကျုံး
    cooperate
    ကြိယာ

    ကျုံး၃

    [t͡ɕóʊɴ၃]
    ကုသိုလ်ကံထောက်ပံ့၍ ဝန် ဥစ္စာတိ ဖြားရီပိုင်မခြား တနိထက်တနိ တိုးတက်ပြည့်ဖြိုးလာရေ။ ငွီဝင်ကောင်းရေ။ မောင်ဖြူရို့အိမ်သား ငွီကျုံးစွာပျာ (အရပ်)
    ကုသိုလ်ကံထောက်ပံ့၍ ပစ္စည်း ဥစ္စာများ ဒီရေအလားမခြား တစ်နေ့ထက်တစ်နေ့ တိုးတက်ပြည့်ဖြိုးလာသည်။ ငွေဝင်ကောင်းသည်။ မောင်ဖြူရို့အိမ်သား ငွေကျုံးစွာပျာ (အရပ်)
    progress
    ကြိယာ

    ကျုံးကျုံးဝင်

    [t͡ɕóʊɴt͡ɕóʊɴwɪ̀ɴ]
    သက်ဆိုင်ရာမာပါဝင်ရေ။ အရွီအတွက်မာပါဝင်ရေ။ အကျုံးဝင်ရေ
    သက်ဆိုင်ရာတွင်ပါဝင်သည်။ အရေအတွက်တွင်ပါဝင်သည်။ အကျုံးဝင်သည်
    valid
    ကြိယာ

    ကျုတ်

    [t͡ɕoʊʔ]
    ဘိတ်မြေ။ ညွန်ဗွက်။ အဝတ်မမက်၊ ကျုတ်ညွန်အိုင်က၊ ကျွဲနင်တက်သို့ ဒွေး။ ရွှီဒက်ရွှီထပိန်၌၊ ကျုတ်သဲမြီအကပ်ကပ် (ကုသတု)
    ရွှံ့မြေ။ ညွန်ဗွက်။ အဝတ်မမက်၊ ကျုတ်ညွန်အိုင်က၊ ကျွဲနင်တက်သို့ ဒွေး။ ရွှေဒက်ရွှေထပိန်၌၊ ကျုတ်သဲမြီအကပ်ကပ် (ကုသတု)
    clay
    နာမ်

    ကျုတ်၂

    [t͡ɕoʊʔ၂]
    မိုက်မဲသော။ နက်ပြောင်သော။ နက်ကြုတ်သော အဆင်းဟိရေ
    မည်းမှောင်သော။ နက်မှောင်သော။ နက်ကြုတ်သော အဆင်းရှိသော
    black
    နာမဝိသေသန

    ကျုတ်ကာ

    [t͡ɕoʊʔkà]
    မော်တော်ကား၊ စက်သီး အစဟိစွာမာ ဘီးလည်ရာမာ ဘိတ်မဝင်ရယောင် ကွယ်ကာထားရေ့ အပေါင်အအုပ်
    မော်တော်ကား၊ စက်ဘီး စသည်တွင် ဘီးလည်ရာ၌ ရွှံ့မဝင်ရအောင် ကွယ်ကာထားသည့် အဖုံးအအုပ်
    cover
    နာမ်

    ကျုတ်ကျက်

    [t͡ɕoʊʔt͡ɕɛʔ]
    တခုတရီသော အစားအစာကို အပြိုင်အဆိုင်၊ အလုအယက်။ စားသောက်ကတ်တေ
    တစ်စုံတစ်ခုသော အစားအစာကို အပြိုင်အဆိုင်၊ အလုအယက်။ စားသောက်ကြသည်
    eat
    ကြိယာဝိသေသန

    ကျုတ်ကျက်ပုပ်ပက်

    [t͡ɕoʊʔt͡ɕɛʔpoʊʔpɛʔ]
    တခုတရီသောအရာကို လုပ်ဆောင်မှု။ စားသောက်မှုရို့မာ အရာသူတိနှင့် ပြိုင်ဆိုင်ကြိုးပမ်းဗျာယ်။ အကြိတ်အနယ်။ မရနှင့်အရ။ အလုအယက် လုပ်ဆောင်ကတ်တေ။ စားသောက်ကတ်တေ
    တစ်စုံတစ်ခုသောအရာကို လုပ်ဆောင်မှု။ စားသောက်မှုတို့၌ အခြားသူများနှင့် ပြိုင်ဆိုင်ကြိုးပမ်းလျက်။ အကြိတ်အနယ်။ မရနှင့်အရ။ အလုအယက် လုပ်ဆောင်ကြသည်။ စားသောက်ကြသည်
    eat
    ကြိယာဝိသေသန

    ကျုတ်ကျုတ်

    [t͡ɕoʊʔt͡ɕoʊʔ]
    မြည်သောအသံ တမျိုး
    မြည်သောအသံ တစ်မျိုး
    none
    နာမ်

    ကျုတ်ကျုတ်၂

    [t͡ɕoʊʔt͡ɕoʊʔ၂]
    (အရပ်သုံး) ကကောင်းလျင်စေလိုရေအနိန်နန့် အရီးတကြီး။ အယင်လားဖို့လိုရေ။ ထမင်းကို ကျုတ်ကျုတ်စား
    (အရပ်သုံး) လျင်မြန်စေလိုသောအားဖြင့် အရေးတကြီး။ အယင်လားဖို့လိုရေ။ ထမင်းကို ကျုတ်ကျုတ်စား
    quick
    ကြိယာဝိသေသန

    ကျုတ်ကျွံ

    [t͡ɕoʊʔt͡ɕwံ]
    ဘိတ်ဗွက်၌ ကျွံနစ်ရေ။ ညွန်ဗွက်ထပ်ကျင်၊ ကျုတ်ကျွံဝင်ကေ၊ ခြီငင်မရ (ဝိဇယ)
    ရွှံ့ဗွက်၌ ကျွံနစ်သည်။ ညွန်ဗွက်ထပ်ကျင်၊ ကျုတ်ကျွံဝင်ကေ၊ ခြီငင်မရ (ဝိဇယ)
    immersive
    ကြိယာ

    ကျုတ်တူး

    [t͡ɕoʊʔtùး]
    ၁၊ မြီကို တူးယူရေ။ ၂၊ ရွံ့ကိုခွာဖဲ့ယူရေ။ ထွတ်ဖဲ့ယူရေ
    ၁၊ မြေကို တူးယူသည်။ ၂၊ ရွံ့ကိုခွာဖဲ့ယူသည်။ နှိုက်ဖဲ့ယူသည်
    dislodge
    ကြိယာ

    ကျုတ်ထမ်း

    [t͡ɕoʊʔtʰáɴ]
    ရေနူးပျော်၍ အရည်သွက် မကျဲမပျစ် ဟိရေ ရွံ့မြီထု
    ရေနူးပျော်၍ အရည်သွက် မကျဲမပျစ် ရှိသော ရွံ့မြေထု
    slurry
    နာမ်

    ကျုတ်နစ်

    [t͡ɕoʊʔnɪʔ]
    ရီခန်း၍ အနည်ကျန်ခသော နူးအိနိန်ရေ့ သဲကင်းစင်သာ ဘိတ်ထု
    ရေခန်း၍ အနည်ကျန်ခဲ့သော နူးအိနေသည့် သဲကင်းစင်သာ ရွှံ့ထု
    marl
    နာမ်

    ကျုတ်နစ်ရေ

    [t͡ɕoʊʔnɪʔɹè]
    ဘိတ်ပျော်ဝင်နိန်ရေ ရီနီာက်
    ရွှံ့ပျော်ဝင်နေသော ရေနောက်
    slurry
    နာမ်