Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,941–1,960 of 3,186 words

    က

    ကျုတ်ပုပ်

    [t͡ɕoʊʔpoʊʔ]
    ပုပ်သိုးအဆွီးနိန်ရေ အညစ်အကြီးနှင့်ရော၍ အနံ့ဆိုး ကိန်းအောင်းဗျာယ် ဟိရေ့ အရောင်မည်းညစ်သော ဘိတ်ပုပ်
    ပုပ်သိုးဆွေးမြေ့နေသော အညစ်အကြေးနှင့်ရော၍ အနံ့ဆိုး ကိန်းအောင်းလျက် ရှိသည့် အရောင်မည်းညစ်သော ရွှံ့ပုပ်
    marl
    နာမ်

    ကျုတ်ပျော့

    [t͡ɕoʊʔprɔ̰]
    ၁၊ ရီစိမ့်ဝင်ပြီးကေ နူးမွ ပျောင်းညက်နိန်ရေ သဘာဝမြေစိုင်မြေညက်။ ရေဝင်မြေပျော့။ ၂၊ ရေနှင့်နယ်ထားရေ မြေမှုန့်စေး
    ၁၊ ရေစိမ့်ဝင်၍ နူးမွ ပျောင်းညက်နေသော သဘာဝမြေစိုင်မြေညက်။ ရေဝင်မြေပျော့။ ၂၊ ရေနှင့်နယ်ထားသော မြေမှုန့်စေး
    slurry
    နာမ်

    ကျုတ်ပြင်

    [t͡ɕoʊʔpɹɪ̀ɴ]
    ကျွံနစ်လောက်ယောင် အစေါက်နက်စွာ ဖုံးအုပ်နိန်ရေ ဘိတ်ပျော့အပြင်
    ကျွံနစ်လောက်အောင် အစေါက်နက်စွာ ဖုံးအုပ်နေသော ရွှံ့ပျော့အပြင်
    marl
    နာမ်

    ကျုတ်ပွတ်

    [t͡ɕoʊʔpwaʔ]
    နင်းဖြတ်လားလာမှုကြောင့် ရီအိုင်သော အချိုင့်အခွက်များ ဖြစ်ပေါ်နိန်ရေ ဘိတ်ပျော့အပြင်
    နင်းဖြတ်သွားလာမှုကြောင့် ရေဝပ်သော အချိုင့်အခွက်များ ဖြစ်ပေါ်နေသော ရွှံ့ပျော့အပြင်
    hard clod
    နာမ်

    ကျုတ်ဖွတ်ဖွတ်

    [t͡ɕoʊʔpʰwaʔpʰwaʔ]
    အဝတ်အထည် အစဟိစွာမာ ဘိတ်မြေ အဝှမ်းပေကျံဗျာယ်။ ဝတ်လည်ထပိန်၊ တိုင်းကာသိန်မာ၊ အောက်ခြီစုတ်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နှင့် (ရာမ)
    အဝတ်အထည် စသည်တွင် ရွှံ့မြေ အနှံ့အပြားပေကျံလျက်။ ဝတ်လည်ထပိန်၊ တိုင်းကာသိန်မှာ၊ အောက်ခြီစုတ်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နှင့် (ရာမ)
    dirty
    ကြိယာဝိသေသန

    ကျုတ်မန်း

    [t͡ɕoʊʔmáɴ]
    ၁၊ ပကတိတမန်းသား။ ၂၊ ဘိတ်မြေ
    ၁၊ ပကတိမြေသား။ ၂၊ ရွှံ့မြေ
    marl
    နာမ်

    ကျုတ်မန်းခဲ

    [t͡ɕoʊʔmáɴkʰɛ]
    မြီစိုင်ခဲ
    မြေစိုင်ခဲ
    hard clod
    နာမ်

    ကျုတ်ရီ

    [t͡ɕoʊʔɹí]
    ရီခန်း၍ အနည်ကျန်ခသော နူးအိနိန်ရေ့ သဲကင်းစင်သော ဘိတ်ထု
    ရေခန်း၍ အနည်ကျန်ခဲ့သော နူးအိနေသည့် သဲကင်းစင်သော ရွှံ့ထု
    marl
    နာမ်

    ကျုတ်သောသော

    [t͡ɕoʊʔθɔ́θɔ́]
    အဝတ်အထည် အစဟိစွာမာ ဘိတ်မြေ အဝှမ်းပေကျံဗျာယ်။ ဝတ်လည်ထပိန်၊ တိုင်းကာသိန်မာ၊ အောက်ခြီစုတ်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နှင့် (ရာမ)
    အဝတ်အထည် စသည်တွင် ရွှံ့မြေ အနှံ့အပြားပေကျံလျက်။ ဝတ်လည်ထပိန်၊ တိုင်းကာသိန်မှာ၊ အောက်ခြီစုတ်ပြတ်၊ ကျုတ်ဖွတ်ဖွတ်နှင့် (ရာမ)
    dirty
    ကြိယာဝိသေသန

    ကျုတ်အိုင်

    [t͡ɕoʊʔʔàɪɴ]
    ရေနူးပျော်၍ ဘိတ်အထုအထည် ပြည့်နှက်နိန်ရေ ချိုင့်ဝှမ်း။ မြီကျင်း
    ရေနူးပျော်၍ ရွှံ့အထုအထည် ပြည့်နှက်နေသော ချိုင့်ဝှမ်း။ မြေကျင်း
    marl
    နာမ်

    ကျုပ်ပိုးစား

    [t͡ɕoʊʔpósá]
    ကျောမည်းညိုရောင်၊ ရင်အပြာရောင်၊ တောင်ပံအဖြူရောင် အကြောင်းပါရေ ငှက်ငယ်တမျိုး
    ကျောမည်းညိုရောင်၊ ရင်အပြာရောင်၊ တောင်ပံအဖြူရောင် အကြောင်းပါသော ငှက်ငယ်တစ်မျိုး
    bird
    နာမ်

    ကျူ

    [t͡ɕù]
    အပင်က ဝါးနှင့်တူ၍ ပါး၏။ အရွက်က မြက်လိုဟိပြီးး မြေနိမ့်ပိုင်းကိုင်းမာ ပေါက်သော ကိုင်းပင်တမျိုး
    အပင်က ဝါးနှင့်တူ၍ ပါး၏။ အရွက်က မြက်လိုရှိပြီး မြေနိမ့်ပိုင်းကိုင်းတွင် ပေါက်သော ကိုင်းပင်တစ်မျိုး
    rush
    နာမ်

    ကျူး

    [t͡ɕùး]
    ၁၊ လွန်လွန်းရေ။ အထူးပိုသာနိန်ရေ။ နှစ်လမပါ၊ လှညက်ပြာမာ၊ မွေ့လျော်ပုံထူး၊ စက်တော်ခေါ်လေ၊ ပျော်တော်ကျူးကေ၊ အိပ်ကတ်ူးပါဘိ (ဓမ္မသာ)။ ၂၊ ကျော်လွန်ရေ။ သုံးလလုံးစင်၊ မမြင့်ကာလကျူး၍ (သျှင်ထွီး)။ ၃၊ တမ်းတ၍ ကြီကွဲ ဝမ်းနည်းရေ။ သားလှကိုလျှင်၊ ကြည့်မမြင်သော်၊ ရွှီရင်ခ
    ၁၊ လွန်လွန်းသည်။ အထူးပိုကဲသည်။ နှစ်လမပါ၊ လှညက်ပြာမှာ၊ မွေ့လျော်ပုံထူး၊ စက်တော်ခေါ်လေ၊ ပျော်တော်ကျူးကေ၊ အိပ်ကြူးပါဘိ (ဓမ္မသာ)။ ၂၊ ကျော်လွန်သည်။ သုံးလလုံးစင်၊ မမြင့်ကာလကျူး၍ (သျှင်ထွီး)။ ၃၊ တမ်းတ၍ ကြေကွဲ ဝမ်းနည်းသည်။ သားလှကိုလျှင်၊ ကြည့်မမြင်သော်၊ ရွှေရင်ခ
    ultra sound
    ကြိယာ

    ကျူ၂

    [t͡ɕù၂]
    ၁၊ နှဲ၊ ပလွီရို့ကို သသာယယာ ရှည်လျားစွာ တီးမှုတ်သောအသံ။ ကျူသံသာယာ၊ တီးမှုတ်ပါရေ။ သံဝါညှင်းညှင်း၊ မြမြတည်း (ရှီးထုံး)။ ၂၊ အသံကို ဖြည်းညှင်းသာယာ ရှည်လျားစွာ တီးမှုတ်ခြင်း
    ၁၊ နှဲ၊ ပလွေတို့ကို သာသာယာယာ ရှည်လျားစွာ တီးမှုတ်သောအသံ။ ကျူသံသာယာ၊ တီးမှုတ်ပါသည်။ သံဝါညှင်းညှင်း၊ မြမြတည်း (ရှေးထုံး)။ ၂၊ အသံကို ဖြည်းညှင်းသာယာ ရှည်လျားစွာ တီးမှုတ်ခြင်း
    sound
    နာမ်

    ကျူး၂

    [t͡ɕùး၂]
    ၁၊ တဖက်သားကို ကိုယ့်အလိုသို့ စိတ်ညွတ်ပါလာယောင် လိုက်လျောစွာ ပြောဆိုပြုမူရေ။ ချော့မော်ရေ။ ချော့ရေ။ ၂၊ သာသာ ယာယာ ချိုအီးသောအသံနန့် သီဆိုမြွက်ကြားရေ။ ၃၊ ဟိနီာက်ဝဲယာ လှုပ်ရှားစီရန် ယိုင်းလွဲရေ။ ဧလေးယင်ယင်၊ မြညောင်ပင်မာ၊ မိခင်လွဲကေ၊ ကျူးဧစက်ပါဦးသိမ့်၊ မိသည
    ၁၊ တစ်ဖက်သားကို မိမိအလိုသို့ စိတ်ညွတ်ပါလာအောင် လိုက်လျောစွာ ပြောဆိုပြုမူသည်။ ချော့မော့သည်။ ချော့သည်။ ၂၊ သာသာ ယာယာ ချိုအေးသောအသံဖြင့် သီဆိုမြွက်ကြားသည်။ ၃၊ ရှေ့နောက်ဝဲယာ လှုပ်ရှားစေရန် ပုခက်လွဲသည်။ ဧလေးယင်ယင်၊ မြညောင်ပင်မှာ၊ မိခင်လွဲကေ၊ ကျူးဧစက်ပါဦး၊ မိသည
    cradle
    ကြိယာ

    ကျူး၃

    [t͡ɕùး၃]
    လူတိကိုကိုယ့်ကအလျင် တင်စားပြုမူရေ။ မဆင်မခင်၊ အလျင်တင်ကျူး (သိုက်)
    သူတစ်ပါးကို မိမိကအလျင် တင်စားပြုမူသည်။ မဆင်မခင်၊ အလျင်တင်ကျူး (သိုက်)
    allegorical
    ကြိယာ

    ကျူး၄

    [t͡ɕùး၄]
    အမျက်ပြင်းစွာ ထွက်ဗျာယ်။ မောဟတက်ကျူး၊ မာန်ဟူးဟူးနန့် (ရခိုင်ကာ)
    အမျက်ပြင်းစွာ ထွက်လျက်။ မောဟတက်ကျူး၊ မာန်ဟူးဟူးဖြင့် (ရခိုင်ကာ)
    wrathful
    ကြိယာဝိသေသန

    ကျူး၅

    [t͡ɕùး၅]
    သာယာစွာမြည်တွန်သော အသံ။ သံသာသာနှင့်၊ တွန်ကာလည်းကျူး (မျိုးက်)
    သာယာစွာမြည်တွန်သော အသံ။ သံသာသာနှင့်၊ တွန်ကာလည်းကျူး (မျောက်)
    mellifluous sound
    နာမ်

    ကျူကျူ

    [t͡ɕùt͡ɕù]
    ရက်ပြတ် အသံကို ပြုသည်
    အဆက်မပြတ် အသံကို ပြုသည်
    rattle
    ကြိယာ

    ကျူကျူ၂

    [t͡ɕùt͡ɕù၂]
    အသံရှည်လျားစွာ သီဆိုရေအသံ
    အသံရှည်လျားစွာ သီဆိုသောအသံ
    rattle
    နာမ်