Dictionary Entries
Showing 1,961–1,980 of 3,186 words
က
ကျူးကျော်
[t͡ɕùးt͡ɕɔ̀]
Arakanese:
သာယာသောအသံကို ဖြစ်ပေါ်စီရေ။ ဖိုးခေါင်းကျူးကျော်၊ သံသာသာနှင့်(မျိုးက်)။ ဖိုးခေါင်ကျူးကျော်၊ မ တောင်ရိုးပေါ် (တေး)
Burmese:
သာယာသောအသံကို ဖြစ်ပေါ်စေသည်။ ဖိုးခေါင်းကျူးကျော်၊ သံသာသာနှင့်(မျောက်)။ ဖိုးခေါင်ကျူးကျော်၊ မ တောင်ရိုးပေါ် (တေး)
English:
mellifluous
Grammar Note:
ကြိယာ
ကျူးကျော်၂
[t͡ɕùးt͡ɕɔ̀၂]
Arakanese:
၁၊ လောက၏ ထုံးထမ်း စဉ်လာကို ကျော်လွန်ဖောက်ဖျက်ရေ။ ၂၊ တပါးသူ၏ ပိုင်နက်မြီကို ဝင်ရောက်ရေ
Burmese:
၁၊ လောက၏ ထုံးထမ်း စဉ်လာကို ကျော်လွန်ဖောက်ဖျက်သည်။ ၂၊ တစ်ပါးသူ၏ ပိုင်နက်မြေကို ဝင်ရောက်သည်
English:
commit
Grammar Note:
ကြိယာ
ကျူထောက်ကျူနွယ်
[t͡ɕùtʰɔ́ɛʔt͡ɕùnwɛ̀]
Arakanese:
ပန်းတူလုပ်ရာမာ ကောင်းဘီယက်သော သစ်တမျိုး
Burmese:
ဆေးတံလုပ်ရာတွင် အကောင်းဆုံးသော သစ်တစ်မျိုး
English:
briar
Grammar Note:
နာမ်
ကျူးရင့်
[t͡ɕùးɹɪ̀ɴ့]
Arakanese:
သာယာစွာသော အသံနန့် သီဆိုမြည်တွန်ရေ။ ကျူးရင့်သံသာ၊ တစါစါနန့်၊ မြည်တွန်လတ်၊ ပင်တလတ်မာ (လွမ်း)
Burmese:
သာယာစွာသော အသံဖြင့် သီဆိုမြည်တွန်သည်။ ကျူးရင့်သံသာ၊ တစါစါဖြင့်၊ မြည်တွန်လတ်၊ ပင်တလတ်တွင် (လွမ်း)
English:
mellifluous
Grammar Note:
ကြိယာ
ကျူးလွန်
[t͡ɕùးlʊ̀ɴ]
Arakanese:
၁၊ ကျော်လွန်ရေ။ သုံးပိုကေကျူးလွန်၊ ညည့်သိုင်ယံမာ၊ ပျံကာမေထက် ဝဲ၍ (မေတ္တာတု)။ ၂၊ ပြစ်မားရေ။ လင်သားဧကန်၊ ကျူးလွန်ခလည်း၊ သည်းသည်းခံပျာ၊ ပြန်ပါလိုကြောင့်(ရာမ)
Burmese:
၁၊ ကျော်လွန်သည်။ သုံးပိုကေကျူးလွန်၊ ညည့်သိုင်ယံမှာ၊ ပျံကာမေထက် ဝဲ၍ (မေတ္တာတု)။ ၂၊ ပြစ်မှားသည်။ လင်သားဧကန်၊ ကျူးလွန်ခဲ့လည်း၊ သည်းသည်းခံပျာ၊ ပြန်ပါလိုကြောင့်(ရာမ)
English:
commit
Grammar Note:
ကြိယာ
ကျူလှည်း
[t͡ɕùɬɛ́]
Arakanese:
ဆားပျာရည် မှီရာမာပေါက်သည့် ၃တောင် ၄တောင်ခန့်ရှည်သော မြက်တမျိုး
Burmese:
ဆားငံရည် မှီရာတွင်ပေါက်သည့် ၃တောင် ၄တောင်ခန့်ရှည်သော မြက်တစ်မျိုး
English:
grass grow in salty place
Grammar Note:
နာမ်
ကျူးဟိတ်
[t͡ɕùးheɪʔ]
Arakanese:
ရွတ်ဆိုမြွက်ဟရေ။ ရွက်ဖတ်ရေ။ သရဇ္ဈာယ်ရေ။ မည်မှန်းပရိတ်၊ ကျူးဟိတ်ရွတ်ဘိ၊ ဘုမ္မိမကြွင်း၊ ပရိတ်မင်းက၊ နာခြင်း အံအာ၊ ဘိဓမ္မာနှင့် (ပါရာ)
Burmese:
ရွတ်ဆိုမြွက်ဟသည်။ ရွက်ဖတ်သည်။ သရဇ္ဈာယ်သည်။ မည်မှန်းပရိတ်၊ ကျူးဟိတ်ရွတ်ဘိ၊ ဘုမ္မိမကြွင်း၊ ပရိတ်မင်းက၊ နာခြင်း အံအာ၊ ဘိဓမ္မာနှင့် (ပါရာ)
English:
read
Grammar Note:
ကြိယာ
ကျူအီး
[t͡ɕùʔï]
Arakanese:
နားခံသာယောင် သာယာစွာ သီဆိုမြွက်ကြားရေ
Burmese:
နားခံသာအောင် သာယာစွာ သီဆိုမြွက်ကြားသည်
English:
mellifluous
Grammar Note:
ကြိယာ
ကျူအီး၂
[t͡ɕùʔï၂]
Arakanese:
သာယာစွာ သီဆိုမြွက်ကြားသော အသံ
Burmese:
သာယာစွာ သီဆိုမြွက်ကြားသော အသံ
English:
mellifluous sound
Grammar Note:
နာမ်
ကျေးကိုင်
[t͡ɕékàɪɴ]
Arakanese:
၁၊ ငွီ၊ ကြီး၊ ဘဏ်ရုံး၊ ဆိုက်ကနားအစဟိစွာရို့မာ စာရင်းအင်းကိုင်ခြင်း၊ လိုအပ်ချက်တိကို ရီးသားခြင်းအစဟိရေ လုပ်ငန်း ဆိုင်ရာရို့ကို ဆောင်ရွက်ရရေ အမှုထမ်း။ ၂၊ ရပ်ရွာမာ အကြီးအကဲ။ ၃၊ ကျေးရွာနယ်မြီ ဒေသဆိုင်ရာကို သတ်မှတ်ပြုပနာ အခွန်ဘဏ္ဍာများ ကောက်ခံစားသုံးပိုင်ခွင်
Burmese:
၁၊ ငွေ၊ ကြေး၊ ဘဏ်ရုံး၊ ဆိုက်ကနားစသည်တို့တွင် စာရင်းအင်းကိုင်ခြင်း၊ လိုအပ်ချက်များကို ရေးသားခြင်းစသော လုပ်ငန်း ဆိုင်ရာတို့ကို ဆောင်ရွက်ရသော အမှုထမ်း။ ၂၊ ရပ်ရွာတွင် အကြီးအကဲ။ ၃၊ ကျေးရွာနယ်မြေ ဒေသဆိုင်ရာကို သတ်မှတ်ပြု၍ အခွန်ဘဏ္ဍာများ ကောက်ခံစားသုံးပိုင်ခွင်
English:
headman
Grammar Note:
နာမ်
ကျေကုန်
[t͡ɕèkòʊɴ]
Arakanese:
၁၊ အခဲမကျီ မသင့်မတင့်ဟိရေ အကြောင်းအရာများ စိတ်များ အားလုံးအီးငြိမ်း လားရေ။ ကျီအီးရေ။ ၂၊ အမှုအခင်း ပြီးပြေသည်
Burmese:
၁၊ မကျေမနပ် မသင့်မတင့်ရှိသော အကြောင်းအရာများ စိတ်များ အကုန်အေးငြိမ်း သွားသည်။ ကျေအေးသည်။ ၂၊ အမှုအခင်း ပြီးပြေသည်
English:
reconciliation
Grammar Note:
ကြိယာ
ကျေးကြီး
[t͡ɕét͡ɕï]
Arakanese:
ဈီးနှုန်းမြင့်မားရေ။ စျီးခက်ရေ။ တန်ဖိုးတိစွာ။ တန်ဖိုးကြီးရေ
Burmese:
ဈေးနှုန်းမြင့်မားသည်။ ဈေးကြီးသည်။ တန်ဖိုးများသည်။ တန်ဖိုးကြီးသည်
English:
expensive
Grammar Note:
ကြိယာ
ကျေးခက်
[t͡ɕékʰɛʔ]
Arakanese:
ပြုဖူးသောကျေးဇုကို မထောက်ထားပဲ ပြောဆိုပြုမူရေ။ ကျေးဇုကန်းရေ။ ကျေးစွပ်ရေ။ ကျေးဇုသျှင်ကို ကျေးခက်နန့်သတ် (ရိုးရာ)
Burmese:
ပြုဖူးသောကျေးဇူးကို မထောက်ထားပဲ ပြောဆိုပြုမူသည်။ ကျေးဇူးကန်းသည်။ ကျေးစွပ်သည်။ ကျေးဇူးသျှင်ကို ကျေးခက်နန့်သတ် (ရိုးရာ)
English:
thankless
Grammar Note:
ကြိယာ
ကျေးစုံ
[t͡ɕésòʊɴ]
Arakanese:
နှစ်ခု။ နှစ်မြွာ။ နို့သီးအစုံ၊ စနီမာကေ၊ ရွှီရင်ဖတ်မာ၊ နို့သီးကျေးစုံ ရာမ
Burmese:
နှစ်ခု။ နှစ်မြွာ။ သားမြတ်အစုံ၊ စနေတွင်ကေ၊ ရွှေရင်ဖတ်မှာ၊ သားမြတ်ကျေးစုံ ရာမ
English:
bi
Grammar Note:
နာမ်
ကျေဆပ်
[t͡ɕèsʰaʔ]
Arakanese:
ဒါဒေါင်အငမ်း အားလုံး ဆပ်ပြီးသည်
Burmese:
အကြွေးအငမ်း အကုန် ဆပ်ပြီးသည်
English:
convenient
Grammar Note:
ကြိယာ
ကျေးဆပ်
[t͡ɕésʰaʔ]
Arakanese:
ချီးယူခရေငွီကို ပြန်ပနာပီးဆပ်ရေ။ ဥပစာ ၂၊ အပြစ်ယှာရေ။ ၃၊ ကျေးဇုကန်းသည်
Burmese:
ချေးယူခဲ့သောငွေကို ပြန်လည်ပေးဆပ်သည်။ ဥပစာ ၂၊ အပြစ်ရှာသည်။ ၃၊ ကျေးဇူးကန်းသည်
English:
unthank
Grammar Note:
ကြိယာ
ကျေးဇူး
[t͡ɕézùး]
Arakanese:
တဦးထက်မာ တဦးက ပြုအပ်ရေကောင်းမှု။ ဂုဏ်၊ အစွမ်း၊ သတ္တိ။ အကျိုးတရား
Burmese:
တစ်ဦးပေါ်တွင် တစ်ဦးက ပြုအပ်သောကောင်းမှု။ ဂုဏ်၊ အစွမ်း၊ သတ္တိ။ အကျိုးတရား
English:
thankful
Grammar Note:
နာမ်
ကျေးဇူး၂
[t͡ɕézùး၂]
Arakanese:
အကြောင်းအမျိုးမျိုး။ အကြောင်းကိစ္စ အထွီထွီ။ အကြောင်းကြောင့်။ ရောက်မမောင်၊ ငမျိုးက်တောင် ကျေးဇုကြောင့်၊ အမှုထူထပ်၊ ရတ္တိယာ၊ သိုင်ခေါင်အခါမာ၊ ကကောင်းပင်လည်း မအိပ်ရ (ငစွေ)
Burmese:
အကြောင်းအမျိုးမျိုး။ အကြောင်းကိစ္စ အထွေထွေ။ အကြောင်းကြောင့်။ ရောက်မမောင်၊ ငမျောက်တောင် ကျေးဇူးကြောင့်၊ အမှုထူထပ်၊ ရတ္တိယာ၊ သိုင်ခေါင်အခါမှာ၊ ကောင်းကောင်းပင်လည်း မအိပ်ရ (ငစွေ)
English:
matters
Grammar Note:
နာမ်
ကျေးဇူးကန်း
[t͡ɕézùးkáɴ]
Arakanese:
လူတိက ပြုဖူးသောကျေးဇုကို မသိမမြင်ဖြစ်တေ။ ထောက်ထားငဲ့ညှာမှုမဟိဘဲ ပြောဆိုပြုမူသည်
Burmese:
သူတစ်ပါးက ပြုဖူးသောကျေးဇူးကို မသိမမြင်ဖြစ်သည်။ ထောက်ထားငဲ့ညှာမှုမရှိပဲ ပြောဆိုပြုမူသည်
English:
thankless
Grammar Note:
ကြိယာ
ကျေးဇူးခံ
[t͡ɕézùးkʰံ]
Arakanese:
လူတိက ပြုဖူးသော ကျေးဇုကို ခံယူသူ
Burmese:
သူတစ်ပါးက ပြုဖူးသော ကျေးဇူးကို ခံယူသူ
English:
be in somebody’s debt
Grammar Note:
နာမ်